Tuesday, April 6, 2010
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
April
(377)
- ကိုဟန်လင်းတော့ဆုရပြီ ၊ ကျွန်တော်တို့ အာဇာနည်မှ ကို...
- ငရဲက လာသူ ပြာပူ မကြောက်
- အစိတ်သားနဲ့ မ၀ နိုင်တဲ့..ကြံဖွတ် ၀န်ကြီး..သောက်စား...
- ဒီလိုချွတ်လိုက်မှ အမြင်ရှင်းမှာ ... ရွေးကောက်ပွဲဝင...
- ကြံ့ကြံ့ ဖွတ်ဖွတ် ပန်းသိန်းစိန် အရပ်ဝတ်ပေမယ့် ဘောင...
- The Voice Weekly ဂျာနယ် Vol.6/No.25 ဖတ်ရှုနိုင်ပါပြီ
- အားနည်းသူကို ဖြဲခြောက်နေသည့် နအဖ တပ်များ..
- အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှထုတ်ပြန်သော မေဒေးေ...
- နိုင်ငံရေး ပါတီ တည်ထောင်ခွင့် လျှောက်ထားသည့် အဖွဲ့...
- ကြံ့ခိုင်ရေး ပါတီ လာပြီ
- နာဂစ်ကူညီရေး စစ်အစိုးရ ပိတ်ဆို့နေဆဲ
- စစ်အစိုးရ တာဝန်မဲ့မှု NLD နဲ့ ဒေါ်စု တရားစွဲ
- ကွယ်လွန်သွားရှာသူ ကိုမောင်မောင်ငြိမ်း၏ ကိုယ်ရေးအကျ...
- လက်ယားနေသော နစကများ
- ဒေါ်အောင်ဆန်းစုကြည်မှ ရက်ပေါင်း ၆၀ အတွင်းမှတ်ပုံမတင...
- စစ်ဖြစ်မှာစိုးလို့ ၀ တိုင်းရင်းသားတွေ တိမ်းရှောင်
- နူနေကာမှ စွဲတဲ့ ၀ဲ..လဲနေသူကိုမှ ထောင်းရက်တဲ့ သူခို...
- စစ်သားအယောင်ဆောင် လိုင်စင်ရ ပင်လယ် ဒါးမြများ
- ပြည်သူကို မဲမဲ မြင်ရာ ဒုက္ခပေးပြီး..သူ့ ကျ တပ်မတော...
- အတွင်းလှိုက်စား ဂုရုများရဲ့ ကျွေးသောလက် လျက်သောစကား
- လူထုတိုက်ပွဲ ကော်မတီ ၂၀၁၀ (ပို့စကဒ်)
- ဘုန်းကြီးခေါင်းရိုက်ထားသူတွေ သတိထား..လှိုင်ခေါင်းထ...
- အသေခံဗုံးခွဲသူတွေ ပေါ်လာကြပြီ..
- ပြည်တွင်းက ညီအကို မောင်နှမများ အားဆက်လက် ဖြန့်ဝေပေ...
- ကာတွန်းဟန်လေးကို ဆုချပြီ
- ပြည်သူတွေကြောက်အောင် တမင်ခွဲတာ စစ်တပ်ဗုံး..
- မီဒီယာသမားများ ပြည်သူ့ အကျိုးကို ရှေ့ရှုကြပါလို့ြေ...
- တံဆိပ်တပ်တဲ့ ၀ါသနာ…
- လွိုင်ကော် ရဲစခန်း၌ ဗုံးပေါက်ကွဲ၍ လူတဦး သေဆုံး
- လူမသာတွေကို လမ်းထဲ အဝင်မခံတာမျိုး မလုပ်ကြပါနဲ့
- force Labor နေပြည်တော်ဝန်ထမ်းများနဲ့  မဖူလုံတဲ့လစာ
- အင်္ဂပူမြို့နယ်အတွင်း ဗုံးဖောက်ခွဲမှုနှင့် ကျေးရွာအာဏ...
