မြန်မာရွေးကောက်ပွဲ ဥပဒေကို ဂျပန်အစိုးရ ဝေဖန်ပြစ်တင်
06 April 2010
မြန်မာစစ်အစိုးရက မတ်လ ပထမပတ်မှာ ထုတ်ပြန်ခဲ့တဲ့ ရွေးကောက်ပွဲ ဥပဒေတွေနဲ့ ပတ်သက်ပြီး၊ အထူးသဖြင့် နိုင်ငံရေးပါတီတွေ မှတ်ပုံတင်ရေး ဥပဒေအရ ကုလသမဂ္ဂနဲ့ နိုင်ငံတကာက တိုက်တွန်းခဲ့သလို လွတ်လပ်ပြီး တရားမျှတဖို့အပြင် သက်ဆိုင်တဲ့ အုပ်စုတွေ အားလုံး ပါဝင်ဖို့ မဖြစ်နိုင်တော့တဲ့အတွက် ဂျပန်အစိုးရ အနေနဲ့ စိတ်ပျက်မိတယ်လို့ ဒီလအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ ဂျပန် သံအမတ်ကြီးက သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။ အပြည့်အစုံကို ဒေါ်လှလှသန်းက တင်ပြပေးထားပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဧပြီလ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူမယ့် ကုလသမဂ္ဂဆိုင်ရာ ဂျပန် သံအမတ်ကြီး ယူကီအို တကဆု (Yukio Takasu) က မြန်မာနိုင်ငံမှာ ဒီနှစ်ကျင်းပမယ့် ရွေးကောက်ပွဲတွေဟာ ဒီမိုကရေစီ ဖော်ဆောင်မှုအတွက် အရေးကြီးပေမဲ့ မြန်မာစစ်အစိုးရက မတ်လ ၈ ရက်နေ့က စတင်ပြီး ကြေညာခဲ့တဲ့ ရွေးကောက်ပွဲ အက်ဥပဒေပါ ကန့်သတ်ချက်တွေကို ပြစ်တင် ဝေဖန်သွားပါတယ်။
“ရွေးကောက်ပွဲ ဥပဒေကို ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း တွေ့ရတာက အဲဒီအထဲမှာ အကျဉ်းကျနေသူ၊ နေအိမ်အကျယ်ချုပ် ကျခံနေရသူ၊ စသည်ဖြင့် ရွေးကောက်ပွဲမှာ ပါဝင်ခွင့် မရှိဘူးလို့ ကန့်သတ် ချုပ်ချယ်မှုတွေ တွေ့နေရပါတယ်။ ဒါကြောင့် ဒီရွေးကောက်ပွဲဟာ အုပ်စုအားလုံးတို့ ပါဝင်နိုင်မယ့် ရွေးကောက်ပွဲ မဟုတ်သလို နိုင်ငံတကာက လက်ခံနိုင်မယ့် အနေအထားလည်း မရှိပါဘူး။”
နိုင်ငံရေးပါတီ မှတ်ပုံတင်ရေး ဥပဒေအရ အကျဉ်းကျ ခံနေရသူ၊ ပြစ်မှုထင်ရှား တွေ့ရှိထားသူနဲ့ အမှုအယူခံ ၀င်ထားဆဲရှိသူတွေ အနေနဲ့ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့် မရှိသလို မှတ်ပုံတင်မယ့် နိုင်ငံရေးပါတီတွေ အနေနဲ့လည်း အကျဉ်းကျ ခံနေရသူတွေကို နိုင်ငံရေး ပါတီဝင်တွေ အဖြစ်မှ ထုတ်ပယ်ရမှာ ဖြစ်ပါတယ်။
ဒီဥပဒေဟာ နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေကို အထူးသဖြင့် ပစ်မှတ်ထားတယ်လို့ အများက ထောက်ပြခဲ့ကြပါတယ်။
အလားတူပဲ ဂျပန်အစိုးရ အနေနဲ့လည်း ဒီဥပဒေနဲ့ ပတ်သက်လို့ စိတ်ပျက်မိတယ်လို့ သံအမတ်ကြီးက ပြောပါတယ်။
“ဂျပန်အစိုးရရဲ့ သဘောထားကတော့ အခုလို ကြေညာချက်ကြောင့် သိပ်ကို စိတ်ပျက်ရပါတယ်။ ကျနော်တို့ အစိုးရ အနေနဲ့ မြန်မာစစ်အစိုးရ အဆင့်မြင့်ပိုင်းနဲ့ နီးနီးကပ်ကပ် စကားပြောဆိုခဲ့တာ ဖြစ်ပြီးတော့ လာမယ့် ရွေးကောက်ပွဲကြီးဟာ လွတ်လပ်ပြီး တရားမျှတရုံမက အုပ်စုအားလုံးတို့ ပါဝင်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားတာ ဖြစ်ပါတယ်။
“ရွေးကောက်ပွဲမှာ ပါဝင်မယ်၊ မပါဝင်ဘူး ဆိုတာက နိုင်ငံသားတွေရဲ့ ရွေးချယ်ပိုင်ခွင့်ပါ။ ဒါပေမဲ့ အခု စည်းကမ်းသတ်မှတ်ချက်တွေ အရ ၀င်ပြီး ပါချင်တောင်မှ ပါခွင့် မရကြတော့ပါဘူး။ ဒါကြောင့် အုပ်စုအားလုံးတို့ ပါဝင်ခွင့်ရတယ်လို့ မဆိုနိုင်ပါဘူး။ ဂျပန်အစိုးရ အနေနဲ့ ဒါကို သိပ်စိတ်ပျက်ရပါတယ်။”
ရွေးကောက်ပွဲမှာ အုပ်စုအားလုံးတို့ ပါဝင်ခွင့်ရဖို့ မြန်မာစစ်အစိုးရကို ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာရဲ့ တိုက်တွန်းချက် အနှစ်သာရနဲ့ ပတ်သက်လို့လည်း သံအမတ်ကြီးက အခုလို ရှင်းပြခဲ့ပါတယ်။
