Letter to Former Comrades Abroad
Friday, November 12, 2010
Tuesday, July 6, 2010
နိုင်ငံတကာ မြန်မာ အမျိုးသား ကွန်ဂရက် ဖောင်ဒေးရှင်းမှ ၇ ဇူလှိုင် ထုတ်ပြန် ကြေငြာချက်
Thursday, June 10, 2010
ဗိုလ်မှူးစိုင်းသိန်းဝင်း နှင့်အဖွဲ့အား ABMA ကြိုဆိုကြောင်း ကြေညာချက်ထုတ်ပြန်
ယနေ့ မြန်မာနိုင်ငံတွင် တိုင်းပြည်မှ ထွက်ရှိလာသမျှသော သယံဇာတပစ္စည်းများကို တိုင်းပြည်မှာ အဖက်ဖက်မှ နိမ့်ကျနေသော ပြည်သူများ၏ ပညာရေး ကျန်းမာရေးများ၊ စားဝတ်နေရေးများအတွက် ပြေလည်အောင် ဖြေရှင်းပေးဖို့အတွက် အသုံးမပြုဘဲ လူသတ်လက်နက်မျိုးစုံနှင့် မိမိတို့ ကိုယ်ကျိုးစီးပွား ကောင်းစားရေး၊ အာဏာတည်မြဲရေးအတွက်သာ အသုံးပြုနေကြသော စစ်အာဏာရှင်များ၏ လက်အောက် အစေခံဘဝမှ အမှန် တရားများကို သိမြင်ပြီး ပြည်သူတို့၏ ရင်ခွင်သို့ ခိုလှုံကာ ပြည်သူ့တပ်မတော်သား စစ်စစ်အဖြစ် ရဲရဲဝံ့ဝံ့ ကူးပြောင်းလာသော အရင်က တပ်မတော် သားများနှင့် မကြာသေးမီကာလက ပြည်သူ့ဘက်သို့ ကူးပြောင်းခိုဝင်လာသော ဗိုလ်မှူးစိုင်းသိန်းဝင်းနှင့်
ယခုလို တိုင်းပြည်နှင့်လူမျိုးများအပေါ် စာနာထောက်ထားခြင်းကင်းစွာ အဖက်ဖက်မှနိမ့်ကျအောင် ပြုလုပ်ထားသော စစ်အာဏာရှင်များ၏ မတရား တဲ့ လုပ်ရပ်များကို ဖော်ထုတ်ရင်း ပြည်သူများ၏ ရင်ခွင်သို့ ကူးပြောင်းလာမယ့် ကျန်ရှိနေသေးသော တပ်မတော်သားများကိုလည်း သံဃာများ၊ ကျောင်းသား ပြည်သူများနှင့် အမှန်တရားကို လိုလားကြသော အဖွဲ့အစည်း အသီးသီးတို့မှ မျှော်လင့်လျှက်ရှိနေပါကြောင်း
စစ်အာဏာရှင်များသည် တိုင်းပြည်က ထွက်ရှိသမျှသော သယံဇာတပစ္စည်းမျိုးစုံကို အတိဒုက္ခရောက်နေကြသော ပြည်သူပြည်သားများအတွက် အသုံးမပြုဘဲ မျက်ကွယ်ပြုကာ ၎င်းတို့နှင့် နီးစပ်ရာ မိသားစုများ၊ လူမျိုးပြုန်း သေဆုံးစေမည့် နျူကရီးယားအပါအဝင် စစ်လက်နက်မျိုးစုံနှင့် အာဏာ တည်မြဲရေးအတွက်သာ အသုံးပြုနေကြသည်။ ၎င်းနျူကရီးယားလက်နက်ကြောင့် ပဌမဦးဆုံး ဒုက္ခရောက်မှာက မြန်မာပြည်သူမျာသာ ဖြစ် ပါသည်။ အိမ်နီးချင်းနိုင်ငံများနှင့် အပြိုင်အဆိုင် လက်နက်များထုတ်ကြရင်း တိုက်ခိုက်မှုများဖြစ်ပေါ်လာပါက ရှေးဦးစွာ ထိခိုက်သေဆုံးရမှာက ပြည်သူများပင်ဖြစ်ပါသည်။ ၎င်းလက်နက်၏ အကျိုးဆက်ကြောင့် နိုင်ငံတကာက စီးပွားရေး ပိတ်ဆို့မှုများ ထပ်မံ လုပ်ဆောင်လာမည်ဖြစ်၍ ကုန်ဈေးနှုန်းမြင့်ပြီး ဒုက္ခရောက်ကာ အငတ်ဘေးဆိုက်ရမှာသည် ပြည်သူများပင် ဖြစ်ပါသည်။ စစ်အာဏာရှင်များနှင့် နောက်လိုက်များ၏ မတရားမှုများကို အလွန်အမင်း လုပ်နေကြသောကြောင့် တိုင်းပြည်မှာလည်း ဘေးအန္တရာယ် ကပ်အမျိုးမျိုး ဆိုက်ရောက်လာနေပါသည်။ ထို့ ကြောင့် တိုင်းရင်းသား ပြည်သူများအနေနဲ့လည်း လူသားတိုင်းကို ဒုက္ခအမျိုးမျိုးပေးနေသော စစ်အာဏာရှင်များအား တတ်နိုင်သည့်ဘက်မှ ဆန့်ကျင် တိုက်ပွဲဝင်ပြီး အာဏာရှင်စနစ် အမြန်ဆုံးချုပ်ငြိမ်းကာ တရားမျှတစွာဖြင့် ငြိမ်းချမ်းစွာနေထိုင်နိုင်ရေး
လုံခြုံရေးကောင်စီစတဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းမှလည်း လူမျိုးပြုန်း လုပ်ကြံသတ်ဖြတ် ညှင်းဆဲပြီး လူသားဘဝတွေ အညွန့်တုံးအောင်၊ လူအခွင့်ရေးများ ဆိတ်သုဉ်းအောင်၊ ပြည်သူများကို ဆင်းရဲ မွဲတေပြီး အကျင့်စာရိတ္တတွေပျက်စီးအောင် လုပ်ထားပြီး ၊ လူမျိုးပြုန်း သေဆုံးစေနိုင်မယ့် နျူကရီးယားလက်နက်များ ထုတ်နေသော နအဖစစ်အာဏာရှင်များကို အမြန်ဆုံးအရေးယူ အပြစ်ပေးနိုင်အောင် လုပ်ဆောင်ကြဖို့ရန် တိုက်တွန်းနှိုးးဆော်လိုက်ပါသည်။