- ပေါချောင်ကောင်း..ဘတ်ထားတဲ့ စာရင်းတွေပြ..ဒါနိုင်ငံသ...
- စစ်ဘိုလူထွက်..ပြောင်ပြောင်၏ မျက်နှာပြောင်ပြောင်ဖြင...
- လူကြားကောင်းရုံ အရေခြုံသီလ..
- အခုမှ ဖုံးမရပေါ်ပြီ
- လစာတိုးဦးမည် မက်လုံးပေး..ဆင်ဖြူတော်ပုံနဲ့ ..စက္ကူစ...
- မြေသြဇာ အဖွဲ့ မှ အထူး ထုတ်ပြန် ကြေငြာချက်
- ငပွကြီး ကယ်ပေလို့ 
- တခါက မြန်မာကျောင်းသားများ၏ လှုပ်ရှားမှု
- ချွန်တွန်း မီဒီယာသမားများ၏ အင်္ကြ
- Nuclear Free Burma ဖေါ်ဆောင်ရေး Signature Campaign ...
- ခွပ်နေကြတဲ့ အိုးမည်းသုတ်ခံ အိမ်ကြက်များ..
- နာဂစ် အမှတ်တရ ဆုတောင်း အမျှဝေ အခမ်းအနား ဖိတ်ကြားလွှာ
- တရားဥပဒေအရ..နအဖကို အရေးယူဖို့ အချိန်တန်ပြီ
- အရှက်မဲ့သူများရဲ့ ဘောင်းဘီချွတ်ပွဲ..
- သန်းရွှေရဲ့ မျက်နှာဖုံး နောက်ကွယ်က..မူရင်း စိတ်အသွင...
- တစီးမှမပိုင် သန်းရွှေ
- ရွေးကောက်ပွဲ ရာသီတွင် မီဒီယာများ နိုင်ငံရေးသမားမျာ...
- သေခြင်ရင် စိန်မစားနဲ့ ကရင်ပြည်ကိုသွား
- ပြည်သူ့ဂုဏ်ရည်ဆုရှင် ဦးကျော်သူနှင့် ဆက်သွယ်ကြစို့
- ပထမအကြိမ် ပြည်သူ့ဂုဏ်ရည် ချီးမြှင့်ဂုဏ်ပြုပွဲတွင် ...
- သန်လျင်ကျောက်တန်းဒေသမှဝါးပင်များအပွင့် ပွင့် နေ
- နိုင်ငံရေးမှုဖြင့် လူငယ် ၇ ဦးကို ရဲက ဖမ်းဆီး
- စက်တင်ဘာလ လှုပ်ရှားမှုတွင် ကိုယ်တိုင် ကိုယ်ကျ ပါဝင် ...
- နိုင်ငံရေးမှုဖြင့် လူငယ် ၇ ဦးကို ရဲက ဖမ်းဆီး
- ပြည်သူ့ ဂုဏ်ရည် ပထမ အကြိမ် ဂုဏ်ပြု အခမ်းအနားက ကိုေ...
- စစ်တွေမှာ ဆန္ဒပြပွဲ အပြီး လျှပ်စစ်မီးပြန်ရ
- Bogyoke Aung Sun graced at Myanma Movie Silver Jub...
- Video Dispatch: Myanmar, China and U.S. Tensions
- ၂၀၁၀ ခုနှစ် ပထမအကြိမ် ပြည်သူ့ဂုဏ်ရည် အဖြစ် မဲဆန္ဒအမ...
- သက်ဆိုင်သူသို့ 
- နအဖ ဘက်မှ ၀တပ်ဖွဲ့ အား တိုက်ပွဲနှစ်ကြိမ် စတင်တိုက်...
- 2100 in 2010: free burma's political prisoners
- မတိတ်ဆိတ်မဲ့ လွတ်လပ်ရေးတေးသံများ
- ဘဘဦးဝင်းတင်ရဲ့ ယုံကြည်ချက်နဲ့ ရည်မှန်းပန်းတိုင်
- လိုင်စင်ရ..ဒါးပြများ..