“အုပ်စုအားလုံးတို့ ပါဝင်ခွင့်ရတယ် ဆိုတာက ပါဝင်လိုသူတွေကို ရွေးကောက်ပွဲမှာ ပါဝင်ခွင့် ပေးရပါမယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုပဲ ဖြစ်ဖြစ်၊ ဘယ် တခြား မြန်မာနိုင်ငံသားကိုပဲ ဖြစ်ဖြစ်၊ သူတို့ ၀င်ပြီး ရွေးချယ်ခံမယ်၊ ရွေးချယ်မခံဘူး ဆိုတာက သူတို့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ဖြစ်သင့်ပါတယ်။ လွတ်လပ်မှုလည်း ရှိရပါမယ်။ ဒါပေမဲ့လည်း ဥပဒေနဲ့ ငြိစွန်းနေတယ်ဆိုတဲ့ သတ်မှတ်ချက်ကြောင့် သူတို့ ရွေးကောက်ပွဲကို ၀င်ချင်တောင်မှ ၀င်ခွင့် မရကြပါဘူး။ ဒါကြောင့် ဒီရွေးကောက်ပွဲမှာ အုပ်စုအားလုံးတို့ ပါဝင်ခွင့် ရကြတယ်လို့ မဆိုနိုင်ပါဘူး။ ဒါကြောင့် ဂျပန်အစိုးရ အနေနဲ့ သိပ်ကို စိတ်ပျက်ရပါတယ်။”
တချိန်တည်းမှာပဲ နိုင်ငံရေးပါတီတွေ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေပါ မတရားတဲ့ အချက်အလက်တွေကို မြန်မာစစ်အစိုးရဘက်က ပြင်ဆင် ညှိနှိုင်းပေးဖို့ သံအမတ်ကြီး ယူကီအို တကဆုက ဂျပန်နိုင်ငံ အနေနဲ့ ဖိအားပေးဆဲ ရှိတယ်လို့ ပြောပါတယ်။
“NLD ရွေးကောက်ပွဲမှာ မပါဝင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ နိုင်ငံရေး ပါတီတွေ မှတ်ပုံတင်ဖို့ အချိန်ကာလ ရက်တွေ ကျန်နေပါသေးတယ်။ မေလဆန်းပိုင်း အထိပါ။ ဒါကြောင့် ဂျပန်အစိုးရဘက်က မြန်မာစစ်အစိုးရကို ဆက်ပြီး ဖိအားပေးနေဆဲ ဖြစ်ပါတယ်။ အုပ်စုအားလုံးတို့ ပါဝင်ခွင့် ရနိုင်မယ့် အခြေအနေ အာမခံချက်တွေ ရရှိအောင် လုပ်ဆောင်ပေးဖို့ တိုက်တွန်းနေဆဲပါ။ ပါတီတွေ မှတ်ပုံတင်ဖို့ ရက်တွေက ကျန်နေပါသေးတယ်။”
ဂျပန် နိုင်ငံခြားရေးဝန်ကြီး ကတ်ဆုယာ အိုကာဒါ (Katsuya Okada) အနေနဲ့ မြန်မာစစ်အစိုးရ အဆင့်မြင့်ပိုင်းနဲ့ရော၊ ကုလသမဂ္ဂနဲ့ရော ဂျပန်နိုင်ငံရဲ့ သဘောထားကို ထုတ်ဖော် အသိပေးခဲ့ပြီး ဖြစ်တယ်လို့လည်း သံအမတ်ကြီးက ပြောပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် တခြား ပါဝင်ယှဉ်ပြိုင်လိုသူတွေကို မြန်မာစစ်အစိုးရက ရွေးကောက်ပွဲမှာ ပါဝင်ခွင့် မပြုဘူးဆိုရင် မြန်မာနိုင်ငံကို ပေးနေတဲ့ ငွေကြေး အထောက်အကူတွေကိုလည်း ထပ်မပေးတော့ဘူးလို့ ဂျပန် နိုင်ငံခြားရေးဝန်ကြီး ကတ်ဆုယာ အိုကာဒါက ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလှမြင့်အပြင် သတင်းမီဒီယာတွေကိုလည်း ပြောပြခဲ့တာ ဖြစ်ပါတယ်။
လုံခြုံရေးကောင်စီ အနေနဲ့ကတော့ မတ်လတုန်းက မြန်မာနိုင်ငံရေး ပြဿနာကို အဖြေရှာဖို့ အလွတ်သဘော ဆွေးနွေးခဲ့သလို အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (Mr. Ban Ki-moon) ရဲ့ မြန်မာ့အရေး မိတ်ဆွေများ တံခါးပိတ် အစည်းအဝေးပွဲကိုလည်း ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလ လုံခြုံရေးကောင်စီမှာတော့ မြန်မာ့အရေး ဆွေးနွေးဖို့ အစီအစဉ် မရှိသေးဘူးလို့ သံအမတ်ကြီး တကဆုက ပြောပါတယ်။
http://www.voanews.com/burmese/2010-04-06-voa8.cfm
Tuesday, April 6, 2010
ရွေးကောက်ပွဲလား..ခွေးမြှောက်ပွဲလား..
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
April
(377)
- ကိုဟန်လင်းတော့ဆုရပြီ ၊ ကျွန်တော်တို့ အာဇာနည်မှ ကို...
- ငရဲက လာသူ ပြာပူ မကြောက်
- အစိတ်သားနဲ့ မ၀ နိုင်တဲ့..ကြံဖွတ် ၀န်ကြီး..သောက်စား...
- ဒီလိုချွတ်လိုက်မှ အမြင်ရှင်းမှာ ... ရွေးကောက်ပွဲဝင...
