ဧရာဝတီ … ကိုကြည်ဝေနှင့် ကိုအောင်ဇော်သို့
ကမာပုလဲ
Monday, April 12, 2010
ခုရက်ပိုင်းမှာ NLD (အမျိုးသား ဒီမိုက်ရေစီအဖွဲ့ချုပ်) အပေါ် ဝေဖန်ချက် သတင်းဆောင်းပါး နှစ်ပုဒ်ကို တပြိုင်နက် ဖတ်လိုက်ရပါတယ်။ ထူးခြားမှုမရှိပေမဲ့ တိုက်တိုက်ဆိုင်ဆိုင်ရှိလှတာက အဲဒီဆောင်းပါးနှစ်ပုဒ်လုံး ဟာ ချင်းမိုင်အခြေဆိုက် ၀က်ဆိုဒ်မီဒီယာ တခုတည်းမှာ ဖေါ်ပြထားတာ ဖြစ်တယ်။ ရေးဟန်ချင်းလည်းဆင်၊ ဆိုလိုချက်ခြင်းလည်းတူ၊ တင်ပြတဲ့နေ့ရက်ကလည်း တရက်တည်းဖြစ်နေတယ်။ မတူတာက ကလောင် အမည်တွေ ဖြစ်ပါတယ်။ တယောက်က ဧရာဝတီ သတင်းဝက်ဆိုဒ်ရဲ့ တာဝန်ခံ အောင်ဇော် ဖြစ်ပြီး တယောက် ကတော့ ကြည်ဝေ လို့ အမည်ခံထားတယ်။
သူတို့ရဲ့ ဆောင်းပါးတွေကို အမည်ဖေါ်ပြရရင် အောင်ဇော်က `NLD မမှားသင့်တာ မှားခဲ့လေ သလား´ ဖြစ်ပြီး ကြည်ဝေ ကတော့ `NLD ၏ နောက်ဆုံးနေ့များ´ တို့ဖြစ်ပါတယ်။ ဆောင်းပါး နှစ်ပုဒ်စလုံးရဲ့ ဆိုလိုရင်းကတော့ နအဖ ရဲ့ ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေအ ရ ပါတီမှတ်ပုံတင်ခြင်းအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မှတ်ပုံမတင်ဘူးဆိုတဲ့ ဆုံးဖြတ်ချက်ကို မ၀ံ့မရဲ မျှော့သွေးစမ်း ဝေဖန် လိုက်တာ ဖြစ်ပါတယ်။ ဆောင်းပါးနှစ်ပုံးစလုံးရဲ့ ရပ်ခံချက်က နအဖရဲ့ ရွေးကောက်ပွဲ ဥပဒေပါ သတ်မှတ်ရက်အတွင်း ပါတီများမှတ် ပုံမတင်ခဲ့ရင် ပါတီ တည်ရှိမှု အလိုလို ပျက်ပျယ်စေရမည် ဆိုတာကို ဖြစ်ပါတယ်။ ဒီတော့ မေလ ၅ ရက်နေ့မှာ သတ်မှတ်ရက်ပြည့်မှာမို့ NLD ပါတီအနေနဲ့ တရားဝင်ပါတီအဖြစ်မှ ပျက်ပျယ်သွားပြီလို့ ဆိုချင်တာပါပဲ။ ဒါဟာ ဆောင်းပါးနှစ်ပုဒ်လုံးရဲ့ တူညီတဲ့ တူရှုချက် လည်းဖြစ်ပါတယ်။ စေတနာအရလည်း `မမှားသင့်တာ မှားခဲ့လေတဲ့ NLD ၏ နောက်ဆုံးနေ့များ´ ဆိုတာကကို ရှင်းပြီး ဖြစ်နေပါတယ်။
နိုင်ငံရေးပါတီများ ရှိခြင်း၊ ပျက်ခြင်း
