ဇာနည်မာန် Saturday, June 26, 2010
E-mail Print
Share/Save/Bookmark အင်းလေးကန် ယခုနှစ် နွေရာသီ အတွင်း ရေခန်းမှုနှင့် ပတ်သက်ပြီး ပြည်တွင်း ပြည်ပ သတင်း ဌာနများက မေးမြန်းလျှင် မဖြေကြားရန် ၀န်ထမ်းများကို အာဏာပိုင်များက ညွှန်ကြား ထားကြောင်း သိရသည်။
ယခုလ အလယ်က ရေခန်းနေသည့် အင်းလေးကန် အတွင်း လှေများ ဆိုက်ကပ်ထား သည်ကို တွေ့ရစဉ် (ဓာတ်ပုံ - နိုင်းနိုင်းစနေ)
ကန်ရေ ခမ်းခြောက်သည့် သတင်းနှင့် ဓာတ်ပုံများ ပြည်တွင်း ဂျာနယ်များနှင့် သတင်းဌာန များတွင် ပါလာသည့် နောက်ပိုင်းတွင် ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအေးမြင့်ကြူမှ ယခုကဲ့သို့ ညွှန်ကြားခဲ့ခြင်း ဖြစ်ကြောင်း ဟိုတယ်ခရီး သတင်း ရပ်ကွက်က ဆိုသည်။
“ဂျာနယ် တွေက မေးရင် မပြောရဘူး။ ဧည့်သည် တွေကိုလည်း ဒါတွေ ပြောခွင့် မရှိပါဘူး။ ဒု ၀န်ကြီးက ညွှန်ကြား ထားတယ်လို့ ပြောတယ်။ စာထွက် မထွက်တော့ မသိဘူး။ ဒီမှာကတော့ လူကြီးတွေကနေ ပြန်ပြောတာ ပေါ့နော်”ဟု ညောင်ရွှေမြို့မှ ဟိုတယ်ခရီး ၀န်ထမ်း တဦးက ပြောသည်။
တောင်ကြီးမြို့နှင့် ညောင်ရွှေမြို့ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးရုံး အပါအ၀င် စိုက်ပျိုးရေးရုံးများ၊ ဆည်မြောင်းဦးစီးဌာနရုံး၊ မိုးလေ၀သနှင့် ဇလဗေဒရုံးများ၊ သစ်တောဦးစီးဌာန လက်အောက်ရှိ ရုံးများသို့လည်း အလားတူ ညွှန်ကြားထားမှုများ ရှိကြောင်း ၀န်ထမ်းများကဆိုသည်။
ပြီးခဲ့သည့် နွေရာသီကာလအတွင်းက အပူချိန်မြင့်မားမှုနှင့် မုတ်သုန်အ၀င်နောက်ကျခြင်းတို့ကြောင့် နိုင်ငံတ၀န်း မိုးခေါင် ရေရှားမှုများဖြစ်ပေါ်ခဲ့ပြီး အင်းလေးကန်ရှိ ဖောင်တော်ဦးဘုရား ၀န်းကျင်ဒေသများတွင် ရေခန်းခြောက်မှုများ ဆိုးဝါးစွာ ဖြစ်ပေါ်ခြင်းကို ပြည်တွင်းဂျာနယ်များနှင့် ပြည်ပသတင်းဌာနများက ဖော်ပြခဲ့ကြသည်။
ရန်ကုန်အခြေစိုက် သတင်းသမားတဦးကလည်း “သူတို့ကို မေးတော့ သူတို့က ဒါနဲ့ပတ်သက်ပြီး ပြောခွင့်မရှိဘူး။ အထက် က ညွှန်ကြားထားပါတယ်ပဲပြောတယ်။ သိချင်ရင် နေပြည်တော်ကို ဆက်သွယ်ရမယ်ပေါ့နော်။ အဲ့ဒီလိုမျိုးပြောကြတယ်”ဟု ပြောပြသည်။