- ကြံ့ကြံ့ ဖွတ်ဖွတ် ပန်းသိန်းစိန် အရပ်ဝတ်ပေမယ့် ဘောင...
- The Voice Weekly ဂျာနယ် Vol.6/No.25 ဖတ်ရှုနိုင်ပါပြီ
- အားနည်းသူကို ဖြဲခြောက်နေသည့် နအဖ တပ်များ..
- အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှထုတ်ပြန်သော မေဒေးေ...
- နိုင်ငံရေး ပါတီ တည်ထောင်ခွင့် လျှောက်ထားသည့် အဖွဲ့...
- ကြံ့ခိုင်ရေး ပါတီ လာပြီ
- နာဂစ်ကူညီရေး စစ်အစိုးရ ပိတ်ဆို့နေဆဲ
- စစ်အစိုးရ တာဝန်မဲ့မှု NLD နဲ့ ဒေါ်စု တရားစွဲ
- ကွယ်လွန်သွားရှာသူ ကိုမောင်မောင်ငြိမ်း၏ ကိုယ်ရေးအကျ...
- လက်ယားနေသော နစကများ
- ဒေါ်အောင်ဆန်းစုကြည်မှ ရက်ပေါင်း ၆၀ အတွင်းမှတ်ပုံမတင...
- စစ်ဖြစ်မှာစိုးလို့ ၀ တိုင်းရင်းသားတွေ တိမ်းရှောင်
- နူနေကာမှ စွဲတဲ့ ၀ဲ..လဲနေသူကိုမှ ထောင်းရက်တဲ့ သူခို...
- စစ်သားအယောင်ဆောင် လိုင်စင်ရ ပင်လယ် ဒါးမြများ
- ပြည်သူကို မဲမဲ မြင်ရာ ဒုက္ခပေးပြီး..သူ့ ကျ တပ်မတော...
- အတွင်းလှိုက်စား ဂုရုများရဲ့ ကျွေးသောလက် လျက်သောစကား
- လူထုတိုက်ပွဲ ကော်မတီ ၂၀၁၀ (ပို့စကဒ်)
- ဘုန်းကြီးခေါင်းရိုက်ထားသူတွေ သတိထား..လှိုင်ခေါင်းထ...
- အသေခံဗုံးခွဲသူတွေ ပေါ်လာကြပြီ..
- ပြည်တွင်းက ညီအကို မောင်နှမများ အားဆက်လက် ဖြန့်ဝေပေ...
- ကာတွန်းဟန်လေးကို ဆုချပြီ
- ပြည်သူတွေကြောက်အောင် တမင်ခွဲတာ စစ်တပ်ဗုံး..
- မီဒီယာသမားများ ပြည်သူ့ အကျိုးကို ရှေ့ရှုကြပါလို့ြေ...
- တံဆိပ်တပ်တဲ့ ၀ါသနာ…
- လွိုင်ကော် ရဲစခန်း၌ ဗုံးပေါက်ကွဲ၍ လူတဦး သေဆုံး
- လူမသာတွေကို လမ်းထဲ အဝင်မခံတာမျိုး မလုပ်ကြပါနဲ့
- force Labor နေပြည်တော်ဝန်ထမ်းများနဲ့  မဖူလုံတဲ့လစာ
- အင်္ဂပူမြို့နယ်အတွင်း ဗုံးဖောက်ခွဲမှုနှင့် ကျေးရွာအာဏ...
- ပေါချောင်ကောင်း..ဘတ်ထားတဲ့ စာရင်းတွေပြ..ဒါနိုင်ငံသ...
- စစ်ဘိုလူထွက်..ပြောင်ပြောင်၏ မျက်နှာပြောင်ပြောင်ဖြင...
- လူကြားကောင်းရုံ အရေခြုံသီလ..
- အခုမှ ဖုံးမရပေါ်ပြီ
- လစာတိုးဦးမည် မက်လုံးပေး..ဆင်ဖြူတော်ပုံနဲ့ ..စက္ကူစ...
- မြေသြဇာ အဖွဲ့ မှ အထူး ထုတ်ပြန် ကြေငြာချက်
- ငပွကြီး ကယ်ပေလို့ 
- တခါက မြန်မာကျောင်းသားများ၏ လှုပ်ရှားမှု
- ချွန်တွန်း မီဒီယာသမားများ၏ အင်္ကြ
- Nuclear Free Burma ဖေါ်ဆောင်ရေး Signature Campaign ...
- ခွပ်နေကြတဲ့ အိုးမည်းသုတ်ခံ အိမ်ကြက်များ..
- နာဂစ် အမှတ်တရ ဆုတောင်း အမျှဝေ အခမ်းအနား ဖိတ်ကြားလွှာ
- တရားဥပဒေအရ..နအဖကို အရေးယူဖို့ အချိန်တန်ပြီ
- အရှက်မဲ့သူများရဲ့ ဘောင်းဘီချွတ်ပွဲ..
- သန်းရွှေရဲ့ မျက်နှာဖုံး နောက်ကွယ်က..မူရင်း စိတ်အသွင...
- တစီးမှမပိုင် သန်းရွှေ
- ရွေးကောက်ပွဲ ရာသီတွင် မီဒီယာများ နိုင်ငံရေးသမားမျာ...
- သေခြင်ရင် စိန်မစားနဲ့ ကရင်ပြည်ကိုသွား
- ပြည်သူ့ဂုဏ်ရည်ဆုရှင် ဦးကျော်သူနှင့် ဆက်သွယ်ကြစို့
- ပထမအကြိမ် ပြည်သူ့ဂုဏ်ရည် ချီးမြှင့်ဂုဏ်ပြုပွဲတွင် ...