Thursday, May 6, 2010
ဗကသ ၏ ခွပ်ဒေါင်း အလံ အလွဲသုံးစား လုပ်ခြင်းအား ရှုတ်ချ ကန့်ကွက်ကြောင်း ကြေညာချက်
ခွပ်ဒေါင်းအလံ အလွဲသုံးစားလုပ်ခြင်းအား
ရှုတ်ချကန့်ကွက်ကြောင်းကြေညာချက် (၁/၂၀၁၀)
ခွပ်ဒေါင်း အလံသည် ကျောင်းသား သမဂ္ဂများ၏ တရားဝင် အလံဖြစ်သည်။
လွတ်လပ်ရေး ကြိုးပမ်းမှု ကာလ တလျှောက်လုံး ဗိုလ်ချုပ်အောင်ဆန်းတို့ ကျောင်းသား ဘ၀မှ စ၍ ကျောင်းသား သမဂ္ဂတွင် ခွပ်ဒေါင်း အလံကို သုံးစွဲခဲ့ပြီး၊ ၁၉၈၈ ခုနှစ် ရှစ်လေးလုံး အရေးတော်ပုံကြီးတွင်လည်း ခွပ်ဒေါင်း အလံလွှင့်ထူကာ ပြည်သူ လူထုကြီး တရပ်လုံးက စစ်အာဏာရှင် စနစ်ကို တိုက်ပွဲဝင်ခဲ့သည့် လူထု တိုက်ပွဲ အလံလည်း ဖြစ်သည်။
ထို့အပြင် ခွပ်ဒေါင်း အလံကို ၁၉၆၀ ခုနှစ် ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်၏ ဆဌမ အကြိမ် ကျောင်းသားများ ညီလာခံမှ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်၏ တရားဝင် အလံအဖြစ် ဆုံးဖြတ် အတည်ပြုခဲ့ပြီး ဖြစ်ပါသည်။
ကိုမင်းကိုနိုင် ဦးဆောင်သည့် ၈၈မျိုးဆက် ကျောင်းသားများ အဖွဲ့၏ အမည်ကို ဆင်တူယိုးမှား နာမည် ခိုးယူထားသည့် ဦးရဲထွန်းတို့၏ ၈၈မျိုးဆက် ကျောင်းသား လူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ)သည် ကိုယ့်ကိုယ်ကို ယုံကြည် လျှင် ကိုယ်ပိုင် အလံ၊ ကိုယ်ပိုင် တံဆိပ်တုံး တို့ကို တီထွင် အသုံးပြုနိုင် ပါသည်။ ယခုကဲ့သို့ သမိုင်းအစဉ်အလာ ကြီးမားသည့် ကျောင်းသား သမဂ္ဂများ၏ တိုက်ပွဲဝင် အလံကို ခိုးယူသုံးစွဲခြင်း လုံးဝ မပြုလုပ်သင့်ပါ။
ဦးရဲထွန်းတို့၏ အတုအယောင် ၈၈မျိုးဆက် ကျောင်းသား လူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) ပါတီ၏ ခွပ်ဒေါင်း အလံနှင့် ခွပ်ဒေါင်း တံဆိပ်အား သူတို့၏ ပါတီ အလံနှင့် တံဆိပ် အဖြစ် သုံးစွဲရန် ကြံစည်မှုနှင့် ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင်သို့ လျှောက်ထားမှုကို အခြေခံပညာ ကျောင်းသားများ သမဂ္ဂမှ လုံးဝ(လုံးဝ) ရှုတ်ချ ကန့်ကွက် ပါသည်။
မိမိတို့၏ ရှုတ်ချ ကန့်ကွက်ခြင်းကို လက်မခံဘဲ ခွပ်ဒေါင်း အလံကို ဆက်လက် သုံးစွဲနေမည် ဆိုလျှင် ၈၈မျိုးဆက် ကျောင်းသား အမည်ခံ ဦးရဲထွန်းနှင့် အပေါင်းအပါများ အားလုံးသည် အလွဲသုံးစားပြုခြင်း၏ အကျိုးဆက်၊ သမိုင်း၏ အကျိုးဆက်ကို ခံစားရလိမ့်မည် ဖြစ်ကြောင်း အသိပေး ကြေညာ လိုက်ပါသည်။ ။
Monday, May 3, 2010
ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုနေ့ အဖြစ် ပူးပေါင်းပါဝင်ပေးကြပါ
နောက်ခံသမိုင်း၊ ရည်မှန်းချက်၊ လှုပ်ရှားမှုအစီအစဉ်၊ ရည်ရွယ်ချက်နှင့် လိုအပ်သော ပစ္စည်များ ကို PDF ဖိုင်ဖြင့် ဖော်ပြထားပါသည်။ ဆက်လက်မျှဝေ တိုက်တွန်းနှိုးဆော်ပေးကြပါရန် www.humanright-myanmar.com/ မှ တိုက်တွန်းအပ်ပါသည်။
Global Day of aCtion 27 May_burmese Translation
Tuesday, April 27, 2010
မြေသြဇာ အဖွဲ့ မှ အထူး ထုတ်ပြန် ကြေငြာချက်
လူထု တရပ်လုံး အတွက် စတေးခံ အကောင်းဆုံး မြေသြဇာ အဖွဲ့သည် ပြည်သူ လူထုအား လက်ရှိ ဖြစ်ပေါ် နေသော နိုင်ငံရေး၊ လူမှုရေး၊ စီးပွါးရေး များကို အမှန်ကို အမှန်အတိုင်း အရှိကို အရှိအတိုင်း ချပြ စည်းရုံးခြင်း၊ မတရား ပြုလုပ်လျှက် ရှိသည့် နအဖ စစ်အာဏာရှင် တစု၏ ဆောင်ရွက်ချက်များကို ဒါမှားသည်၊ ဒါမှန်သည်ကို ပြည်သူ/သား တယောက်၏ အခွင့်အရေး အတိုင်း ချပြ စည်းရုံးခြင်း များနှင့် မတရား အုပ်ချုပ် မင်းလုပ်နေပြီး ပြည်သူ တရပ်လုံးအား မတရား အနိုင်ကျင့် သတ်ဖြတ် ဖမ်းဆီး နေသော အစိုးရအား ဘားတိုက် ပြန်ရောက်သည် အထိ အကြောက် တရားများ ဘေးဖယ်ပြီး ငြိမ်းချမ်းစွာ လူထုလှုပ်ရှားမှုများ ပေါ်ထွက်လာဖို့ အတွက် ကြိုးစား ဆောင်ရွက်နေသော အဖွဲ့အစည်း ဖြစ်သည်။