ဒီနေရာမှာ နိုင်ငံရေးပါတီများ တည်ရှိခြင်း၊ ပျက်သုဉ်းခြင်းနဲ့ ပတ်သက်လို့ ဆောင်းပါးရှင် နှစ်ယောက်စလုံးက န၀တ၊ နအဖ ရဲ့ ဥပဒေ အပေါ်မှာ လုံးလုံးပုံအပ်ထားပါတယ်။ ဆိုလိုတာက နအဖ လက်မခံရင်၊ ဖျက်ရင် ပျက်ရတော့မယ်ပေါ့။ ဒီလိုဆိုရင် န၀တ၊ နအဖက မ ဖျက်ဘဲ ပျက်သွားတဲ့ နိုင်ငံရေးပါတီတွေ အပေါ် ဘယ်လိုသဘောထားမလဲ။ ၈၈၈၈ အရေးတော်ပုံရဲ့ အသီးအပွင့် ၁၉၉၀ ရွေးကောက် ပွဲမတိုင်မီမှာ နိုင်ငံရေးပါတီတွေ ရာနဲ့ချီရှိခဲ့ကြတယ်။ အဲဒီထဲက နအဖက မတရားအသင်း ကြေညာပြီးဖျက်တာ ဘယ်နှစ်ပါတီရှိသလဲ။ အဲဒီ အဖျက်ခံရတဲ့ ပါတီတွေကရော တကယ်ပျက်သွားပြီလို့ ပြောနိုင်ပါသလား။ ထားပါလေ လူထုဘက်က ရပ်တည်တဲ့ နိုင်ငံရေး ပါ တီတွေဟာ ဖိနှိပ်သူအစိုးရ (နောက်ပိုင်းမှာ ရန်သူလို့ပဲရေးပါမယ်။) တည်ထောင်ပေးလို့ ရပ်တည်ရှင်သန်လာတာ မဟုတ်ပါဘူး။ အရေး တော်ပုံတွေနဲ့ လူထုက မွေးဖွားပေးလိုက်တာပါ။ ဒါကြောင့် လူထုထောက်ခံတဲ့၊ အရေးတော်ပုံအဆက်ဆက်မှာ အစဉ်အလာ ရှိခဲ့တဲ့ တိုက်ပွဲဝင် နိုင်ငံရေးပါတီတွေဟာ ရန်သူအစိုးရတွေ ဖျက်တိုင်း မပျက်ပါဘူး။
၁၉၆၂ မှာ ဗိုလ်နေ၀င်းဖျက်ပစ်ခဲ့တဲ့ ကျောင်းသားသမဂ္ဂ၊ ပြည်သူ့တိုးတက်ရေးပါတီ… အစရှိသဖြင့် တို့ဟာ ၈၈၈၈ အရေးတော်ပုံကြီးနဲ့ အရေးတော်ပုံကြီးအပြီးမှာ ဂုဏ်သိက္ခာရှိရှိ လူထုရင်ခွင်ထဲကနေ ပြန်ပေါ်လာတယ်ဆိုတာ သတိချပ်အပ်ပါတယ်။ ခု ဗိုလ်နေ၀င်းရဲ့ မြေး တပည့် ရန်သူ စစ်အုပ်စုက မတရားအသင်းကြေညာကာ ထပ်မံဖျက်သိမ်းထားလို့ မရှိတော့ဘူး နိတ္ထိတံ သွားပြီလို့ ပြောလို့ရမလား။ မ ရပါဘူး။ အဲဒီလို ပြောလို့ရရင် ဗိုလ်နေ၀င်း လည်း နန်းပေါ်က ဆင်းပြေးရမှာမဟုတ်ဘူးပေါ့နော။ သမိုင်းက သူ့ အလုပ်သူလုပ်ပါတယ်။
ဆောင်းပါးရှင် နှစ်ယောက်စလုံးကို ပြောချင်တာက NLD ဟာ ၈၈၈၈ အရေးတော်ပုံကြီးရဲ့ အောင်သီး အောင် ပွင့်ဖြစ်တယ်။ အရေး တော်ပုံကြီးဟာ ဗိုလ်နေ၀င်း၊ န၀တ၊ နအဖ စစ်အုပ်စု အဆက်ဆက်ရဲ့ ဥပဒေအရ ပေါ် ပေါက်လာတာတွေမဟုတ်ဘူးဆိုတာ ရှင်းပြနေ ရင် အတော့်ကိုလည်း ရယ်စရာကောင်းလိမ့်မယ်။ ဆိုတော့ NLD ဟာ လူထုအလိုကျ လူထုဘက်က ရပ်တည်တဲ့ ဒီမိုကရေစီရေး နိုင်ငံ ရေးပါတီကြီးဖြစ်တယ်။ အဲဒီနိုင်ငံရေးပါတီမှာ နိုင်ငံရေးပါတီတို့ရဲ့ အားနည်းချက် အားသာချက်လည်း သဘာဝကျကျရှိမယ်။ အတွေး အခေါ် အယူအဆတွေ၊ လုပ်နည်းလုပ်ဟန်တွေမှာလည်း မတူကွဲပြားတဲ့ အမြင်တွေကို ညှိရ၊ နှိုင်းရ တာတွေလည်းရှိမယ်။ ဖက်ဆစ် ဆန်တဲ့ ရန်သူစစ်အစိုးရရဲ့ စနစ်တကျ ဖိနှိပ်မှုအောက်မှာ သေလောက်အောင် အနာတရရနေတာလည်း ရှိမယ်။ ပါတီတွင်းပြိုကွဲသွား စေနိုင်တဲ့ သပ်လျှို သွေးခွဲမှုတွေကိုလည်း ရင်ဆိုင် ဖြေ ရှင်းကျော်လွှားနေရမယ်။ ဒါဟာ လူထုဘက်က အမှန်အကန် ရပ်တည်လိုတဲ့ စစ် အာဏာရှင်စနစ် အောက် က တိုက်ပွဲဝင်နိုင်ငံရေးပါတီတရပ်ရဲ့ ရင်ဆိုင်ဖြေရှင်းရမယ့် ဘ၀ပြဿနာတွေဖြစ်တယ်။
အဓိကကျတာက ပါတီရဲ့ ရပ်တည်ချက်ပါ။ လူထုအကျိုးစီးပွားဘက်က ရဲရဲရပ်မလား၊ ဖိနှိပ်သူ ရန်သူစစ်အစိုးရ အလိုကျ ရပ်မလား ဆိုတာပါပဲ။ လူထု အကျိုးစီးပွားဘက်ကရပ်ရင် လူထုက တရားဝင်ရပ်တည်နိုင်အောင် တိုက်ပွဲဝင်သွားမှာပါ။ စစ်အုပ်စု အလိုကျရပ်ရင် တော့ ဒီခေတ်က ခွေးကတက်မပြောနဲ့ မြောင်းပုပ် မြောင်းဆွေး ထဲမှာတောင် ကိုယ့်အတွက် နေရာက ခပ်ရှားရှား ပါ။ ဒါကြောင့် NLD ဟာ လူထုအကျိုးစီးပွားဘက်ကရပ်သရွေ့ NLD မပျက်နိုင်ပါ။ ဆိုင်းဘုတ်နဲ့ ပါတီရုံးတွေ မည်ကာမတ္တသာရှိပြီး နိုင်ငံရေးဝိညာဉ် သေ နေတဲ့ ပါတီအဖြစ်မျိုး၊ ရန်သူ့အလိုကျ ရန်သူပြဌာန်းတဲ့ ဥပဒေနဲ့ ပြည်သူကိုဖိနှိပ်အုပ်ချုပ်နေရတဲ့ သမိုင်းတရားခံ နိုင်ငံရေးပါတီဘ၀မျိုး ကို NLD မရွေးချယ်ခဲ့တာ ဖြစ်တယ်။ ဒါဟာ တိုက်ပွဲတရပ်မှာ အဆင့်သစ်တရပ်ကို အောင်မြင်စွာ တက်ရောက် သွားနိုင်ခြင်းလည်း ဖြစ်တယ်။