- သန်လျင်ကျောက်တန်းဒေသမှဝါးပင်များအပွင့် ပွင့် နေ
- နိုင်ငံရေးမှုဖြင့် လူငယ် ၇ ဦးကို ရဲက ဖမ်းဆီး
- စက်တင်ဘာလ လှုပ်ရှားမှုတွင် ကိုယ်တိုင် ကိုယ်ကျ ပါဝင် ...
- နိုင်ငံရေးမှုဖြင့် လူငယ် ၇ ဦးကို ရဲက ဖမ်းဆီး
- ပြည်သူ့ ဂုဏ်ရည် ပထမ အကြိမ် ဂုဏ်ပြု အခမ်းအနားက ကိုေ...
- စစ်တွေမှာ ဆန္ဒပြပွဲ အပြီး လျှပ်စစ်မီးပြန်ရ
- Bogyoke Aung Sun graced at Myanma Movie Silver Jub...
- Video Dispatch: Myanmar, China and U.S. Tensions
- ၂၀၁၀ ခုနှစ် ပထမအကြိမ် ပြည်သူ့ဂုဏ်ရည် အဖြစ် မဲဆန္ဒအမ...
- သက်ဆိုင်သူသို့ 
- နအဖ ဘက်မှ ၀တပ်ဖွဲ့ အား တိုက်ပွဲနှစ်ကြိမ် စတင်တိုက်...
- 2100 in 2010: free burma's political prisoners
- မတိတ်ဆိတ်မဲ့ လွတ်လပ်ရေးတေးသံများ
- ဘဘဦးဝင်းတင်ရဲ့ ယုံကြည်ချက်နဲ့ ရည်မှန်းပန်းတိုင်
- လိုင်စင်ရ..ဒါးပြများ..
- စစ်တပ်ရှိတဲ့နေရာ..ဖာရှိတယ်..
- ရာဇဓိရာဇ်ရဲ့ သွေးက..စွေးစွေးနီ..
- “လူထုကို ဘယ်တော့မှ ကျောခိုင်းမသွားပါဘူး”
- မြန်မာဘက်က အဆိုးတွေမလာအောင် အိန္ဒိယ နယ်စပ်တံတိုင်းခ...
- အလံလွင့်နေသလို တံခွန်ထူနေမဲ့ ငါတို့ စိတ်ဓါတ်
- ဒို့ လာပြီ..
- မြန်မာ ကသိတဲ့ မြန်မာ..နဲ့  ကမ္ဘာက မြင်တဲ့ မြန်မာ ဘာ...
- မြန်မာစစ်သားများကြည့်ဖို့ ..
- Voice of Burma April 18 2010
- သူများတွေ ကတော့ စကားစနေပြီ..ရုန်းကြရဖို့ အချိန်တန်တဲ့
- အံမာ မင်း ကျုံကျုံ့ လေးဗျ
- ဘေးလူတွေတောင်ပြောနေရပြီ..သင်ဘယ်သူပါလည်း မြန်မာစစ်သည်။
- မိမိ နိုင်ငံကို မိမိ ကယ်တင်ပေးသင့်သည်။ အသင်.မျိုးခ...
- ပညာသင်ချင် ကောင်းကောင်းသင်..ဂွင်မဆင်နဲ့ 
- နအဖ ၏နောက်ဆုံးလက်နက်များ..ထုတ်သုံးနေခြင်း
- နားလှည့်ပါးရိုက် ..မသိတာလိုက်လို့ 
- တားတားက လှချင်တာတခုထဲပါဗျာ..ဘဘကိုတော့ကြောက်ပါတယ်
- ကိုယ်ကကျုး..ကိုယ့်ဟိုဒင်းတောင်မယုံဘူး..မလာခဲ့ကြနဲ ...
- နိုင်ငံတော်ကို ကာကွယ်မဲ့တပ်မတော် အိပ်ပျော်နေတယ်..
- စိတ်ကြွဆေးဖျော်ရည်နဲ့  ရက်လွန် အဖျော်ရည်ဗူးများ..မ...
- တစ်ပတ် အတွင်း ဗုံးပေါက်ကွဲမှု လေးနေရာ ဖြစ်ပွား
- ရေနံထွက်တဲ့ ဒို့ ပြည်နယ် မီးမလာတာ သပိတ်မှောက်ဟဲ့
- ပြုံးပြုံးလေးနေ..တစ် နှစ် သုံး..ဘုန်း..
- အုံးကနဲ မြည်တိုင်းဗုံးမဟုတ်
- အာဏာရှင်ကြီး-ဗိုလ်နေဝင်း-၏-အတွင်းရေးများ
- တခါးများဖွင့်လှစ် ထားမည်။..NLD
- စတေးခံရသူများ..
- လွတ်လပ်ပြီး ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲ ကျင်းပ...
- သူများရည်းစား ကြောင်တောင်နှိုက်တဲ့ ..မျောက်မသား
- Summaryမြန်မာနှင့် မြောက်ကိုရီးယား ဆက်ဆံရမှာ တာဝန်...
- မြန်မာ့ ရွေးကောက်ပွဲ စည်းရုံးလှုံ့ဆော်မှုများ စတင်
- ကောက်ရိုးပုံစောင့် ခွေး..ငါတို့ မဟုတ် .ငါ့တို့ြေ...
- ဗုံးကွဲမှု ဓာတ်ပုံရိုက်သူများ လွှတ်ပေးရန် မီဒီယာအဖွဲ...
