Sunday, November 30, 2008

မောင်တောမြို့တွင် အမျိုးသမီးကြီး တဦး သတ်ဖြတ်ခံရ

11/29/2008

ရခိုင်ပြည်နယ် မောင်တောမြို့ ဝေသာလီ ရပ်ကွက်မှ အမျိုသမီး တဦးကို အမည်မသိသူ လူတစုက နိုဝင်္ဘာလ ၂၄ ရက်နေ့က ဓါးဖြင့် ခုတ်သတ်သွားကြောင်း သိရသည်။

သတ်ဖြတ်ခံရသူမှာ ဦးမောင်လူ၏ ဇနီး ဒေါ်အောင်သာမေ (၅၀ နှစ်) ဖြစ်ပြီး ဝေသာလီရပ်ကွက်မှ တမိုင်ခန့်အကွာ ရော်ဘာခြံတွင် သတ်ဖြတ်ခံရခြင်း ဖြစ်သည်။

သတ်ဖြတ်ခံရသူ ဒေါ်အောင်သာမေ၏ ဆွေမျိုး တဦးက သူမအား သတ်ဖြတ်သွားသူမှာ မူဆလင် ဘာသာဝင် ၅ ဦးဖြစ်ကြောင်း

ယခုကဲ့သို့ ပြောသည်။

“အောင်သာမေကို သတ်သွားတာက ကုလား ၅ ကောင် ဖြစ်ပါတယ်။ သူတို့ ရော်ဘာခြံထဲကို ၀င်လာတာကို တွေ့တဲ့အတွက် အနီးအနားမှာ အလုပ် လုပ်နေတဲ့ မိန်းခလေး နှစ်ဦးကို သတိထားဖို့ ပြောကြား ခဲ့ပါသေးတယ်။ နောက်ပိုင်းမှာ အောင်သာမေကို ဓါးနဲ့ ၀င်ခုတ် သတ်သွား ပါတယ်။ အလောင်းကို ည ၈ နာရီမှဘဲ ရော်ဘာခင်း ခြုံတောထဲက ရပါတယ်။”

ယခုအချိန်ထိ တရားခံများကို ဖေါ်ထုတ်ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်းနှင့် သက်ဆိုင်ရာ နစက တာဝန် ရှိသူများကလည်း ရခိုင် ကုလား ပြဿနာ ဖြစ် ဖြစ်ပါစေဆိုပြီး တရားခံများကို ဖေါ်ထုတ် ဖမ်းဆီးခြင်း မပြုဘဲ ထားသည်ဟု ဒေါ်အောင်သာမေ ဆွေမျိုးက ပြောသည်။

ဒေါ်အောင်သာမေတွင် ကလေး ၄ ဦးကျန်ရစ်ခဲ့ပြီး မောင်တောမြို့နယ်တွင် ယခုကဲ့သို့ ဒေသခံ ရခိုင်များအား မကြာခဏ ဆိုသလို မူဆလင်ဘာသာဝင်များက အနိုင်ကျင့် သတ်ဖြတ်မှုများ ရှိနေကြောင်း သိရသည်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်