ဘန်းစမစ် (Bern Smith) | တနင်္လာနေ့၊ သြဂုတ်လ ၃၀ ရက် ၂၀၁၀ ခုနှစ် ၁၂ နာရီ ၅၅ မိနစ်
မြန်မာအစိုးရအကြီးတန်း အရာရှိကြီးများသည် သူတို့ပိုင်ငွေကြေးပစ္စည်းအားလုံးကို နိုင်ငံခြားဘဏ်များတွင် သိုဝှက် သိမ်းဆည်းနေကြပြီ ဖြစ်သည်။ ဤအချက်က စစ်အစိုးရ၏ အနာဂတ်အပေါ် စိတ်မချတော့၍ အတွင်းလူများကိုယ်တိုင်က ခုလိုဘေးဆီးရန်ကာ လုပ်နေကြတာထင်ရှားနေသည် ဟု လူသိများသော သြစတြေးလျလူမျိုး မြန်မာ့စီးပွားရေး သုတေသီတဦးက ပြောဆိုလိုက်သည်။
Onion-2s
ကြက်သွန်ကို နိုင်ငံခြားတင်ပို့ခွင့်ပိတ်လိုက်၍ ရန်ကုန်မြို့ရှိဈေးတခုတွင် ကြက်သွန်အိတ်များ စုပုံနေသည်ကို မြင်ရပုံ။ ယင်းသည် အာဏာရဗိုလ်ချုပ်ကြီးများ၏ `ရူးသွပ်မှု´ ကို ပြသည့်နောက်ထပ် ဥပမာတခုပင်ဖြစ်သည်ဟု သြစတြေးလျလူမျိုး မြန်မာ့စီးပွားရေးသုတေသီ ရှောင်တားနဲလ် (Sean Turnell) က ပြောသည်။ ပြည်တွင်းပစ္စည်း ပြတ်လပ်မှု ဖြစ်မည်စိုးကာ ယခုကဲ့သို့ ပြည်ပပို့ခွင့် ပိတ်ပင်လိုက်ခြင်းဖြစ်သည်။ (ဓါတ်ပုံ-မဇ္ဈိမ)
ဤအရာရှိကြီးများသည် မြန်မာ့အာဏာရ အဝန်းအဝိုင်း အတွင်း သူတို့မိသားစုဘဝများ လုံခြုံရေးအတွက် ယခုကဲ့သို့ လုပ်ဆောင်နေကြခြင်း ဖြစ်သည်ဟု ပါမောက္ခ ရှောင်တားနဲလ် ကပြောသည်။
မြန်မာ့စီးပွားရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ ဥက္ကဋ္ဌကလည်း အမေရိကန်အထက်လွှတ်တော် နိုင်ငံခြားရေးကော်မတီတွင် အမေရိကန်၏ ပိတ်ဆို့အရေးယူမှုနှင့်စပ်လျဉ်း၍ သွားရောက်မိန့်ခွန်း ပြောကြားခဲ့သည်။ သူသည် ဤကိစ္စကို နှစ်နှစ်ကာကာ ယုံကြည်သူဖြစ်သည်။
သြစတြေးလျဗဟိုဘဏ် လေ့လာသုံးသပ်သူဟောင်း တဦးကလည်း အာဆီယံ၊ အိန္ဒိယ၊ တရုတ်တို့ကို စစ်အစိုးရ ပြုပြင်ပြောင်းလဲရေးအတွက် သိပ်မျှော်လင့်၍မရကြောင်း၊ သို့သော် စစ်အုပ်စုအတွင်းမှပင် ဤပြုပြင်ပြောင်းလဲမှုများ ပေါ်ထွက်လာမည့် မျှော်လင့်ချက်ရှိနေသည်ဟု ပြောကြားခဲ့သည်။
`အခုလောလောဆယ်ဖြစ်နေတဲ့ တချို့အဖြစ်အပျက်တွေက သိပ်ပြဇာတ်ဆန်တယ်။ စစ်အစိုးရထဲမှာလဲ ယိုပေါက်ဟာပေါက်တွေ အတော်လေးရှိနေတာပဲ။ ဒါပေမဲ့သူတို့က အသာစီးရနေတာ´ ဟု သူကပြောသည်။