ဆောင်းပါးရှင် နှစ်ယောက်စလုံးကို နိဂုံးချုပ်ပြောချင်တာက ဆောင်းပါးရှင် နှစ်ယောက်စလုံးဟာ သတင်း ဆောင်းပါးရှင် တွေဖြစ်နေ တာမို့ ဒီကနေ့ NLD ပါတီမှာ ပါတီအပေါ်မှာရော လူထုအပေါ်မှာရော ပြတ်သား တဲ့ရပ်တည်ချက်နဲ့ အကောင်းဆုံးစည်းရုံးလမ်းပြ ခေါ် ဆောင်ပေး နေသူတွေထဲမှာ အဘဦးဝင်တင် (ဟံသာ ၀တီ) ဟာ ထိပ်ဆုံးကပါပါတယ်။ သူဟာ ကမ္ဘာသိ ဂုဏ်သိက္ခာရှိတဲ့ သတင်းသ မားတယောက်လည်းဖြစ်တယ်။ နောက်တယောက်က ပါတီဝင်မဟုတ်ပေမဲ့ ပါတီကိုအကောင်းဆုံး ၀ိုင်းရံပေးနေတဲ့ သတင်းစာဆရာ ကြီး လူထု ဦးစိန်ဝင်း ဖြစ်တယ်။ သူလည်း ကမ္ဘာသိ ဂုဏ်သိက္ခာရှိတဲ့ သတင်းသမားကြီး တယောက်ဖြစ်တယ်။ သူတို့နှစ်ဦးစလုံး လူထု အကျိုးစီးပွားဘက်က ပြတ်ပြတ်သားသား ရပ်တည်ပါတယ်။ ဒါကြောင့် လူထုကလည်း သူတို့ကို အားကိုးယုံကြည်တယ်။ ဒေါ်အောင် ဆန်းစုကြည်၊ ဦးတင်ဦးတို့ကအစ သူတို့ကို လေးစားချစ်ခင် ယုံကြည်တယ် …။ ရှေ့မှာ နိုင်ငံရေးသမားပဲဖြစ်ဖြစ်၊ သတင်းသမားပါ ဆို သူပဲဖြစ်ဖြစ် ရပ်တည်ချက် ယောင်ဝါးလို့မရဘူးဆိုတာ သေချာတယ်။ အညှာအတာကင်းတဲ့ သမိုင်းလမ်းပေါ် လျှောက်နေကြတာမို့ပါ။ ဒါလောက်ပါပဲ …..။
ကမာပုလဲ
၂၀၁၀။
ရည်ညွှန်း။ ။အောင်ဇော်၏ NLD မမှားသင့်တာ မှားခဲ့လေသလား (ဧရာဝတီ Saturday, April 10, 2010)
ကြည်ဝေ၏ NLD ၏ နောက်ဆုံးနေ့များ (ဧရာဝတီ Saturday, April 10, 2010)
http://naytthit.com/
Tuesday, April 13, 2010
သဘာရှိသူတွေ ပညာရှိသူတွေ ဦးဆောင်ပါစေလေ
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
April
(377)
- ကိုဟန်လင်းတော့ဆုရပြီ ၊ ကျွန်တော်တို့ အာဇာနည်မှ ကို...
- ငရဲက လာသူ ပြာပူ မကြောက်
- အစိတ်သားနဲ့ မ၀ နိုင်တဲ့..ကြံဖွတ် ၀န်ကြီး..သောက်စား...
- ဒီလိုချွတ်လိုက်မှ အမြင်ရှင်းမှာ ... ရွေးကောက်ပွဲဝင...
- ကြံ့ကြံ့ ဖွတ်ဖွတ် ပန်းသိန်းစိန် အရပ်ဝတ်ပေမယ့် ဘောင...
- The Voice Weekly ဂျာနယ် Vol.6/No.25 ဖတ်ရှုနိုင်ပါပြီ
- အားနည်းသူကို ဖြဲခြောက်နေသည့် နအဖ တပ်များ..
- အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှထုတ်ပြန်သော မေဒေးေ...
- နိုင်ငံရေး ပါတီ တည်ထောင်ခွင့် လျှောက်ထားသည့် အဖွဲ့...
