ဇော်မင်း (လူ့ဘောင်သစ်) | ကြာသပတေးနေ့၊ ဧပြီလ ၀၈ ရက် ၂၀၁၀ ခုနှစ် ၁၃ နာရီ ၁၃ မိနစ်
ဒီကနေ့ ဖြစ်နေတဲ့ နိုင်ငံရေး အခြေအနေတွေကို ပြောရရင် စိတ်ဆိုးစရာတွေလည်းရှိ၊ စိတ်မောစရာတွေလည်းရှိ၊ အားမရတာတွေလည်းရှိ၊ ဒေါသဖြစ်စရာတွေလည်းရှိ၊ ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆိုပစ်ချင်တာတွေလည်းရှိ၊ အသိတရားကို အမှီပြုပြီး စိတ်ရှည်ရှည်ထားရမယ်လို့ ခံစားချက်ဖြစ်ရတဲ့ အချိန်တွေလည်းရှိ၊ စသဖြင့် စိတ်အတွေးတွေ အမျိုးမျိုး ဖြစ်နေရပါတယ်။ ဒါပေမဲ့ သေချာတဲ့ အချက်တခုကတော့ ကျနော်ဟာ ကျနော့်ကိုယ်ကို ပညာရှင် (သို့) လေ့လာသူ (သို့) သုတေသနလုပ်သူ (သို့) ဘေးကနေ အခြေအနေကို အကဲခတ်သူအဖြစ် မမြင်ပါဘူး။
ဘာဖြစ်လို့လဲဆိုတော့ ကျနော်က ဒီရေမြေ ဒီနိုင်ငံမှာ မွေးဖွားကြီးပြင်းလာတဲ့ လူတယောက်ဖြစ်လေတော့ ဒီနိုင်ငံမှာ မှီတင်းနေထိုင်တဲ့ ကျနော်တို့ သာမန်ပြည်သူပြည်သားတွေထဲက တဦးလိုပဲ ကိုယ့်ကိုယ်ကို ခံစားမိလို့ ဖြစ်ပါတယ်။ ကျနော်ဟာ တခြားသူတွေလိုပဲ သမရိုးကျ အသက်ရှင်နေထိုင်ဖို့ လုပ်ကိုင်စားသောက်နေရတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံက နိုင်ငံသားတဦးပါ။
နိုင်ငံရေးမှာ ခံစားချက်ကို ရှေ့တန်းမတင်သင့်ဖူးလို့ ပြောကြပါလိမ့်မယ်။ ဒါပေမဲ့ နိုင်ငံရေးဆိုတာဘာလဲ၊ ခံစားချက်ဆိုတာဘာလဲ၊ နိုင်ငံရေးနဲ့ လူတွေရဲ့ ခံစားချက်အကြားမှာ ဘာတွေများ ကွာဟနေလို့လဲ၊ နိုင်ငံရေးဆိုတာ ကျောက်တုံးကျောက်ဆိုင်တွေအတွက် လုပ်တာလား။ သက်ရှိလူသားတွေအတွက် လုပ်တာလားဆိုတာကိုလည်း ပြန်မကြည့်သင့်ဘူးလား။ နိုင်ငံရေးဆိုတာ ဘာလဲဆိုတာကို ကျနော် အတိအကျ မပြောလိုပါ။ ဘာဖြစ်လို့လဲဆိုတော့ လူတိုင်းမှာ နိုင်ငံရေးဆိုတာ ဘာလဲဆိုတာကို ကိုယ့်အဓိပ္ပာယ်နဲ့ကိုယ် ဖွင့်ကြတာမို့ မပြောလိုပါ။ ဒါပေမဲ့ လူရိုးရိုးတဦးအနေနဲ့ ပြောရမယ့် အချက်တွေ ရှိလာပါတယ်။