နောက်လတွင် ကွန်ဂရက်လွှတ်တော်အမတ်များနှင့်တွေ့ရန် ဝါရှင်တန်သို့သွားရောက်မည့် တားနဲလ်က မြန်မာ့စစ်အစိုးရအတွင်း အကြီးတန်းအရာရှိကြီးများ `သွေးရူးသွေးတန်း´ဖြစ်နေကြပြီဟု ယုံကြည်နေသည်။
`ရွေးကောက်ပွဲနီးလာတာနဲ့အမျှ အားလုံးပြောနေသလိုပဲ ဒီရွေးကောက်ပွဲဟာ အတုအယောင်ပဲဖြစ်မယ်ဆိုတာ ထင်ရှားလာတယ်။ အကြီးတန်းဗိုလ်ချုပ်အများစုကတော့ သူတို့လိုချင်တာရနေတုန်းပဲ´ဟု သူက ဆစ်ဒနီမြို့ရှိ သူ့အိမ်မှပြောကြားခဲ့သည်။
ဤအဓိကပုဂ္ဂိုလ်ကြီးများကို နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ၁၉ဝဝ စုနှစ်များအတွင်း အမေရိကန်နိုင်ငံတွင် တွေ့မြင်ရခဲ့သည့် အဖြစ်အပျက်များလိုပင် မြန်မာ့လူ့အဖွဲ့အတွင်း ထင်ရှားကြီးထွားလာနေသည့် `ဓါးပြဂိုဏ်း´ ဟု သူကပြောသည်။
အမေရိကန်တွင်လည်း စီးပွားရေးသမားများ ငွေအစုလိုက်အပုံလိုက် စုဆောင်းမိခဲ့ကြသည်။ သို့သော် တဘက်မှလည်း အမျိုးသားအမွေအနှစ် အဖွဲ့အစည်းများဖြစ်ကြသော စာကြည့်တိုက်များ၊ ဖောင်ဒေးရှင်းများနှင့် အခြေခံအဆောက်အဦများဖြစ်သော ရထားလမ်းများလည်း ပေါ်ထွက်လာခဲ့သည်။ ထိုခေတ်က အပြုသဘောဆောင်သော ဘေးထွက်အကျိုးများပင်ဖြစ်သည်။
သို့သော်မြန်မာနိုင်ငံတွင်မူ ပကတိအခြေအနေက ပို၍ပင် မျှော်လင့်ချက်မဲ့သေးသည်ဟု တားနဲလ်က ပြောသည်။ `လွန်ခဲ့တဲ့ခြောက်လအတွင်း ကျနော်တို့ တကယ်တမ်းမြင်ခဲ့ရတာကတော့ စီးပွားရေး ရာဇဝတ်ဂိုဏ်းကြီးတွေ ကြီးထွားလာတာပဲ။ ပုဂ္ဂလိကပိုင်ပြုလိုက်တာဟာ တကယ်တမ်းကျတော့ စီးပွားရေးအဆောက်အဦကြီး တခုလုံးကို မြန်မြန်ကြီး ရာဇဝတ်ဂိုဏ်းကြီးဖြစ်အောင် လုပ်လိုက်သလိုပါပဲ´။
`သူတို့ဟာ မာဖီးယားဂိုဏ်းတွေလို ကိုယ့်ကိုယ်ကိုယ် ပိုကာကွယ်လာကြတယ်။ ဒီလိုနဲ့ အမျိုးသားရေး စိတ်ပြင်းထန်တဲ့ စတာလင်ပုံစံ အာဏာရှင်နိုင်ငံကို ရာဇဝတ်ဂိုဏ်းစီးပွားရေး အဆောက်အဦကြီးဖြစ်အောင် မြန်မြန်ကြီး ပြောင်းလဲပစ်လိုက်တယ်။ ဒီလိုနေရာတွေမှာ ဖွံ့ဖြိုးဆဲ စီးပွားရေးနိုင်ငံတွေမှာလို မဟုတ်ဘဲ တသီးပုဂ္ဂလ ပုဂ္ဂိုလ်တယောက်က ပိုပြီးစွမ်းဆောင်နိုင်တယ်´ ဟု သူကပြောသည်။