- စစ်တပ်ရှိတဲ့နေရာ..ဖာရှိတယ်..
- ရာဇဓိရာဇ်ရဲ့ သွေးက..စွေးစွေးနီ..
- “လူထုကို ဘယ်တော့မှ ကျောခိုင်းမသွားပါဘူး”
- မြန်မာဘက်က အဆိုးတွေမလာအောင် အိန္ဒိယ နယ်စပ်တံတိုင်းခ...
- အလံလွင့်နေသလို တံခွန်ထူနေမဲ့ ငါတို့ စိတ်ဓါတ်
- ဒို့ လာပြီ..
- မြန်မာ ကသိတဲ့ မြန်မာ..နဲ့  ကမ္ဘာက မြင်တဲ့ မြန်မာ ဘာ...
- မြန်မာစစ်သားများကြည့်ဖို့ ..
- Voice of Burma April 18 2010
- သူများတွေ ကတော့ စကားစနေပြီ..ရုန်းကြရဖို့ အချိန်တန်တဲ့
- အံမာ မင်း ကျုံကျုံ့ လေးဗျ
- ဘေးလူတွေတောင်ပြောနေရပြီ..သင်ဘယ်သူပါလည်း မြန်မာစစ်သည်။
- မိမိ နိုင်ငံကို မိမိ ကယ်တင်ပေးသင့်သည်။ အသင်.မျိုးခ...
- ပညာသင်ချင် ကောင်းကောင်းသင်..ဂွင်မဆင်နဲ့ 
- နအဖ ၏နောက်ဆုံးလက်နက်များ..ထုတ်သုံးနေခြင်း
- နားလှည့်ပါးရိုက် ..မသိတာလိုက်လို့ 
- တားတားက လှချင်တာတခုထဲပါဗျာ..ဘဘကိုတော့ကြောက်ပါတယ်
- ကိုယ်ကကျုး..ကိုယ့်ဟိုဒင်းတောင်မယုံဘူး..မလာခဲ့ကြနဲ ...
- နိုင်ငံတော်ကို ကာကွယ်မဲ့တပ်မတော် အိပ်ပျော်နေတယ်..
- စိတ်ကြွဆေးဖျော်ရည်နဲ့  ရက်လွန် အဖျော်ရည်ဗူးများ..မ...
- တစ်ပတ် အတွင်း ဗုံးပေါက်ကွဲမှု လေးနေရာ ဖြစ်ပွား
- ရေနံထွက်တဲ့ ဒို့ ပြည်နယ် မီးမလာတာ သပိတ်မှောက်ဟဲ့
- ပြုံးပြုံးလေးနေ..တစ် နှစ် သုံး..ဘုန်း..
- အုံးကနဲ မြည်တိုင်းဗုံးမဟုတ်
- အာဏာရှင်ကြီး-ဗိုလ်နေဝင်း-၏-အတွင်းရေးများ
- တခါးများဖွင့်လှစ် ထားမည်။..NLD
- စတေးခံရသူများ..
- လွတ်လပ်ပြီး ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲ ကျင်းပ...
- သူများရည်းစား ကြောင်တောင်နှိုက်တဲ့ ..မျောက်မသား
- Summaryမြန်မာနှင့် မြောက်ကိုရီးယား ဆက်ဆံရမှာ တာဝန်...
- မြန်မာ့ ရွေးကောက်ပွဲ စည်းရုံးလှုံ့ဆော်မှုများ စတင်
- ကောက်ရိုးပုံစောင့် ခွေး..ငါတို့ မဟုတ် .ငါ့တို့ြေ...
- ဗုံးကွဲမှု ဓာတ်ပုံရိုက်သူများ လွှတ်ပေးရန် မီဒီယာအဖွဲ...