- ကြံ့ခိုင်ရေး ပါတီ လာပြီ
- နာဂစ်ကူညီရေး စစ်အစိုးရ ပိတ်ဆို့နေဆဲ
- စစ်အစိုးရ တာဝန်မဲ့မှု NLD နဲ့ ဒေါ်စု တရားစွဲ
- ကွယ်လွန်သွားရှာသူ ကိုမောင်မောင်ငြိမ်း၏ ကိုယ်ရေးအကျ...
- လက်ယားနေသော နစကများ
- ဒေါ်အောင်ဆန်းစုကြည်မှ ရက်ပေါင်း ၆၀ အတွင်းမှတ်ပုံမတင...
- စစ်ဖြစ်မှာစိုးလို့ ၀ တိုင်းရင်းသားတွေ တိမ်းရှောင်
- နူနေကာမှ စွဲတဲ့ ၀ဲ..လဲနေသူကိုမှ ထောင်းရက်တဲ့ သူခို...
- စစ်သားအယောင်ဆောင် လိုင်စင်ရ ပင်လယ် ဒါးမြများ
- ပြည်သူကို မဲမဲ မြင်ရာ ဒုက္ခပေးပြီး..သူ့ ကျ တပ်မတော...
- အတွင်းလှိုက်စား ဂုရုများရဲ့ ကျွေးသောလက် လျက်သောစကား
- လူထုတိုက်ပွဲ ကော်မတီ ၂၀၁၀ (ပို့စကဒ်)
- ဘုန်းကြီးခေါင်းရိုက်ထားသူတွေ သတိထား..လှိုင်ခေါင်းထ...
- အသေခံဗုံးခွဲသူတွေ ပေါ်လာကြပြီ..
- ပြည်တွင်းက ညီအကို မောင်နှမများ အားဆက်လက် ဖြန့်ဝေပေ...
- ကာတွန်းဟန်လေးကို ဆုချပြီ
- ပြည်သူတွေကြောက်အောင် တမင်ခွဲတာ စစ်တပ်ဗုံး..
- မီဒီယာသမားများ ပြည်သူ့ အကျိုးကို ရှေ့ရှုကြပါလို့ြေ...
- တံဆိပ်တပ်တဲ့ ၀ါသနာ…
- လွိုင်ကော် ရဲစခန်း၌ ဗုံးပေါက်ကွဲ၍ လူတဦး သေဆုံး
- လူမသာတွေကို လမ်းထဲ အဝင်မခံတာမျိုး မလုပ်ကြပါနဲ့
- force Labor နေပြည်တော်ဝန်ထမ်းများနဲ့  မဖူလုံတဲ့လစာ
- အင်္ဂပူမြို့နယ်အတွင်း ဗုံးဖောက်ခွဲမှုနှင့် ကျေးရွာအာဏ...
- ပေါချောင်ကောင်း..ဘတ်ထားတဲ့ စာရင်းတွေပြ..ဒါနိုင်ငံသ...
- စစ်ဘိုလူထွက်..ပြောင်ပြောင်၏ မျက်နှာပြောင်ပြောင်ဖြင...
- လူကြားကောင်းရုံ အရေခြုံသီလ..
- အခုမှ ဖုံးမရပေါ်ပြီ
- လစာတိုးဦးမည် မက်လုံးပေး..ဆင်ဖြူတော်ပုံနဲ့ ..စက္ကူစ...
- မြေသြဇာ အဖွဲ့ မှ အထူး ထုတ်ပြန် ကြေငြာချက်
- ငပွကြီး ကယ်ပေလို့ 
- တခါက မြန်မာကျောင်းသားများ၏ လှုပ်ရှားမှု
- ချွန်တွန်း မီဒီယာသမားများ၏ အင်္ကြ
- Nuclear Free Burma ဖေါ်ဆောင်ရေး Signature Campaign ...
- ခွပ်နေကြတဲ့ အိုးမည်းသုတ်ခံ အိမ်ကြက်များ..
- နာဂစ် အမှတ်တရ ဆုတောင်း အမျှဝေ အခမ်းအနား ဖိတ်ကြားလွှာ
- တရားဥပဒေအရ..နအဖကို အရေးယူဖို့ အချိန်တန်ပြီ
- အရှက်မဲ့သူများရဲ့ ဘောင်းဘီချွတ်ပွဲ..
