လူကုန်ကူးခံရသူများ တရားခံ ပြန်ဖြစ် ဆက်လင်း Tuesday, August 24, 2010
လူကုန်ကူး ခံရဖူးသူ အများစုသည် လုံလောက်သော လူမှု ထောက်ပံ့ကူညီမှု မရရှိခြင်းကြောင့် လူကုန်ကူးမှုကို ကျူးလွန်သည့် တရားခံများ အဖြစ် ပြောင်းလဲ လာကြောင်း ပြီးခဲ့သည့် သီတင်းပတ်တွင် ကျင်းပခဲ့သည့် လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် အစိုးရ အရာရှိများက ထုတ်ဖော်ပြောဆိုလိုက်သည်။
လူကုန်ကူး ခံရသူများကို ကူညီထောက်ပံ့ရန် သုံးစွဲသည့် ငွေကြေး ပမာဏမှာ အလွန်နည်းပါး နေပြီး လူကုန်ကူး ခံရသူတို့၏ ဘ၀ပြန်လည် ထူထောင်ရန် မဆိုထားနှင့် တလတာ သုံးစွဲရန်ပင် မလုံလောက်သော ပမာဏ ဖြစ်နေသည်ဟု လူမှုဝန်ထမ်း ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းမြတ်က ဆိုသည်။
“လူကုန်ကူး ခံရသူတွေကို အကူအညီပေးဖို့ ဆိုတဲ့နေရာမှာ သူတို့က နေရာအနှံ့မှာ ပြန့်နေတယ်။ ထောက်ပံ့တဲ့ နေရာမှာလည်း တယောက်ကို အများဆုံး ကျပ်ငါးသောင်း၊ တသိန်းထက် ပိုမပေးနိုင်ဘူး။ ဒါတွေက ကျမတို့ ကြုံနေရတဲ့ အခက်အခဲတွေပဲ” ဟု ဒေါ်သင်းသင်းမြတ်က ပြောသည်။
နိုင်ငံဖြတ်ကျော် မှုခင်းဌာနမှူး ရဲမှူးကြီးစစ်အေးက “မြန်မာနိုင်ငံဟာ လူကုန်ကူး ပြဿနာနဲ့ ပတ်သက်ရင် နစ်နာတဲ့ဘက်၊ ခံရတဲ့ဘက်ကပဲ။ တရုတ်နိုင်ငံမှာ ရောင်းစားခံရပြီး သူများရဲ့ ငွေဝယ်မယားဖြစ်ရတယ်။ ထိုင်းနိုင်ငံဘက်ကို ကြည့်ရင်လည်း မြန်မာအမျိုး သမီးငယ်တွေဟာ ပြည့်တန်ဆာပြုခံရခြင်း၊ လိင်မှုဆိုင်ရာ ခေါင်းပုံဖြတ်ခံရခြင်း၊ စက်ရုံအလုပ်ရုံတွေမှာ ကျေးကျွန်သဖွယ် ခိုင်းစေခံရခြင်း၊ အမျိုးသားတွေဆိုရင်လည်း ငါးဖမ်းသင်္ဘောတွေပေါ်မှာ ရာသက်ပန် ကျေးကျွန်တွေအဖြစ် ခိုင်းစေခံရခြင်း စတဲ့ ခါးသီးနာကျည်းဖွယ်ရာ အဖြစ်အပျက်များ တွေ့နေရပါတယ်” ဟု ဆိုသည်။
ထိုသို့ဘက်ပေါင်းစုံက အားနည်းနေသော အခြေအနေဖြစ်၍ လူကုန်ကူးခံရသူများကို ထောက်ပံ့မှုများ ပိုမိုလိုအပ်ကြောင်း ရဲမှူးကြီးစစ်အေးက ဆက်လက်ပြောသည်။
ပဲခူးမြို့မှ လူကုန်ကူးခံခဲ့ရသူ မအေးအေးက “NGO တခုက ကျမတို့အဖွဲ့ကို တယောက် ၅ သောင်းတော့ ထုတ်ချေးပေးတယ်။ ဒါပေမယ့် အတိုးက ငွေ ၁၀၀ ကို ၁၀ ဆိုတော့ မလွယ်ဘူး။ အခု ဒီလအတွက် အတိုးမပေးနိုင်ဘူး။ အတိုးမပေးနိုင်ရင် ထပ်ချေးလို့ မရဘူး။ အပြင်မှာ ချေးရတာနဲ့ မကွာတော့ သူတို့ထောက်ပံ့ပေးတာက ဘာမှမထူးပါဘူး” ဟု ပြောသည်။
