Sunday, November 30, 2008

( န အဖ ) တို့  ပြော သော တိုး တက် နေ သည့် မြန် မာ ပြည် အ ပိုင်း ( ၁၅ )

ကြော် ငြာ တာ လား ။ မ လေး မ စား စော် ကား တာ လား ။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

မ ပြော မ ပြီး ၊ မ တီး မ မြည် ၊ ဆို သ လို မ ပြော ရင် လည်း မ သိ တတ် တဲ့ သူ တွေ အ တွက် ၊ မ ပြော ပဲ မ နေ နိုင် တဲ့ အ ကျင့် ပါ နေ တဲ့ ၊ ကျ နော် မောင် ( အ ဘ ယ ) ပြော လိုက် မိ ပြန် ပြီ ခင် ဗျာ ။

စာ ဖတ် သူ တို့  အ ထက် ပါ ဓါတ် ပုံ ( ၂ ) ပုံ ကို ကြည့် ပြီး သေ ခြာ အောင် ခံ စား ကြည့် ကြ စမ်း ပါ အုံး ။ စာ ရေး သူ က ( ပု ထု ဇဉ် ) မို့  ( ယော နိ သော မ န သိ ကာ ရ ) နှ လုံး သွင်း မ ကောင်း လို့  ပါ လို့  အ ပြစ် တင် ရင် လည်း ခံ လိုက် ပါ့ မယ် ။ ကိုယ့် ဖက် က တစ် ဖက် ထဲ မ ကြည့် ပဲ ၊ တ ပါး သူ ဖက် က ပါ ကြည့် တတ် တဲ့ ပ ညာ ရှိ မျိုး ဆို ရင် ဒီ ကြော် ငြာ ဟာ ဒီ လို စာ သား မျိုး မ ရေး သင့် ဘူး လို့  စာ ရေး သူ ထင် ပါ တယ် ။ စာ ရေး သူ ရဲ့  ခံ စား မိ တာ လေး ကို တင် ပြ ပါ ရ စေ ။