လက်ရှိအခြေအနေတွင် အင်းလေးကန်နှင့် ပတ်ဝန်းကျင်ဒေသ စိမ်းလန်းစိုပြည်ရေးအတွက် ပညာပေး လုပ်ဆောင်နေမှုများ ကို ပြည်တွင်းသတင်းဂျာနယ်များက တင်ပြလျက်ရှိရာ စာပေစိစစ်ရေးမှ ဖြတ်တောက်မှုများလည်း ရှိနေသည်ဟု ပြည်တွင်း သတင်းထောက်များက ပြောဆိုကြသည်။
“သတင်းတွေနဲ့ ဆောင်းပါးတချို့တွေမှာ ပါတဲ့ အင်းလေးကန် ခန်းခြောက်မှု impact (အကျိုးဆက်)တွေပေါ့နော်။ အဲ့ဒါတွေ ကို တော်တော်များများ ဖြတ်ပစ်တာ တွေ့ရတယ်။ ပညာပေး ဆောင်းပါးတွေမျိုးဆို ဒါတွေမပါလာတော့ အနှစ်သာရမရှိ တော့ဘူး ပေါ့”ဟု ဂျာနယ် အယ်ဒီတာတဦးက ဆိုသည်။
လက်ရှိအချိန်တွင် မိုးရွာသွန်းမှုများ ရှိလာသောကြောင့် အင်းလေးကန်တွင်း ရေခန်းခြောက်သည့် အရပ်များတွင် ရေတချို့ ပြန်ဝင်လာပြီဟု ဒေသခံများကဆိုသည်။
“ရေက ပြန်ဝင်ပြီဆိုပေမယ့် နည်းသေးတာပေါ့။ နိုင်ငံခြားသား ဧည့်သည်တွေရော ဘုရားဖူးတွေရော လာနေတာ ဒါတွေက မြင်နေရတာပဲလေ။ ဖုံးထားလို့မှ မရတာ။ နိုင်ငံခြားသားမေးရင်တော့ ဘယ်လိုဖြစ်တယ်ဆိုတာ ရှင်းပြနေရတာပဲ ဒါကို မပြော ရဘူးဆိုတော့ မပြောလို့မှ မရတာနော်”ဟု ဒေသခံ ဧည့်လမ်းညွှန်တဦးက ပြောသည်။
အင်းလေးကန် ပတ်ဝန်းကျင်ဒေသ စိမ်းလန်းစိုပြည်ရေး လုပ်ဆောင်နေသူတဦးကလည်း“ကိုယ့်ဒေသမှာ ဘယ်လိုတွေ ဖြစ်နေတယ်၊ ဘာတွေလုပ်နေတယ်ဆိုတာ ပွင့်ပွင့်လင်းလင်းပြောဆိုနိုင်မှ၊ တင်ပြနိုင်မှ အများပြည်သူကလည်း သူတို့ လုပ်သင့်တာတွေကိုသိနိုင်မယ်၊ ပညာပေးတာတွေ ထိရောက်နိုင်မှာပေါ့။ ဒါတွေကို လိုက်ပိတ်ပင်နေရင် လုပ်နေတာတွေ ဘယ်လိုမှ အောင်မြင်မှာ မဟုတ်ဘူး”ဟု ထောက်ပြဝေဖန်သွားသည်။
ရှမ်းပြည်နယ် တောင်ပိုင်းတွင်ရှိသော အင်းလေးကန်သည် ကျွန်းမျောစိုက်ခင်းများ၊ ရေပေါ်ဈေး၊ ဖောင်တော်ဦးဘုရား၊ လှေကို ခြေဖြင့်လှော်သော အင်းသူအင်းသားများ၊ ရေကန်တွင်း တည်ဆောက်ထားသော ခြေတံရှည်အိမ်များ စသည့် စိတ်ဝင်စားဖွယ်ရာများဖြင့် နိုင်ငံခြားသား ခရီးသွားများအပြင် ပြည်တွင်း ဘုရားဖူးများကိုပါ ဆွဲဆောင်နိုင်သည့် အထင်ကရ နေရာ ဒေသတခုဖြစ်သည်။Rest of your post
Saturday, June 26, 2010
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
June
(338)
- နတ်ပြည် မတက်ခင် နအဖ လက်အောက် ငရဲပြည်တွင် သာသနာရေး...