ကျနော့်အဖွားအိမ် အပါအဝင် အိမ်ပေါင်းမြောက်မြားစွာ အဖျက်ခံခဲ့ရပါတယ်။ ကျနော့်အဖွားအိမ်ကို လမ်းချဲ့မလို့ဆိုပြီး ကိတ်မုန့်လှီးသလို တဝက်တိတိ လှီးဖြတ်သွားတဲ့ အစိုးရကို ကျနော် မကြိုက်ပါ။ ကျနော့်အဖွား အိမ်ကြီးဟာ ခါတိုင်းလို မဟုတ်တော့ဘဲ ထောင်လိုကြီး ဖြစ်ကျန်နေရစ်ပါတယ်။ အဲဒီစိတ်နဲ့ ကျနော့်အဖွား သေဆုံးခဲ့ပါတယ်။ အဲသလို အစိုးရမျိုးကို လေးစားဖို့ဆိုကတော့ ဝေလာဝေးပါ။ အဲဒီနေရာမှာ ဖြစ်လာတဲ့ ကျနော့်ခံစားချက်ကို နိုင်ငံရေးနည်းနာအရ ဦးစားမပေးသင့်ဘူးလို့ တဦးဦးက ပြောလာရင် အဲသလို ပြောလာတဲ့သူက ဘာကို ဦးစားပေးဖို့ အစီအစဉ်ရှိသလဲ။ ကျနော်တို့ အားလုံး သိဖို့ မလိုအပ်ဘူးလား။
ဒီနေရာမှာ နိုင်ငံရေးဗျူဟာကြောင့်၊ နည်းနာကြောင့် သည်းခံပါလို့ ပြောလာမယ့် နိုင်ငံရေးသမား (သို့) ပညာရှင် (သို့) လေ့လာအကဲခတ်သူ ဆိုသူတွေကိုလည်း ကျနော် မကြိုက်နိုင်ပါ။ သူတို့ကို ကျနော်မကြိုက်တာ မှားပါသလား။ သူတို့ကို ကျနော်မကြိုက်လို့ ကျနော့်ကို နိုင်ငံရေးအမြင် တိုလေခြင်းလို့ ဝိုင်းပြောရင်လည်း ကျနော် မမှုပါ။ ကျနော်တို့ နစ်နာနေတာကို၊ နစ်နာခဲ့တာကို ကျနော် ပြောခြင်းသာ ဖြစ်ပါတယ်။ နစ်နာမှုကို ခံစားနေရတဲ့ နိုင်ငံသားတွေကို ခင်ဗျားတို့ နစ်နာနေတာတွေကို သိပါတယ်။ ဒါပေမဲ့ နိုင်ငံရေး နည်းပရိယာယ်အရ အသာထားဦးလို့ ပြောလာရင် တရားပါ့မလား။ မြန်မာလူမျိုး ပညာရှင်ဆိုသူတွေက ဒီစကားမျိုးကို ခဏခဏ ပြောပါတယ်။ ဘာကြောင့်လဲ။
၂ဝဝ၈ ခုနှစ်တုန်းက ရခိုင်ပြည်နယ်မှာ လယ်ဧက ၅ သောင်းကို စစ်အစိုးရက သိမ်းပြီး ဘင်္ဂလားဒေ့ခ်ျက စပါးစိုက်မယ့် ကုမ္ပဏီကို လွှဲပေးလိုက်တော့ ကျနော့်ရင်ထဲမှာ ကျနော့်အဖွားအိမ်ကို စစ်အစိုးရ တဝက်တိတိ လှီးဖြတ်တုန်းက ခံစားချက်မျိုး တဖန် ပြန်ပေါ်လာပါတယ်။ ကျနော့်အဖွား မသေခင် ခံစားရတဲ့ ခံစားချက်မျိုး အဲဒီ ရခိုင်လယ်သမားတွေ ခံစားရမယ်ဆိုတာ ကျနော် တပ်အပ်ပြောနိုင်ပါတယ်။ အဲသလိုပါပဲ၊ မြစ်ဝကျွန်းပေါ်က လယ်သာမားတွေရဲ့ မြေယာဆုံးရှုံးမှု၊ ရှမ်းပြည်က ရှမ်းတွေ အစဉ်အဆက်ပိုင်လာတဲ့ သစ်တောတွေကို မြန်မာစစ်အစိုးရက ခုတ်ယူနေတာတွေ၊ ဒါတွေကို ခံစားရတဲ့ အဲဒီလူတွေ၊ ပြည်ထောင်စု မြန်မာနိုင်ငံသားတွေရဲ့ ခံစားချက်တွေကို ဘယ်သူတွေ နားလည်ပါသလဲ။ နားလည်အောင်လည်း ကြိုးစားပါသလား။ ပညာရှင်ဆိုသူတွေ လေ့လာစောင့်ကြည့်သူတွေ နိုင်ငံရေးပရိယာယ်အရ စောင့်ကြည့်သည်းခံမယ်လို့ ဆိုသူတွေ သူတို့ပြောတဲ့ စကားတွေထဲမှာ အဲသလို နစ်နာနေတာတွေကို တမတ်ဖိုးလောက်တောင် ထည့်ပြောတာ မကြားရသေးပါ။ ဘာကြောင့်လဲ။
အခု မြန်မာနိုင်ငံပြင်ပနဲ့ ပြည်တွင်းထဲမှာ ပါတီထောင်ပြီး ရွေးကောက်ပွဲဝင်မယ့်သူတွေ၊ ပညာရှင်ဆိုသူတွေ၊ တတိယလိုင်းဆိုသူတွေ၊ သည်းခံစိတ်ရှည်ပါဦးလို့ ပြောသူတွေ၊ ဘာမှမရှိတာထက် ရှိတာကို အရင်ယူထားပါဦး ဆိုသူတွေကို ပြန်ကြည့်လိုက်ပါ။ အဲဒီလူတွေဟာ ကျနော့်အဖွားလို၊ ရခိုင်လယ်သမားတွေလို၊ မြစ်ဝကျွန်းပေါ်က စပါးစိုက်တဲ့ တောင်သူတွေလို၊ သစ်တောတွေ အခုတ်ခံရတဲ့ သစ်တောပိုင်ရှင် ရှမ်းအမျိုးသားတွေလို သူတို့ နစ်နာခံစားခဲ့ရတာ မရှိလှပါ။ ရှိရင်လည်း ဒီဂရီ အပြင်းအပျော့ ကွာကောင်းကွာပါလိမ့်မယ်။ ဘာတချက်မှ မနစ်ခဲ့တဲ့၊ မဆုံးရှုံးခဲ့တဲ့ သူတွေက မြန်မာနိုင်ငံသားတွေကို ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအောက်မှာ စိတ်ရှည်ဖို့၊ သည်းခံဖို့၊ သူတို့ နည်းနာတွေကို စောင့်ကြည့်ဖို့ ပြောနေကြပါတယ်။ အဲဒီလို ပြောနေသူ လူတချို့ထဲမှာ ထောင်နှစ်ရှည်လများ အကျခံရပေမယ့် စစ်တပ်ကို စိတ်မနာသူတွေ၊ စိတ်မနာတဲ့အပြင် စစ်တပ်နဲ့ ပေါင်းလုပ်ဖို့ ပြောနေသူတွေ ဒီစာရင်းထဲမှာ ပါဝင်နေပါတယ်။ ကိုယ်ခံထားရတာကိုတောင် အမှတ်သည်းခြေမရှိဘဲ စစ်တပ်နဲ့ ပေါင်းလုပ်ဖို့ ပြောနေသူတွေဟာ တစုံတရာ အကျိုးစီးပွားတခုခု သူတို့အတွက် နောင်မှာ ရှိနေသလားလို့ ပြောရရင် ပြောတဲ့သူ မလွန်ပါ။
တတိယလိုင်းလို့ ဆိုသူတွေ၊ မြန်မာပညာရှင်လို့ ဆိုသူတွေ၊ မြန်မာ့ရေးရာ ကျွမ်းကျင်သူလို့ဆိုသူ မြန်မာနိုင်ငံသားနဲ့ နိုင်ငံခြားသားတချို့၊ အဲဒီလူတွေမှာ တသီးပုဂ္ဂလအရ ဘာတွေနစ်နာခဲ့သလဲ၊ စောကြောဖို့လိုမယ်လို့ ထင်ပါတယ်။ နစ်နာစရာမရှိဘဲ တစုံတရာ အကျိုးအမြတ်တွေ ရှိနေလို့ပဲ အဲဒီလို ပြောတာဖြစ်တယ်လို့ ဆိုရရင် လွန်အံ့မထင်။ အဲဒီလူတွေဟာ မြန်မာပြည်ထဲမှာ၊ သတင်းမီဒီယာ လောကထဲမှာလည်း ပါသလို လူထုအခြေပြု အဖွဲ့အစည်းတွေကိုလည်း ထူထောင်ထားပါတယ်။ စီးပွားရေး အဖွဲ့အစည်း၊ အသင်းအပင်းတွေမှာလည်း ပါဝင်နေကြပါတယ်။ နိုင်ငံရေးပါတီထောင်ပြီး ရွေးကောက်ပွဲလည်း ဝင်ဦးမယ်၊ စစ်တပ်ကို စိတ်ရှည်သည်းခံဖို့လည်း ဆက်တိုက်ပြောနေတာ နားမဆန့်အောင် ကြားနေရပါတယ်။ သူတို့မှာ လူမှုရေး၊ စီးပွားရေး ဘာတခုမှ နစ်နာခဲ့တာ မရှိပါ။ မရှိလို့ ပြောအားကောင်းနေတယ်ဆိုရင်လည်း မမှားပါ။
သူတို့ထဲက တဦးဦးကို အကြောင်းကြောင်းကြောင့် စစ်တပ်က ပက်ပက်စက်စက် လုပ်မှ၊ ဆက်ဆံမှ စစ်တပ်ဆိုတာ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုအတွက် ကြီးမားတဲ့ အနှောင့်အယှက် ဖြစ်တယ်ဆိုတာကို ဝန်ခံကြပါလိမ့်မယ်။ ဒါပေမဲ့ အဲဒီလူတွေကလည်း ပါးနပ်တဲ့အတွက် တော်ရုံတန်ရုံလောက်တော့ စစ်တပ်ရဲ့ ဖိနှိပ်တာကို ခံစားရမယ် မဟုတ်ပါ။ အဲဒီလို ပါးနပ်တဲ့အတွက်လည်း နိုင်ငံကူးလက်မှတ်တွေ ကိုင်ဆောင်ပြီး ထိုင်းနိုင်ငံ အပါအဝင် အနောက်နိုင်ငံတွေကို ခရီးထွက်နေနိုင်တာ မဟုတ်လား။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်ဒီ) ဘယ်ခေါင်းဆောင်ကများ သူတို့လို နိုင်ငံခြား တိုင်းပြည်တွေမှာ ကွန်ဖရင့်တက်ဖို့ ဝင်လိုက်ထွက်လိုက် ခရီးသွားနိုင်ပါသလဲ။ ထိုင်းနိုင်ငံမှာ ရောက်နေတုန်း သတင်းမီဒီယာတွေနဲ့လည်း ထိတွေ့ခွင့် ရပြန်ပါတယ်။ ရန်ကုန်က အန်အယ်ဒီ ခေါင်းဆောင်တွေ သူတို့လို နိုင်ငံခြားထွက်လို့မရပါ။ နိုင်ငံခြားရောက်တုန်း အင်တာဗျူးတွေ လုပ်ခွင့်မရှိပါ။ ခံစားချက်ချင်းက ကွာဟလွန်းလှပါတယ်။ ဘာကြောင့်လဲ။
သူတို့ဘဝမှာ တခါမှ တပဲဖိုး၊ တမတ်ဖိုး လူမှုရေးအရ၊ စီးပွားရေးအရ မနစ်နာခဲ့တဲ့သူတွေက နစ်နာခဲ့သူတွေ၊ နစ်နာနေသူ ပြည်ထောင်စု မြန်မာနိုင်ငံသားတွေကို နိုင်ငံရေးနည်းနာအရ စိတ်ရှည်ဖို့၊ သည်းခံဖို့ ပြောနေတိုက်တွန်းနေတာဟာ ကျင့်ဝတ်အရ မှန်နိုင့်ပါ့မလား။