- သန်းရွှေရဲ့ မျက်နှာဖုံး နောက်ကွယ်က..မူရင်း စိတ်အသွင...
- တစီးမှမပိုင် သန်းရွှေ
- ရွေးကောက်ပွဲ ရာသီတွင် မီဒီယာများ နိုင်ငံရေးသမားမျာ...
- သေခြင်ရင် စိန်မစားနဲ့ ကရင်ပြည်ကိုသွား
- ပြည်သူ့ဂုဏ်ရည်ဆုရှင် ဦးကျော်သူနှင့် ဆက်သွယ်ကြစို့
- ပထမအကြိမ် ပြည်သူ့ဂုဏ်ရည် ချီးမြှင့်ဂုဏ်ပြုပွဲတွင် ...
- သန်လျင်ကျောက်တန်းဒေသမှဝါးပင်များအပွင့် ပွင့် နေ
- နိုင်ငံရေးမှုဖြင့် လူငယ် ၇ ဦးကို ရဲက ဖမ်းဆီး
- စက်တင်ဘာလ လှုပ်ရှားမှုတွင် ကိုယ်တိုင် ကိုယ်ကျ ပါဝင် ...
- နိုင်ငံရေးမှုဖြင့် လူငယ် ၇ ဦးကို ရဲက ဖမ်းဆီး
- ပြည်သူ့ ဂုဏ်ရည် ပထမ အကြိမ် ဂုဏ်ပြု အခမ်းအနားက ကိုေ...
- စစ်တွေမှာ ဆန္ဒပြပွဲ အပြီး လျှပ်စစ်မီးပြန်ရ
- Bogyoke Aung Sun graced at Myanma Movie Silver Jub...
- Video Dispatch: Myanmar, China and U.S. Tensions
- ၂၀၁၀ ခုနှစ် ပထမအကြိမ် ပြည်သူ့ဂုဏ်ရည် အဖြစ် မဲဆန္ဒအမ...
- သက်ဆိုင်သူသို့ 
- နအဖ ဘက်မှ ၀တပ်ဖွဲ့ အား တိုက်ပွဲနှစ်ကြိမ် စတင်တိုက်...
- 2100 in 2010: free burma's political prisoners
- မတိတ်ဆိတ်မဲ့ လွတ်လပ်ရေးတေးသံများ
- ဘဘဦးဝင်းတင်ရဲ့ ယုံကြည်ချက်နဲ့ ရည်မှန်းပန်းတိုင်
- လိုင်စင်ရ..ဒါးပြများ..
- စစ်တပ်ရှိတဲ့နေရာ..ဖာရှိတယ်..
- ရာဇဓိရာဇ်ရဲ့ သွေးက..စွေးစွေးနီ..
- “လူထုကို ဘယ်တော့မှ ကျောခိုင်းမသွားပါဘူး”
- မြန်မာဘက်က အဆိုးတွေမလာအောင် အိန္ဒိယ နယ်စပ်တံတိုင်းခ...
- အလံလွင့်နေသလို တံခွန်ထူနေမဲ့ ငါတို့ စိတ်ဓါတ်
- ဒို့ လာပြီ..
- မြန်မာ ကသိတဲ့ မြန်မာ..နဲ့  ကမ္ဘာက မြင်တဲ့ မြန်မာ ဘာ...
- မြန်မာစစ်သားများကြည့်ဖို့ ..
- Voice of Burma April 18 2010
- သူများတွေ ကတော့ စကားစနေပြီ..ရုန်းကြရဖို့ အချိန်တန်တဲ့
- အံမာ မင်း ကျုံကျုံ့ လေးဗျ
- ဘေးလူတွေတောင်ပြောနေရပြီ..သင်ဘယ်သူပါလည်း မြန်မာစစ်သည်။
- မိမိ နိုင်ငံကို မိမိ ကယ်တင်ပေးသင့်သည်။ အသင်.မျိုးခ...