ဒီတော့ စစ်အစိုးရနဲ့ `အကပ်´ရှိတဲ့သူက တပန်းသာတယ်၊ အခွင့်ထူးတွေရနိုင်တယ်၊ လုပ်ကွက်တွေ ရနိုင်တယ်။ ဒီလိုနဲ့ ဒါကိုပဲ အဓိကထားလုပ်ရင်း ကွာခြားမှုက ကြီးလာတာပဲ။
`ကျနော်တို့ပြောနေတာ ဟွန်ဒိုင်းကားတစီး၊ ဒေဝူးကားတစီးရဖို့ ပြောနေတာမဟုတ်ဘူး´ဟု တားနဲလ်က လစ်ဘရယ်စီးပွားရေးပညာရှင်များ ပြောလေ့ရှိသည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာလျှင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတို့လည်း ဖြစ်ထွန်းလာလိမ့်မည်ဟူသောအဆိုကို ချေပပြောဆိုသွားခဲ့သည်။ `ဒီလူ (စစ်အစိုးရထံမှ အခွင့်ထူးခံစားရသူတွေ) ဟာ တီထွင်သူတွေလဲမဟုတ်၊ ထုတ်လုပ်သူတွေလဲ မဟုတ်၊ ရိုးရိုးလေးပဲ ကိုယ်ကျိုးအတွက် ဗိုလ်ချုပ်တွေဆီက အခွင့်အရေး တောင်းနေသူတွေပဲ´ ဟု သူကပြောသည်။
ဒီမှာသူတို့အခွင့်အရေးတွေကိုတောင်းဆိုမဲ့ လူလတ်တန်းစားလဲ ရှေ့တန်းကိုထွက်လာနိုင်မှာမဟုတ်ဘူး။ အသစ်တွေ့ရှိလာတဲ့ စားသုံးသူအခွင့်အရေးကို တောင်းဆိုကျင့်သုံးနိုင်မဲ့သူလဲ မဟုတ်ဘူး ဟု သူကပြောသည်။
ပြည်တွင်းပစ္စည်းပြတ်မှာစိုး၍ဟုဆိုကာ ကြက်သွန်နီတင်ပို့မှုကို မကြာမီကပိတ်ပင်ခဲ့သည့် စစ်အစိုးရ၏ ဆုံးဖြတ်ချက်ကို ဗိုလ်ချုပ်ကြီးများ၏ ရာဇဝဝင်တွင်သည့် `ရူးသွပ်မိုက်မဲမှု´အဖြစ် တားနဲလ်က ထုတ်ဖော်ပြောဆိုသည်။
`လယ်သမားတွေက စာချုပ်ချုပ်ပြီးလုပ်တာ၊ ဒီစာချုပ်အရ သူတို့ဘက်က လုပ်ပေးရမှာတွေရှိတယ်။ ခုတော့ ဗိုလ်ချုပ်ကြီးတွေရဲ့ ဆုံးဖြတ်ချက်ကြောင့် စာချုပ်ချိုးဖောက်ရမဲ့ အခြေအနေတွေဖြစ်နေတယ်။ ပြီးတော့ အလားအလာရှိတဲ့ စီးပွါးရေးလုပ်ငန်းတခုလဲ ရိုက်ချိုးခံလိုက်ရတာပဲ´ ဟုလည်း သူကဆက်လက်ပြောဆို ခဲ့သည်။
သူကယခု ကြက်သွန်နီတင်ပို့မှု ပိတ်ပင်ခြင်းကို ယခင်နှစ်အနည်းငယ်က ပဲမျိုးစုံတင်ပို့မှု ပိတ်ပင်ခဲ့မှုနှင့် နှိုင်းယှဉ် ပြောဆိုသည်။ ထိုသို့ပြည်ပတင်ပို့မှု ပိတ်ပင်လိုက်၍ ပဲဈေးကွက်ပျက်သွားသောအခါ ဗိုလ်ချုပ်ကြီးများက အသာလွှတ်ပေးထားလိုက်ပြန်သည်။ ဒီလိုနှင့် ပဲဈေးကွက်လည်း လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း တစုံတရာ ပြန်ကောင်းလာခဲ့သည်။
