Monday, May 3, 2010

ထိုင်နိုင်မှ အစာအိမ်ခိုင်မှာဟဲ့  ပြုံးပြလည်း သန်းရွှေ အမုန်းခံရမှာဟ

မမြင်ချင်ဟန်ဆောင်သူတွေ အတွက်တော့ ဖြစ်ကတဲက မေ့ ပြီပေါ့ ရင်မှာနာခဲ့ ရတဲ့ သူတွေ အတွက်ကတော့ ဤပုံရိပ်တွေနဲ့ အတူအသက်ရှင်လျက်ပါ။

၂၀၀၈ တုန်းက သန်းရွှေရင်ထဲမှာ ဘယ်လိုရှိတယ်ဆိုတာ ကျွန်တော်မသိပါဘူး။ အသဲနှလုံးမရှိတဲ့ လူ လို့  စွတ်စွဲတဲ့ စကား မကြာခဏကြားခဲ့ ရဖူးပါတယ်။ သန်းရွှေရင်ထဲမှာ တကယ် အသဲနှလုံးမရှိတာလား အသဲနှလုံးမရှိတဲ့ သူ အဖြစ်နဲ့  အသက်ရူနေတဲ့ သူလား မခွဲခြားတတ်ပေမယ့် တုံးလုံးပက်လက်သေနေတဲ့ သူတွေအပေါ် အပြုံးမပျက် နေနိုင်တဲ့ လူတယောက်အပေါ် ဖတ်နေသူ ဘယ်လို မြင်ချင်သလို မြင်နိုင်ပါတယ်။ ရုတ်တရက်သူတောင်းစားဖြစ်ဖူးလား ဗမာပြည်မှာ နေ့ စဉ်နဲ့ အမျှ ဖြစ်နိုင်ပါတယ် ဘာကြောင့်လည်းဆိုတော့ လူနေမှုအဆင့်အတန်းက ကျောက်ကြောမျဉ်လို။ နာဂစ်မှာ ရုတ်တရက် ပြည်သူတွေ သူတောင်းစားတွေဖြစ်သွားတာ (ရေးနေတုန်း=စိတ်နာစွာနဲ့ )

SummaryRest of your post

1 comment:

kyaw said...

စစ်ဘေးဒုက္ခသည်များ ထောက်ပံ့လှူဒါန်းရေး လုပ်ဆောင်ကြရန်လိုအပ်ပါသည်။ နာဂစ်မှ ဒုက္ခ ဖြစ်သည် မဟုတ်ပါခင်ဗျာ။ စစ်ဘေး စစ်ဒဏ်သင့် သူများကိုလည်း စာနာစွာ ပေးကမ်းလှူဒါန်း သင့်ကြပါသည်။ ရွာပေါင်းများစွာ ဖျက်ဆီး ခံ ရမှု။ တောင်ယာစပါးခင်းများ ဖျက်ဆီမှုကို ဘေး
ဒုက္ခ မဟုတ်သလို လျစ်လျူရှု ပစ်ထားခြင်းမှာ မသင့်လျော်လှပါ။ ပြည်ထောင်စုစိတ်ဓာတ်ဆိုတာ တကယ်ရှိပါသလား။

Post a Comment

ယခင် သတင်းများ ဖတ်ရန်