လူကုန်ကူးခံခဲ့ရသူ မသီတာ ကလည်း “ကျမတို့ လူကုန်ကူးခံရတာ ဒီအပိုင်း (ဒီရပ်ကွက်) ထဲက လူချည်းပဲ။ ငါးယောက်စလုံး အတူတူသွား၊ အတူတူစက်ရုံမှာ အရောင်းခံရတာ။ ဒါပေမယ့် ပြန်လာတော့ လူတွေအမြင်မှာ ဘ၀ပါ ပျက်ခဲ့ရတယ်လို့ ထင်ကြတယ်။ အမှန်က ကျမတို့က လုပ်အားခ မရတာ၊ ခေါင်းပုံဖြတ်ခံရတာ။ လူတွေက မကောင်းတဲ့ မိန်းမ လုပ်စားခဲ့ရတယ် ထင်ပြီး အဖက်မလုပ်ချင်ကြ၊ မကူညီချင်ကြတော့ဘူး” ဟု ပြောပြသည်။
ယင်းကဲ့သို့ ပတ်ဝန်းကျင် ပစ်ပယ်မှုများ၊ မလုံလောက်သော ထောက်ပံ့မှုများကြောင့် စီးပွားရေး မပြေလည်သည့်အခါ လူကုန်ကူး ခံထားရသူများသည် မည်သို့မည်ပုံ လူကုန်ကူးရမည် ဆိုသည့် လမ်းကြောင်းကိုလည်း သိရှိပြီးဖြစ်နေကြသဖြင့် ထိုအလုပ်ကို လုပ်ကိုင်လာကြခြင်းဖြစ်သည်ဟု လူကုန်ကူးမှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့မှ ရဲမှူးကြီး ရာလျန်မုန်းက ဆိုသည်။
“သူတို့က လမ်းကြောင်းသိတယ်၊ အလုပ်ရှင်ကို သိတယ်။ တချို့ပွဲစားတွေကို သိလာတယ်။ ဘယ်လို နေထိုင်ရမယ် လုပ်ကိုင်ရမယ် ဆိုတာကိုလည်း သိလာတော့ ဒီကလူတွေကို အလုပ်ရှာပေးမယ်၊ ခေါ်သွားပေးမယ်ဆိုပြီး ပြန်ခေါ်သွားတာ။ ပွဲစားလုပ်တာတွေ များလာတယ်။ ရိုးရိုးသားသား ရှာစားလို့ အဆင်မပြေတာရယ်၊ ဥပေဒ တင်းကျပ်တယ်ဆိုတာကို နားမလည်တာတွေကြောင့် ဒီလိုဖြစ်ကုန်တာ” ဟု ၎င်းက ဆက်လက်ပြောသည်။
တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ ပြန်ရောက်လာသော လူကုန်ကူးခံရသူများကို ထောက်ပံ့မှုနှင့် ပြန်လည် ထူထောင်ရေး အပိုင်း အားနည်းနေခြင်းများကြောင့် လူကုန်ကူးခံရသူ ၁၀၀ ကျော်မှာ လူကုန်ကူးသူများ အဖြစ်သို့ ပြောင်းလဲသွားသည်ကို ပြန်လည်ဖမ်းဆီးရာတွင် တွေ့ရှိခဲ့ရကြောင်း ရဲမှူးကြီး ရာလျန်မုန်းက ဆိုသည်။
မြန်မာနိုင်ငံတွင် ၂၀၀၆ ခုနှစ်မှ ၂၀၁၀ ဇွန်လအထိ လူကုန်ကူးမှု ၅၃၄ မှုဖမ်းဆီးရမိခဲ့ကြောင်း၊ တရားခံ ၁၄၅၅ ဦး ဖမ်းဆီး ရမိ ခဲ့ကာ ထွက်ပြေးလွတ်မြောက်နေသည့် တရားခံ ၃၁၀ ဦးရှိကြောင်း လူကုန်ကူးမှု တိုက်ဖျက်ရေးဌာန စာရင်းဇယားများအရ သိရသည်။
၅ နှစ်တာအတွင်း ဖမ်းဆီးရမိသည့် လူကုန်ကူးမှုများအနက် ၇၉.၂ ရာခိုင်နှုန်းမှာ တရုတ်နိုင်ငံ၊ ၉.၂ ရာခိုင်နှုန်းမှာ ထိုင်းနိုင်ငံ၊ ၀.၆ ရာခိုင်နှုန်းမှာ မလေးရှားနိုင်ငံနှင့် ၁၁.၀ ရာခိုင်နှုန်းမှာ ပြည်တွင်းတွင်ပင် လူကုန်ကူး ခံရခြင်းဖြစ်သည်ဟု သိရသည်။