`စိုက်ပျိုးထုတ်လုပ်သူတွေအတွက် အခြေပျက်မသွားရုံလေး လုပ်နေရုံကလွဲလို့ တခြားလုပ် စရာမရှိဘူး´ ဟုလည်း သူကဆိုသည်။
ဖွံ့ဖြိုးလာရင် မြန်မာပြည်သူတွေအတွက် အခွင့်အရေးတွေ ပိုရလာမယ်၊ အချိန်ကြာလာတာနဲ့အမျှ ပိုမိုညီမျှတဲ့ စနစ်တရပ်လဲ ပေါ်ထွန်းလာလိမ့်မယ်ဆိုတဲ့ အဆိုကိုလဲ တားနဲလ်က ညည်းညူပြောဆိုခဲ့သည်။ `တကယ်တမ်း ဖွံ့ဖြိုးတိုးတက်လာတာဆိုရင်တော့ ဟုတ်ပါတယ်။ ဘာမှမဖြစ်တာနဲ့စာရင် ဒီလောက်ဖြစ်လာတာက တော်သေးတာပေါ့လို့ ပြောရမှာပေါ့။ ဒါပေမဲ့ ဒီဖွံ့ဖြိုးမှုဆိုတာက တကယ်ဖြစ်နေတာမဟုတ်ဘူး´ ဟု သူကပြောသည်။Rest of your post
Monday, August 30, 2010
စစ်အစိုးရ အနာဂတ် မရေရာ၍ အရာရှိကြီးများ လျှို့ဝှက်ရန်ပုံငွေများကို ဘေးဆီးရန်ကာ လုပ်နေကြ
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
August
(242)
- ပြည်တွင်း ရွေးကောက်ပွဲများ စောင့်ကြည့် လေ့လာရေး လက...
- ဘယ်အရာဟာ တည်မြဲမလဲ
- ကမ္ဘာတည်သ၍ နေသွားမည် ဟုယုံကြည်နေသူများ နှင့် သူတို ...
- တောင်းစားသည့် ရာထူးမှ မစွန့် လွတ်သေး .. ထိုင်ခုံ လ...
- နအဖ နှင့် ကရင် တော်လှန်ရေးတပ် (KNU- KNLA) တိုက်ပွဲ...
- ကမ္ဘာကလက်မခံနိုင်တဲ့ ဗမာပြည် အပြောင်အလဲ.. (လောလောဆယ...
- နိုင်ငံဟုဆိုသော်လည်း အားကိုးရာမဲ့
- သီတာရေကြည်ပမာ .. စေတနာ သုခစားသောက်ဆိုင် ကိုကျော်သူ...
- ဗိုလ်ချုပ်မှူးကြီးနှစ်ဦး ရာထူးမှ နုတ်မထွက်သေး
- တိုင်းပြည်ကို တကယ်ချစ်ကြရဲ့လား
- ဗိုလ်အောင်ဒင်ကိုမမျှော်နဲ့
- အာဏာရှင်မည်သည်..ဇာတ်သိမ်းကောင်း ရိုးထုံးစံမရှိ
- မိုက်မဲတဲ့ ခေါင်းဆောင်
- စစ်အစိုးရ အနာဂတ် မရေရာ၍ အရာရှိကြီးများ လျှို့ဝှက်ရ...
- အာဏာရှင်များရဲ့ ဖြုတ်ထုတ် သတ်
- အာဏာရှင်သစ် သူရမြင့်အောင် ( ကမ္ဘာ့ စစ်ခုံရုံးမှ အလိ...
- ရွှေမန်းရဲ့ မရိုးသားတဲ့  စွန့် လွှတ်မှု Shwe Mann qu...
- ပြည်သူအပေါင်းရင်ထဲ ဘုရားဂါထာကဲ့ သို့ ရင်ထဲနှလုံးဆေ...
- E 11 Sky news ..ပြည်တွင်း သတင်း နှင့် လူနေမှူဘ၀အြေ...
- ဖွတ် အသွင်မပြောင်းပါက ဖမ်းမည်ဟု ခြိမ်းချောက်စည်းရံ...
