လူကုန်ကူးမှုများကို ဖမ်းဆီးစစ်ဆေးအပြစ်ပေး၊ ထောင်ဒဏ် နှစ် ၂၀မှ နှစ် ၁၅၀ထိ ပြစ်ဒဏ်များချမှတ်
တရုတ်နိုင်ငံတွင် အလုပ်သွားရောက် လုပ်ကိုင်ရန် မြန်မာအမျိုးသမီးငယ်များကို သိမ်းသွင်းခေါ်ယူကာ လူကုန်ကူးမှု ကျူးလွန်ခဲ့သူများကို လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့က တင်းတင်းကြပ်ကြပ် နှိမ်နင်းနေရကြောင်း ပါဝင်ဆောင်ရွက်ခဲ့သည့် ကရင်အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ တာဝန်ရှိသူများက ဆိုသည်။
လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့နှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် မဲခေါင်မြစ်ဝှမ်း လူကုန်ကူးခြင်း တိုက်ဖျက်သည့် ကုလသ မဂ္ဂအစီအစဉ်မှ တာဝန်ရှိသူများသည် ပြည်တွင်းမှ အင်န်ဂျီအိုအချို့နှင့်ပူးပေါင်းကာ တရုတ်-မြန်မာနယ်စပ်မြို့များတွင် ဖြစ်ပွားလျက်ရှိ သည့် လူကုန်ကူးမှုများကို ဖော်ထုတ်နိုင်ရန် ဆောင်ရွက်လျက်ရှိကြသည်။
အဆိုပါဖော်ထုတ်မှုများကြောင့် လူကုန်ကူးသူများကို အဖွဲ့လိုက်သော်လည်းကောင်း၊ တစ်ဦးချင်း သော်လည်းကောင်း ဖမ်းဆီးရမိကာ မူဆယ်ခရိုင်တရားရုံးတွင် ရုံးတင်စစ်ဆေးပြီး ထောင်ဒဏ်များ ချမှတ်ခဲ့ရာ အချို့အမှုများသူများဆိုပါက နှစ်ရာချီကျခံရသူများရှိကြောင်း အဆိုပါ ကရင်အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ ပါဝင်လှုပ်ရှားခဲ့သူ ဒေါ်နန့်စုစုလှိုင်က ပြောသည်။
ထိုသို့ ထောင်ဒဏ်ချမှတ်ခဲ့သည့်အမှု များအနက် ပြီးခဲ့သည့် ဧပြီလ ၈ ရက်နေ့က မူဆယ်တရားရုံးတွင် အသက် ၃၂ နှစ်အရွယ်ရှိ အမျိုးသမီး တစ်ဦးကို စစ်ဆေးဖော်ထုတ်ပြီး အမှုသုံးခုအရ ထောင်ဒဏ် ၅၂ နှစ် ချမှတ်ခဲ့သည်။
"သူနဲ့အတူလှုပ်ရှားတဲ့ တရုတ်ပြည်ဘက်က အမျိုးသမီးကတော့ အခုထိလွတ်နေဆဲပဲ။ လက်ရှိ ဖော်ထုတ်ပြီးတဲ့အမှုတွေအရ သူတရုတ် ပြည်မှာရောင်းခဲ့တဲ့ မိန်းကလေးတွေက မိသားစုတွေကို ပြန်လည်ပြောလို့ လာတိုင်တာနဲ့ ပြီးခဲ့တဲ့ အောက်တိုဘာက သူ့ကို ဖမ်းဆီးရမိခဲ့ တာ"ဟု နန့်စုစုလှိုင်က ပြောသည်။ အဆိုပါအမျိုးသမီးသည် ပဲခူးတိုင်း ဝေါမြို့မှ နှစ်ဦး၊ ဧရာဝတီတိုင်း၊ ဓနုဖြူမြို့မှ တစ်ဦးနှင့် ရန်ကုန် တိုင်း လှိုင်သာယာမြို့နယ်မှ နှစ်ဦး တို့ကို