ပြီးခဲ့သည့် သြဂုတ်လ ၁၀ ရက်နေ့တွင် စစ်အစိုးရ လူ့အခွင့်အရေးအဖွဲ့က နေပြည်တော်၌ ၁၂ ကြိမ်မြောက် မြန်မာနိုင်ငံ လူ့ အခွင့်အရေးဆိုင်ရာ အစီရင်ခံစာပြုစုရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်ကြောင်း၊ ၂၀၁၁ ဖေဖော်ဝါရီလတွင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသို့ အချိန်မီ တင်သွင်းရေးအတွက် အစီရင်ခံစာမူကြမ်း အတည်ပြုရေး၊ အင်္ဂလိပ်ဘာသာ ပြန်ဆိုရေး များ ဆောင်ရွက်ရန်ရှိကြောင်း စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။Rest of your post
Tuesday, August 24, 2010
လူကုန်တဲ့  တခေတ်ပြောင်းလဲ စကား အရင်ခေတ်ကတော့ ကျွန်အရောင်းအ၀ယ်ပေါ့။ ခင်များကိုရောင်းခဲ့ရင်ကော?
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
August
(242)
- ပြည်တွင်း ရွေးကောက်ပွဲများ စောင့်ကြည့် လေ့လာရေး လက...
- ဘယ်အရာဟာ တည်မြဲမလဲ
- ကမ္ဘာတည်သ၍ နေသွားမည် ဟုယုံကြည်နေသူများ နှင့် သူတို ...
- တောင်းစားသည့် ရာထူးမှ မစွန့် လွတ်သေး .. ထိုင်ခုံ လ...
- နအဖ နှင့် ကရင် တော်လှန်ရေးတပ် (KNU- KNLA) တိုက်ပွဲ...
- ကမ္ဘာကလက်မခံနိုင်တဲ့ ဗမာပြည် အပြောင်အလဲ.. (လောလောဆယ...
- နိုင်ငံဟုဆိုသော်လည်း အားကိုးရာမဲ့
- သီတာရေကြည်ပမာ .. စေတနာ သုခစားသောက်ဆိုင် ကိုကျော်သူ...
- ဗိုလ်ချုပ်မှူးကြီးနှစ်ဦး ရာထူးမှ နုတ်မထွက်သေး
- တိုင်းပြည်ကို တကယ်ချစ်ကြရဲ့လား
- ဗိုလ်အောင်ဒင်ကိုမမျှော်နဲ့
- အာဏာရှင်မည်သည်..ဇာတ်သိမ်းကောင်း ရိုးထုံးစံမရှိ
- မိုက်မဲတဲ့ ခေါင်းဆောင်
- စစ်အစိုးရ အနာဂတ် မရေရာ၍ အရာရှိကြီးများ လျှို့ဝှက်ရ...
- အာဏာရှင်များရဲ့ ဖြုတ်ထုတ် သတ်
- အာဏာရှင်သစ် သူရမြင့်အောင် ( ကမ္ဘာ့ စစ်ခုံရုံးမှ အလိ...
- ရွှေမန်းရဲ့ မရိုးသားတဲ့  စွန့် လွှတ်မှု Shwe Mann qu...
- ပြည်သူအပေါင်းရင်ထဲ ဘုရားဂါထာကဲ့ သို့ ရင်ထဲနှလုံးဆေ...
- E 11 Sky news ..ပြည်တွင်း သတင်း နှင့် လူနေမှူဘ၀အြေ...
- ဖွတ် အသွင်မပြောင်းပါက ဖမ်းမည်ဟု ခြိမ်းချောက်စည်းရံ...
- လုပ်မစား တောင်းစား နေသူများဒဏ် မခံနိုင်တော့၍ ကျောင...
- ဖိတ်ချင်းဖိတ် ကိုယ့်အိပ်ထဲ ကိုယ်ဖိတ်
- Clear
- ဦးတင်ဦး နိုင်ငံရေး စည်းရုံးရေးခရီးထွက်
- စပါးပိုးနှင့် ကြွက်ကျ၍ တောင်ယာစပါးခင်း ပျက်စီး
- ဇောက်ထိုးမိုးမျှော်..ငိုတဲ့ သူကငို သွေးတိုးတဲ့ သူက...