- လုပ်မစား တောင်းစား နေသူများဒဏ် မခံနိုင်တော့၍ ကျောင...
- ဖိတ်ချင်းဖိတ် ကိုယ့်အိပ်ထဲ ကိုယ်ဖိတ်
- Clear
- ဦးတင်ဦး နိုင်ငံရေး စည်းရုံးရေးခရီးထွက်
- စပါးပိုးနှင့် ကြွက်ကျ၍ တောင်ယာစပါးခင်း ပျက်စီး
- ဇောက်ထိုးမိုးမျှော်..ငိုတဲ့ သူကငို သွေးတိုးတဲ့ သူက...
- တပ်မတော်ရဲ့ ကတိအတိုင်း အရပ်သားကို အစိုးရ အာဏာလွှဲပေ...
- စစ်အုပ်စုအထက်ပိုင်း အပြောင်းအလဲ
- စစ်ခေါင်းဆောင်များ ရာထူး နုတ်ထွက်ခြင်းအပေါ် အမြင်မျ...
- နောက်လောက်ကောင် ပြောင်းသွားတာကလွဲရင် ဒုံရင်း
- စစ်ခေါင်းဆောင်များ ရာထူးမှ နုတ်ထွက် VOA
- ၈၈ ကျောင်းသား နိုင်ငံရေးအကျဉ်းကျနေသူ ကိုမြအေးသမီြး...
- Don't kill yourself...သေချင်ရင်မဲပေး..တမျဉ်းမျဉ်းန...
- ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရာထူး နှင့် ဒု ဗိုလ်ချုပ...
- မြန်မာ ပြည်သူ လူထုသို့ ပန်ကြားချက်
- ဒီကေဘီအေနှင့် နအဖစစ်တပ်များ၏ လူ့အခွင့်အရေးချိုးဖော...
- ဖြစ်ချင်ရာဖြစ်နေတဲ့ ဥပဒေ
- ကုလားကလည်းဆားလေးရမလား ဖားတယ်
- ရေပေါ်ဆီလည်းပါမည်
- အရည်ခွံချွတ် မျက်လှည့်ပြတော့မည်
- စာရေးဆရာများသမဂ္ဂ (ယာယီ)မှ ထုတ်ဝေသော ခေတ္တာလှိုင်းသစ်...
- ရန်ကုန် စီးပွားရေး တက္ကသိုလ်(ရွာသာကြီး)တွင် ဖြစ်ပျက...
- ဗိုလ်ချုပ်မှူးကြီးအမိန့်နဲ့ ဆင်နွှဲခဲ့ကြရတဲ့ ၁၉၉၈ ခရ...
- ငုံ့ ခံမလား တော်လှန်မလား ( မတရားတာတွေ မျက်စေ့ရှေ့ ...
- မျောက်ကိုင်းလွတ်နှင့် တွေ့ ဆုံမေးမြန်းခန်း (ရွေးကေ...
- အန်ဒီအက်ဖ် ဦးခင်မောင်ဆွေ ရွေးကောက်ပွဲကို ကျောခိုင...
- “ကလေးစစ်သားဖြစ်ခဲ့ရသူ၊စစ်တပ်ကိုစွန်ခွာခဲ့သူတယောက်ရ...
- အာဏာရှင်နိုင်ငံတိုင်းမှာ အမြဲကြားနေရမယ့် သတင်း
- သိန်းစိန် အစိုးရစရိတ်ဖြင့် မဲဆွယ်
- ရွေးကောက်ပွဲသပိတ် ဒေါ်စု သဘောတူ
- အန်အယ်လ်ဒီ မရှိတော့ မပေးနဲ့ပေါ့ဟု ဒေါ်စုကဆို
- ကြံ့/ဖွံ့ပါတီ အနိုင်ရမယ်ပဲ ပြောလိုက်ပါတော့ (ကြံ့/ဖ...
- ရွေးကောက်ပွဲကို စောင့်ကြည့်ရန် ဒေါ်အောင်ဆန်းစုကြည် ...
- မျက်နှာသစ်တာနဲ့တူတဲ့ မြန်မာရွေးကောက်ပွဲလို့ မီဇိုရ...
