မင်းနိုင်သူ Saturday, August 28, 2010 စစ်အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်များနှင့် စစ်တပ် အရာရှိကြီးများ တပ်ရာထူးများမှ အနားယူကာ ရွေးကောက်ပွဲ ၀င်ရန် ပြင်ဆင်နေမှု အပေါ် မြန်မာပြည် နိုင်ငံရေး အသိုင်းအ၀ိုင်းတွင် အမြင်အမျိုးမျိုး ကွဲပြား နေကြောင်း သိရှိရသည်။
ဒီမိုကရက်တစ်ပါတီ(မြန်မာ) ဥက္ကဌ ဦးသုဝေက"တပ်ရာထူးကနေ အနားယူလိုက်တဲ့ သတင်းကိုတော့ ကျနော်ကြိုဆိုတယ် ၊ ဘာဖြစ်လို့လဲဆိုတော့ တပ်အ၀တ်အစားနဲ့ဆို လူက ကြမ်းတယ် ၊ အရပ်ဝတ်နဲ့ဆို လူက ပိုပြီး သိမ်မွေ့လာမယ်လို့ ထင်တယ် ၊ ၁၉၇၄ ခုနှစ်က ဦးနေ၀င်းလုပ်သွားတဲ့ပုံစံမျိုးလည်း ဖြစ်နိုင်တာပေါ့လေ ၊ ဗိုလ်ချုပ်ကြီးနေ၀င်းက အရပ်သားဦးနေ၀င်းကို အာဏာ လွှဲပေးတဲ့သဘောမျိုးပေါ့လေ ၊ အရပ်ဝတ်လဲလိုက် ပေမယ့် အာဏာကတော့ စွန့်မယ့်ပုံမရှိဘူးထင်ပါတယ်"ဟု ပြောသည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး၊ ဗိုလ်ချုပ်ကြီး သူရရွှေမန်း အပါအ၀င် စစ်တပ်အရှိကြီးများ တပ် ရာထူး များမှ အနားယူလိုက်ကြောင်း ယမန်နေ့က သတင်းများ ထွက်ပေါ်ခဲ့ရာ မြန်မာ့နိုင်ငံရေးအသိုင်းအ၀ိုင်းအတွင်း လှုပ်ခတ်မှုများ ဖြစ်ပေါ်ခဲ့သည်။
ယင်းသို့ စစ်တပ်အရာရှိကြီးများ စစ်တပ်ရာထူးများမှ စွန့်ခွာလိုက်ခြင်းသည် ဖြစ်သင့်ဖြစ်ထိုက်သည့် ကိစ္စရပ်တခုသာ ဖြစ်သည်ဟု ၀ါရင့် နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းက ပြောသည်။
၎င်းက"အမှန်ကတော့ အသက် (၆၀)ဆိုရင် ပင်စင်ယူရမှာလေ ၊ အခုတော့ ပင်စင်မယူဘဲ တောက်လျှောက်လုပ်လာတာ အသက် (၇၀) ကျော်တောင် ရောက်နေပြီပဲ ၊ အသက် (၇၀) ကျော် (၈၀) နားနီးထိ နေတာကတော့ အောက်ကလူတွေ ရသင့်ရထိုက်တဲ့ ရာထူးအခွင့်အရေးတွေ ဆုံးရှုံးခဲ့ရတာပေါ့ ၊ အခုလို တပ်ရာထူးကနေ နုတ်ထွက်ပြီဆိုတော့ အောက်က ဗိုလ်ချုပ်တွေကတော့ ၀မ်းသာနေကြမှာပဲ ၊ ဗိုလ်ချုပ်မှူးကြီး တပ်ကထွက်ပြီး သမ္မတ ဆက်လုပ်မလား မလုပ်ဘူးလား ဆိုတာက လက်ရှိအခြေအနေ အရကတော့ သူလုပ်ချင်ရာလုပ်လို့ ရတဲ့သဘောမှာရှိနေတယ်"ဟု ပြောဆိုသည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနေနှင့် ရာထူးမှ နုတ်ထွက်ချင်လျင်သော်မှ ၎င်း၏ ဇနီး နှင့် သားသမီးများ ဆန္ဒကို လွန်ဆန်နိုင်မည်ဟု မထင်မြင်ကြောင်းလည်း သခင်ချန်ထွန်းက ပြောသည်။
ပြည်သူ့ လွှတ်တော် ကိုယ်စားပြုကော်မတီ အတွင်းရေးမှူး ဦးအေးသာအောင်ကမူ ယခုအပြောင်းအလဲသည် လူထုအတွက် အကျိုး ရှိစေမည့် ပြောင်းလဲမှုမျိုးမဟုတ်ဟု ဆိုသည်။
"ဒီတပ်တွင်းအပြောင်းအလဲဟာ လူထုအတွက် တိုင်းပြည်အတွက် အကျိုးရှိလာမယ့် အပြောင်းအလဲမျိုးမဟုတ်ပါဘူး ၊ သူတို့ဟာ စစ်ဝတ်စုံချွတ်ပြီး အရပ်သားအသွင်နဲ့ တိုင်းပြည်ကို ဆက်ပြီး အုပ်ချုပ်လို့ ရအောင် ပြင်ဆင်တဲ့သဘောပါပဲ ၊ တိုင်းပြည်အတွက် အမှန်တကယ်လိုအပ်တဲ့ အပြောင်းအလဲမျိုး မဟုတ်ဘူးလို့ပဲမြင်မိတယ်"ဟု ဦးအေးသာအောင်က ဆိုသည်။
ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး သူရမြင့်အောင်၊ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို၊ ပူးတွဲ ညှိနှိုင်းရေးကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်တို့ကို ယမန်နေ့က ခန့် အပ်လိုက်ကြောင်း သတင်းများပေါ်ထွက်ခဲ့ပြီး ဗိုလ်ချုပ်ကြီးသူရရွှေမန်းသည် နောက်တက်မည့် အစိုးရအဖွဲ့၏ သမ္မတ ဖြစ်လာမည် ဟု ခန့်မှန်းမှုများလည်း ရှိနေသည်။
အမျိုးသားဒီမိုကရေစီအင်အားစု(NDF) ပါတီခေါင်းဆောင်ဦးခင်မောင်ဆွေက"ဗိုလ်ချုပ်မှူးကြီး တပ်ရာထူးစွန့်ပြီး သမ္မတရာထူး ယူ မယ်ဆိုတဲ့ သတင်းထက် ဗိုလ်ချုပ်ကြီးသူရရွှေမန်းက သမ္မတနေရာအတွက် ပြင်နေတယ်ဆိုတာက ပိုဖြစ်နိုင်မယ်ထင်တယ် ၊ ဗိုလ်ချုပ်မှူးကြီးကတော့ တပ်ကို သူယုံကြည်စိတ်ချရတဲ့ လူတွေနဲ့ သူ့စိတ်တိုင်းကျ ပြင်ဆင်ပြီး အနားယူတော့မယ့် သဘောရှိတယ်၊ အသက်ကလည်း ၈၀ နားတောင်နီးနေပြီဆိုတော့ ဆက်လုပ်ဖို့ကလည်း မသင့်တော်တော့ဘူးကိုး"ဟု ဆိုသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်ကမူ"နယ်ခြားစောင့်တပ်ဖွဲ့ရေး ကိစ္စတွေ ၊ တိုင်းရင်းသားကိစ္စတွေ ဖြေရှင်းမပေး နိုင်သေးခင် အခုလိုအချိန်မျိုးမှာ တပ်ရာထူးတွေကနေ နုတ်ထွက်ဖို့ဆိုတာ မလွယ်ဘူး ထင်တယ်"ဟု ပြောသည်။
အရပ်သားအသွင်ပြောင်း ဗိုလ်ချုပ်ကြီးများ ပါဝင်လာမည့်ရွေးကောက်ပွဲသည် အရပ်သားပါတီများအတွက် အခွင့်အလမ်း မရှိနိုင် တော့ဟု ၈၈ မျိုးဆက်ကျောင်းသား ကိုမျိုးရန်နောင်သိမ်းက ပြောသည်။