- တပ်မတော်ရဲ့ ကတိအတိုင်း အရပ်သားကို အစိုးရ အာဏာလွှဲပေ...
- စစ်အုပ်စုအထက်ပိုင်း အပြောင်းအလဲ
- စစ်ခေါင်းဆောင်များ ရာထူး နုတ်ထွက်ခြင်းအပေါ် အမြင်မျ...
- နောက်လောက်ကောင် ပြောင်းသွားတာကလွဲရင် ဒုံရင်း
- စစ်ခေါင်းဆောင်များ ရာထူးမှ နုတ်ထွက် VOA
- ၈၈ ကျောင်းသား နိုင်ငံရေးအကျဉ်းကျနေသူ ကိုမြအေးသမီြး...
- Don't kill yourself...သေချင်ရင်မဲပေး..တမျဉ်းမျဉ်းန...
- ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရာထူး နှင့် ဒု ဗိုလ်ချုပ...
- မြန်မာ ပြည်သူ လူထုသို့ ပန်ကြားချက်
- ဒီကေဘီအေနှင့် နအဖစစ်တပ်များ၏ လူ့အခွင့်အရေးချိုးဖော...
- ဖြစ်ချင်ရာဖြစ်နေတဲ့ ဥပဒေ
- ကုလားကလည်းဆားလေးရမလား ဖားတယ်
- ရေပေါ်ဆီလည်းပါမည်
- အရည်ခွံချွတ် မျက်လှည့်ပြတော့မည်
- စာရေးဆရာများသမဂ္ဂ (ယာယီ)မှ ထုတ်ဝေသော ခေတ္တာလှိုင်းသစ်...
- ရန်ကုန် စီးပွားရေး တက္ကသိုလ်(ရွာသာကြီး)တွင် ဖြစ်ပျက...
- ဗိုလ်ချုပ်မှူးကြီးအမိန့်နဲ့ ဆင်နွှဲခဲ့ကြရတဲ့ ၁၉၉၈ ခရ...
- ငုံ့ ခံမလား တော်လှန်မလား ( မတရားတာတွေ မျက်စေ့ရှေ့ ...
- မျောက်ကိုင်းလွတ်နှင့် တွေ့ ဆုံမေးမြန်းခန်း (ရွေးကေ...
- အန်ဒီအက်ဖ် ဦးခင်မောင်ဆွေ ရွေးကောက်ပွဲကို ကျောခိုင...
- “ကလေးစစ်သားဖြစ်ခဲ့ရသူ၊စစ်တပ်ကိုစွန်ခွာခဲ့သူတယောက်ရ...
- အာဏာရှင်နိုင်ငံတိုင်းမှာ အမြဲကြားနေရမယ့် သတင်း
- သိန်းစိန် အစိုးရစရိတ်ဖြင့် မဲဆွယ်
- ရွေးကောက်ပွဲသပိတ် ဒေါ်စု သဘောတူ
- အန်အယ်လ်ဒီ မရှိတော့ မပေးနဲ့ပေါ့ဟု ဒေါ်စုကဆို
- ကြံ့/ဖွံ့ပါတီ အနိုင်ရမယ်ပဲ ပြောလိုက်ပါတော့ (ကြံ့/ဖ...
- ရွေးကောက်ပွဲကို စောင့်ကြည့်ရန် ဒေါ်အောင်ဆန်းစုကြည် ...
- မျက်နှာသစ်တာနဲ့တူတဲ့ မြန်မာရွေးကောက်ပွဲလို့ မီဇိုရ...
- ဘာမှမကြားချင်ဘူး
- အမျိုးသား ပြန်လည်သင့်မြတ်ရေး ဒေါ်အောင်ဆန်းစုကြည် ဆက...
- ကမ္ဘာလွှမ်းမဲ့ မြန်မာပြည်က ဇာတ်လိုက်ကျော်များ
- အရှက်မရှိသော မျိုးဖျက်လောက်ကောင်များ...
- ဥပဒေမှာ မသိနားမလည်လို့ ကျူးလွန်ခြင်းအတွက် ခွင့်လွှတ...
- အရေခွံလဲပွဲ
- ၂၀၁၀ ရွေးကောက်ပွဲ အရှုပ်ထဲမှာ ရှင်းအောင်နေ (ဦးဝင်း...