-
▼
April
(377)
2 comments:
၂၀၁၀ ကို မျှော်လင့်နေသူတွေ မြန်မာပြည်ထဲမှာ ရှိသည်။၊ အနည်းဆုံးတော့ မူဝါဒတွေ ပြောင်းလာနိုင်ဖို.ကို မျှော်လင့်နေကြသည်။ အများပြည်သူ ကို ပြန်ငဲ့ကြည့်မည့်သူများကို စောင့်နေကြသည်။ ထင်ရာစိုင်းတာထက် အနည်းဆုံး ပါလီမန်ထဲ ဘက်မညီမှုကို မြင်ရနိုင်သည်။ အရပ်ဝတ် စစ်သားနဲ. ယူနီဖောင်း စစ်သားတို. အားပြိုင်တာကို မြင်ရနိုင်သည်။ ထိုအထဲမှာမှ ပြည်သူ.ဘက် ကြည့်မည့် စစ်သား ( ပြည်သူ.ဘက်ကြည့်တယ်ဆိုလို. နိုင်ငံရေး အကျဉ်းသားချည်း ပြေး မမြင်ပါနဲ.၊ ရေမီးမှန်ဖို.၊ အခြေခံလစာတွေ တက်လာဖို. အလုပ်အကိုင်တွေ ပေါများလာဖို. ဆိုတာတွေလဲ အရေးကြီးပါတယ်) တွေ၊ အရပ်ထဲက အမတ်တွေ ပြောခွင့် ရှိကောင်း ရှိမည်။ အနည်းနှင့် အများတော့ ယခုလို တစ်မိန်. စနစ်ထက် သာမည်ဟု မြင်မိသည်။
၂၀၁၀ ကို မျှော်နေသည်။ ကောင်းလာဖို. မျှော်နေခြင်းမဟုတ်။ အနေချောင်ဖို. မျှော်နေကြခြင်းဖြစ်သည်။ ပေါ်လစီ မူဝါဒတွေကို ပွင့်ပွင့်လင်းလင်း ဝေဖန်ခွင့် ရလာမည် ဆိုလျှင် မဆိုး။ ပေါ်လစီဆိုလို. အကျဉ်းသားလွတ်မြောက်ရေး၊ ဒီမိုကရေစီ စာပေလွတ်လပ်ခွင့်ရှိရေး၊ ရဲတွေ အကျင့်ပျက်မှုကို အပုတ်ချနိုင်ရေးသည်ပဲ ပေါ်လစီမဟုတ်။ ကျန်းမာရေး စောင့်လျှောက်မှု စရိတ် တိုးချပေးဖို.၊ ပညာရေးစနစ်ကောင်းမွန်ဖို.၊ လက်ဝါးကြီးအုပ် စီးပွားရေး မူဝါဒတွေ ပြင်ဆင်ဖို. စတာတွေဟာလဲ မူဝါဒတွေထဲ အကျုံးဝင်ပါတယ်။ ( နိုင်ငံခြားမီဒီယာတွေကတော့ အကျုံးမ၀င်သလိုလို အဖက်မလုပ်သလိုလို ) ဒါတွေကို ဝေဖန်ထောက်ပြခွင့်ရမယ်၊ ညှိုနှိုင်းခွင့်ရမယ်လို. မျှော်လင့်နေကြခြင်း ဖြစ်ပါတယ်။
ဒါတွေ ဖြစ်မလာတော့ရော။ ပိုဆိုးသွားမှာလား။ အခုလက်ရှိအခြေအနေထက် ဆိုးစရာ ဘာရှိသေးလဲ။ ပြည်သူအတွက် ဘာများ ပိုဆိုးနိုင်သေးလဲ။ တရားဝင်မယ်တဲ့လား။ တရားမ၀င်တော့ရော စစ်အစိုးရကို ထောက်ခံတဲ့ အစိုးရတွေက ထောက်ပံ့နေတာပဲ မဟုတ်လား။ တရားစွဲဖို. နိုင်ငံတကာခုံရုံးကို တက်မတဲ့လား။ လူမသိသူမသိ ဖြစ်သွားတဲ့ ဒီပဲရင်း ကို အသာထားလို. လူရှေ့သူရှေ့ ဘုန်းကြီးကို တုတ်နဲ. ရိုက်တာတောင် တက်လို.