- မြဝတီ စက်မှုဇုံအနီး ပေါက်ကွဲမှုထပ်မံဖြစ်
- ဥရောပမှ ပြစ်ပယ်လိုက်တဲ့ စာရင်း
- သြစတြေးလျားရောက် ပညာတော်သင် စစ်ဗိုလ် သမီး အိမ်ပြန်...
- Sanctions force exit of Burmese general's daughter
- ဒေါင်းအလံခိုး ပြီးနောက် ခမောက်ထပ်ခိုး၍ NLD နဲ့ ND...
- ဒေါတ်တာလှိုင်မြင့် (ဆောင်းပါး)
- Rodent ‘migration’ sparks disaster fears
- ကြံ့ဖွံ့ဝင်လျှင်မှတ်ပုံတင်အခမဲ့လုပ်ပေး - အသက်မပြည်...
- နျူကလီးယား အစီရင်ခံစာဖတ်ပြီး ဗိုလ်ချုပ်မှူးကြီး ဒေါ...
- အရွယ်မရောက်သေးသူ မိန်းကလေးငယ်အား အနိုင်ကျင့် စော်က...
- တော်တော်ရိုင်းတဲ့ မြန်မာ အိမ်ရှင်..
- စားစရာမှမရှိ..ဆိုလာသုံးနိုင်တဲ့သူ..ရှိမလား..????
- ယခုနှစ်သည် လာနီညာ နှစ် ဖြစ်ပါက မုန်တိုင်း အန္တရာယ် ...
- ဒီအပြောတွေ အလိမ်..
-ှုငါတို့ လို မိန်းမ၀တ် ပိုးချိတ်ထမီ မ၀တ်လာတာကြောင့်...
- မိမိကလေးငယ်များအတွက် သောက်စရာရေ မရှိ.. နအဖ စစ်စခန်...
- တွန့် ဆုတ်နေတဲ့ သုည နဲ့ ပေါင်းလိုက်တဲ့  သန်းလေးဆယ်။
- တိုင်းပြည်တိုးတက်ရေး ထက် လူသတ်လက်နက်ဝယ်ရေး နအဖ အနေ...
- ဆင်တော့ မသိဘူး ကြွက်တွေတော့ ပြောင်းနေပြီ တိရိစ္ဆာန်...
- “ဖြူဖွေးနေတယ်လို့တော့ ပြောလို့မရဘူး။ ဆန်မှုန့်ရောင်...
- ဆင်ဆီးတော့ ဘာဖြစ်သွားမလဲ..? ပြည်သူတွေခမျာ ကောက်စား...
- မေတ္တာသီတာ ....
- နာဇီဗိုလ်ချုပ်တွေကိုရဲရဲဝံ့ဝံ့လုပ်ကြံခဲ့တဲ့မျိုးချ...
- မိုက်မဲသောသူသည် အဖြူရောင်ကို အမှောင်မြင်၏ ၊ အလင်းေ...
- မသေခင် လူ့ ဘ၀တွင် ပြည်သူ့ ကျိမ်စာ ခံရသူများ (သို့ ...
- အမေ စုအတွက် နယူးယောက်ခ် မှ ကုသိုလ်
- စစ်အစိုးရကို ICC တင်သင့်ဟု ပြည်သူ့ခုံရုံး ဆုံးဖြတ်
- တအိမ်လျှင် အစိုးရလက်ဝေခံ အသင်းဝင် တဦးနှုန်း ထည့်ခု...
- ဒုံးတပ်ရင်းအသစ်များ ဖွင့်လှစ်
- မြန်မာလူမျိုးတွေ လက်ရှောင်..
- အလုပ်မရှိ လဥ သန်းရှာသူများ..