တဖက်မှာ ပြန်ကြည့်ရင်လည်း နိုင်ငံရေးပါတီထောင်ပြီး ရွေးကောက်ပွဲဝင်မယ့် ပါတီတွေဟာ ပြည်ထောင်စု မြန်မာနိုင်ငံသားတွေကို သူတို့ဘာကြောင့် ရွေးကောက်ပွဲဝင်ရတာကို ဘာတခုမှ ရေရေရာရာ မရှင်းလင်းနိုင်ပါ။ ဘာဖြစ်လို့ ရွေးကောက်ပွဲဝင်သလဲ။ ဆင်းရဲမွဲတေမှုရဲ့ အောက်ဆုံးအထစ်မှာ ရောက်နေတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံသားတွေကို ဆင်းရဲမွဲတေမှုအတွင်းကနေ အဆင့်တခုအထိ လျော့ကျအောင် လုပ်ပေးမယ်လို့လည်း ကတိမပေးပါ။ စုတ်ပြတ်နေတဲ့ ပညာရေးစနစ် ပြန်လည်မြှင့်တင်ပေးဖို့ သူတို့ ရွေးကောက်ပွဲဝင်ရကြောင်းကိုလည်း ပွင့်ပွင့်လင်းလင်း မပြောပါ။ လူ့သက်တမ်း တိုလာနေတဲ့ နိုင်ငံသားတွေ ကျန်းမာရေး ပိုမိုကောင်းလာစေဖို့ သူတို့ ရွေးကောက်ပွဲ ဝင်ရတာပါလို့လည်း မကြေညာပါ။ ဒါဆိုရင် ဘာ့အတွက် ရွေးကောက်ပွဲ ဝင်ကြပါသလဲ။ နောင်မှာ နိုင်ငံရေးစနစ် ပြောင်းလဲဖို့အတွက် ရွေးကောက်ပွဲ ဝင်ရပါတယ်လို့ ပြောတယ်ဆိုရင်၊ နိုင်ငံရေးစနစ်ဆိုတာ နိုင်ငံသားတို့ တိုးတက်ဖွံ့ဖြိုးဖို့အတွက် မဟုတ်ဖူးလားလို့ ပြန်မေးရပါလိမ့်မယ်။ နိုင်ငံရေးစနစ်ဆိုတာ နိုင်ငံရေးစနစ်အတွက်ပဲ ဖြစ်တယ်လို့ ပြောရင်တော့ သူတို့အတွင်းစိတ်ကို ကျနော်တို့ တန်းကနဲ သိမြင်နိုင်ပါတယ်။
တချိန်တုန်းက မြန်မာနိုင်ငံမှာ အနုပညာသမားတွေ၊ စာပေသမားတွေ သူတို့လောကမှာ အငြင်းအခုန်ဖြစ်ခဲ့တာ တခုရှိပါတယ်။ ဘာလဲဆိုတော့ အနုပညာဟာ အနုပညာအတွက်လား (သို့မဟုတ်) အနုပညာဟာ ပြည်သူ့အတွက်လားဆိုတဲ့ ငြင်းခုန်ချက် ဖြစ်ပါတယ်။ အခု ကျနော်တို့ ဆက်ပြီးတွေ့ရမှာကတော့ နိုင်ငံရေးဟာ နိုင်ငံရေးအတွက်လား (သို့မဟုတ်) နိုင်ငံရေးဟာ နိုင်ငံသားတို့အတွက်လားဆိုတဲ့ ငြင်းခုန်ချက် ဖြစ်ပါတယ်။
သေချာတာတခုကတော့ ကိုယ်ချင်းစာ သိနားလည်မှု ဖြစ်ပါတယ်။ တခါမှ မခံရ၊ မနစ်နာတဲ့ သူတွေဟာ ခံနေရတဲ့၊ နစ်နာနေရတဲ့ သူတွေကို ဘယ်တော့မှ ကိုယ်ချင်းစာစိတ်နဲ့ မကြည့်ဘူးဆိုတာပါပဲ။ အထူးသဖြင့် နိုင်ငံရေးဇာတ်ခုံမှာ ဒီအတိုင်း ဖြစ်လေ့ရှိပါတယ်။ ကျနော် အပါအဝင် ပြည်ထောင်စု မြန်မာနိုင်ငံသားတွေ ကိုယ့်အားကိုယ်ကိုးပြီး ဆက်လုပ်ဖို့ပဲ ရှိပါတယ်။
ကိုယ်လုပ်မှ ကိုယ်ဖြစ်မှာ(ဆောင်းပါး); NLD ၏ ရပ်တည်ပုံအသစ် (ဆောင်းပါး) ...