လူကုန်ကူးရောင်းစားခဲ့ကြောင်း စစ်ဆေးဖော်ထုတ် နိုင်ခဲ့သောကြောင့် ထောင်ဒဏ်ချ ခံရခြင်း ဖြစ်သည်။ "အခုချိန်ထိ လူကုန်ကူးခံရတဲ့သူတွေ ပြန်မရောက်ကြသေးပါဘူး။ သူတို့တွေကို လွန်ခဲ့တဲ့ နှစ်နှစ်ကျော်လောက်က တရုတ်ပြည် ဘက်မှာ အလုပ်ရမယ်ဆိုပြီး ရောင်းစားခဲ့တာပါ"ဟု ၎င်းက ပြောသည်။
ယခု လူကုန်ကူးမှုကျူးလွန်သူများမှာ များသောအားဖြင့် ပြည်တွင်း၌ လှုပ်ရှားသူများ ဖြစ်ပြီး ယင်းတို့ကို ပံ့ပိုးပေးသောသူများမှာ တရုတ် နိုင်ငံဘက်တွင် အခြေစိုက်နေထိုင်သူများဖြစ်ကြောင်းလည်း သိရသည်။ "အခုဖမ်းမိတဲ့သူဆို ၂၀၀၀ ပြည့်နှစ် လောက်ကတည်းက လှုပ်ရှား နေတာ။ သူနဲ့ အတူတူ လုပ်နေတာက တရုတ်ပြည်ဘက်မှာနေတဲ့ တရုတ်နဲ့ အိမ်ထောင်ကျနေတဲ့ မြန်မာအမျိုးသမီးလေ"ဟု နန့်စုစုလှိုင်က ပြောကြားသည်။
အဆိုပါအမျိုးသမီးနှင့်အတူ ပါဝင်ခဲ့သည့် အမျိုးသားနှစ်ဦးကိုလည်း ထောင်ဒဏ်နှစ် ၂၀ နှင့် နှစ် ၄၀ စီ ချမှတ်ခဲ့ကြောင်းလည်း သိရသည်။ လူကုန်ကူးသူများသည် မူလကာလက သားကောင်များဖြစ်ခဲ့ဖူးပြီး ၎င်းတို့ကိုယ်တိုင် ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များကို ပြင်ဆင်ရန် ကြိုးစားရမည့်အစား လူကုန်ကူးသူများအဖြစ်သို့ ကူးပြောင်းကာ နယ်မြေအလိုက် သားကောင်ရှာဖွေလေ့ ရှိကြသည်။
မိမိတို့ကျွမ်းကျင်ရာ နယ်မြေများအလိုက် လူကုန်ကူးရန် အမျိုးသမီးငယ်များကို ရှာဖွေလေ့ရှိရာ အသက်အရွယ် ၁၆ နှစ်မှ ၂၉ နှစ် ကြားရှိ သူများ များပြားကြောင်း လူကုန်ကူးမှု တိုက်ဖျက်ရေး အစီအစဉ်တွင် ပါဝင်လှုပ်ရှားနေသူများက ပြောသည်။ တရုတ်နိုင်ငံတွင် အလုပ်အ ကိုင်ကောင်း ရရှိမည်ဟု ၎င်းတို့က သိမ်းသွင်းပြောဆိုခဲ့သော်လည်း အမှန်တကယ်မူ တရုတ်အမျိုးသားများ နှင့် လက်ထပ်စေခြင်းသာ ဖြစ်ကြောင်း လက်ရှိ ဖြစ်ပေါ်နေသော အနေအထားကို ပြောပြသည်။
"တရုတ်နိုင်ငံမှာက သတို့သမီးလိုအပ်ချက်က အရမ်းများနေတယ်။ ဒီဘက်က မြန်မာ အမျိုးသမီးတွေကို သူတို့က ၀ယ်တဲ့သဘောနဲ့ လူကုန်ကူးတဲ့သူတွေကို ပိုက်ဆံပေးလိုက်တာ။ တချို့ကလည်း ကြည်ကြည်ဖြူဖြူ လက်ထပ်တဲ့ သူတွေရှိသလို တချို့ကလည်း ဟိုကို ရောက်ပြီးမှ ပြန်ထွက်ပြေးလာသူတွေရှိတယ်" ဟု အထက် ပါလူကုန်ကူးမှုတိုက်ဖျက်ရေးတွင် ပါဝင်ခဲ့သည့် အမျိုးသမီးငယ်တစ်ဦးက သူကြုံရသည့် အဖြစ်အပျက်များကို ပြောသည်။