"တပ်တွင်းက အရာရှိကြီးငယ်တော်တော်များများ ကြံ့ဖွံ့ပါတီထဲကို ၀င်သွားကြပြီ၊ သူတို့က ရွေးကောက်ပွဲနောက်ပိုင်းမှာ အာဏာ ဆက်ယူထားနိုင်ဖို့အတွက် ဘက်ပေါင်းစုံကနေ နည်းလမ်းစုံသုံးတော့မယ် သဘောပဲ၊ အရင်က အပြောင်းအလဲ ရနိုင်မလား တွေးခဲ့ မိတယ် ၊ အခုတော့သူတို့က ရွေးကောက်ပွဲအောင်နိုင်ရေးအပြင် နောင်လာမယ့် လွှတ်တော်မှာ တပ်ဘက်က ၂၅ ရာခိုင်နှုန်း ယူထား တဲ့အပြင် အရပ်ဝတ်ပြောင်း စစ်သား ကိုယ်စားလှယ်တွေပဲ ရှိနေအောင် လုပ်တော့မယ့် သဘောပဲ"ဟု ကိုမျိုးရန်နောင်သိမ်းက ပြောသည်။
၎င်းသည် ၂၀၀၇ စက်တင်ဘာအရေးအခင်းပြီးနောက် အဖမ်းခံခဲ့ရကာ ယမန်နှစ်က ပြန်လည်လွတ်မြောက်လာပြီးနောက် ရွေးကောက်ပွဲကို ထောက်ခံသည့်ရေးသားပြောဆိုမှုများ ပြုလုပ်ခဲ့သော်လည်း ယခုအခါ ရွေးကောက်ပွဲကို သပိတ်မှောက် သင့်ပြီဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလာသူဖြစ်သည်။
စစ်အစိုးရက ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၇ ရက်နေ့တွင် လွှတ်တော် အသီးသီး အတွက် ကျင်းပသွားမည်ဟု သြဂုတ်လ ၁၃ ရက်နေ့တွင် ထုတ်ပြန် ကြေညာထားသည်။Rest of your post
Saturday, August 28, 2010
စစ်ခေါင်းဆောင်များ ရာထူး နုတ်ထွက်ခြင်းအပေါ် အမြင်များကွဲနေ
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
August
(242)
- ပြည်တွင်း ရွေးကောက်ပွဲများ စောင့်ကြည့် လေ့လာရေး လက...
- ဘယ်အရာဟာ တည်မြဲမလဲ
- ကမ္ဘာတည်သ၍ နေသွားမည် ဟုယုံကြည်နေသူများ နှင့် သူတို ...
- တောင်းစားသည့် ရာထူးမှ မစွန့် လွတ်သေး .. ထိုင်ခုံ လ...
- နအဖ နှင့် ကရင် တော်လှန်ရေးတပ် (KNU- KNLA) တိုက်ပွဲ...
- ကမ္ဘာကလက်မခံနိုင်တဲ့ ဗမာပြည် အပြောင်အလဲ.. (လောလောဆယ...
- နိုင်ငံဟုဆိုသော်လည်း အားကိုးရာမဲ့
- သီတာရေကြည်ပမာ .. စေတနာ သုခစားသောက်ဆိုင် ကိုကျော်သူ...
- ဗိုလ်ချုပ်မှူးကြီးနှစ်ဦး ရာထူးမှ နုတ်မထွက်သေး
- တိုင်းပြည်ကို တကယ်ချစ်ကြရဲ့လား
- ဗိုလ်အောင်ဒင်ကိုမမျှော်နဲ့
- အာဏာရှင်မည်သည်..ဇာတ်သိမ်းကောင်း ရိုးထုံးစံမရှိ
- မိုက်မဲတဲ့ ခေါင်းဆောင်
- စစ်အစိုးရ အနာဂတ် မရေရာ၍ အရာရှိကြီးများ လျှို့ဝှက်ရ...
- အာဏာရှင်များရဲ့ ဖြုတ်ထုတ် သတ်
- အာဏာရှင်သစ် သူရမြင့်အောင် ( ကမ္ဘာ့ စစ်ခုံရုံးမှ အလိ...
- ရွှေမန်းရဲ့ မရိုးသားတဲ့  စွန့် လွှတ်မှု Shwe Mann qu...
- ပြည်သူအပေါင်းရင်ထဲ ဘုရားဂါထာကဲ့ သို့ ရင်ထဲနှလုံးဆေ...
- E 11 Sky news ..ပြည်တွင်း သတင်း နှင့် လူနေမှူဘ၀အြေ...