-
▼
April
(377)
4 comments:
မြန်မာ
ပြည်ထောင်စု မြန်မာနိုင်ငံ ရေမြေ တောတောင်တွေမှာ ရှေးဟောင်း သုတေသန တူးဖော် တွေ့ရှိချက်တွေ အရ ရှေးနှစ်သန်းပေါင်း များစွာကတည်းက လူတွေ ရှိနေခဲ့ကြပါတယ်၊ ပရိုင်းမိတ်တွေ ကျောက်ဖြစ်ရုပ်ကြွင်း သမိုင်း အထောက် အထားတွေ သာမက မျက်မြင် ဒိဋ္ဌ မြင်တွေ့နေကြရတဲ့ လူ့ယဉ်ကျေးမှု အမွေအနှစ်တွေဟာ မြန်မာတို့ရဲ့ ဗီဇနဲ့ အဖိုးထိုက် အမွေတွေပါ၊ ဒါတွေကို လျစ်လျူရှု၊ အရိုင်းအစိုင်းတွေ ပုံစံသွင်းချင်ပြီး "ငါနဲ့တူမှ လူ"လို့ လေဖန်း ဒန်းစီးနေတဲ့ အနောက်တိုင်း ယဉ်ကျေးမှု စရိုက်ထဲ မရမက ဆွဲသွင်းနေတာမှန်း သိလျက်နဲ့ လက်တို့ပြီး ချောက်ချ နေတာ လွန်လွန်းလာပါပြီ။
"မနှစ်မြို့တာကို မစင်လို ရွံပါ"လို့ ဆုံးမတတ်တဲ့ မြန်မာ လူ့ယဉ်ကျေးမှုထဲကို လူရှေ့မရှောင် သူရှေ့မရှောင် မသန့်မစင်လို့ မြန်မာတွေ ထင်ထားတာ များကိုမှ စုံစုံမက်မက် နှစ်လိုတတ်တဲ့ အရိုင်းဇာတ်မျိုး ထဲဝင်အောင် မစင်ထဲနေခဲ့ဘူးတဲ့ လောက်တစ်ကောင်ရဲ့ လမ်းပြတာဘဲလို့ အများက ထင်မှာ မစိုးရိမ်ဘူးလားဗျာ . . ။
ကျွန်တော်တို့ နိုင်ငံရဲ့ သမိုင်း အစဉ်အလာ၊ ယဉ်ကျေးမှု အစဉ်အလာတွေ အရ တစ်ဦးနဲ့ တစ်ဦး ချစ်ခင်မြတ်နိုး ရိုင်းပင်း ကူညီတတ်တယ်၊ တစ်ဂူတည်း အောင်းပြီး ပေါင်းစည်း ကြီးထွားလာတဲ့ ခြင်္သေ့ ညီအစ်ကို မောင်နှမ တွေလို မဟုတ်မခံ စုစည်း တုန့်ပြန် တတ်တာကို သိစေလိုပါတယ်။
ကျွန်တော်တို့ ဘာကို ယှဉ်ပြိုင်ယှဉ်ပြိုင် "သူနိုင်ကိုယ်နိုင်"၊ "အနိုင်မခံ အရုံးမပေး" တဲ့ စိတ်ဓာတ်တွေ၊ "လှေခွက် ချည်းကျန် အလံမလှဲ" တဲ့ စိတ်ဓာတ်တွေ၊ "တုံးတိုက်တိုက် ကျားကိုက်ကိုက်" စိတ်ဓာတ်တွေနဲ့သာ ကြမ်းတမ်းတဲ့ ရာဇဝင်မှာ မော်ကွန်းတင်ခဲ့တာ ချည်းပဲ ဆိုတာ မေ့မသွားပါနဲ့ဦး။ အခုတော့ ပြိုင်ပွဲမဝင်ခင် တားတဲ့ စိတ်ဓာတ် ကိုက "သူသေကိုယ်ရှင်" ပြိုင်ပွဲ ဝင်မယ်တဲ့၊ ကောင်းကြရော . . . ။
ရေငုံနှုတ်ပိတ် ဆိတ်ဆိတ် နေတိုင်း နွားကျသကွာလို့ အားရအောင် မဟိန်းဟောက်ပါနဲ့ဦး၊ ပြန်ပြီးတော့လေ သတိ ပေးချင်တာက "အမှတ်ရလေ သိသိနေ" ဘို့ ပါဘဲ။
အစက ပြန်စရင် စိတ်မရှည်ကြ တော့ဘူး။ တကယ်တော့ အစရှိလို့ အဆုံးရှိမှာ ဓမ္မတာ ပါဘဲ။ မြန်မာ့သမိုင်းဘဲ ဖြစ်ဖြစ် ကမ္ဘာ့သမိုင်းဘဲ ဖြစ်ဖြစ် Might is Right ပါဘဲ။ စွမ်းအားသာလျှင် အမှန်တရား ပါဘဲ၊ သေနတ် မပေါ်ခင်က ဓါးမိုး အုပ်ချုပ်ခဲ့ကြတာ ချည်းပါပဲ၊ လူတွေက ယဉ်ကျေးလာတယ် ဆိုတာကို အရေခြုံပြီး အမည် အခေါ်အဝေါ်တွေ အမျိုးမျိုး မှည့်ခေါ် သမိုင်း ရေးခဲ့ကြပေမယ့် အဆုံးအဖြတ် ပေးနေဆဲကတော့ စွမ်းအား ပါဘဲ၊ အမေရိကန်တို့ ဆိုဗီယက်တို့ စွမ်းအားချင်း ယှဉ်ပြိုင် သူနိုင်ကိုယ်နိုင် အင်အား ချိန်ခွင်လျှာ ညှိနေဆဲ အချိန်တုန်းက ဘယ်သူကမျှ ကျောသပ်ပြီး ကမ္ဘာ့ အစီအစဉ် (World Order) မဆွဲခဲ့ကြ ပါဘူး။ အနှိုင်းမဲ့ စူပါကြီး လက်ထက် ရောက်တော့ရော အဖျက်စွမ်းအား ကြီးတဲ့ လက်နက်တွေ နဲ့ဘဲ အကြမ်းဖက် ဝါဒ အကြောင်းပြ၊ အမှုံ အညက် ကျေအောင် ချေနေကြတာကိုတော့ တရားဥပဒေ နဲ့ညီတဲ့ New World Order ကမ္ဘာ့အစီအစဉ်သစ် အဖြစ် ဟစ်ကြွေးကြ တော့တာ ပါဘဲ။