၂၅-၄-၂၀၁၀(တနင်္ဂနွေနေ့) ညနေ ပိုင်း တွင်လည်း ရန်ကုန်တိုင်း ၊ မြို့တော် ခန်းမ အနီး လားရှိုး ခုနှစ်လွှာ ပေါက်ဆီ ဆိုင်တွင် ရန်ပိုင် ဆိုသူအား ထပ်မံ ဖမ်းဆီးသွားပြီး ဗုံးကွဲမှုများနှင့် ပတ်သတ် သရောင်ရောင် စစ်ဆေး မေးမြန်းခြင်း များကို ပြုလုပ် နေပါသည်။
ထို့ကြောင့် လူထု တရပ်လုံး အတွက် စတေးခံ အကောင်းဆုံး မြေသြဇာ အဖွဲ့ အနေဖြင့် မူဝါဒ လမ်းစဉ်များ၊ လှုပ်ရှား ဆောင်ရွက်ခဲ့မှုများ အားလုံးတွင် အကြမ်းဖက်မှုများ လုံးဝ မပါရှိပဲ ငြိမ်းချမ်းသော နည်းနာများကို သာ လှုပ်ရှား ဆောင်ရွက်ခဲ့သည့် အတွက် မတရား အမှုဆင် ဖမ်းဆီး စစ်ဆေး နေမှုများအား အမြန်ဆုံး ရပ်တန့် ပေးရန်နှင့် ဘယ်လိုပဲ မတရား ဖမ်းဆီးမှုများ ရှိနေပါစေ ခေါင်းငုံ့ မခံနိုင်တော့တဲ့ မိမိ အဖွဲ့ဝင် များနှင့်အတူ ပြည်သူ လူထု တရပ်လုံးမှ လှုပ်ရှားမှုများ ရပ်တန့် သွားမှာ မဟုတ်ပဲ အရှိန်မြှင့် လှုပ်ရှား ဆောင်ရွက်ပြီး ပြည်သူ လူထု တရပ်လုံး၏ ဒါဏ်ခတ်မှုကို မလွဲမသွေ ခံရတော့မှာ ဖြစ်ကြောင်း နအဖ စစ်အာဏာရှင် တစုအား အသိပေး လိုက်သည်။
ထို့အပြင် ကျွန်ုပ်တို့ အဖွဲ့နှင့် ပြည်သူ လူထု တရပ်လုံးမှ နအဖ စစ်အာဏာရှင် ပြုလုပ်သည့် ၂၀၀၈ အခြေခံ ဥပဒေ ကို အတည် မပြုသလို၊ ၂၀၁၀ ရွေးကောက်ပွဲ ကိုလည်း ငြိမ်းချမ်းသော နည်းနာများ သုံးကာ ဖယ်ရှား တော်လှန် သွားမှာ ဖြစ်ကြောင်း အသိပေး အကြောင်းကြား လိုက်သည်။
www.thebestmanure.org
tbmstk1@gmail.com
Saturday, March 27, 2010
Friday, March 26, 2010
NLD လူငယ် အစည်းအဝေးကနေ ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်
၁။ မှတ်ပုံ မတင်ရန်၊
၂။ ရွှေဂုံတိုင် ကြေငြာချက် အတိုင်းသွားရန်၊
၃။ အန်တီရဲ့ လမ်းညွန်ချက်နဲ့ မူအတိုင်း သွားရန်၊
၎။ ၃/၁၀ ကြေငြာချက် အတိုင်း အန်တီ အပါအ၀င် ဗဟို အလုပ် အမှုဆောင် အဖွဲ့ဝင်များကို တွေ့ဆုံပြီး စည်းဝေး ပြုလုပ်ပေးပြီး၊ ရရှိလာသော ဆုံဖြတ်ချက် အတိုင်း အကောင်အထည် ဖော်ရန်၊
၅။ လူငယ် ကိုယ်စားပြု ၅ဦး ကို CC ထဲမှာ ပါဝင် ဆောင်ရွက်ရန်၊
၆။ လူငယ်ရေးရာ တာဝန်ခံ ဒေါ်အောင်ဆန်းစုကြည် အစား ဒုဥက္ကဌ ဦးတင်းဦးမှ လူငယ်ထုကို ကြီးကြပ်ပေးရန် ဆုံးဖြတ်ပါသည်။
၈၈ မျိုးဆက်ကျောင်းသားများ
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်
ရက်စွဲ။ ။ မတ်လ ၂၆ ရက်၊ ၂၀၁၀ ခုနှစ်။
ရန်ကုန်မြို့၊ မြန်မာနိုင်ငံ။
ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ ဆန့်ကျင်ကြ
(၁) ယခုလာမည့် မတ်လ ၂၉ ရက်နေ့တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ရွေးကောက်ပွဲ ဥပဒေများ အောက်တွင် ပါတီမှတ်ပုံ တင်ရေး မတင်ရေးကို ဆုံးဖြတ် ကြတော့မည် ဖြစ်သည်။ ပုံမှန်အားဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ပါတီတရပ် အနေဖြင့် မိမိတို့ ပါတီတွင်း ကိစ္စကို မိမိတို့ဖာသာ လွတ်လပ်စွာ ဆုံးဖြတ်နိုင် သည်သာ ဖြစ်ပါသည်။