၎င်းတို့က ဆက်လက်ပြောဆိုသည်မှာ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့တွင် မူးယစ်ဆေးဝါးနှင့် ဆက်စပ်သည့် ပြစ်မှုများနောက်တွင် လူကုန်ကူးမှု ပြဿနာရပ်မှာ ပိုမိုကြီးထွား လာနေကြောင်း ပြောသည်။ "တချို့ဆို ထောင်ဒဏ် နှစ် ၁၅၀ ကျော် ချခံရသူတွေလည်းရှိ တယ်။ အမှုများရင် များသလိုချတာ။ ငွေဒဏ်လည်းပါတယ်" ဟု နန့်စုစုလှိုင်က ပြောသည်။
လူကုန်ကူးသူများမှာ အများယုံကြည်လောက် အောင်ပြောဆိုနိုင်စွမ်းရှိကြပြီး များသောအားဖြင့် ၎င်းတို့နှင့် ပတ်သက်ဆက်နွယ်နေသူ များ ပိုမိုခံရလေ့ရှိကြောင်း သိရသည်။ တရုတ်နိုင်ငံအတွင်း ရောက်ရှိသွားသည့် အမျိုးသမီးငယ်များကို တရုတ်ယွမ်ငွေ နှစ်သောင်း (တစ်ယွမ် လျှင် မြန်မာကျပ် ၁၄၀ ခန့်)မှ ယွမ်ငါးသောင်းကျော်ခန့်အထိဖြင့် ရောင်းချလေ့ရှိကြောင်း သိရသည်။
"ဒီလိုအမျိုးသမီးငယ်တွေ မိမိသဘောဆန္ဒ မပါဘဲ အတင်းအကျပ် လက်ထပ်ခံရတဲ့အဖြစ်တွေကို မိဘတွေကလည်းသိထားပြီး အလုပ် ရမယ်ဆိုတိုင်း မလွှတ်ဖို့လိုပါတယ်။ အသိပညာပေးမှု တွေကိုလည်း ဆောင်ရွက်ပေးနေ ဖို့လိုပါတယ်"ဟု မြန်မာနိုင်ငံ အမျိုးသမီး စွမ်း ဆောင်ရှင်များ အသင်းမှ တာဝန်ရှိသူ တစ်ဦးက သုံးသပ်ပြောဆိုသည်။ တရုတ်နိုင်ငံအတွင်း၌မူ သတို့သမီးအား တင်တောင်းသည့် အလေ့အထရှိခြင်းကြောင့် ယင်းကဲ့သို့ ငွေပေးကာ လက်ထပ်ခြင်းမှာ တရားဝင်ကြောင်းလည်း သိရှိရသည်။
မြန်မာနိုင်ငံတွင်မူ ယင်းကဲ့သို့ လူကုန်ကူးသူများကို သက်သေနှင့်တကွ ဖမ်းဆီးရမိပါက အုပ်စုလိုက် ဂိုဏ်းဖွဲ့ကျူးလွန်လျှင် ပုဒ်မ ၂၈(က)အရ ထောင်ဒဏ် နှစ် ၂၀ ချမှတ် ကြောင်း သိရသည်။ လူကုန်ကူးမှုများကို ဖမ်းဆီးစစ်ဆေးအပြစ်ပေး၊ ထောင်ဒဏ် နှစ် ၂၀မှ နှစ် ၁၅၀ထိ ပြစ်ဒဏ်များ ချမှတ်ကြောင်းသိရသည်။
myanmar Times - အတွဲအမှတ် (၂၄ ၊ အမှတ် ၄၆၄)
Wednesday, May 5, 2010
မြန်မာသတို့ သမီးကို ၂၈ သိန်းနဲ့ ၀ယ်မဲ့ တရုတ်ပေါက်ဖော် သတို့ သား အဖိုးကြီးများ
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
May
(308)
- ဒီပဲယင်း ၇ နှစ်မြောက်အဖြစ် ဆွမ်းကပ်လှူ
- မြောက်ကိုရီးယားက မြန်မာကို ဒုံးကျည်နှင့် နျူကလီးယာ...