တကယ်တော့လည်း အစဉ်းသိတွေပါ၊ ဂျပန်က မြန်မာတွေ ဒီမိုကရေစီ နည်းလမ်းမကျလို့ ရွေးကောက်ပွဲ ဥပဒေတွေ မမျှတလို့ ကူညီနေတာတွေ မကူညီတော့ ပါဘူးတဲ့၊ အကူအညီတွေ ရပ်လိုက်ရမလားတဲ့၊ ဟိန်းဟောက် ပြနေတယ်။ တကယ်သာ ရှက်တတ်ခဲ့ပါလား၊ အာရှနဲ့ အရှေ့တောင် အာရှ မြန်မာပြည် အပါအ၀င် နိုင်ငံအများကို ရှေးဟောင်း အမွေအနှစ်တွေ ဖျက်ဆီးခဲ့တာတွေ၊ သားမယားတွေကို ဂေရှားမယ် အဖြစ်နဲ့ စွမ်းအားရှိလာတဲ့ သမိုင်းခေတ်တိုင်း စော်ကားပြခဲ့တဲ့ မုဒိန်းကောင် သူခိုးဓါးပြတွေက အခုမှ လူလူဟစ်ပြ နေတာလား၊ သမိုင်းကြွေးတောင် ကျေအောင် ဆပ်ပါဦး၊ (ဒုတိယကမ္ဘာစစ် မတိုင်ခင်က အကြွေးတွေမပါ) ကိုယ့်နိုင်ငံရဲ့ ဘ၀တောင် ကိုယ်မသေချာ မရေရာနဲ့၊ ခရုခွံထဲ ၀င်နေရတဲ့ ၀င်ကစွပ်က ဘေးနားက ကြိမ်သံကြားတာနဲ့ ထ ထ အော်နေတာ၊ မိုးဦးကျဖားလို မီးခွက်နဲ့ တုတ်စာ စောင့်နေဖို့ သတိပေးလိုက်ပါရဲ့။
အင်္ဂုလိမာလလို တစ်ယောက်တည်း မမိုက်ရဲလို့ EU ကို ရှေ့တန်းတင် မဟာမိတ် တန်းဝင်မဲ့ ပင်လယ်ဓါးပြဟောင်း အပေါင်းကလဲ ဟန်ရေးပြ နေလိုက်ကြတာ၊ ဆာဝီလျံဆလင်းရဲ့ "Defeat Into Vitroy" ကိုယ်တိုင်ရေး စာအုပ်ကို ပြန်ဖတ်ကြပါဦး၊ ဖက်ဆစ်တွေရော မဟာမိတ် တွေရော သေသွားတဲ့ သူတွေ အခုထိ ကျွတ်တမ်း မဝင်သေးပါဘူး၊ ဒါတွေကို "အမှတ်ရလေ သိသိနေရင်" ကြက်သီး ထစရာ မြေပြင်ဆိုတာ မြန်မာ မြေပြင် ပါလား မှတ်မိမှာပေါ့၊ လှမ်းလာရဲ ပါဦးမှာလား မေးလိုက်ချင် စမ်းပါဘိ။
အမှတ်ရလေ သိသိနေ
ပေါ်လစ်တီကယ်ဟီးရိုးကြီး
အမှတ်ရလျက် . . . သတိရလျက် . . . သိသိနေပါက ဒုက္ခအပေါင်း ချုပ်ငြိမ်းရာ အမှန် မြတ်နိဗ္ဗာန်သို့ ဧကန် ရောက်၏လို့ မြတ်စွာဘုရားက ဟောကြားခဲ့ပါတယ်။
အတိတ်က အကြောင်းတွေကို တွေး ဒေါသလှိုင်းတွေ တစ်ဖွေးဖွေး ထ ထလာပါတယ်တဲ့ . . . ၊ နောက်ကြောင်း တွေကိုဘဲ မစားရ ၀ ခမန်း ပြောကြ ဆိုကြ ငြင်းကြ ခုံကြနဲ့ ပြောမဆုံးပေါင် တောသုံးတောင်ပါတဲ့၊ ဘယ်လိုတုန်းက ဘာညာနဲ့ ဒေါသမီးတွေကို ဆွဆွပေးရင်း ဘေးတီးလိုက်တဲ့ အခါမှာတော့ "ငါဘာ အကောင်လဲ" မသိအောင် ဒေါသူပုန်တွေ ထကုန်ရှာ ပါတော့တယ်။
တကယ်တော့လဲ ငါဆိုတာ ဘာမှ မဟုတ်မှန်းမှ သိသိ မနေတာကိုး၊ ငါ့ကိုယ်ငါဟာ တည်မြဲတဲ့ အရာလို့ ထင်တစ်လုံးနဲ့ တစ်လောကလုံးမှာ မာနတွေ ထောင်လွှား၊ တစ်ယောက်တည်း မှန်ရှေ့ထိုင်၊ ကတ်ကတ်လန်အောင် ရန်ထောင်၊ ဘာဖြစ် နေတာလဲလို့ ဖေးဖေးမမ မေးကြမယ့်လူလဲ မရှိ၊ ဘယ်သူမပြု မိမိမှုတဲ့၊ ပဋ္ဌာန်း အကြောင်းတွေ ဆွေးနွေးစေရင်လဲ နားလည်မှာ မဟုတ်ဘူးမို့ နေပါစေသား ထားလိုက်ရမလို။