- ဘာမှမကြားချင်ဘူး
- အမျိုးသား ပြန်လည်သင့်မြတ်ရေး ဒေါ်အောင်ဆန်းစုကြည် ဆက...
- ကမ္ဘာလွှမ်းမဲ့ မြန်မာပြည်က ဇာတ်လိုက်ကျော်များ
- အရှက်မရှိသော မျိုးဖျက်လောက်ကောင်များ...
- ဥပဒေမှာ မသိနားမလည်လို့ ကျူးလွန်ခြင်းအတွက် ခွင့်လွှတ...
- အရေခွံလဲပွဲ
- ၂၀၁၀ ရွေးကောက်ပွဲ အရှုပ်ထဲမှာ ရှင်းအောင်နေ (ဦးဝင်း...
- “ကလေးစစ်သားဖြစ်ခဲ့ရသူ၊စစ်တပ်ကိုစွန်ခွာခဲ့သူတယောက်ရ...
- တဖြေးဖြေးနဲ့ ပေါ်လာင်္ပြီ...လူယုတ်မာတို့ ၏ မျိုးဖျက်စ...
- လူသတ်ကောင်လူယုတ်မာသန်းရွှေ ( ရာဇ၀တ်ဘေး ပြေးမလွတ်)
- ဒက်လိုင်းနော် ဒက်လိုင်း( ဒက်လိုင်း= မဖြစ်မနေ...လု...
- ညီမျှခြင်း ရဲ့ အခြားတဖက်က ဘ၀စာမျက်နှာ
- လူကုန်တဲ့  တခေတ်ပြောင်းလဲ စကား အရင်ခေတ်ကတော့ ကျွန်...
- ဘုရားသားတော်သတ် တိရစ္ဆာန်ကြည်ငြိုသူ
- ဗမာပြည်ဒီမိုကရေစီရတော့မည်... မရခင်မှာ
- ဗမာပြည်အရေးသည် ဘယ်တော့မှ မငြိမ်သက်၊ ငြိမ်သက်နေသည်ဟ...
- ၈၈ မတိုင်ခင်က ဆရာမတွေက ကျောင်းမှာ တ၀က်သင် သူ့ ကျူရ...
- “ပျက်အောင်ဖျက်ကြရမယ့် ရွေးကောက်ပွဲနဲ့သတိထားကြရမဲ့စ...
- သတင်းမဖတ်ချင်။ ဖတ်သည့်သတင်းတိုင်းမကောင်း။ တဖက်သတ်အ...
- တနိုင်ငံလုံးတွင် ဖွတ်များကြမ်းနေ
- Burmese Migrant Worker U Naing's Life in Thailand
- The Karens of Burma: The Forgotten Allies Still at...
- Social Media of Burma
- Myanmar split over poll boycott
- တနားစရာ မောင်သန်းရွှေ
- နံပါတ်ဝမ်းတိုင်း ကောင်းတယ်မထင်နဲ့ 
- နအဖ၏ ဖြုတ်ထုတ်သတ်ပွဲစပြီ
-ိတက္ကသိုလ်ပညာရေးသည် စီးပွါးရေးလုပ်ငန်းတစ်ခုဖြစ်လာ (...
- ကြံ့ဖွတ်ဆိုရင်..တော်သေးပြီ
- သမီးလေးရဲ့ရာဇ၀င်သစ်
- အမြန်ဆုံး ပြည်သူလူထုကို ဖြန့်ဝေပေးကြပါ
- 2010 ရွေးကောက်ပွဲဆန့် ကျင်ရေး ဒို့ အရေး ဒို့ ...
- နိုင်ငံရေးအကျဉ်းချခံရသူတို့ ၏ မိသားစုဝင်များနှင့် ...
- တောင်ကိုရီးယား ဒု-နိုင်ငံခြားရေး ၀န်ကြီး မြန်မာနို...
- သူတို့ပဲ နိုင်မှာပါတဲ့
- DKBA နယ်ခြားစောင့်တပ် ဖွဲ့ပြီ
- ဒီမိုကရက်တစ် ပါတီ (မြန်မာ) က ပြည်သူသို့ မေတ္တာရပ်ခံ
- အစိုးရနှင့် နီးစပ်သူ စီးပွားရေး သမားများဖြင့် နိုင...