- ဖွတ် အသွင်မပြောင်းပါက ဖမ်းမည်ဟု ခြိမ်းချောက်စည်းရံ...
- လုပ်မစား တောင်းစား နေသူများဒဏ် မခံနိုင်တော့၍ ကျောင...
- ဖိတ်ချင်းဖိတ် ကိုယ့်အိပ်ထဲ ကိုယ်ဖိတ်
- Clear
- ဦးတင်ဦး နိုင်ငံရေး စည်းရုံးရေးခရီးထွက်
- စပါးပိုးနှင့် ကြွက်ကျ၍ တောင်ယာစပါးခင်း ပျက်စီး
- ဇောက်ထိုးမိုးမျှော်..ငိုတဲ့ သူကငို သွေးတိုးတဲ့ သူက...
- တပ်မတော်ရဲ့ ကတိအတိုင်း အရပ်သားကို အစိုးရ အာဏာလွှဲပေ...
- စစ်အုပ်စုအထက်ပိုင်း အပြောင်းအလဲ
- စစ်ခေါင်းဆောင်များ ရာထူး နုတ်ထွက်ခြင်းအပေါ် အမြင်မျ...
- နောက်လောက်ကောင် ပြောင်းသွားတာကလွဲရင် ဒုံရင်း
- စစ်ခေါင်းဆောင်များ ရာထူးမှ နုတ်ထွက် VOA
- ၈၈ ကျောင်းသား နိုင်ငံရေးအကျဉ်းကျနေသူ ကိုမြအေးသမီြး...
- Don't kill yourself...သေချင်ရင်မဲပေး..တမျဉ်းမျဉ်းန...
- ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရာထူး နှင့် ဒု ဗိုလ်ချုပ...
- မြန်မာ ပြည်သူ လူထုသို့ ပန်ကြားချက်
- ဒီကေဘီအေနှင့် နအဖစစ်တပ်များ၏ လူ့အခွင့်အရေးချိုးဖော...
- ဖြစ်ချင်ရာဖြစ်နေတဲ့ ဥပဒေ
- ကုလားကလည်းဆားလေးရမလား ဖားတယ်
- ရေပေါ်ဆီလည်းပါမည်
- အရည်ခွံချွတ် မျက်လှည့်ပြတော့မည်
- စာရေးဆရာများသမဂ္ဂ (ယာယီ)မှ ထုတ်ဝေသော ခေတ္တာလှိုင်းသစ်...
- ရန်ကုန် စီးပွားရေး တက္ကသိုလ်(ရွာသာကြီး)တွင် ဖြစ်ပျက...
- ဗိုလ်ချုပ်မှူးကြီးအမိန့်နဲ့ ဆင်နွှဲခဲ့ကြရတဲ့ ၁၉၉၈ ခရ...
- ငုံ့ ခံမလား တော်လှန်မလား ( မတရားတာတွေ မျက်စေ့ရှေ့ ...
- မျောက်ကိုင်းလွတ်နှင့် တွေ့ ဆုံမေးမြန်းခန်း (ရွေးကေ...
- အန်ဒီအက်ဖ် ဦးခင်မောင်ဆွေ ရွေးကောက်ပွဲကို ကျောခိုင...
- “ကလေးစစ်သားဖြစ်ခဲ့ရသူ၊စစ်တပ်ကိုစွန်ခွာခဲ့သူတယောက်ရ...
- အာဏာရှင်နိုင်ငံတိုင်းမှာ အမြဲကြားနေရမယ့် သတင်း
- သိန်းစိန် အစိုးရစရိတ်ဖြင့် မဲဆွယ်
- ရွေးကောက်ပွဲသပိတ် ဒေါ်စု သဘောတူ
- အန်အယ်လ်ဒီ မရှိတော့ မပေးနဲ့ပေါ့ဟု ဒေါ်စုကဆို
- ကြံ့/ဖွံ့ပါတီ အနိုင်ရမယ်ပဲ ပြောလိုက်ပါတော့ (ကြံ့/ဖ...
- ရွေးကောက်ပွဲကို စောင့်ကြည့်ရန် ဒေါ်အောင်ဆန်းစုကြည် ...