mizzimaburmese မှ
Thursday, April 8, 2010
ကိုယ်လုပ်မှ ကိုယ်ဖြစ်မှာ
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
April
(377)
- ကိုဟန်လင်းတော့ဆုရပြီ ၊ ကျွန်တော်တို့ အာဇာနည်မှ ကို...
- ငရဲက လာသူ ပြာပူ မကြောက်
- အစိတ်သားနဲ့ မ၀ နိုင်တဲ့..ကြံဖွတ် ၀န်ကြီး..သောက်စား...
- ဒီလိုချွတ်လိုက်မှ အမြင်ရှင်းမှာ ... ရွေးကောက်ပွဲဝင...
- ကြံ့ကြံ့ ဖွတ်ဖွတ် ပန်းသိန်းစိန် အရပ်ဝတ်ပေမယ့် ဘောင...
- The Voice Weekly ဂျာနယ် Vol.6/No.25 ဖတ်ရှုနိုင်ပါပြီ
- အားနည်းသူကို ဖြဲခြောက်နေသည့် နအဖ တပ်များ..
- အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှထုတ်ပြန်သော မေဒေးေ...
- နိုင်ငံရေး ပါတီ တည်ထောင်ခွင့် လျှောက်ထားသည့် အဖွဲ့...
- ကြံ့ခိုင်ရေး ပါတီ လာပြီ
- နာဂစ်ကူညီရေး စစ်အစိုးရ ပိတ်ဆို့နေဆဲ
- စစ်အစိုးရ တာဝန်မဲ့မှု NLD နဲ့ ဒေါ်စု တရားစွဲ
- ကွယ်လွန်သွားရှာသူ ကိုမောင်မောင်ငြိမ်း၏ ကိုယ်ရေးအကျ...
- လက်ယားနေသော နစကများ
- ဒေါ်အောင်ဆန်းစုကြည်မှ ရက်ပေါင်း ၆၀ အတွင်းမှတ်ပုံမတင...
- စစ်ဖြစ်မှာစိုးလို့ ၀ တိုင်းရင်းသားတွေ တိမ်းရှောင်
- နူနေကာမှ စွဲတဲ့ ၀ဲ..လဲနေသူကိုမှ ထောင်းရက်တဲ့ သူခို...
- စစ်သားအယောင်ဆောင် လိုင်စင်ရ ပင်လယ် ဒါးမြများ
- ပြည်သူကို မဲမဲ မြင်ရာ ဒုက္ခပေးပြီး..သူ့ ကျ တပ်မတော...
- အတွင်းလှိုက်စား ဂုရုများရဲ့ ကျွေးသောလက် လျက်သောစကား
- လူထုတိုက်ပွဲ ကော်မတီ ၂၀၁၀ (ပို့စကဒ်)
- ဘုန်းကြီးခေါင်းရိုက်ထားသူတွေ သတိထား..လှိုင်ခေါင်းထ...
- အသေခံဗုံးခွဲသူတွေ ပေါ်လာကြပြီ..
- ပြည်တွင်းက ညီအကို မောင်နှမများ အားဆက်လက် ဖြန့်ဝေပေ...
- ကာတွန်းဟန်လေးကို ဆုချပြီ
- ပြည်သူတွေကြောက်အောင် တမင်ခွဲတာ စစ်တပ်ဗုံး..
- မီဒီယာသမားများ ပြည်သူ့ အကျိုးကို ရှေ့ရှုကြပါလို့ြေ...