- ကားမှောက်၍ ရန်ကုန်မြို့တော်ဝန်မြေး ဘ၀ပြောင်း
- ကုသိုလ်မျှဝေနိုင်ကြပါစေ
- အာဇာနည် ဘလော့ခ်မှ ဒီဇိုင်းကိုမျိုးနှင့် စက်တင်ဘာ ...
- ပြည်သူတွေ ကိုယ့်ကိစ္စကို ပြသနာ ဖြေရှင်းနေသော်လည်း အ...
- ကျွန်တော့လက်ထဲရောက်လာလို့  ဓါတ်ပုံအမြန်ရိုက်ပြီး အ...
- ဒီပဲယင်းလုပ်ကြံမှုသည် အမျိုးသားပြန်လည်သင့်မြတ်ရေးကိ...
- ကမ်းလွန်ရေနံ ပြဿနာ
- ဗမာပြည် မှတ်တမ်း (Documentary)
- စိတ်ညစ်စရာ
- ၀ါးရင်းတုတ်နှင့် ထိုက်တန်သူများစာရင်း ထုတ်ပြန်ချက်
- အကောင်းနှင့် မကောင်း ရောရောင်း ...ကဲ စီပွားရေး
- ဆက်ဖတ်ကြည့် ခင်မျ
- ပြည်သူလူထုအတွက် အကျိုးတခုခုဖြစ်ဖို့ အတွက် ပလပ်စတစ်...
- ဆရာတော်တရား အင်တာနက်ပေါ်မှာ တိုက်ရိုက် တရားနာလိုလျင်
- UN experts say NKorea is exporting nuke technology
- ဖတ်ဖြစ်အောင်ဖတ်ကြပါ ( သူခိုးနဲ့  ဂျပိုး တိတ်တိတ်ပု...
- Al Jazeera news - Moustache Brothers Myanmar
- ကိုပါပါလေး တို့ သုံးဦးကို လေးစားလျက်ရှိပါကြောင်း
- မှောင်သောည တွေ ( ကာတွန်း ကို ဟန်လေး)
- Myanmar opposition marks anniversary of victory
- In a personal handwritten letter to Burmese opposi...
- မျှဝေပါတယ် ကြည့်ဖြစ်ကြမယ်လို့ မျှော်လင့်ပါတယ် ကောင...
- ဒီနှစ်တော့ကျွန်တော် ငတ်ပြီထင်တာဘဲ
- ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံဖြန့်သူ ထောင်ဒဏ် ၁ဝ နှစ်...
- လူတိုင်းနိုင်ငံရေးဆိုတဲ့ဝေါဟာရကိုဒီလိုနားလည်နိုင်ရင်
- ခွပ်ဒေါင်းအလံ
- ဖဒိုမန်းရှာ သမီးဖြစ်သူ ကမ္ဘာ့လူငယ်ခေါင်းဆောင် ဆုရှင...