သို့သော် မြန်မာ နိုင်ငံ၏ နိုင်ငံရေး အခြေအနေတွင် ရှစ်လေးလုံး ဒီမိုကရေစီ လူထု အရေးတော်ပုံကြီးနှင့် အတူ ပေါ်ပေါက်လာ ခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဆိုသည်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များ သက်သက်နှင့်သာ သက်ဆိုင်သည့် ပါတီ မဟုတ်ဘဲ၊ မိမိတို့ မြန်မာ နိုင်ငံလုံးဆိုင်ရာ သံဃာ့ တပ်ပေါင်းစု အဖွဲ့ကြီး၊ ၈၈ မျိုးဆက် ကျောင်းသားများ နှင့် ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်အပြင် ပြည်သူလူထုကြီးတရပ်လုံးနှင့် သက်ဆိုင်နေသည့် ပြည်သူ့ပါတီဖြစ်ပါသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ကောင်းကျိုး ဆိုးကျိုး အားလုံးကို ပြည်သူ တရပ်လုံးကပါ အတူ ခံစားကြရမည် ဖြစ်ပါသည်။
(၂) ထို့ကြောင့် ယနေ့ အချိန်တွင် နအဖ စစ်အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေများ နှင့် ၂၀၁၀ ရွေးကောက်ပွဲ အပေါ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် မည်သို့ သဘောထား၍ မည်သို့ ရင်ဆိုင် ဖြတ်သန်းမလဲ ဆိုသော ကိစ္စသည် မြန်မာ ပြည်သူ လူထု တရပ်လုံး တာဝန် ရှိရှိ ၀ိုင်းဝန်း စဉ်းစား၍ တာဝန် ရှိရှိ သဘောထား ပေးကြရမည့် အချိန် ဖြစ်နေပါသည်။
(၃) အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ပါတီ အထွေထွေ အတွင်းရေးမှူး လည်းဖြစ်၊ မိမိတို့၏ လူထု ခေါင်းဆောင်လည်း ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်က ယခု အခြေအနေနှင့် ပတ်သက်၍ ရှင်းလင်း ပြတ်သားသည့် သဘောထား များကို အောက်ပါ အတိုင်း ပေးခဲ့ပြီး ဖြစ်ပါသည်။
မတ်လ ၁၁ ရက် ၂၀၁၀ ခုနှစ်၊ ဗွီအိုအေ အသံလွှင့် အစီအစဉ်တွင်
“ဒေါ်အောင်ဆန်းစုကြည် ပြောတာကတော့ ဒီဥပဒေတွေက အဖွဲ့ချုပ် အတွက်ရော၊ အားလုံး အတွက်ပါ တကယ့် စိန်ခေါ်မှုတွေပဲ။ အဲဒီ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ ညီညီ ညွတ်ညွတ်နဲ့ ရင်ဆိုင်ကြဖို့ လိုတယ်။ ပြည်သူ လူထုကလည်း ဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့၊ စိန်ခေါ်မှု တွေကို ကျြော်ဖတ်နိုင်ဖို့ ညီညွတ်ဖို့၊ စိတ်ဓာတ် ခွန်အားတွေ ရှိဖို့ လိုတယ်လို့ အဲဒီလို ပြောတာပါ။ ဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့၊ ကျော်ဖြတ်ဖို့၊ ကျော်လွန်ဖို့၊ အောင်မြင်ဖို့ဟာ ပိုပြီးတော့ ညီညွတ်မှု ရှိရှိနဲ့ ဆောင်ရွက်ဖို့ စိတ်ဓာတ်တွေကို ဖြစ်ပေါ်စေတယ်တဲ့။” ဟူ၍လည်းကောင်း၊
မတ်လ ၂၃ ရက် ၂၀၁၀ ခုနှစ်၊ ဗွီအိုအေ အသံလွှင့်အစီအစဉ်တွင်
စစ်အစိုးရရဲ့ ရွေးကောက်ပွဲ ဥပဒေဟာ တရားမျှတမှု မရှိတာကြောင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ အနေနဲ့ နိုင်ငံရေး ပါတီ အဖြစ် မှတ်ပုံတင်ရေးကို ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ လက်မခံနိုင်တဲ့ အကြောင်း ကန့်ကွက်လိုက်ပါတယ်။ ဟူ၍လည်းကောင်း ရှေ့နေ ဦးဉာဏ်ဝင်းမှ တဆင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် တကွ မြန်မာ ပြည်သူ လူထုကြီး တရပ်လုံးသို့ သူ၏ သဘောထားကို ပြောကြားခဲ့ပြီး ဖြစ်ပါသည်။
(၄) လူထုက ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲဖြင့် ပြည်သူ့ ကိုယ်စားလှယ် (mandate) ပေးထားသော ပါတီ ဖြစ်သည့် အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ နိုင်ငံရေး အရ တရားဝင် ဖြစ်မှုသည် ပြည်သူလူထု၏ အဆုံးအဖြတ် ပေါ်တွင်သာ တည်မှီပြီး၊ နအဖ စစ်အစိုးရ အပေါ်တွင် လုံးဝ မတည်မှီပါ။ ပြည်သူလူထုက အသိအမှတ်ပြု ထောက်ခံ နေသရွေ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ပြည်သူ့ ပါတီ အဖြစ် ရပ်တည် နိုင်မည် ဖြစ်ပြီး၊ နအဖ စစ်အစိုးရက အသိအမှတ် ပြုလျှင် ထားရာနေ စေရာသွား နအဖ စစ်အစိုးရ ပါတီ အဖြစ်သာ ရပ်တည်နိုင်မည် ဖြစ်ပါသည်။