- တံဆိပ်တပ်တဲ့ ၀ါသနာ…
- လွိုင်ကော် ရဲစခန်း၌ ဗုံးပေါက်ကွဲ၍ လူတဦး သေဆုံး
- လူမသာတွေကို လမ်းထဲ အဝင်မခံတာမျိုး မလုပ်ကြပါနဲ့
- force Labor နေပြည်တော်ဝန်ထမ်းများနဲ့  မဖူလုံတဲ့လစာ
- အင်္ဂပူမြို့နယ်အတွင်း ဗုံးဖောက်ခွဲမှုနှင့် ကျေးရွာအာဏ...
- ပေါချောင်ကောင်း..ဘတ်ထားတဲ့ စာရင်းတွေပြ..ဒါနိုင်ငံသ...
- စစ်ဘိုလူထွက်..ပြောင်ပြောင်၏ မျက်နှာပြောင်ပြောင်ဖြင...
- လူကြားကောင်းရုံ အရေခြုံသီလ..
- အခုမှ ဖုံးမရပေါ်ပြီ
- လစာတိုးဦးမည် မက်လုံးပေး..ဆင်ဖြူတော်ပုံနဲ့ ..စက္ကူစ...
- မြေသြဇာ အဖွဲ့ မှ အထူး ထုတ်ပြန် ကြေငြာချက်
- ငပွကြီး ကယ်ပေလို့ 
- တခါက မြန်မာကျောင်းသားများ၏ လှုပ်ရှားမှု
- ချွန်တွန်း မီဒီယာသမားများ၏ အင်္ကြ
- Nuclear Free Burma ဖေါ်ဆောင်ရေး Signature Campaign ...
- ခွပ်နေကြတဲ့ အိုးမည်းသုတ်ခံ အိမ်ကြက်များ..
- နာဂစ် အမှတ်တရ ဆုတောင်း အမျှဝေ အခမ်းအနား ဖိတ်ကြားလွှာ
- တရားဥပဒေအရ..နအဖကို အရေးယူဖို့ အချိန်တန်ပြီ
- အရှက်မဲ့သူများရဲ့ ဘောင်းဘီချွတ်ပွဲ..
- သန်းရွှေရဲ့ မျက်နှာဖုံး နောက်ကွယ်က..မူရင်း စိတ်အသွင...
- တစီးမှမပိုင် သန်းရွှေ
- ရွေးကောက်ပွဲ ရာသီတွင် မီဒီယာများ နိုင်ငံရေးသမားမျာ...
- သေခြင်ရင် စိန်မစားနဲ့ ကရင်ပြည်ကိုသွား
- ပြည်သူ့ဂုဏ်ရည်ဆုရှင် ဦးကျော်သူနှင့် ဆက်သွယ်ကြစို့
- ပထမအကြိမ် ပြည်သူ့ဂုဏ်ရည် ချီးမြှင့်ဂုဏ်ပြုပွဲတွင် ...
- သန်လျင်ကျောက်တန်းဒေသမှဝါးပင်များအပွင့် ပွင့် နေ
- နိုင်ငံရေးမှုဖြင့် လူငယ် ၇ ဦးကို ရဲက ဖမ်းဆီး
- စက်တင်ဘာလ လှုပ်ရှားမှုတွင် ကိုယ်တိုင် ကိုယ်ကျ ပါဝင် ...
- နိုင်ငံရေးမှုဖြင့် လူငယ် ၇ ဦးကို ရဲက ဖမ်းဆီး
- ပြည်သူ့ ဂုဏ်ရည် ပထမ အကြိမ် ဂုဏ်ပြု အခမ်းအနားက ကိုေ...
- စစ်တွေမှာ ဆန္ဒပြပွဲ အပြီး လျှပ်စစ်မီးပြန်ရ
- Bogyoke Aung Sun graced at Myanma Movie Silver Jub...
- Video Dispatch: Myanmar, China and U.S. Tensions
- ၂၀၁၀ ခုနှစ် ပထမအကြိမ် ပြည်သူ့ဂုဏ်ရည် အဖြစ် မဲဆန္ဒအမ...
- သက်ဆိုင်သူသို့ 
- နအဖ ဘက်မှ ၀တပ်ဖွဲ့ အား တိုက်ပွဲနှစ်ကြိမ် စတင်တိုက်...
