Monday, May 17, 2010

မိုး မိုး မိုးလားမောင်ရို့ 

ကျနော် ငယ်ငယ်က နေပူရင် မိတ်တွေ ပေါက်တာပေါ့ဗျာ..အဖေက ယပ်ခပ်ပေး အမေက ကျောကို သနပ်ခါးနဲ့  ခရေပွင့်နဲ့ လိမ်းပေးရတယ်။ ပူတဲ့နေရာများ ကျနော်နေရင် သေချင်စော်နံအောင် ခံစားရတယ်။ မိတ်တွေ ကျောမှာတဗျင်းဗျင်းနဲ့ ..တော်တော်ခံရဆိုးတဲ့ဝေဒနာ။

မြန်မာပြည်မှာခုတလောသိပ်ပူပြီး စံချိန်ကျိုးတယ်ဗျာ..
အခုတော့ မိုးတွေ စ ရွာနေပြီ
ဒီနေ့နံနက် ၁၀ နာရီ ဝန်းကျင်ခန့် က ရန်ကုန်မြို့ မှာ မိုးစရွာတယ်။ ရွာသွန်းချိန်က သိပ်မကြာမြင့်ပေမယ့် သည်းသည်းမည်းမည်ွးာသွန်းပြီး မိုးပါခြိမ်းတယ်ဗျ
အပူချိန်မှာလည်း နည်းနည်းရော့ နေသာခံသာသွားတယ်..အော် ဒီတောင်ကတော့ ကျော်ပြီထင်ပါရဲ့။
ရန်ကုန်၊ မင်္ဂလာဒုံ၊ မအူပင်၊ သာယာဝတီ၊ ပဲခူး မေမြို့ တို့မှာ မိုးတွေစရွာနေပါပြီ။
အော် အပူရှိန်ကြောင့် မသေလို့ တွေ့ ရမေ့ နိုင်ပါ့မလား

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်