- ရန်ကုန်လေဆိပ် (ဘယ်ရီယာဂိတ်)
- စေလိုရာစေ အဖေ.. အဖေ့ အမိန့် မှန်သမျှ ပိုက်ခွပြီး န...
- ၁၉၉၁ ရွေးကောက်ပွဲ က အရှုံးသမားတွေ ..အော် သွတ်သွပ် ...
- ကရင် အချင်းချင်း မတိုက်တော့ ဟု DKBA တပ်မှူး ပြော
- ကျွန်တော်သိသောကျောင်းသားတော်လှန်ရေးသမား
- နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား ဂျ...
- ရှမ်းပြည်မှ ပအိုးဝ် မီးရှူးပွဲ ပအိုးဝ် အက နှင့် ပအ...
- Election fear in Burma
- ပါရာဂွေး မှ မွေးနေ့ လက်ဆောင်Praguers address birth...
- ၂၀၁၃ တွင် သဘာဝဓါတ်ငွေ့  မှ လူသတ်လက်နက်အဖြစ် ပြောင်...
- ဗမာပြည်အတွက် ဘာမှ အကျိုးမရှိတဲ့  လောဘသားများ ( မို...
- ပေါ်တော်မူလာသော ပေါ်တော်မူစေတီ
- Still In Prison In Burma
- “Ex Tiger Shark 3”
- ကမ်းပျောက်ဗေဒါ.........ခွန်အောင်ငဲ
- ကချင်ပြည်နယ်တွင် ဘိန်းသုံးစွဲမှုပိုများလာ
- န အ ဖ လက်အောက် သံဃာ တော် များလည်း အခက်ဒုက္ခ ကြုံနေရ...
- မလေးရှားသို့ သွား မည့် အမျိုးသမီးများအား သတိပေးစေလို
- အင်းလေးကန် ရေခန်းမှု သတင်း တားမြစ်
- သူငယ်ချင်းတို့
- လူသားချင်းစာနာတဲ့ နိုင်ငံတွေမှာ ဒီပြသနာတွေက ပို အေ...
- တပ်မတော်ရဲ့ သဘောထားအမှန်ကို သိလို့  ပြေးမိပါတယ်။
- ခေတ်က မကောင်းတော့ ...ဘာလုပ်စားရမယ်မသိ။
- စစ်ရေးလေ့ကျင့်......၁-၂-၃-၄....၁-၂-၃-၄ တမျိုးပြောင်း
- မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးမှု တိုးနေဆဲ
- ကျွန်တော်တို့ အားလုံး နဲ့ သက်ဆိုင်နေတဲ့ နိုင်ငံကို...
- ဓာတ်ပုံသတင်းထောက် စတင်ရုံးထုတ်
- အင်းလေးကန် ပြုပြင်ထိန်းသိမ်းရန် ဒေါ်လာ (၁၀) သန်း အြ...
- ဆင်နွှဲကြပါစို့ ..နိုင်ငံလုံးကျွတ် လွတ်မြောက်ရေးလုပ...
- ရွေးကောက်ပွဲ ရက်က ၂ဝ၁ဝ ဒီဇင်ဘာ ၃၁ ရက် နေ့လား
- နအဖ ကြောင့် ကလေးများစွာ ဒုက္ခရောက်နေ (အတင်းအဓမ္မရိုက...
- ရေဘေးဒဏ်ခံ ရခိုင်ဒေသ အကူအညီများ လိုအပ်နေ
- အလုပ်သမားသမဂ္ဂ ဖွဲ့စည်းမှု ‘တရားမဝင်’ ဟု ရဲကပြော
- ကြေးနီပေး ကျည်ဆန်ပြန်ယူ စံနစ်..
- နှာစေးနေသော လိပ်များ..
- အမေရိကန်များ...ကြောက်သွားမလားလို့  ဖြဲခြောက်ပြနေ
- သတင်းစာတွေ အရောင်းထိုင်းနေတာနဲ့ ..မ၀ယ်မနေရတဲ့
- အဟင့် ..သွပ်ပြားတို့ ကိုဘဲ အားပေးနော်..( ပုံ..အရှက...