- “ကလေးစစ်သားဖြစ်ခဲ့ရသူ၊စစ်တပ်ကိုစွန်ခွာခဲ့သူတယောက်ရ...
- တဖြေးဖြေးနဲ့ ပေါ်လာင်္ပြီ...လူယုတ်မာတို့ ၏ မျိုးဖျက်စ...
- လူသတ်ကောင်လူယုတ်မာသန်းရွှေ ( ရာဇ၀တ်ဘေး ပြေးမလွတ်)
- ဒက်လိုင်းနော် ဒက်လိုင်း( ဒက်လိုင်း= မဖြစ်မနေ...လု...
- ညီမျှခြင်း ရဲ့ အခြားတဖက်က ဘ၀စာမျက်နှာ
- လူကုန်တဲ့  တခေတ်ပြောင်းလဲ စကား အရင်ခေတ်ကတော့ ကျွန်...
- ဘုရားသားတော်သတ် တိရစ္ဆာန်ကြည်ငြိုသူ
- ဗမာပြည်ဒီမိုကရေစီရတော့မည်... မရခင်မှာ
- ဗမာပြည်အရေးသည် ဘယ်တော့မှ မငြိမ်သက်၊ ငြိမ်သက်နေသည်ဟ...
- ၈၈ မတိုင်ခင်က ဆရာမတွေက ကျောင်းမှာ တ၀က်သင် သူ့ ကျူရ...
- “ပျက်အောင်ဖျက်ကြရမယ့် ရွေးကောက်ပွဲနဲ့သတိထားကြရမဲ့စ...
- သတင်းမဖတ်ချင်။ ဖတ်သည့်သတင်းတိုင်းမကောင်း။ တဖက်သတ်အ...
- တနိုင်ငံလုံးတွင် ဖွတ်များကြမ်းနေ
- Burmese Migrant Worker U Naing's Life in Thailand
- The Karens of Burma: The Forgotten Allies Still at...
- Social Media of Burma
- Myanmar split over poll boycott
- တနားစရာ မောင်သန်းရွှေ
- နံပါတ်ဝမ်းတိုင်း ကောင်းတယ်မထင်နဲ့ 
- နအဖ၏ ဖြုတ်ထုတ်သတ်ပွဲစပြီ
-ိတက္ကသိုလ်ပညာရေးသည် စီးပွါးရေးလုပ်ငန်းတစ်ခုဖြစ်လာ (...
- ကြံ့ဖွတ်ဆိုရင်..တော်သေးပြီ
- သမီးလေးရဲ့ရာဇ၀င်သစ်
- အမြန်ဆုံး ပြည်သူလူထုကို ဖြန့်ဝေပေးကြပါ
- 2010 ရွေးကောက်ပွဲဆန့် ကျင်ရေး ဒို့ အရေး ဒို့ ...
- နိုင်ငံရေးအကျဉ်းချခံရသူတို့ ၏ မိသားစုဝင်များနှင့် ...
- တောင်ကိုရီးယား ဒု-နိုင်ငံခြားရေး ၀န်ကြီး မြန်မာနို...
- သူတို့ပဲ နိုင်မှာပါတဲ့
- DKBA နယ်ခြားစောင့်တပ် ဖွဲ့ပြီ
- ဒီမိုကရက်တစ် ပါတီ (မြန်မာ) က ပြည်သူသို့ မေတ္တာရပ်ခံ
- အစိုးရနှင့် နီးစပ်သူ စီးပွားရေး သမားများဖြင့် နိုင...
- မြန်မာ့ ရေပိုင်နက် အတွင်း အစိုးရ တပ်ချင်း ပစ်ခတ်မှု...
- အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ သီရိပျံချီ ဦးကြည်မောင် ကွယ်လွန်...
- ရတနာပုံ တယ်လီပို့ အင်တာနက် ဆာဗာ အမည်များ ပြောင်းလဲ
- ဒီမိုကရေစီ ဆိုတဲ့  အခြေခံ အကျဆုံးမူမှာ လွတ်လပ်စွာ ...
- ရွေးကောက်ပွဲ ဥပဒေအရ NLD မဲမပေးဘဲ သပိတ်မှောက်မည်
- စည်းကမ်းပျက်နေပြည်တော်
- လားရှိုးမြို့ သီရိရွှေစင် ကာရာအိုကေ ဆိုင်တွင် မိုက်မ...
- မဲမပေးရေး လှုပ်ရှားမှု့
-
▼
August
(242)
No comments:
Post a Comment