(၅) ထို့ကြောင့် ယနေ့အချိန်ကာလတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားများနှင့် အညီ
၁) ရွှေဂုံတိုင် ကြေညာ စာတမ်းကို ဆက်လက် ဆုပ်ကိုင်ပြီး
၂) ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ကို နာခံကြောင်း လက်မှတ် ထိုးရသည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းကို လုံးဝ ပြတ်ပြတ် သားသား ငြင်းပယ်ရန်သာ ရှိပါသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ပြည်သူကြားက ပေါက်ဖွား လာသည့် ပြည်သူ့ ပါတီဖြစ်သည့် အတိုင်း ပြည်သူ လူထု၏ ထောက်ခံမှုနှင့်အတူ ပြည်သူ လူထုကြားတွင် ဗမာ တပြည်လုံး ကိုယ့်ပါတီ ရုံးခန်း အဖြစ် သဘော ထားပြီး စစ်အစိုးရ ထံတွင် လုံးဝ ပါတီ မှတ်ပုံတင်ခြင်း မလုပ်ဘဲ ပြည်သူနှင့် လက်တွဲ၍ ဆက်လက် ရပ်တည် လှုပ်ရှားသွားရန် မိမိတို့ မြန်မာ နိုင်ငံလုံး ဆိုင်ရာ သံဃာ့ တပ်ပေါင်းစု အဖွဲ့ကြီး၊ ၈၈ မျိုးဆက် ကျောင်းသားများ နှင့် ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်တို့မှ အလေး အနက် တိုက်တွန်း လိုက်ပါသည်။
မြန်မာ နိုင်ငံလုံးဆိုင်ရာ သံဃာ့ တပ်ပေါင်းစု အဖွဲ့ကြီး
၈၈ မျိုးဆက်ကျောင်းသားများ
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂမများ အဖွဲ့ခွဲ့ချုပ်
သာသနာ့ဥသျှောင်ဆရာတော်များမှ နအဖရဲ့ရွေးကောက်ပွဲအပေါ် သဘောထားအမြင်
Tuesday, March 23, 2010
Wednesday, March 17, 2010
ရွေးကောက်ပွဲကို နည်းလမ်းပေါင်းစုံဖြင့်ဆန့်ကျင်ကြရန် ကြေငြာချက်ထုတ်ပြန်
Friday, February 26, 2010
Thursday, February 18, 2010
အလုပ်သမား ဆန္ဒပြပွဲများအား ပြည်သူ တစ်ရပ်လုံးက ၀န်းရံပေးကြပါရန်
၈၈ မျိုးဆက်ကျောင်းသားများ
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ္ဂများ အဖွဲ့ချုပ်
ရက်စွဲ ။ ။ ၁၈ - ၂- ၂၀၁၀
(၁) ယခုရက်ပိုင်း အတွင်း ဖြစ်ပေါ်နေသော လှိုင်သာယာ စက်မှုဇုံနှင့် အင်းစိန် အထည်ချုပ် စက်ရုံများမှ အလုပ်သမားများ၏ လုပ်ခ၊ အလုပ်ချိန် နှင့် လူမှု ဖူလုံရေး ကိစ္စများ အတွက် တောင်းဆို ဆန္ဒပြပွဲများသည် မြန်မာနိုင်ငံ၏ မျက်မှောက် အခြေအနေကို လက်တွေ့ ပကတိ ထင်ဟပ် ဖေါ်ပြနေခြင်း ဖြစ်သည်။ လှိုင်သာယာနှင့် အင်းစိန် ဆန္ဒပြပွဲများသည် ထို အလုပ်သမားများ၏ ပြဿနာ သက်သက်မျှ မဟုတ်ဘဲ မြန်မာ ပြည်သူ တရပ်လုံး ခံစားနေကြရသော မီးဖိုချောင် ပြဿနာပင် ဖြစ်သည်။ ယနေ့ အခြေအနေသည် ထိုဆန္ဒပြ အလုပ်သမား မိသားစုများသာမက စစ်အုပ်စု ထိပ်သီး အသိုင်းအ၀ိုင်းမှ လွဲ၍ မြန်မာ တနိုင်ငံလုံးရှိ ပြည်သူ တရပ်လုံး၊ လူထု လူတန်းစား အားလုံး လူတန်းစေ့ မနေနိုင်သည့် စားဝတ်နေရေး အကျပ်အတည်း ပြဿနာကို ရင်ဆိုင် ကြုံတွေ့ နေရသည့် အခြေအနေ ဖြစ်သည်။
(၃) စစ်အစိုးရသည် ပြည်သူတို့၏ စားဝတ်နေရေး ပြဿနာများကို ပြေလည်အောင် ဖြေရှင်း မပေးရုံသာမက တိုင်းပြည်အတွင်း ပေါ်ပေါက်နေသော ပြဿနာ အရပ်ရပ်ကို ငြိမ်းအေး သွားစေနိုင်ရန် မြန်မာ ပြည်သူ လူထုကြီးက လိုလားနေသည့် တွေ့ဆုံ ဆွေးနွေးရေး စားပွဲဝိုင်းသို့ လက်ကမ်း ဖိတ်ခေါ်မှုကို လည်း ယနေ့ ထက်တိုင် ခေါင်းမာစွာ ငြင်းဆန်နေဆဲ ဖြစ်သည်။ ဆွေးနွေး အဖြေရှာမှုအား ငြင်းပယ် နေသမျှ ကာလပတ်လုံး ထိုသို့သော ပြဿနာများ ဆန္ဒ ပြပွဲများသည် ပုံစံမျိုးစုံဖြင့် ပေါ်ပေါက်နေဦးမည်သာ ဖြစ်သည်။
