မင်းနိုင်သူ Thursday, August 19, 2010
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ရန် ယနေ့ ဆုံးဖြတ်လိုက်ပြီ ဖြစ်ကြောင်း ပါတီ ဗဟိုအလုပ် အမှုဆောင် ဦးအုန်းကြိုင်က ဧရာဝတီသို့ ပြောသည်။
NLD ဗဟိုအလုပ်အမှုဆောင်များနှင့် ဗဟိုဦးစီးအဖွဲ့ဝင်များ ပါဝင်သော အစည်းဝေးတရပ်ကို ဒုဥက္ကဌ ဦးတင်ဦးနေအိမ်တွင် ယနေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့ပြီးနောက် အဆိုပါ ဆုံးဖြတ်ချက် ပေါ်ထွက်လာခြင်းဖြစ်သည်။
“ကျနော်တို့ ဗဟို အလုပ်အမှုဆောင် အဖွဲ့က ခရီးသွား နေသူတွေ ကလွဲပြီး ကျန်တဲ့သူတွေ အားလုံး တက်တယ်။ နောက်ပြီး ဗဟိုဦးစီး အဖွဲ့ဝင် တွေလည်း တက်တယ်။ ဒီအစည်း အဝေးကနေ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ၊ နည်းဥပဒေ တွေဟာ ဒီမိုကရေစီနဲ့ လူ့ခွင့်အရေးတွေ ရရှိဖို့ ဘယ်လိုမှ ဦးတည်နိုင်မှာ မဟုတ်တဲ့ အတွက် ၂၀၁၀ ရွေးကောက်ပွဲကို NLD က သပိတ်မှောက်ဖို့ ဆုံးဖြတ် လိုက်တယ်။ နောက်တခုက ရွေးကောက်ပွဲ ဥပေဒေ တွေမှာ ဖော်ပြထား တဲ့အတိုင်း မဲဆန္ဒရှင် လူထုအနေနဲ့ မိမိဆန္ဒအတိုင်း မဲမပေးဘဲ နေပိုင်ခွင့် ရှိတယ်လို့ NLD က သုံးသပ်တယ်”ဟု ဦးအုန်းကြိုင်က ပြောသည်။
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ၊ အခန်း (၁)၊ အပိုဒ် (၂)၊ အပိုဒ်ခွဲ (ဎ) တွင် ရွေးကောက်မှုဆိုင်ရာ အခွင့်အရေးဆိုသည်မှာ ဟူသော အပိုဒ်၌ “ရွေးကောက်ပွဲတွင် မဲပေးနိုင်သော အခွင့်အရေး သို့မဟုတ် မဲပေးခြင်းမပြုဘဲ နေနိုင်သော အခွင့်အရေးကို ဆိုသည်”ဟု ဖော်ပြထားသည်။
NLD အနေဖြင့် လူထုနှင့်လက်တွဲ၍ ရှေ့ဆက်ပြီး မည်သို့ လုပ်ဆောင်သွားမည် ဆိုသည်ကိုမူ အသေးစိတ် မပြောနိုင်သေး ကြောင်း ဦးအုန်းကြိုင်က ဆက်လက်ပြောဆိုသည်။
ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း မဲဆန္ဒရှင်များအနေဖြင့် မဲမပေးဘဲ နေပိုင်ခွင့်ရှိကြောင်း လွန်ခဲ့သည့်လက ရှေ့နေများနှင့်တွေ့ဆုံစဉ် ပြောဆိုခဲ့သည်။
၂၀၁၀ ရွေးကောက်ပွဲနှင့် သက်ဆိုင်သော ဥပဒေ ပုဒ်မ ၃ အရ တားမြစ်ချက်များကို မည်သူမဆို ဖောက်ဖျက် ကျူးလွန်၍ ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် အနည်းဆုံး ၅ နှစ်မှ အနှစ်၂၀ အပြင် ငွေဒဏ်ပါ ချမှတ်နိုင်ကြောင်း သြဂုတ်လ အစောပိုင်း မြန်မာ့အလင်း သတင်းစာတွင် ဥပဒေလေ့လာသူတဦး အမည်ခံ ဆောင်းပါးရှင်းက ရေးသားခဲ့သည်။
ယင်း ဥပဒေ ပုဒ်မ ၃ သည် နိုင်ငံတော် တာဝန်ကို တည်ငြိမ်အေးချမ်းစွာ စနစ်တကျ လွှဲပြောင်းပေးရေး၊ အမျိုးသား ညီလာခံ
လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်ရေးတို့ကို နှောင့်ယှက် ဆန့်ကျင်ခြင်းမှ ကာကွယ်သော ဥပဒေ တရပ်ဖြစ်ကြောင်း ဥပဒေလေ့လာသူ တဦး အမည်ခံ ဆောင်းပါးရှင်က ဆိုသည်။
၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ NLD သည် ၂၀၁၀ ရွေးကောက်ပွဲ အတွက် ပါတီထပ်မံ မှတ်ပုံ မတင်ရန် ပြီးခဲ့သည့် မတ်လ ၂၉ ရက်နေ့ တွင် ဆုံးဖြတ်ချက်ချခဲ့သည်။
ထို့နောက် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်က NLD ၏ တရားဝင် ရပ်တည်မှုကို ပယ်ဖျက်ခြင်းနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ တရားဝင်ရပ်တည်ခွင့်ပယ်ဖျက်ခံရသည့်အပေါ် NLD ပါတီက နအဖကို ဧပြီ ၂၉ ရက်တွင် တရားစွဲဆိုခဲ့သော်လည်း ရန်ကုန်တိုင်းတရားရုံးက မေ ၅ ရက် နေ့တွင် ပယ်ချ ထားခဲ့သည်။
လာမည့် ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ရန် ပါတီဆက်လက် တည်ထောင်ခွင့်နှင့် တည်ထောင်ခွင့်လျှောက်ထားသည့် နိုင်ငံရေး ပါတီ ၄၇ ပါတီ ရှိသည်။ ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားသည့် ပါတီမှာ ၄၂ ပါတီရှိပြီး ပါတီ ၄၀ ကို မှတ်ပုံတင် ချပေးပြီး ဖြစ်သည်။
မှတ်ပုံတင်ကျပြီးသော ပါတီ ၄၀ အနက် ရွေးကောက်ပွဲ ကော်မရှင်သို့ ယမန်နေ့က ပါတီဝင်အင်အားစာရင်း တင်ပြခဲ့သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအပါဝင် ၁၈ ပါတီသည် ပါတီဝင်အင်အားစာရင်း တင်ပြခဲ့ပြီး ဖြစ်သည်။
ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၇ ရက်နေ့တွင် လွှတ်တော် အသီးသီးအတွက် ကျင်းပသွားမည်ဟု သြဂုတ်လ ၁၃ ရက်နေ့တွင် စစ်အစိုးရက ထုတ်ပြန် ကြေညာထားသည်။Rest of your post
Thursday, August 19, 2010
ရွေးကောက်ပွဲ ဥပဒေအရ NLD မဲမပေးဘဲ သပိတ်မှောက်မည်
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
August
(242)
- ပြည်တွင်း ရွေးကောက်ပွဲများ စောင့်ကြည့် လေ့လာရေး လက...
- ဘယ်အရာဟာ တည်မြဲမလဲ
- ကမ္ဘာတည်သ၍ နေသွားမည် ဟုယုံကြည်နေသူများ နှင့် သူတို ...
- တောင်းစားသည့် ရာထူးမှ မစွန့် လွတ်သေး .. ထိုင်ခုံ လ...
- နအဖ နှင့် ကရင် တော်လှန်ရေးတပ် (KNU- KNLA) တိုက်ပွဲ...
- ကမ္ဘာကလက်မခံနိုင်တဲ့ ဗမာပြည် အပြောင်အလဲ.. (လောလောဆယ...
- နိုင်ငံဟုဆိုသော်လည်း အားကိုးရာမဲ့
- သီတာရေကြည်ပမာ .. စေတနာ သုခစားသောက်ဆိုင် ကိုကျော်သူ...
- ဗိုလ်ချုပ်မှူးကြီးနှစ်ဦး ရာထူးမှ နုတ်မထွက်သေး
- တိုင်းပြည်ကို တကယ်ချစ်ကြရဲ့လား
- ဗိုလ်အောင်ဒင်ကိုမမျှော်နဲ့
- အာဏာရှင်မည်သည်..ဇာတ်သိမ်းကောင်း ရိုးထုံးစံမရှိ
- မိုက်မဲတဲ့ ခေါင်းဆောင်
- စစ်အစိုးရ အနာဂတ် မရေရာ၍ အရာရှိကြီးများ လျှို့ဝှက်ရ...