- ယခုလေးလပတ် အစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ...
- Get out SPDC ,shame on you ruling without supporti...
- အာဏာရူးများ၊ အာဏာအတွက် လည့်လည် လှုပ်ရှား
- လေလွင့်သူ များနှင့် တောင်းရမ်းသူ များကို မန္တလေးမြိ...
- သိက္ခာ
- ၀မ်းသာရမှာလား၊ ၀မ်းနည်းရမှာလား၊ မလေးရှား UNHCR
- In The Quiet Land
- သိက္ခာမဲ့ အုပ်စုကြောင့် ကျွန်တော်လည်းအရှက်ရပြီ
- ဒေါ်အောင်ဆန်းစုကြည်ထံ ဗြိတိန် ဝန်ကြီးချုပ် နောက်ဆုံ...
- ဒီမိုကရေစီဖော်ဆောင်ပေးမည့်သူများရဲ့ ပြည်သူ့ အပေါ်ထာ...
- ကိုကျော်သူရဲ့နောက်ဆုံးလက်နက်
- ဘိန်းဘုရင်နှင့် ဆက်စပ်သော Transocean ကုမ္ပဏီ မြန်မာ...
- လိုချင်ရင်...ရအောင်ချူလော့ ၊ သင်၏အခွင့်အရေး သင်လက်...
- လူထုအောင်ပွဲသည် လူထုလက်ထဲမှာရှိသည်
- “အရေးကြီးပြီးသွေးနီးပေါင်းစည်းရမယ့်အချိန်”
- ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို RCSS အသိအမှတ်ပြုထောက်ခံ
- ၂၀၁၀ ရွေးကောက်ပွဲ ကမ္ဘာလုံးဆိုင်ရာ ကန့်ကွက်မှု ပြုလုပ်
- ပူးတွဲ စစ်ဆင်နွဲရန် လက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့ သဘောတူ
- နအဖ လက်ချက်မှတပါး အခြားမရှိကြောင်း ထပ်လောင်းသက်သေထူ
- စစ်ဘေးတိမ်းရှောင်ရွာသားများဌာနေသို့ပြန်လေပြီ
- USDP မက်လုံးပေး စည်းရုံး
- ယောက်ျား ၀ယ်..ရော်ကြေးနဲ့  ဖယ်တတ်သော မင်းသမီး
- Joint Statement No.7/2010 of ABMA+88+ABFSU
- လူနာသေ..သမားတွေ ပျော်သလား..???
- ဟိုဘက်ကမ်းက မီးထိန်ထိန်ပေမဲ့ ဒို့ ဖက်ကမ်းကျ မီးမှိ...
- မရည်ရွယ်ပါဘူး တိုက်ဆိုင်ခဲ့ လို့ 
- ငါ့မှာ လေယာဉ်ခ ရှိတယ် ငှဲ..ငှဲ
- မှန်တဲ့  သူတို့ အမြင်
- ညုကောင်းသူ အနိုင်ရစေ...အပြုစု ကောင်းသူ..ဒို့ ကိုကြ...
- Myanmar's flag mistaken as Taiwan's in Okinawa
- လှတယ်ဆိုပေမယ့် ကိုယ်ထိလက်ရောက် ရိုင်းတော့ဘယ် လို လ...
- ပျောက်ကွယ်တော့မည့်မြန်မာပြည်
- ထပ်ဆင်ချင်န၀ပ် ကို ဖမ်းချုပ်ရန်နှင့် အကြမ်းဖက်သမား...
- ဒီမိုကရေစီဆိုတာဘာလဲ ကြံ့ ဖွတ် သိန်းမောင်?