(၄) စစ်အစိုးရသည် တိုင်းပြည် တွင်းရှိ ပြဿနာတိုင်းကို ၄င်းတို့၏ အာဏာကိုယ်ကျိုးအတွက် ရက်စက် ကြမ်းကြုတ်စွာ ခြိမ်းခြောက် အကြမ်းဖက် ဖြေရှင်းသည့်နည်း၊ တစိတ်တပိုင်း ယာယီ လိုက်လျောဟန် ပြုကာ အချိုသတ် ပွဲဖြတ်ပစ်လိုက်သည့် နည်းတို့ဖြင့် အစဉ်အမြဲ မှားယွင်းစွာ ဖြေရှင်းလေ့ရှိသည်။ ယခုလည်း လှိုင်သာယာ အလုပ်သမားများ၏ ကျိုးကြောင်း ဆီလျှော်သော တောင်းဆိုမှုများကို ထို ခြိမ်းခြောက်/ အချိုသတ် နည်း နှစ်နည်းဖြင့်ပင် ဖြိုခွင်း ပစ်နေသည်ကို ထင်ထင်ရှားရှား တွေ့မြင်နေရသည်။ စစ်အစိုးရ၏ ဤမတရား သဖြင့် လုပ်ရပ်အား မိမိတို့မှ အပြင်းအထန် ကန့်ကွက် ရှုတ်ချသည်။ စစ်အစိုးရက မည်သို့ပင် ခြိမ်းခြောက် လှည့်ဖျားကာ ဆန္ဒပြပွဲများအား ငြိမ်ဝပ် ပိပြားသွားအောင် လုပ်စေကာမူ ဘ၀ အသိ ကြွယ်ဝသော အလုပ်သမား ထုကြီးက ချယ်လှယ် သွေးစုပ် ခံနေရသမျှ ကာလပတ်လုံး၊ အခွင့်အရေး ဆုံးရှုံး နေသမျှ ကာလ ပတ်လုံး ဘ၀ လိုအပ်ချက် အရ ဆန္ဒပြ သပိတ် တိုက်ပွဲများကို ပုံစံမျိုးစုံဖြင့် ဆက်လက် ဆင်နွှဲနေကြမည်။
(၅) သို့ဖြစ်ပါ၍ တပ်မတော်သားများ အပါအ၀င် အလုပ်သမား၊ လယ်သမား၊ ရဟန်းရှင်လူ ကျောင်းသား ပြည်သူ တရပ်လုံး၏ နေ့စဉ် ရင်ဆိုင်ကြုံတွေ့ နေရသော ပြဿနာများကို ကိုယ်စားပြု ဆန္ဒပြနေသည့် လှိုင်သာယာ နှင့် အင်းစိန် အလုပ်သမားများ၏ ဆန္ဒပြပွဲများကို ပြည်သူ တရပ်လုံးမှ ဆန္ဒပြ အလုပ်သမားများအား စားသောက်စရာများ ထောက်ပံ့ပေးပို့ခြင်း အပါအ၀င် ပူးပေါင်း ပါဝင်ဆန္ဒပြခြင်းအထိ နည်းမျိုးစုံဖြင့် ထောက်ခံ အားပေးကြပါရန် မိမိတို့ မြန်မာနိုင်ငံလုံး ဆိုင်ရာ သံဃာ့ တပ်ပေါင်းစု အဖွဲ့ကြီး၊ ၈၈ မျိုးဆက် ကျောင်းသားများ နှင့် ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် တို့မှ မြန်မာ ပြည်သူ တရပ်လုံးအား လေးလေး နက်နက် တိုက်တွန်း နှိုးဆော်လိုက်ပါသည်။
မြန်မာနိုင်ငံလုံး ဆိုင်ရာ သံဃာ့ တပ်ပေါင်းစု အဖွဲ့ကြီး
၈၈ - မျိုးဆက်ကျောင်းသားများ
ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်
PDF ဖိုင် အား ဒေါင်းလုပ် ရယူရန်
Tuesday, February 16, 2010
Google Buzz VS Your Privacy

Buzz ထဲမှာ ကျွန်တော့်ကို follow လုပ်ဖို့ ကျွန်တော့်ကို ခွင့်တောင်းစရာမလိုဘူး။ follow လုပ်ပြီးတာနဲ့ ကျွန်တော် တင်သမျှ Buzz messages တွေအကုန် ဖတ်လို့ရသွားပြီ။ ကျွန်တော် မတင်ဘဲနဲ့လဲ အခြား Google က services တွေ မှာ ကျွန်တော်လုပ်သမျှ Buzz မှာ update လုပ်နေတယ်။ ဥပမာ Google Reader မှာ တစ်ခုခု share တာမျိုးကို အကုန်ကြည့်လို့ ရနေတယ်။ နောက် Gtalk Status message ကိုလဲ update လုပ်တယ်။
Google Profile မှာ ကိုယ့်ဖြည့်ထားသလောက် information ကလဲ လူတိုင်းကြည့်လို့ရနေပြီ။ အရင်က profile ကို hide လုပ်ထားလို့ရတယ်။ အခု Buzz ထွက်လာတော့ profile က ကျွန်တော့် message က နာမည်ကို နှိပ်လိုက်တာနဲ့ တန်းပြီး ကြည့်ရုံပဲ ဖုန်းနံပါတ်တွေ Geolocation တွေများ ထည့်ထားသေးရင် ဘယ်နားရောက်နေတယ် ဆိုတာပါသိရမယ်။ အရမ်းကြောက်ဖို့ ကောင်းတယ် နောက် Google က live Search လိုမျိုးလုပ်ပြီး လူတိုင်း messages တွေကို ဝင်ရှာနိုင်တဲ့ service မျိုးလုပ်နိုင်သေးတယ်။ မိုဘိုင်းဖုန်းကနေ Nearby Search အခုလုပ်လိုက်ရင် Buzz ကို မိုဘိုင်းဖုန်းသုံးနေတဲ့ သူတွေ (မြန်မာနိုင်ငံသားတွေ) အကုန်ရှာလို့ ရနေတယ်။