- အာဏာရှင်များရဲ့ ဖြုတ်ထုတ် သတ်
- အာဏာရှင်သစ် သူရမြင့်အောင် ( ကမ္ဘာ့ စစ်ခုံရုံးမှ အလိ...
- ရွှေမန်းရဲ့ မရိုးသားတဲ့  စွန့် လွှတ်မှု Shwe Mann qu...
- ပြည်သူအပေါင်းရင်ထဲ ဘုရားဂါထာကဲ့ သို့ ရင်ထဲနှလုံးဆေ...
- E 11 Sky news ..ပြည်တွင်း သတင်း နှင့် လူနေမှူဘ၀အြေ...
- ဖွတ် အသွင်မပြောင်းပါက ဖမ်းမည်ဟု ခြိမ်းချောက်စည်းရံ...
- လုပ်မစား တောင်းစား နေသူများဒဏ် မခံနိုင်တော့၍ ကျောင...
- ဖိတ်ချင်းဖိတ် ကိုယ့်အိပ်ထဲ ကိုယ်ဖိတ်
- Clear
- ဦးတင်ဦး နိုင်ငံရေး စည်းရုံးရေးခရီးထွက်
- စပါးပိုးနှင့် ကြွက်ကျ၍ တောင်ယာစပါးခင်း ပျက်စီး
- ဇောက်ထိုးမိုးမျှော်..ငိုတဲ့ သူကငို သွေးတိုးတဲ့ သူက...
- တပ်မတော်ရဲ့ ကတိအတိုင်း အရပ်သားကို အစိုးရ အာဏာလွှဲပေ...
- စစ်အုပ်စုအထက်ပိုင်း အပြောင်းအလဲ
- စစ်ခေါင်းဆောင်များ ရာထူး နုတ်ထွက်ခြင်းအပေါ် အမြင်မျ...
- နောက်လောက်ကောင် ပြောင်းသွားတာကလွဲရင် ဒုံရင်း
- စစ်ခေါင်းဆောင်များ ရာထူးမှ နုတ်ထွက် VOA
- ၈၈ ကျောင်းသား နိုင်ငံရေးအကျဉ်းကျနေသူ ကိုမြအေးသမီြး...
- Don't kill yourself...သေချင်ရင်မဲပေး..တမျဉ်းမျဉ်းန...
- ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရာထူး နှင့် ဒု ဗိုလ်ချုပ...
- မြန်မာ ပြည်သူ လူထုသို့ ပန်ကြားချက်
- ဒီကေဘီအေနှင့် နအဖစစ်တပ်များ၏ လူ့အခွင့်အရေးချိုးဖော...
- ဖြစ်ချင်ရာဖြစ်နေတဲ့ ဥပဒေ
- ကုလားကလည်းဆားလေးရမလား ဖားတယ်
- ရေပေါ်ဆီလည်းပါမည်
- အရည်ခွံချွတ် မျက်လှည့်ပြတော့မည်
- စာရေးဆရာများသမဂ္ဂ (ယာယီ)မှ ထုတ်ဝေသော ခေတ္တာလှိုင်းသစ်...
- ရန်ကုန် စီးပွားရေး တက္ကသိုလ်(ရွာသာကြီး)တွင် ဖြစ်ပျက...
- ဗိုလ်ချုပ်မှူးကြီးအမိန့်နဲ့ ဆင်နွှဲခဲ့ကြရတဲ့ ၁၉၉၈ ခရ...
- ငုံ့ ခံမလား တော်လှန်မလား ( မတရားတာတွေ မျက်စေ့ရှေ့ ...
- မျောက်ကိုင်းလွတ်နှင့် တွေ့ ဆုံမေးမြန်းခန်း (ရွေးကေ...
- အန်ဒီအက်ဖ် ဦးခင်မောင်ဆွေ ရွေးကောက်ပွဲကို ကျောခိုင...
- “ကလေးစစ်သားဖြစ်ခဲ့ရသူ၊စစ်တပ်ကိုစွန်ခွာခဲ့သူတယောက်ရ...
- အာဏာရှင်နိုင်ငံတိုင်းမှာ အမြဲကြားနေရမယ့် သတင်း
- သိန်းစိန် အစိုးရစရိတ်ဖြင့် မဲဆွယ်
- ရွေးကောက်ပွဲသပိတ် ဒေါ်စု သဘောတူ
- အန်အယ်လ်ဒီ မရှိတော့ မပေးနဲ့ပေါ့ဟု ဒေါ်စုကဆို
- ကြံ့/ဖွံ့ပါတီ အနိုင်ရမယ်ပဲ ပြောလိုက်ပါတော့ (ကြံ့/ဖ...