( န အ ဖ ) လက် အောက် ကို ကျွန် သ ဘောက် ဘ ၀ ကျ ရောက် ခဲ့ ချိန် က စ ပြီး ၊ မြန် မာ ပြည် သူ တွေ ဟာ ( သ တင်း စာ ။ ၀ါ ဒ ဖြန့်  ချိ ရေး အ တင်း အ ဖြင်း များ ပါ သော စာ )
နောက် ပြီး တော့ ( ရုပ် မြင် သံ ကြား ၊ mrtv – military radio and television ) တို့  က နေ ပြီး ၊ နေ့  စဉ် နှင့် အ မျှ မ လေး မ စား ၊ အ ထင် သေး အ မြင် သေး ၊ စော် ကား မော် ကား ၊ ပြော ချင် ရာ အ ပြော ခံ နေ ခဲ့ ကြ ရ ပါ တယ် ။
ကာ လ ရှည် ကြာ အ ပြော ခံ နေ ရ တဲ့ ပြည် သူ ကို ၊ ယ ခု အ ခါ ( န အ ဖ ) လက် ထက် ၊ ခါ တော် မီ သူ ဋ္ဌေး လက် သစ် တွေ က လည်း ဒီ လို ပြော လို့  ရ တဲ့ ပြည် သူ လို့  မြင် လာ ပုံ ရ ပါ တယ် ။ မ လေး မ စား လုပ် လာ ပါ တယ် ။
ဒီ ကြော် ငြာ မှာ ( အ ပြင်း ကြိုက် သူ အ တွက် ) ဆို တဲ့ အ ပိုင်း မှာ ပုံ မှန် ပါ ပဲ ။ သူ့  ကော် ဖီ မစ် က ပြင်း တယ် ပေါ့ ဗျာ ။ နောက် ကြော် ငြာ က တော့ ( အ ပျော့ ကြိုက် လျှင် ရေ သောက် ပါ ) တဲ့ ဗျာ ။ ကဲ -- ဘယ် လို ခံ စား လိုက် မိ သ လဲ ။
Choice - ဆို တဲ့ ကိုယ် ပိုင် ရွေး ချယ် ခွင့်
Dignity - ဆို တဲ့ မိ မိ ၏ ဂုဏ် သိက္ခာ
Personality - ဆို တဲ့ ( ပုဂ္ဂလိ က ) ကိုယ် ရည် ကိုယ် သွေး ။
အဲ ဒါ တွေ ကို ထဲ့ မ တွက် ပဲ
Respect - ဆို တဲ့ ရို သေ လေး စား ခြင်း ( မ ရှိ )
Request - ဆို တဲ့ တောင်း ဆို မေတ္တာ ရပ် ခံ ခြင်း လည်း ( မ ဟုတ် )
Command - ဆို တဲ့ အ မိန့်  ပေး ခြင်း ။
Influence - ဆို တဲ့ သြ ဇာ အ ရှိန် အ ၀ါ လွှမ်း မိုး ခြင်း ။
Interfere - ဆို တဲ့ ကြား ၀င် နှောက် ယှက် ခြင်း ။
One down - ဆို တဲ့ မိ မိ ထက် အ ဆင့် နှိမ့် ပြီး ရှု မြင် ခြင်း ။
အဲ ဒါ တွေ အ ပြည့် ဖြစ် နေ တယ် လို့  ခံ စား လိုက် ရ တယ် ။
ဒီ လုပ် ငန်း ပိုင် ဆိုင် သူ တွေ ဟာ ( န အ ဖ ) နဲ့  အ တူ ချမ်း သာ လာ သူ တွေ ဖြစ် တာ နဲ့  အ တူ ( န အ ဖ ) လေ သံ အ တိုင်း ပြည် သူ ကို မ လေး မ စား ၊ အ ထင် သေး အ မြင် သေး ၊ သူ့  အောက် က လူ ၊ လို့  မြင် နေ ပုံ ရ ပါ တယ် ။ မိ မိ စီး ပွါး တိုး တက် အောင် ထောက် ပံ့ နေ တဲ့ ( ကျေး ဇူး ရှင် ) တွေ လို့  မြင် ပြီး ( request ) နဲ့  မ ဆက် ဆံ ကြ တော့ ပါ ဘူး ။ ( န အ ဖ ) က လည်း ကျေး ဇူး ရှင် ပြည် သူ တွေ ကို ကျေး ဇူး ရှင် တွေ လို့  မ မြင် တတ် တဲ့ အ တွက် ။ ( န အ ဖ ) လက် ထက် စီး ပွါး ရေး သ မား တွေ က လည်း ပြည် သူ ကို ကျေး ဇူး ရှင် လို မ ဆက် ဆံ တတ် တော့ ပါ ဘူး ။ ( မာ န ) တွေ ပြည့် နေ တဲ့ လေ သံ နဲ့  ပြည် သူ ကို အ ထင် သေး ဆက် ဆံ လာ နေ ပါ ပြီ ။ ( မိုက် ရိုင်း လာ ပါ ပြီ )
မိုက် ရိုင်း မှု တွေ အ ထူး တိုး တက် လာ နေ တဲ့ ( န အ ဖ ) လက် အောက် က မြန် မာ ပြည် ပါ ပဲ ။ တိုး တက် နေ လိုက် တာ ( မိုက် ရိုင်း မှု တွေ ၊ အ ထင် သေး မှု တွေ )
တစ် ခွန်း တော့ ကြော် ငြာ သူ ကို ပြန် ပြော လိုက် ချင် ပါ တယ် ။ ( အပြင်း ကြိုက် မှ တော့ ကော် ဖီ မ သောက် ဖူး ဟေ့ ၊ ၀ီ စ ကီ ပဲ သောက် တော့ မယ် ကွ ) လို့  ။

( အ ဘ ယ )

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်