တော်တော်လေးလန့်သွားတယ် ကျွန်တော်က VIP ပုဂ္ဂိုလ်လဲမဟုတ်ဘူး ကိုယ့်အကြောင်းကို ဖုံးထားမှ ဖြစ်မယ့် လူမျိုးလဲ မဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော့် အကြောင်းကို web ပေါ်မှာ အကုန်ကြည့်လို့ ရနေတာကိုတော့ တော်တော်လေးလန့်သွားတယ်။ လောလောဆယ် Buzz ထဲမှာ Mashable လိုမျိုးကို follow လုပ်လို့ရတယ်။ သူတို့ ဘာတွေ အသစ်တင်လဲဖတ်လို့ရတယ် comment ဝင်ရေးလိုက်ပြီဆိုပါစို့ အဲဒီ comment မှာပါတဲ့ ကျွန်တော့် နာမည် profile ကနေ email ဖြည့်ထားရင် spam mail ပို့လို့ရပြီ။ Geolocation နဲ့ Buzz ကို update လုပ်ထားရင် ကျွန်တော်ရှိတဲ့ နိုင်ငံကို လိုက်ပြီး location based Spam ကြော်ငြာတွေ ပို့လို့ရပြီ။ ပြောလို့မရဘူး contact မှာပါတဲ့ ဖုန်းနံပါတ်တွေကို mobile ဖုန်း ကြေငြာလုပ်တဲ့ သူတွေ location based နဲ့ လိုက်ရှာပြီး SMS ကြော်ငြာတွေ ပို့လို့ ရနေမယ်။ အနည်းဆုံး SMS နဲ့ မင်းထီပေါက်ပါတယ် ဆိုပြီး လာတဲ့ အချိန် ထီထိုးထားမိရင် ကျွန်တော်သာဆို ယုံမိတော့မှာပဲ။
Google Buzz က အမှန်တော့ Twitter + FaceBook’s Like + Geolocation ပေါင်းထားတာပဲ။ Google က အချိန်တို အတွင်းမှာ သူ့ရဲ့ Social Networking ဆိုဒ်ကို အကြီးကြီးဖြစ်လာချင်တော့ အတင်း force လုပ်ပြီး ကျွန်တော် ဘာမှ မသိလိုက်ရပဲ ကျွန်တော့် Gtalk list ထဲက သူတွေကို follow လုပ်ထားပြီးသားဖြစ်နေတာ တွေ့ရတယ်။ မလုပ်ရသေးတဲ့သူများဆိုလဲ Recommanded ဆိုပြီး လာပြနေသေးတယ်။ Spammer တွေအတွက် အကောင်းဆုံး ဂွင်တစ်ခုလိုဖြစ်နေပြီ bot များရေးထားပြီး crawl လုပ်လိုက်ရင် Buzz ကနေ နာရီဝက်လောက် အတွင်းမှာ email contact ပေါင်းသိန်းချီရနိုင်တယ်။ ပြီးရင် အဲဒီကောင်တွေ ကို business တွေဆီ ဒေါ်လာ ရာဂဏန်းလောက်နဲ့ ရောင်းစား ပိုက်ဆံရှာလို့ရတယ်။
ထွက်တာ ၂ ရက်ပဲရှိသေးတဲ့ Buzz ရဲ့Privacy သတင်းကတော့ web ပေါ်မှာ တော်တော်လေးပြန့်နေတယ်။ အခု ကျွန်တော်ရေးထားတာတောင် personal အမြင်ပဲ ရှိသေးတယ် security professional တွေရဲ့ articles တွေ အခုပဲ “Google Buzz Privacy” ဆိုပြီး ရှာလိုက်တာတောင် result 66,300,000 အဲဒီလောက်ထွက်နေပြီ။ ကျွမ်းကျင်တဲ့သူတွေ ရေးထားတာကို ရှာဖတ်ကြည့်လေ Buzz က ကြောက်စရာကောင်းလာလာလေလေ ဖြစ်လာတာနဲ့ ကျွန်တော်ကတော့ Buzz ကို လုံးဝပိတ်လိုက်ပြီ။ ပိတ်ချင်ရင် Gmail အောက်ဆုံးမှာ turn off buzz ဆိုပြီး ရှိပါတယ်။ အဲဒီကနေ ပိတ်လို့ရပါတယ်။ ကျွန်တော်ကတော့ Buzz သုံးလိုက်ကတည်းက online privacy နဲ့ပက်သက်ပြီး shock ရသွားတယ် ပထမဆုံးဘဲ။ Google လိုမျိုးက သူ့ product အောင်မြင်ဖို့ဆို ကျွန်တော်တို့ privacy ကို ချနင်းဖို့ ဝန်လေးပုံ မရဘူး။
©2010 Google - Terms - Privacy Policy - Gmail Blog - Join the Gmail team - Google Home
source by : htootayzar
ယခင် သတင်းများ ဖတ်ရန်
-
▼
2011
(59)
-
▼
January
(59)
- လွှတ်တော်နည်းလမ်းမကျခဲ့ တာ အနှစ် ၆၀ ကျော်ခဲ့ပြီဘဲ
- နိယာမ အရတော့ တိုင်းပြည်နိမ့် ကျ ဆင်းရဲလေ ဘိန်းတိုး...
- ပြည်သူတွေခမျာ ကျားကြောက်သော်လည်း ရှင်ကြီးအားမကိုရဲ
- ထိအောင် မပစ်နိုင်ဘဲ မကောင်းသူထိပ် ကောင်းသူထိပ် ပစ်...
- အေးဗျာ ပြည်သူပိုင်သံယံဇာတတွေကတော့ လက်နက်ကိုင် နအဖ ...
- စစ်မှုထမ်းဥပဒေကြောင့် တင်းမာမှု တိုးလာနိုင်
- အမျိုးကောင်းသမီးများသို့ အင်တာနက် မင်းသမီး မဖြစ်ရေ...