- ရွေးကောက်ပွဲကို စောင့်ကြည့်ရန် ဒေါ်အောင်ဆန်းစုကြည် ...
- မျက်နှာသစ်တာနဲ့တူတဲ့ မြန်မာရွေးကောက်ပွဲလို့ မီဇိုရ...
- ဘာမှမကြားချင်ဘူး
- အမျိုးသား ပြန်လည်သင့်မြတ်ရေး ဒေါ်အောင်ဆန်းစုကြည် ဆက...
- ကမ္ဘာလွှမ်းမဲ့ မြန်မာပြည်က ဇာတ်လိုက်ကျော်များ
- အရှက်မရှိသော မျိုးဖျက်လောက်ကောင်များ...
- ဥပဒေမှာ မသိနားမလည်လို့ ကျူးလွန်ခြင်းအတွက် ခွင့်လွှတ...
- အရေခွံလဲပွဲ
- ၂၀၁၀ ရွေးကောက်ပွဲ အရှုပ်ထဲမှာ ရှင်းအောင်နေ (ဦးဝင်း...
- “ကလေးစစ်သားဖြစ်ခဲ့ရသူ၊စစ်တပ်ကိုစွန်ခွာခဲ့သူတယောက်ရ...
- တဖြေးဖြေးနဲ့ ပေါ်လာင်္ပြီ...လူယုတ်မာတို့ ၏ မျိုးဖျက်စ...
- လူသတ်ကောင်လူယုတ်မာသန်းရွှေ ( ရာဇ၀တ်ဘေး ပြေးမလွတ်)
- ဒက်လိုင်းနော် ဒက်လိုင်း( ဒက်လိုင်း= မဖြစ်မနေ...လု...
- ညီမျှခြင်း ရဲ့ အခြားတဖက်က ဘ၀စာမျက်နှာ
- လူကုန်တဲ့  တခေတ်ပြောင်းလဲ စကား အရင်ခေတ်ကတော့ ကျွန်...
- ဘုရားသားတော်သတ် တိရစ္ဆာန်ကြည်ငြိုသူ
- ဗမာပြည်ဒီမိုကရေစီရတော့မည်... မရခင်မှာ
- ဗမာပြည်အရေးသည် ဘယ်တော့မှ မငြိမ်သက်၊ ငြိမ်သက်နေသည်ဟ...
- ၈၈ မတိုင်ခင်က ဆရာမတွေက ကျောင်းမှာ တ၀က်သင် သူ့ ကျူရ...
- “ပျက်အောင်ဖျက်ကြရမယ့် ရွေးကောက်ပွဲနဲ့သတိထားကြရမဲ့စ...
- သတင်းမဖတ်ချင်။ ဖတ်သည့်သတင်းတိုင်းမကောင်း။ တဖက်သတ်အ...
- တနိုင်ငံလုံးတွင် ဖွတ်များကြမ်းနေ
- Burmese Migrant Worker U Naing's Life in Thailand
- The Karens of Burma: The Forgotten Allies Still at...
- Social Media of Burma
- Myanmar split over poll boycott
- တနားစရာ မောင်သန်းရွှေ
- နံပါတ်ဝမ်းတိုင်း ကောင်းတယ်မထင်နဲ့ 
- နအဖ၏ ဖြုတ်ထုတ်သတ်ပွဲစပြီ
-ိတက္ကသိုလ်ပညာရေးသည် စီးပွါးရေးလုပ်ငန်းတစ်ခုဖြစ်လာ (...
- ကြံ့ဖွတ်ဆိုရင်..တော်သေးပြီ
- သမီးလေးရဲ့ရာဇ၀င်သစ်
- အမြန်ဆုံး ပြည်သူလူထုကို ဖြန့်ဝေပေးကြပါ
- 2010 ရွေးကောက်ပွဲဆန့် ကျင်ရေး ဒို့ အရေး ဒို့ ...
- နိုင်ငံရေးအကျဉ်းချခံရသူတို့ ၏ မိသားစုဝင်များနှင့် ...
- တောင်ကိုရီးယား ဒု-နိုင်ငံခြားရေး ၀န်ကြီး မြန်မာနို...