- တွားမယ် တွားမယ်
- အော် တချိန်က ဗမာသား လှီးစားခဲ့ တဲ့ ဝတွေလည်း အခုတော...
- “အတ္တ၀ါဒီ ကျဆုံးပါစေ . . . အဓမ္မ၀ါဒီ ကျဆုံးပါစေ” ဟု ...
- ကချင်တွင် မှတ်ပုံ တင်မရှိ ဆိုင်ကယ် ပိုင်ရှင်များ န...
- ဒေါ်အောင်ဆန်းစုကြည်ကို ပါကစ္စတန် လက်ရှိ အာဏာရ ပါကစ္စတ...
- နအဖ လက်ကိုင်တုတ်တွေစွမ်းအားရှင်တွေအရိုးရင်းလေးစားရ...
- မွန် က နအဖ နှင့် တွေ့ ချင်တော့ဘူးဆိုဘဲ
- ဒီလို ဆိတ်ရေခြုံလို့  လုံပြီထင်သလား..ဆင်ကောင်ထီးထီ...
- ဒေါ်အောင်ဆန်းစုကြည့် ရဲ့ အဖိုးတန်သော စာတမ်း တစ်စောင်
- တိုက်ကွက်မရသေးခင် ခံစစ်ဗျူဟာကောင်းဖို့ လိုတယ်
- သာဓု သာ ခေါ်လှဲ့ ပါ အမေ..
- ပထွေးကြီး အနေနှင့် ဤကိစ္စဘာမှ မသိရပါကြောင်း ရေငုံနု...
- မိုးများ၍ ရေကြီးမူကြောင့် နယ်စပ် တွင် ယ္ခင်နှစ်ကဆော...
- ဖွတ်များ ချောင်းဆုံတွင် ပြည်သူများအား မှိုင်းတိုက်
- ထိုင်းရှိ တရားမ၀င် အလုပ်သမားများအား စတင်ဖမ်းဆီး
- “ဂရုဏာလက်” လူမှုအကျိုးပြုလူငယ်များမှ
- ရှက်စရာကောင်းပါပေ့။
- ပုထွေးငယ် လာတယ်ဟေ့ ရှေ့ ကြည့် သတိ
- ကမ္ဘာ့စိုးရိမ်ဖွယ် ၁၆ နိုင်ငံ စာရင်းထဲ မြန်မာပါဝင်
- Daw Aung San Suu Kyi Birthday and Burmese Women Da...
- သောကကို နင်းချေ အိပ်မက်တွေကို တည်ဆောက် အရှင်ဇဝန
- မြန်မာဆိုတာ ဒုက္ခသည် စက်ရုံ..
- လိမ်ချက်တော့ ကမ်းကုန် (ဆန်အိပ်သာမြင်ရ မစားရဘ၀)
- ဘိန်းစိုက်အောင်တွန်းပို့ ခံရတဲ့ ဒို့  ရှမ်းတောင်သူ
- ဒေါ်အောင်ဆန်းစုကြည် ( ၆၅ ) နှစ်မြောက်မွေးနေ့ ဆုတောင...
- ဆင်ခြေထောက်ရောဂါ, ခြင်ပေါတဲ့ မြန်မာ
- မွေးထုတ်ပေးလိုက်သော ကလေးများ ပြေးနေသည့်အပေါ် အမေကြီ...
- ဟုတ်လို့ ဟုတ်တာပြောတော့လည်း အနာပေါ်တုတ်ကျသလို .. ဟန...
- ကရင်တိုက်ပွဲ ဗီဒီယို အွန်လိုင်းတွင် လူကြည့်များ
- စစ်တပ်မှာလည်း ဖြစ်ချင်တာဖြစ်နေ... သန်းရွှေလက်အောက် ...
-
▼
June
(338)
No comments:
Post a Comment