- မျက်နှာသစ်တာနဲ့တူတဲ့ မြန်မာရွေးကောက်ပွဲလို့ မီဇိုရ...
- ဘာမှမကြားချင်ဘူး
- အမျိုးသား ပြန်လည်သင့်မြတ်ရေး ဒေါ်အောင်ဆန်းစုကြည် ဆက...
- ကမ္ဘာလွှမ်းမဲ့ မြန်မာပြည်က ဇာတ်လိုက်ကျော်များ
- အရှက်မရှိသော မျိုးဖျက်လောက်ကောင်များ...
- ဥပဒေမှာ မသိနားမလည်လို့ ကျူးလွန်ခြင်းအတွက် ခွင့်လွှတ...
- အရေခွံလဲပွဲ
- ၂၀၁၀ ရွေးကောက်ပွဲ အရှုပ်ထဲမှာ ရှင်းအောင်နေ (ဦးဝင်း...
- “ကလေးစစ်သားဖြစ်ခဲ့ရသူ၊စစ်တပ်ကိုစွန်ခွာခဲ့သူတယောက်ရ...
- တဖြေးဖြေးနဲ့ ပေါ်လာင်္ပြီ...လူယုတ်မာတို့ ၏ မျိုးဖျက်စ...
- လူသတ်ကောင်လူယုတ်မာသန်းရွှေ ( ရာဇ၀တ်ဘေး ပြေးမလွတ်)
- ဒက်လိုင်းနော် ဒက်လိုင်း( ဒက်လိုင်း= မဖြစ်မနေ...လု...
- ညီမျှခြင်း ရဲ့ အခြားတဖက်က ဘ၀စာမျက်နှာ
- လူကုန်တဲ့  တခေတ်ပြောင်းလဲ စကား အရင်ခေတ်ကတော့ ကျွန်...
- ဘုရားသားတော်သတ် တိရစ္ဆာန်ကြည်ငြိုသူ
- ဗမာပြည်ဒီမိုကရေစီရတော့မည်... မရခင်မှာ
- ဗမာပြည်အရေးသည် ဘယ်တော့မှ မငြိမ်သက်၊ ငြိမ်သက်နေသည်ဟ...
- ၈၈ မတိုင်ခင်က ဆရာမတွေက ကျောင်းမှာ တ၀က်သင် သူ့ ကျူရ...
- “ပျက်အောင်ဖျက်ကြရမယ့် ရွေးကောက်ပွဲနဲ့သတိထားကြရမဲ့စ...
- သတင်းမဖတ်ချင်။ ဖတ်သည့်သတင်းတိုင်းမကောင်း။ တဖက်သတ်အ...
- တနိုင်ငံလုံးတွင် ဖွတ်များကြမ်းနေ
- Burmese Migrant Worker U Naing's Life in Thailand
- The Karens of Burma: The Forgotten Allies Still at...
- Social Media of Burma
- Myanmar split over poll boycott
- တနားစရာ မောင်သန်းရွှေ
- နံပါတ်ဝမ်းတိုင်း ကောင်းတယ်မထင်နဲ့ 
- နအဖ၏ ဖြုတ်ထုတ်သတ်ပွဲစပြီ
-ိတက္ကသိုလ်ပညာရေးသည် စီးပွါးရေးလုပ်ငန်းတစ်ခုဖြစ်လာ (...
- ကြံ့ဖွတ်ဆိုရင်..တော်သေးပြီ
- သမီးလေးရဲ့ရာဇ၀င်သစ်
- အမြန်ဆုံး ပြည်သူလူထုကို ဖြန့်ဝေပေးကြပါ
- 2010 ရွေးကောက်ပွဲဆန့် ကျင်ရေး ဒို့ အရေး ဒို့ ...
- နိုင်ငံရေးအကျဉ်းချခံရသူတို့ ၏ မိသားစုဝင်များနှင့် ...
- တောင်ကိုရီးယား ဒု-နိုင်ငံခြားရေး ၀န်ကြီး မြန်မာနို...
- သူတို့ပဲ နိုင်မှာပါတဲ့
- DKBA နယ်ခြားစောင့်တပ် ဖွဲ့ပြီ
- ဒီမိုကရက်တစ် ပါတီ (မြန်မာ) က ပြည်သူသို့ မေတ္တာရပ်ခံ
- အစိုးရနှင့် နီးစပ်သူ စီးပွားရေး သမားများဖြင့် နိုင...