- ပညာသင်ချင် ကောင်းကောင်းသင်..ဂွင်မဆင်နဲ့ 
- နအဖ ၏နောက်ဆုံးလက်နက်များ..ထုတ်သုံးနေခြင်း
- နားလှည့်ပါးရိုက် ..မသိတာလိုက်လို့ 
- တားတားက လှချင်တာတခုထဲပါဗျာ..ဘဘကိုတော့ကြောက်ပါတယ်
- ကိုယ်ကကျုး..ကိုယ့်ဟိုဒင်းတောင်မယုံဘူး..မလာခဲ့ကြနဲ ...
- နိုင်ငံတော်ကို ကာကွယ်မဲ့တပ်မတော် အိပ်ပျော်နေတယ်..
- စိတ်ကြွဆေးဖျော်ရည်နဲ့  ရက်လွန် အဖျော်ရည်ဗူးများ..မ...
- တစ်ပတ် အတွင်း ဗုံးပေါက်ကွဲမှု လေးနေရာ ဖြစ်ပွား
- ရေနံထွက်တဲ့ ဒို့ ပြည်နယ် မီးမလာတာ သပိတ်မှောက်ဟဲ့
- ပြုံးပြုံးလေးနေ..တစ် နှစ် သုံး..ဘုန်း..
- အုံးကနဲ မြည်တိုင်းဗုံးမဟုတ်
- အာဏာရှင်ကြီး-ဗိုလ်နေဝင်း-၏-အတွင်းရေးများ
- တခါးများဖွင့်လှစ် ထားမည်။..NLD
- စတေးခံရသူများ..
- လွတ်လပ်ပြီး ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲ ကျင်းပ...
- သူများရည်းစား ကြောင်တောင်နှိုက်တဲ့ ..မျောက်မသား
- Summaryမြန်မာနှင့် မြောက်ကိုရီးယား ဆက်ဆံရမှာ တာဝန်...
- မြန်မာ့ ရွေးကောက်ပွဲ စည်းရုံးလှုံ့ဆော်မှုများ စတင်
- ကောက်ရိုးပုံစောင့် ခွေး..ငါတို့ မဟုတ် .ငါ့တို့ြေ...
- ဗုံးကွဲမှု ဓာတ်ပုံရိုက်သူများ လွှတ်ပေးရန် မီဒီယာအဖွဲ...
-
▼
April
(377)
2 comments:
ကမ္ဘာအင်အားကြီး နိုင်ငံကြီးတွေက သူတို့ထောက်ခံတဲ့ ဒီမိုကရေစီအစိုးရ လုပ်သမျှ အမှန်ပဲဆိုတာ လူ ၂၀ ကျော်သေခဲ့တဲ့ ထိုင်းအရေးအခင်းက သက်သေတည်လိုက်ပါတယ်။
အောက်စဖို့ကျောင်းဆင်း ၀န်ကြီးချုပ်က ရာဘာကျည်ဆန်နဲ့ ပစ်ပါတယ်လို့ ပြောခဲ့တာ ခုတော့ သေမှုသေခင်း ဆရာဝန်တွေက မြန်နှုန်းမြင့်ကျည်ဆန် စစ်စစ်ကလေးတွေပါတဲ့ ခင်ဗျာ။
ဒီတစ်ခါ ဂျပန် သတင်းထောက်တစ်ယောက် အပါအ၀င် လူ ၂၂ ယောက် သေတယ်၊ လူ ၈၀၀ ကျော် ဒဏ်ရာရတယ်။ သို့သော် ရက်စက် ကြမ်းကြုပ်တဲ့ အစိုးရဆိုပြီး တကမ္ဘာလုံးက ပြင်းထန်စွာ ရှုတ်ချတာတို့ လွန်စွာ စိတ်ပျက်မိတာတို့ လြုံ့ခုံရေးကောင်စီခေါ်တာတို့ ဘာသံမှ မကြားရပါ။