လား။ တရားဝင်ဖြစ်တာနဲ. မဖြစ်တာ စစ်အစိုးရအတွက် နာမည်ကောင်း ရတယ်၊ မရဘူးကလွဲရင်၊ နိုင်ငံတကာနဲ. စကားပြောရာမှာ တင့်တယ်မှာနဲ. မတင့်တယ်မှာကလွဲရင် အခြား အကျိုးက ဘာမှ မရှိဘူး။ ပြည်သူအတွက်ကတော့ ထူးမခြားနားပဲ။
၂၀၁၀ ကို မျှော်လင့်သူတွေ ရှိတယ်။ မမျှော်လင့်သူတွေ ရှိတယ်။ မမျှော်လင့်သူတွေကတော့ ထူးမခြားနား အစိုးရမို. ထူးမခြားနား ဇာတ်ပဲခင်းမှာပဲမို. သူတို.တွေအနေနဲ.လဲ ထူးမခြားနား ဘ၀မှာ ရုန်းကန်ရဦးမှာမို. မစဉ်းစားချင်တော့ပါတဲ့။ ဒါလဲ ဟုတ်တာပဲ။ မျှော်နေတဲ့အထဲက ပြည်သူတွေကတော့ ၂၀၁၀ ကို မျှော်နေတာ ဒီမိုကရေစီ ရပဟေ့ ဆိုပြီး မျှော်နေတာ မဟုတ်ဘူး။ ၂၀၁၀ ဟာ ထွက်ပေါက်ဟုတ်တယ်လို.လဲ ဘယ်သူမှ မယုံဘူး။ ဘယ်သူမှ အဲ့လောက်ထိ ဥာဏ်မတိမ်ဘူး ထင်တယ်။
ထောင်ထဲမှာ တိုက်ပိတ်ခံထားရတဲ့ အကျဉ်းသားတစ်ယောက် ရိုးရိုးအကျဉ်းခန်းထဲ ပြန်ခွင့်ပေးမယ် ဆိုလို. မျှော်လင့်နေသလို မျှော်နေကြတာပါ။ မလှိမ့်တပတ်နဲ. ပြန်ပိတ်ထားရင်ရော။ အခုလက်ရှိအခြေအနေမှာရော ဘယ်သူတွေကများ ဘာများ ဖြစ်မြောက်အောင် လုပ်ပေးနိုင်လို.လဲ။
ပြည်သူတွေ ဘယ်လို ခံစားနေရလဲ ဆိုတော့ ရှင်းရှင်းလေးပဲ။ ဒီအခြေအနေဆိုးထက် နည်းနည်း သက်သာမယ် ထင်တဲ့ အခြေအနေတစ်ခုဆီကို သွားချင်တယ်။ ဒါပါပဲ။ အနှစ် ၂၀ လုံးလုံး ပိန်းပိတ်အောင် မှောင်နေတဲ့ ပြည်သူတွေ အတွက် အလင်းရောင်လေးကို မျှော်လင့်မိတယ်။ မရတော့လဲ ဆက်ပိန်းပိတ်အောင် မှောင်ရမှာပဲ။
Posted by KoShweYoeGyi in the myanmarcupid .net
ပြည်တွင်းမှ ပြည်သူများကို စာနာပါ
ကျွန်တော်ကတော့ ၂၀၁၀ ရွေးကောက်ပွဲကို စိတ်မ၀င်စားဘူး။ ၂၀၁၀ ရွေးကောက်ပွဲဟာ ဒီမိုကရေစနစ် ကျပါသည်။ ထို.ကြောင့် လက်ခံပါသည် နဲ. ဒီမိုကရေစနစ်မဟုတ်ပါ လက်မခံပါ ဆိုတဲ့ ယူဆချက်တွေ မလုပ်လိုတော့ပါ။