- မြန်မာ့ ရေပိုင်နက် အတွင်း အစိုးရ တပ်ချင်း ပစ်ခတ်မှု...
- အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ သီရိပျံချီ ဦးကြည်မောင် ကွယ်လွန်...
- ရတနာပုံ တယ်လီပို့ အင်တာနက် ဆာဗာ အမည်များ ပြောင်းလဲ
- ဒီမိုကရေစီ ဆိုတဲ့  အခြေခံ အကျဆုံးမူမှာ လွတ်လပ်စွာ ...
- ရွေးကောက်ပွဲ ဥပဒေအရ NLD မဲမပေးဘဲ သပိတ်မှောက်မည်
- စည်းကမ်းပျက်နေပြည်တော်
- လားရှိုးမြို့ သီရိရွှေစင် ကာရာအိုကေ ဆိုင်တွင် မိုက်မ...
- မဲမပေးရေး လှုပ်ရှားမှု့
- စစ်အစိုးရကို စုံစမ်းစစ်ဆေးမည့် ကော်မရှင် အမေရိကန် ...
- လူမှားပြီး ကိုယ့်သမီး ကိုယ်သတ်မိတဲ့ မြောက်ဦး လူသတ်မှု
- မုဒိန်းမှု ခိုးမှု ၀ှက်မှုနှင့် ကမ္ဘာ့ ရေပန်းစား အေ...
- ရတာအကုန်ရောင်း အိပ်ထဲထည့်
- စစ်အစိုးရ၏ရွေးကောက်ပွဲအခြေအနေ ကနေဒါစိုးရိမ်
- လူ ၁၀၀ ကျော်အလိုအလျောက်သဘောထားမပါဘဲ ကြံ့ ဖွတ်ဖြစ်သွား
- ပြည်သူတွေခင်မျာ ကုန်းကောက်စရာမရှိ -ရောင်းစားမည်..ခ...
- ကရင်ပြည်သူတွေအတွက် ရင်လေးမိပါသည်
- ယ္ခုပြိုင်ပွဲမှာအရင်ဆုံး ပန်းဝင်မယ့်သူကတော့
- အနှစ်၆၀ ကျော်လည်းမမှတ်
- အသိ တတ်ပညာသည် ခန္တာတွင်းမှာ။
- မိခင်တစ်ဦး၏သောက..ဘယ်သူကတရားမှန် စီရင် မလည်း...
- ကြွက်ပြေးပြီး ကြက်ပြေး
- အပြစ်မဲ့ သွေးစက်နဲ့ စတေးရတဲ့ အသက် မေ့ရက်ကြမလား...
- ဆင်နဲ့ ကြွက် ဘယ်သူ နိုင်ငံကို ဖျက်မလဲ
- ဆင်ဖြူတော်ထက် ယုတ်ညံ့သော မင်းတြားကြီး..လားဟဲ့
- အေအိုင်အဖွဲ့ကြီး၏ Burma and The Three Freedom ကမ...
- မှန်သောစကား
- အနှစ် ၆၀ကျော် မသမာတဲ့ နည်းတွေနဲ့ .. ခုလည်း (ဒီမိုက...
- အုတ်ဂူကို တံတွေးနဲ့ထွေးရုံတင် မကဘူး
- နိုင်ငံရေးအကျဉ်းသားမလွှတ် မချင်းရွေးကောက်ပွဲ တရားဝင...
- တပ်မတော်သာ အမိ ၊ တပ်မတော်သာ အဖ = NO ပြည်သူသာ အမိြ...
- စည်းလုံးခြင်းသည်အင်အား
- Unfair election
- ဘုရားသုံးဆူမြို့အနီးပေါက်ကွဲမှုဖြစ်ပေါ်သည့်အပြင် မပေ...
- U.N. calls for fair vote as Myanmar announces elec...
- ထိုင်စရာလေး ၁၀ နေရာဘဲရခဲ့တာ ..နိုင်တဲ့ သူတွေကို အက...
- တေးရေး စိုင်းခမ်းလိတ်နှင့် တွေ့ဆုံခြင်း
-
▼
August
(242)
No comments:
Post a Comment