- သူတို့ပဲ နိုင်မှာပါတဲ့
- DKBA နယ်ခြားစောင့်တပ် ဖွဲ့ပြီ
- ဒီမိုကရက်တစ် ပါတီ (မြန်မာ) က ပြည်သူသို့ မေတ္တာရပ်ခံ
- အစိုးရနှင့် နီးစပ်သူ စီးပွားရေး သမားများဖြင့် နိုင...
- မြန်မာ့ ရေပိုင်နက် အတွင်း အစိုးရ တပ်ချင်း ပစ်ခတ်မှု...
- အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ သီရိပျံချီ ဦးကြည်မောင် ကွယ်လွန်...
- ရတနာပုံ တယ်လီပို့ အင်တာနက် ဆာဗာ အမည်များ ပြောင်းလဲ
- ဒီမိုကရေစီ ဆိုတဲ့  အခြေခံ အကျဆုံးမူမှာ လွတ်လပ်စွာ ...
- ရွေးကောက်ပွဲ ဥပဒေအရ NLD မဲမပေးဘဲ သပိတ်မှောက်မည်
- စည်းကမ်းပျက်နေပြည်တော်
- လားရှိုးမြို့ သီရိရွှေစင် ကာရာအိုကေ ဆိုင်တွင် မိုက်မ...
- မဲမပေးရေး လှုပ်ရှားမှု့
- စစ်အစိုးရကို စုံစမ်းစစ်ဆေးမည့် ကော်မရှင် အမေရိကန် ...
- လူမှားပြီး ကိုယ့်သမီး ကိုယ်သတ်မိတဲ့ မြောက်ဦး လူသတ်မှု
- မုဒိန်းမှု ခိုးမှု ၀ှက်မှုနှင့် ကမ္ဘာ့ ရေပန်းစား အေ...
- ရတာအကုန်ရောင်း အိပ်ထဲထည့်
- စစ်အစိုးရ၏ရွေးကောက်ပွဲအခြေအနေ ကနေဒါစိုးရိမ်
- လူ ၁၀၀ ကျော်အလိုအလျောက်သဘောထားမပါဘဲ ကြံ့ ဖွတ်ဖြစ်သွား
- ပြည်သူတွေခင်မျာ ကုန်းကောက်စရာမရှိ -ရောင်းစားမည်..ခ...
- ကရင်ပြည်သူတွေအတွက် ရင်လေးမိပါသည်
- ယ္ခုပြိုင်ပွဲမှာအရင်ဆုံး ပန်းဝင်မယ့်သူကတော့
- အနှစ်၆၀ ကျော်လည်းမမှတ်
- အသိ တတ်ပညာသည် ခန္တာတွင်းမှာ။
- မိခင်တစ်ဦး၏သောက..ဘယ်သူကတရားမှန် စီရင် မလည်း...
- ကြွက်ပြေးပြီး ကြက်ပြေး
- အပြစ်မဲ့ သွေးစက်နဲ့ စတေးရတဲ့ အသက် မေ့ရက်ကြမလား...
- ဆင်နဲ့ ကြွက် ဘယ်သူ နိုင်ငံကို ဖျက်မလဲ
- ဆင်ဖြူတော်ထက် ယုတ်ညံ့သော မင်းတြားကြီး..လားဟဲ့
- အေအိုင်အဖွဲ့ကြီး၏ Burma and The Three Freedom ကမ...
- မှန်သောစကား
- အနှစ် ၆၀ကျော် မသမာတဲ့ နည်းတွေနဲ့ .. ခုလည်း (ဒီမိုက...
- အုတ်ဂူကို တံတွေးနဲ့ထွေးရုံတင် မကဘူး
- နိုင်ငံရေးအကျဉ်းသားမလွှတ် မချင်းရွေးကောက်ပွဲ တရားဝင...
- တပ်မတော်သာ အမိ ၊ တပ်မတော်သာ အဖ = NO ပြည်သူသာ အမိြ...
- စည်းလုံးခြင်းသည်အင်အား
- Unfair election
- ဘုရားသုံးဆူမြို့အနီးပေါက်ကွဲမှုဖြစ်ပေါ်သည့်အပြင် မပေ...
- U.N. calls for fair vote as Myanmar announces elec...
- ထိုင်စရာလေး ၁၀ နေရာဘဲရခဲ့တာ ..နိုင်တဲ့ သူတွေကို အက...
- တေးရေး စိုင်းခမ်းလိတ်နှင့် တွေ့ဆုံခြင်း
-
▼
August
(242)
No comments:
Post a Comment