၂၀၁၀ ရွေးကောက်ပွဲသည် ဒီမိုကရေစီ အနှစ်သာရ မပြည့်စုံပါ။ ၂၀၁၀ ရွေးကောက်ပွဲကို ပြဌာန်းသည့် ၂၀၀၈ အခြေခံဥပဒေသည် နာမည်ခံ ဒီမိုကရေစီ စနစ်ကိုသာ အခြေခံထားခြင်းဖြစ်သည်။ ထို.ကြောင့် မြန်မာနိုင်ငံသည် ၂၀၁၀ ရွေးကောက်ပွဲကြောင့် ဒီမိုကရေစီ စနစ် ရရှိမည်မဟုတ်ပါ။
ကျွန်တော် ဒီအထိကို လုံးဝဥသုန် အိပ်သွန်ဖာမှောက် အတိုက်အခံများဘက်မှ ထောက်ခံသည်။
သို.သော် ပြည်သူလူထုသည် ရပ်တန်.နေကြသူများမဟုတ်ပါ။ ဒီမိုကရေစီမရလို. သေသွားမည့် သူများ မဟုတ်ပါ။ ပြည်သူဆိုတာ နိစ္စဓူဝ စားဝတ်နေရေး ဖြေရှင်းကြရမည့်သူများ ဖြစ်သည်။ ထိုသူတို.သည် ဒီမိုကရေစီမရလို. တပြစ်တောက်ခေါက် မနေနိုင်ကြပါ။ ပြေးလိုက်လွှားလိုက်နှင့် အသက်ရှင် နေကြရသည့်သူများ ဖြစ်သည်။ မနက်မိုးလင်းလျှင် ၂၀၀ ပေးပြီး တိုးစီးနေရသော ဘတ်စ်ကားအတွက် တန်းစီရမည်။ မလောက်မငနှင့် ချို.ချို.တဲ့တဲ့ မဖြစ်ရအောင် ကြံကြရသည်။ ဖန်ကြရသည်။ ချဲထိုးသူကထိုးသည်၊ ဘောပွဲလောင်းရသူက လောင်းသည်။ ကြံရင်းနဲ. မွဲသူက မွဲသည်။ ပေါ်လစီမိတ်ကာများနှင့် ဆက်ဆံနေရသူများကြတော့ မြေရှင်ပဒေသရာဇ်စနစ်ကို ပြန်ပြောင်းသတိရစေလိမ့်မည်။ အောက်ခြေအလုပ်သမားများနှင့် ဆက်ဆံသူများက ဂျပန်ခေတ်ကို သတိရစေလိမ့်မည်။
ဤ အခြေအနေဆိုးတွေကို ပြည်သူလူထုက စပ်ဆုတ်ရွံရှာနေသည်။ အချို. စစ်သားများကလဲ စိတ်ပျက်နေပြီဖြစ်သည်။ ဒီမိုကရေစီ မရှိလို. စိတ်ပျက်လက်ပျက်ဖြစ်နေခြင်းမဟုတ်။
မြန်မာပြည်သူလူထုသည် အလွန်ရှေးကျသော ခေတ်နောက်ပြန်ဆွဲနေသော အစိုးရ မူဝါဒ များကို စပ်ဆုတ် နေပြီ ဖြစ်သည်။ တိုင်းပြု ပြည်ပြု မူဝါဒများကို အလိုရှိနေသည်။ တိုက်ဆောက် ကားစီး မူဝါဒများကို အလိုမရှိတော့။ ဒီအတွက် ထွက်ပေါက် ရှာပေးနိုင်မည့်သူကို အလိုရှိသည်။ ကောင်းနိုးနိုး မူဝါဒကို ဟောပြောပေးနိုင်သူကို အလိုရှိနေတာမဟုတ်။ ထွက်ပေါက်ကို အမှန်တကယ် ရှာဖွေ ပေးနိုင်သူကို မျှော်လင့်နေကြသည်။
Post a Comment