- 2100 in 2010: free burma's political prisoners
- မတိတ်ဆိတ်မဲ့ လွတ်လပ်ရေးတေးသံများ
- ဘဘဦးဝင်းတင်ရဲ့ ယုံကြည်ချက်နဲ့ ရည်မှန်းပန်းတိုင်
- လိုင်စင်ရ..ဒါးပြများ..
- စစ်တပ်ရှိတဲ့နေရာ..ဖာရှိတယ်..
- ရာဇဓိရာဇ်ရဲ့ သွေးက..စွေးစွေးနီ..
- “လူထုကို ဘယ်တော့မှ ကျောခိုင်းမသွားပါဘူး”
- မြန်မာဘက်က အဆိုးတွေမလာအောင် အိန္ဒိယ နယ်စပ်တံတိုင်းခ...
- အလံလွင့်နေသလို တံခွန်ထူနေမဲ့ ငါတို့ စိတ်ဓါတ်
- ဒို့ လာပြီ..
- မြန်မာ ကသိတဲ့ မြန်မာ..နဲ့  ကမ္ဘာက မြင်တဲ့ မြန်မာ ဘာ...
- မြန်မာစစ်သားများကြည့်ဖို့ ..
- Voice of Burma April 18 2010
- သူများတွေ ကတော့ စကားစနေပြီ..ရုန်းကြရဖို့ အချိန်တန်တဲ့
- အံမာ မင်း ကျုံကျုံ့ လေးဗျ
- ဘေးလူတွေတောင်ပြောနေရပြီ..သင်ဘယ်သူပါလည်း မြန်မာစစ်သည်။
- မိမိ နိုင်ငံကို မိမိ ကယ်တင်ပေးသင့်သည်။ အသင်.မျိုးခ...
- ပညာသင်ချင် ကောင်းကောင်းသင်..ဂွင်မဆင်နဲ့ 
- နအဖ ၏နောက်ဆုံးလက်နက်များ..ထုတ်သုံးနေခြင်း
- နားလှည့်ပါးရိုက် ..မသိတာလိုက်လို့ 
- တားတားက လှချင်တာတခုထဲပါဗျာ..ဘဘကိုတော့ကြောက်ပါတယ်
- ကိုယ်ကကျုး..ကိုယ့်ဟိုဒင်းတောင်မယုံဘူး..မလာခဲ့ကြနဲ ...
- နိုင်ငံတော်ကို ကာကွယ်မဲ့တပ်မတော် အိပ်ပျော်နေတယ်..
- စိတ်ကြွဆေးဖျော်ရည်နဲ့  ရက်လွန် အဖျော်ရည်ဗူးများ..မ...
- တစ်ပတ် အတွင်း ဗုံးပေါက်ကွဲမှု လေးနေရာ ဖြစ်ပွား
- ရေနံထွက်တဲ့ ဒို့ ပြည်နယ် မီးမလာတာ သပိတ်မှောက်ဟဲ့
- ပြုံးပြုံးလေးနေ..တစ် နှစ် သုံး..ဘုန်း..
- အုံးကနဲ မြည်တိုင်းဗုံးမဟုတ်
- အာဏာရှင်ကြီး-ဗိုလ်နေဝင်း-၏-အတွင်းရေးများ
- တခါးများဖွင့်လှစ် ထားမည်။..NLD
- စတေးခံရသူများ..
- လွတ်လပ်ပြီး ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲ ကျင်းပ...
- သူများရည်းစား ကြောင်တောင်နှိုက်တဲ့ ..မျောက်မသား
- Summaryမြန်မာနှင့် မြောက်ကိုရီးယား ဆက်ဆံရမှာ တာဝန်...
- မြန်မာ့ ရွေးကောက်ပွဲ စည်းရုံးလှုံ့ဆော်မှုများ စတင်
- ကောက်ရိုးပုံစောင့် ခွေး..ငါတို့ မဟုတ် .ငါ့တို့ြေ...
- ဗုံးကွဲမှု ဓာတ်ပုံရိုက်သူများ လွှတ်ပေးရန် မီဒီယာအဖွဲ...
-
▼
April
(377)
No comments:
Post a Comment