အောက်စဖို့ကျောင်းဆင်းဦးစီးတဲ့ ပညာတတ် တွေသာသာ လူသတ်ခွင့်ရှိတယ်ပေါ့။ တရားပါ့ဗျာ။ စစ်အစိုးရက ဆန္ဒပြသူတွေကို အကြမ်းဘက် သူတွေလို့ ပြောတော့ ၀ိုင်းကန့်ကွက် ကြတယ်။ အောက်စဖို့ကျောင်းဆင်း ၀န်ကြီးချုပ်ကလည်း အကြမ်းဘက်သူတွေလို့ ပြောတော့ တစ်ယောက်မှ မကန့်ကွက်ဘူး။ စစ်အစိုးရ ဘက်က ကာကွယ်ပြော လိုရင်းမဟုတ်။ လိုတစ်မျိုး မလို တစ်မျိုး ပြောတတ်တာကို ထောက်ပြလိုရင်း ဖြစ်ပါတယ်။
ကမ္ဘာအင်အားကြီးတွေက ငါတို့နဲ့ပေါင်း ငါတို့လူဖြစ်ရင် ဘာလုပ်လုပ် မသိချင်ယောင် ဆောင်ပေးမယ်။ ငါတို့ကို ဆန့်ကျင်ရင်တော့ လုံးခြုံရေးကောင်စီမှာ စာရင်းဖွင့်ထားမယ်။
ရုပ်ဝတ္တုတွေ အံ့မခန်းတိုးတက်ပြီး ယဉ်ကျေးသယောင် ဟန်ဆောင်ကာ ဘယ်လိုပင် ဖုံးကွယ်နေစေကာမူ အတွင်းသရုပ်မှာတော့ ကမ္ဘာဦးကျောက်ခေတ်ကလိုပဲ အင်အားကြီးသူ လုပ်သမျှ မှန်နေတာပါပဲ။ အင်အားကြီးသူ နိုင်စတမ်းပါပဲ။ အာဖဂန်မှာ အပြစ်မဲ့ပြည်သူတွေကို မှားယွင်း ပစ်ခတ်တယ်။ တောင်းပန်ပါတယ်ဆိုတဲ့ စကားတစ်လုံးနဲ့ ပြီးသွားတယ်။ တရုတ်က မြန်မာ့အရေး လခကမှာ ဆွေးနွေးမယ်ပြောတော့ အာဖဂန်မှာ အရပ်သားတွေ သေတဲ့ကိစ္စ ဆွေးနွေးရမှာလို့ ထောက်ပြတာကို ဒီဘက်နားက၀င် ဟိုဘက်နားက ထွက်သွားတယ်။ ဘယ်သူမှ မှန်တာပေါ့လို့ မပြောဘူး။
ဒါကြောင့် အမေရိကန်ကြီးက သူနောက်လိုက်တွေကို ဒို့လူကလေးများ ဆိုသလေလို့ အော်လိုက်ရင် ဝေလေလေလို့ နောက်ကလိုက်အော်တာကို တကမ္ဘာလုံးက ကန့်ကွက်တယ်ဆိုပြီး ၀မ်းသာအားရ သံယောင်လိုက်သူများ သိစေချင်တာပါ။ ဒီကနေ့ အဖီဆစ် လူသတ်တာ ဆရာကြီးက မသိချင် ယောင်ဆောင်တော့ ဝေလေလေလို့ အော်သံ ထွက်မလာတော့ဘူး။ ကုလဆိုတာကြီးက စက္ကူကျားကြီးဆိုတာ ပိုပေါ်လာပါပြီ။
ဘယ်မှာလဲ တရားမျှတမှုဆိုတာ။
ဗကပ (ကွန်မြူနစ်)များရဲ့ အနီးကပ် သွေးထိုးပေးမှု နိုင်ငံရေး မှိုင်းသွင်းပေးမှု တွေအပေါ်မှာ ဗကပ အတွေးအခေါ် လုပ်ရပ် တွေဖြစ်တဲ့ ငါလုပ်သမျှ မှန်တယ် ငါတကော ဆုံးဖြတ်ချက် များကို ယုံစား လှုပ်ရှားခဲ့ လို့  အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် အခုလို ဖြစ်သွားခဲ့တာပဲ။
Post a Comment