လက်ငင်းပစ္စက္ခ ဖြစ်ပျက် နေတာကိုသာ မှတ်မှတ်ရရ သိသိနေ ရမှာ ဖြစ်တဲ့အတွက် ဖြစ်နေလိုက် ပျက်သွားလိုက်နဲ့ ဖြစ်ပျက်မှု ရှုနေရမှာကို ဘုရားရှင်က ဟောကြားတာ ဖြစ်ပါတယ်၊ ဖြစ်ပျက်ခဲ့သမျှ အတိတ်နောက်ကြောင်းကို တွေးတော့ ဒေါသတွေဖြစ်၊ မဖြစ်ပျက်သေးတဲ့ အနာဂတ် ရှေ့ရေးကိုတွေးတော့ လောဘတွေဖက်၊ ငါ့ကိုငါ တည်မြဲတာ ထင်တော့ မာနတွေတက်၊ အမှန်ကိုလည်း မသိ၊ သိအောင်လဲ မကြိုးစားတော့ မေဟတွေပွားပြီး စိတ်ဆင်းရဲ စရာတွေ တစ်နေ့တစ်ခြား နာရီစင် အတိုင်း ပွားများနေသူကြီး ခင်ဗျား။
ကိုယ်ဘာသာကိုယ်ရော ပြန်စဉ်းစားမိသေးရဲ့လား . . . ။
အခုမှသာ တစ်ယောက်တည်း အထီးကျန်ရတာကို မာန်မပွားနေပါနဲ့ဦး၊ ပစ်ထားခဲ့ဘူးတဲ့ လေးစားပါတယ် ဆိုတဲ့ ချစ်ပါတယ် ဆိုတဲ့ ချစ်စရာ ပြည်သူတွေကို တစ်စက်တစ်လေမှ သတိမရဘဲ ပစ်ထားခဲ့၊ ကိုးလလွယ် ဆယ်လ ဖွားထားရတဲ့ ရင်နှစ်သည်းခြာ သားရတနာလေးတွေ အကြောင်းတောင် သော်မှ တစေ့တစောင်း သတိရ ကောင်းမှန်း မသိ လွမ်းမိတယ် ဆိုတဲ့ စကား နဲနဲပါးပါး ပြောကြည့်ဘူးပါသလား၊ ဘ၀ရဲ့ သုံးပုံနှစ်ပုံသက်တမ်းကို မီးကုန် ယမ်းကုန် အစွမ်းကုန် မီး (၁၁)မီးတင်မက အထက်မီး အောက်မီး မီးပြင်းပြင်းအားနဲ့ ထကြွ သောင်းကျန်း နေနေရာက ဗြုန်းကနဲထပြီး "ငါကွ" လို့ အရေးပေါ် မြန်မာနိုင်ငံ အရေး ဇောက်ထိုး မိုးမျှော် ဇာတ်စင်ပေါ်ကို သရဲ သဘက်လောင်း ဗကပ ဟောင်းကြီးတွေနဲ့ တိုင်းပြည်နဲ့ တပ်မတော် အပေါ် သစ္စာဖောက်မှုနဲ့ ထောင်ကျထားတဲ့ ဆံဖြူသွားကျိုး နိုင်ငံရေး ဇရာအို ပုဆိုးကွက်ကြား ရာဇ၀င် လူပျက်ကြီးနဲ့ ပေါင်းပြီး "မင်းသမီး" တက်လုပ်ခဲ့တာ ဘယ်သူပါလဲ ခင်ဗျာ။
အာဏာဟူသမျှ ဖီဆန်ကြ ဆိုတဲ့ ၀မ်းတွင်းပါ ဗီဇာကြောင့် ဘာမဆို ရန်လိုနေတာပါဘဲ၊ မြှောက်တိုင်းလည်း မမြောက်နဲ့၊ ခြောက်တိုင်းလည်း မကြောက်နဲ့၊ ချော့တိုင်းလည်း မပျော့နဲ့ဆိုတာ ကြားခဲ့ဘူးပါသလား၊ ဂုဏ်ထူးဆောင် ပြည်ဖျက်ဘွဲ့ထူး ဂုဏ်ထူးတွေ မရေမတွက် နိုင်အောင်လဲ ရလာရော ငါလိုလူ ဇမ္ဗူမှာ ရှိသေးရဲ့လား ဆိုပြီး အရေးပေါ် ပေါ်လစ်တီကယ် ဟီးရိုးကြီးအဖြစ် သမိုင်းတွင် ရစ်မယ့် နွံနစ်မယ့် ဇာတ်လမ်းကို ဇာတ်ညွှန်းရေး တော့မှာလားဗျာ။
သူများကျွေးစာ၊ မွေးစာ၊ ပေးစာ၊ ကမ်းစာနဲ့ လူလူဟစ်နေတဲ့ ကိုယ့်ဘွဲ့ကိုယ်ပေးထားတဲ့ နိုင်ငံသမား ခေါင်းဆောင်ကြီးများ ဆိုသူတွေ၊ ဘာဖြစ်လို့ ဒီလိုဘဝ ရောက်နေတာလဲ၊ ဘယ်သူကဲပြီး ဆွဲသွင်းလို့ အထဲဝင်ခဲ့ရတာလဲ၊ အမှတ်ရပါဦး၊ သတိရပါဦး၊ ဘယ် နိုင်ငံရေးသမားဆိုသူတွေက ဘယ်သူ့ ဘယ်သူ့ကိုမှ အုပ်ချုပ်ရေးတွေ၊ စီးပွားရေးတွေ၊ လူမှုရေးတွေကို ဦးစားပေးပြီးပြောတဲ့ လေသံ ကြားဖူးပါသလား ၊ ဘယ်လို စီမံသွားမယ် စကားသံများ ဟ ခဲ့ကြဖူးပါသလား၊ အလုပ်သမား၊ လယ်သမား၊ အခြေခံလူတန်းစား၊ ပြည်သူ အများဆိုတဲ့ အသုံးအနှုန်းတွေ မေ့နေရင် သတိပေးလိုက်ပါဦး။