- ကဲ....ဘာဆက်လုပ်ကြမလဲ
- ဒီအစိုးရက အမှိုက်တောင် ပြောင်အောင် မရှင်းနိုင်၊ ဒီ...
- လွှတ်တော်သစ် ခေါ်ပေမဲ့ အာဏာဖွဲ့စည်းမှုပုံစံ မပြောင်း
- အမေရိကန် မရိမ်း ဒု-တပ်ကြပ် ဖြိုးသူထိုက် အာဖဂန်မှာ ...
- စစ်မှုမထမ်းမနေရဥပဒေ ပြဋ္ဌာန်းမည် ဆိုသောကြောင့် လူထု စ...
- အပျင်းပြေစစ်မှုထမ်းစို့
- လွှတ်တော်သုံးရပ်လုံး ဇန်နဝါရီ ၃၁တွင် စတင်ကျင်းပမည်ဟ...
- မြန်မာပြည်တွင်း သတင်းသမားများ ကူညီကာကွယ်ရေး အဖွဲ့ ...
- စစ်မှု မထမ်းချင်ရင် ထောင်ဒဏ်ငါးနှစ်။
- သတိထားစေချင်သည်။
- ဂီတ လူမှုရေး ကွန်ယက်မှ သည် လူငယ် လူမှုရေး ကွန်ယက်ဆီသ...
- ABMA ဂျာနယ် အတွဲ( ၂ )၊ အမှတ် ( ၁ ).. .၇-၁-၂၀၁၁
- “နိုးကြားတက်ကြွလာသော လူငယ်ထု၏ အင်အားနှင့် မြန်မာ့န...
- ဟိန်းဝေယံ၏အဖေနှင့် ၀ိုင်းစုခိုင်သိန်းတို့၏ တယ်လီဖု...
- သိမ်းမယ်တော့ ပြောတာဘဲ ဖျကိဆီးပစ်မပစ်တော့ မသေချာ
- ဒုတိယပင်လုံညီလာခံ ခေါ်နိုင်ရေး အစီအစဉ်အဆင့် ၃ ရပ် ခ...
- န.အ.ဖ စစ်ခေါင်းဆောင်များ၏ Brain wash သင်တန်းကြီး
- ကမ္ဘာ့ ထိပ်တန်း အမျိုးသမီး ၁၀၀ အတွက် အဆိုပြုရန်
- သူတို့ ကျတော့ ဆင်ဆာမလို
- နူနေပါတယ် ဆိုကာ မှ ၀ဲကလည်း နှိပ်စက် သပါ့
- အခွန်စနစ်သစ်တရပ် စတင်ပြီတဲ့
- မြန်မာနိုင်ငံရဲ့အထီးတည်းဖြစ်တည်မှုကိုအဆုံးသတ်ချိန်တ...
- မလိမ္မာတခါမိုက်တဲ့ အရာရှိများ ...................
- အသံတိတ် တိုင်းပြည်ထဲမှာ
- ကျွန်တော်ရဲ့ နှလုံးသားထဲမှစကားလုံးများ......( ကျော...
- ကျောက်တိုင်သာ ရှိ အနှစ် မရှိသော ရွှေရည်စိမ်လွတ်လပ်ရေး
- ၆၃နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားဒီမိုကရေစီအဖွဲ...
- မြန်မာနိုင်ငံရေးကို ထိရောက်စွာဖြေရှင်းပေးဖို့ ကရင်...
- ၆၃ နှစ်မြောက် မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့ အခမ်းအနား
- သတ္တိဆိုတာ
- သန်းရွှေ တပည့်တွေဘဲ ဂလောက်တော့ရိုင်းမှာပေါ့
- ပြည်တွင်း စာတွေလဲ ဖေါက်ဖတ်၊ ခုလည်း ဖုန်းတွေ ခိုးနာ...
- ဖွတ်မီဒီယာကို ဟက်ကာများ ထိန်းချုပ် ဖွတ်များဘေးတွေ့ 
- ကြက်ဆူပြီးတော့ နေကြာ .......... ပြီးရင် ဘိန်းပင်လာ...
- ဒါကတော့ ဗမာပြည်က သူခိုး
- နေပြည်တော်မှ GAYဂေး- များ
- နယ်ခြားစောင့်တပ်သား လက်ပစ်ဗုံးနဲ့ မဲဆောက် UNHCR ရု...
- ရှုံးနိမ့်သူ ကြံ့ဖွံ့အမတ်လောင်းက ရခိုင်အမတ်ကို မဲလိ...
- မြန်မာ စစ်အစိုးရ ၏ ဒုံးလက် နက် နှင့် ညူကလီးယား ဓာတ...
- ခိုးရက်သူကြီး ရေ..
- ဂုဏ်ယူပါတယ် မောင်ငယ် နှမငယ်သို့ 
- NLD ဈေးရောင်းပွဲ ပထမနေ့ သိန်း ၅၀ ရရှိ
- တပ်ပြောင်းရွှေ့ မှု များ ဆက်လက်ပြုလုပ်
- ရုံးချုပ် က ဒီကနေ့ ဈေးရောင်းပွဲတော်
- နောက်ကိုပြန်ကြည့် ရှေ့ကိုမြော်လင့်
- ဗိုလ်ချုပ်တင်အေးရဲ့ တူ၊တူမဖွင့်လှစ်ထားတဲ့ ဆိုင်က လ...
- လက်နတ် သုံးမျိုးကိုင်ဆွဲ ရဲရဲတိုက်ပွဲဝင်ကြ
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ပြည်သူ့ဂုဏ်ရည...
- အားလုံးရဲ့ မျှော်လင့်ချက် မိုးတိမ်
- အမေ နဲ့ အဖော်
- နှစ်သစ်မှာ နိုင်ငံရေး အကျဉ်းသားတွေလွှတ်ဖို့ NLD တို...
- အမေစု၏ မြန်မာပြည်သူ ပြည်သားများအတွက် မင်္ဂလာရှိသော န...
-
▼
January
(59)