- လာဘ်လာဘအပြင် ဟောဒါကလေးပါ အဆစ်ယူ
- မြန်မာတွေ ဝဲပေါက်ဖို့ဘဲ ကျန်တော့တယ်
- The Voice Weekly ဂျာနယ် Vol.6/No.27 ဖတ်ရှုနိုင်ပါပြီ
- မင်္ဂလာဈေး မီးလောင်ခြင်း ဓါတ်ပုံများ
- မင်္ဂလာဈေး မီးလောင်မှုတွင် မီးသတ်တပ်ဖွဲ့ဝင် ၂၅ ဦး ဒ...
- စေတနာလက် အဖွဲ့ မှ နယ်သို့ ဆင်းပြီး ရေအလှုဒါနပြုတ...
- မီးသတင်း ( ဗမာသွေး )မှ တဆင့်ပို့ လာသဖြင့် ကျေးဇူး။
- မင်္ဂလာဈေး မီးလောင်နေစဉ် ဗီဒီယိုကလစ်
- မင်္ဂလာဈေး မီးလောင်နေတယ်
- ဂုဏ်ယူလျက်ပါ ကိုကျော်သူ
- ပြည်သူများသိသင့်သည့် ရွေးကောက်ပွဲဆိုင်ရာလိမ်ညာချက်...
- ယနေ့ သခင် စိုးမြင့် အသုဘ ဈာပန ပုံများ နှင့် ဗီဒီယို
- The Voice Journal -6-28
- ကုလသမဂ္ဂမှ မြန်မာ နိုင်ငံတွင်း ရေရှားပါးမှု အခြေ အနေ...
- နေပြည်တော် မဟုတ်တဲ့ ကျီးနဲ့ ဖုတ်ဖုတ် သေပြည်တော်
- မလေးရှားနိုင်ငံရောက် မြန်မာလူငယ် လေးဦး ခြိမ်းခြော...
- တရားဝင်ခွင့်မပြုရင်..တရားမ၀င် မယားတွေ ဖြစ်ကုန်တာပေါ့
- အောင်ဝေး၏ အရေးတော်ပုံရင်ခုန်သူများ
- သူဘဲယုံတယ် ကျန်တာတွေ မင်းခွေးချေး..
- မြောက်ကိုးရီးယားက မိန်းကလေးတွေရဲ့ တန်ဖိုး
- သန်းရွှေတို့ လို သေနတ်အားကိုးပြီး မိုက်ရဲတဲ့ သတ္တိက...
- သန်းရွှေတို့ လောက် အသိတရာခေါင်းပါးတဲ့  အုပ်စုဗမာပြည...
- ဗုံးတဲ့ ဗျ
- ဒေါ်အောင်ဆန်းစုကြည်သာ တိုင်းရင်းသားပြည်သူ အားထားရာ
- ကျော်သူ အမေးအဇြေ
- နဲနဲတော့ရွေ့ ဖို့ လိုသည်။ (တပြည်လုံး)
- သူများကြွေးတိုင်း မစားနဲ့ 
- ABMA Journal Volume 1 No 8
- Rain alert with eye on path
- ရပါလိမ့်မယ် အားကြီးကြီး..
- စစ်သား ငါးသိန်းရှိပြီး ဆည်က တစ်သောင်း..ရအောင်တည်မဲ...
- ဒီလို ကမြင်းတဲ့ရဲက...သူဘဲလူဆိုးဖမ်းဦးမတဲ့
- ကဲကြည့် ကုလားကမှ အမျိုးချစ်သေးတယ်.
- လိုင်လာဆိုင်ကလုန်း မြန်မာကမ်းရိုးတန်းဖက် ပြန်လှည့်...
- အီးကုံးစက္ကူလောက်တောင် အသုံးမ၀င်.
- ကြက်ဆူပင်တွေချည်းပဲ လျှောက်စိုက်နေလို့မရဘူး
- ဖိတ်ချင်းဖိတ်ရင်..ဖိတ်ပစေ ငါ့ရဲ့အိပ်ပေါက်ထဲ
-
▼
May
(308)
No comments:
Post a Comment