- မြန်မာ့ ရေပိုင်နက် အတွင်း အစိုးရ တပ်ချင်း ပစ်ခတ်မှု...
- အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ သီရိပျံချီ ဦးကြည်မောင် ကွယ်လွန်...
- ရတနာပုံ တယ်လီပို့ အင်တာနက် ဆာဗာ အမည်များ ပြောင်းလဲ
- ဒီမိုကရေစီ ဆိုတဲ့  အခြေခံ အကျဆုံးမူမှာ လွတ်လပ်စွာ ...
- ရွေးကောက်ပွဲ ဥပဒေအရ NLD မဲမပေးဘဲ သပိတ်မှောက်မည်
- စည်းကမ်းပျက်နေပြည်တော်
- လားရှိုးမြို့ သီရိရွှေစင် ကာရာအိုကေ ဆိုင်တွင် မိုက်မ...
- မဲမပေးရေး လှုပ်ရှားမှု့
- စစ်အစိုးရကို စုံစမ်းစစ်ဆေးမည့် ကော်မရှင် အမေရိကန် ...
- လူမှားပြီး ကိုယ့်သမီး ကိုယ်သတ်မိတဲ့ မြောက်ဦး လူသတ်မှု
- မုဒိန်းမှု ခိုးမှု ၀ှက်မှုနှင့် ကမ္ဘာ့ ရေပန်းစား အေ...
- ရတာအကုန်ရောင်း အိပ်ထဲထည့်
- စစ်အစိုးရ၏ရွေးကောက်ပွဲအခြေအနေ ကနေဒါစိုးရိမ်
- လူ ၁၀၀ ကျော်အလိုအလျောက်သဘောထားမပါဘဲ ကြံ့ ဖွတ်ဖြစ်သွား
- ပြည်သူတွေခင်မျာ ကုန်းကောက်စရာမရှိ -ရောင်းစားမည်..ခ...
- ကရင်ပြည်သူတွေအတွက် ရင်လေးမိပါသည်
- ယ္ခုပြိုင်ပွဲမှာအရင်ဆုံး ပန်းဝင်မယ့်သူကတော့
- အနှစ်၆၀ ကျော်လည်းမမှတ်
- အသိ တတ်ပညာသည် ခန္တာတွင်းမှာ။
- မိခင်တစ်ဦး၏သောက..ဘယ်သူကတရားမှန် စီရင် မလည်း...
- ကြွက်ပြေးပြီး ကြက်ပြေး
- အပြစ်မဲ့ သွေးစက်နဲ့ စတေးရတဲ့ အသက် မေ့ရက်ကြမလား...
- ဆင်နဲ့ ကြွက် ဘယ်သူ နိုင်ငံကို ဖျက်မလဲ
- ဆင်ဖြူတော်ထက် ယုတ်ညံ့သော မင်းတြားကြီး..လားဟဲ့
- အေအိုင်အဖွဲ့ကြီး၏ Burma and The Three Freedom ကမ...
- မှန်သောစကား
- အနှစ် ၆၀ကျော် မသမာတဲ့ နည်းတွေနဲ့ .. ခုလည်း (ဒီမိုက...
- အုတ်ဂူကို တံတွေးနဲ့ထွေးရုံတင် မကဘူး
- နိုင်ငံရေးအကျဉ်းသားမလွှတ် မချင်းရွေးကောက်ပွဲ တရားဝင...
- တပ်မတော်သာ အမိ ၊ တပ်မတော်သာ အဖ = NO ပြည်သူသာ အမိြ...
- စည်းလုံးခြင်းသည်အင်အား
- Unfair election
- ဘုရားသုံးဆူမြို့အနီးပေါက်ကွဲမှုဖြစ်ပေါ်သည့်အပြင် မပေ...
- U.N. calls for fair vote as Myanmar announces elec...
- ထိုင်စရာလေး ၁၀ နေရာဘဲရခဲ့တာ ..နိုင်တဲ့ သူတွေကို အက...
- တေးရေး စိုင်းခမ်းလိတ်နှင့် တွေ့ဆုံခြင်း
-
▼
August
(242)
No comments:
Post a Comment