Friday, November 28, 2008

သစ်ခုတ်သမားအခုတ်ခံရမှုကြောင့် ရွာသားများ ရွာပြင်ထွက်ခွင့်ပိတ်ပင်ခံရ

Fri 28 Nov 2008, ကွန်းဟဒေ့၊ လွတ်လပ်သောမွန်သတင်း
လွန်ခဲ့သော ၂၅ ရက်နေ့က ရေးမြို့နယ် မာန်အောင်ကျေးရွာအရှေ့မြောက်ပိုင်း အနီးအနားတစ်ဝိုက်တွင် သစ် ခုတ်နေသော သစ်ခုတ်သမား ၁၅ ဦးကို နိုင်ချမ်းဒိန်း ဦးဆောင်သော မွန်ပြန်လည်ထူထောင် ရေးအဖွဲ့မှ ဓါးဖြင့် ခုတ်ခဲ့ရာ ၃ ဦးသေဆုံးပြီး ၁၂ ဦးအပြင်းအထန် ဒဏ်ရာရခဲ့မှုကြောင့် နယ်မြေခံ တပ်ရင်း ၂၉၉ မှ နိုင်ချမ်း ဒိန်းအဖွဲ့အား လိုက်လံရှင်းလင်းလျှက် ရှိ သည်ဟု အစိုးရသတင်းစာ မြန်မာ့အလင်းမှ ဖော်ပြထားသည်။

ထိုသို့ နယ်မြေခံတပ်ရင်း ၂၉၉ မှ နိုင်ချမ်းဒိန်းတို့အဖွဲ့အား လိုက်လံရှင်းလင်းရာတွင် အခင်း ဖြစ်ပွား ရာ အနီးတဝိုက်ရှိ မာန်အောင်၊ ကိုးမိုင်ကျေးရွာ၊ ကလော့ကျေးရွာ အနီးတဝိုက်ရှိရွာသားများကို ရွာတွင်းမှ ရွာပြင် သို့အလုပ်လုပ်ခွင့်ကို ၄င်းနယ်မြေခံတပ်ရင်းမှ ယခုချိန်ထိ ပိတ်ပင်ထားလျှက် ရှိသည်ဟု ကိုးမိုင် ရွာသား တစ်ဦးက ပြောသည်။

၎င်းရွာသား၏ ပြောပြချက်အရ နယ်မြေခံတပ်ရင်း ၂၉၉ မှ အင်အားငါးဆယ်ခန့်ရှိသည့် ဒီကေဘီအေခေါ် တိုး တက် သောကရင်ဗုဒ္ဓဘာသာတပ်မတော်ကိုလည်း ၄င်းတို့နှင့်ပူးပေါင်းရှင်းလင်းရန် အကူအညီ ခေါ်ထား သည် ဟုလည်း ပြောပြခဲ့ သည်။
ရွာထဲအတွင်းမှ ရွာအပြင်သို့ ထွက်ခွင့်ကို နယ်မြေခံတပ်ရင်းမှ ပိတ်ပင်ထားမှုကြောင့် ရွာသားများသည် အလုပ် လုပ် ရန် အခက်ကြုံနေကြရသည်။

``ရွာထဲမှာ ကရင်ဒီကေဘီအေ စစ်သားတွေလည်းရှိနေတယ်၊ အင်အား၅၀ လောက်တော့ရှိမယ်၊ ဒီကေဘီ အေ နဲ့ ဒီ ၂၉၉ တပ်ရင်းတွေ ပူးတွဲပြီးလှုပ်ရှားနေကြတယ်``ဟု ပြောသည်။

``ဒီလိုအပြင်ထွက်ပြီး အလုပ်လုပ်ခွင့်မပေးတော့ ကျွန်တော်တို့အတွက်တော်တော်လေးကို ဒုက္ခဖြစ်တယ်``ဟု ၄င်း က ဆက်ပြီးပြောပြခဲ့သည်။
ရွာပြင်ထွက်ခွင့်ကိုပိတ်ပင်မှုကြောင့် ရွာများသားသည် အလုပ်လုပ်ရန်အခက်ကြုံနေသည့်အပြင် နိုင်ချမ်း ဒိန်းတို့အဖွဲ့နှင့် အဆက်အသွယ်ရှိသည်ဆိုသည့် နယ်မြေခံတပ်ရင်း၏စွပ်စွဲချက်ကို ကြောက်နေ ရသည်ကတစ်ဖက် တပ်မတော်စစ်ကြောင်း သို့ ၄င်းတို့၏သတင်းပေးပို့ခဲ့သည်ဟု နိုင်ချမ်းဒိန်းတို့၏ စွပ်စွဲချက် ကိုလည်း ကြောက်ရွံနေကြရသည်ဟု ကိုးမိုင်ရွာများက ပြောသည်။

အခုတ်ခံခဲ့ရသည့် သစ်ခုတ်သမားများသည် တပ်မတော်စစ်ကြောင်းသို့ ၄င်းတို့၏သတင်းများကို ပေးပို့ ခဲ့သောကြောင့် ၄င်းတို့ဘက်မှ သေကျေဆုံးရှုံးမှုများ ဖြစ်ပွားခဲ့သည်ဟု အကြောင်းပြကာ ညှင်းပန်းနှိပ်စက်ပြီး ဓါးဖြင့် ခုတ်သတ်ခဲ့သည်ဟု အစိုးရမြန်မာ့အလင်း သတင်းစာတွင်ဖော်ပြထားသည်။

လွန်ခဲ့သော နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ဒီကေဘီအေတပ်နှင့် နယ်မြေခံတပ်ရင်း ၂၉၉ တို့ ပူးပေါင်းပြီး မာန် အောင်ချောင်းဖျားအနီးတွင် နိုင်ချမ်းဒိန်းတို့အဖွဲ့နှင့် တိုက်ပွဲဖြစ်ကာ နိုင်ချမ်းဒိန်းတို့အဖွဲ့မှ သုံးဦးကျဆုံးခဲ့သည်။http://www.monnews-imna.com/burmese/newsupdate.php?ID=138

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်