လက်ရှိအစိုးရက တပ်မတော်အစိုးရ ဖြစ်ပါတယ်၊ တပ်မတော်ကို မလိုလားဆိုတဲ့ သူတွေများ အာဏာရလာရင် တပ်မတော်သားများ သွားရော့ လဟယ် ဆိုပြီး ကန်ထုတ်ပစ်တော့မှာလား၊ တိုင်းပြည်နိုင်ငံတိုင်း တပ်မတော်ဆိုတာ ရှိကြပါတယ်၊ ရှေးဘိုးဘွားဘီဘင် သမိုင်းမတင်မီ ကတည်းက ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး ကိုယ့်အမျိုးသား အကျိုးစီးပွားကို ကာကွယ်ဖို့ ကြည်း/ရေး/လေ တပ်မတော်များ ဖွဲ့စည်းတည်ထောင်ခဲ့ ကြပါတယ်၊ တပ်မတော် သားတိုင်းကို ဘက်စုံ စွမ်းအား ရှိအောင် တိုင်းပြည်တိုင်း တည်ဆောက်နေကြရတယ်၊ ကျွန်တော် သိတာက နိုင်ငံတော်တိုင်းရဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်တိုင်းမှာ “ နယ်နိမိတ်” ရှိရတယ်၊ နေထိုင်တဲ့ “ပြည်သူတွေ” တွေ ရှိရတယ်၊ “ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ” ဆိုတာ ရှိရတယ်၊ “အချုပ်အခြာ အာဏာပိုင်ဆိုင်တဲ့ အစိုးရ” ဆိုတာ ရှိရတယ်တဲ့၊ ဒါမှလဲ လူတိုင်း နိုင်ငံတိုင်း ပြောနေတဲ့ အချုပ်အခြာအာဏာရယ်၊ ပြည်ထောင်စုကြီး မပြိုကွဲဘို့ရယ်၊ မှီတင်း နေထိုင်ကြတဲ့ တိုင်းရင်းသားတွေ စည်းလုံးညီညွတ်နေဘို့ရယ် ဆိုတာတွေ ဖြစ်တည်လာမှာ မဟုတ်ပါလား။
နို့မို့ဆို အဆန်မပါ သင်္ကြန် အမြောက်လို အရာမရောက်ဖြစ်ကာ မရဲဘဲကျွဲပြဲစီး နေရမှာပေါ့၊ အချို့နိုင်ငံတွေ ကိုယ့်မြေမှာ ကိုယ်တပ်ကို တည်နိုင်ကြသေးရဲ့လား၊ ကိုယ်ပိုင် မြေပေါ်က စူပါကမ္ဘာ့ ပုလိပ်ကြီးရဲ့ စစ်စခန်းသော်မှ မဖယ်ရဲဘူးမို့လား၊ ဘယ်သူ ခြောက်လဲ မကြောက်ဘဲနေပါ၊ အပေါင်းပါတွေကိုလဲ ကြောက်မနေပါနဲ့၊ သူတို့လည်း နေ့စဉ်နဲ့အမျှ အကြမ်းဖက် ခံနေရတာဟာ သူတို့ တရားလို့လား၊ မတရားလို့လားဆိုတာ လက်တွေ့ အဖြေတွေပါ၊ ခေတ်သစ်ကျွန်ပါးဝနေတဲ့ အဖွဲ့အစည်း အမည်ခံများ သိခွင့်ရှိတုန်း သိသွားအောင် သတိပေးလိုက်တာပါ။ ပြည်သူတွေ နေ့စဉ် ဒုနဲ့ဒေး ကပ်ကြီးသုံးပါးနဲ့ နဖူးတွေ့ ဒူးတွေ့ ကမ္ဘာကြီးထဲမှာ ကြုံတွေ့ နေရတာတွေကို မေ့မနေပါနဲ့၊ သတိရနေပါ။
ပြည်သူတွေအတွက် ဥပဒေတွေ သင်ခဲ့ပြီး လေ့လာခဲ့ပြီး မေ့သွားပြီလား၊ “ဥပဒေဘောင်အတွင်း နေထိုင်ခြင်း ဘေးကင်းရန်ကွာ လွန်ချမ်းသာ” တဲ့၊ ထုတ်ပြန်ထားတဲ့ ဥပဒေတွေနဲ့အညီ ကိုယ်စီကိုယ်စီ တက်လာမယ့် ပြိုင်ပွဲဝင်ပါတီ ကိုယ်စားလှယ်လောင်းကြီးတွေကို အကဲဖြတ်ခွင့် မပေးတော့ဘူးလား။
ကြိုးဝိုင်းစည်း ဘောင်အတွင်း ယှဉ်ပြိုင်တဲ့ပွဲမှာ သူနိုင်ကိုယ်နိုင် ပြိုင်ခွင့်မပေးဘဲ၊ သွေးမရဲလို့ ဘေးထဲလည်း ထွက်နေသေး၊ ဆူညံသံ ပေးပြီး ပွဲပျက်အောင် လုပ်တာကတော့ အာဂ စွမ်းဆောင်ရှင်ကြီး တွေပါဘဲ၊ လက်ရှိ တာဝန်ရှိ သူတွေက သည်းခံ နေကြလို့သာ၊ ရှေးမင်း အဆက်ဆက် လိုဟာဖြင့် နတ်နန်းထိုးပြီး အုန်းငှက်ပျော အပိုင်စားရ သွားနိုင်ပါတယ်။
ပြည်သူ အများကတော့ ခေတ်ဟောင်း နှစ်(၂၀) တေးသွားဖြစ်တဲ့ မဲရုံကို သွားကြစို့ သီးချင်းတွေ ကြားယောင်နေဆဲ လွမ်းနေဆဲပါ၊ ကိုယ့်နိုင်ငံကို ဦးဆောင်တဲ့ သူတွေကို ရွေးချယ်မယ်၊ ကောင်းရင်လည်း စံမယ်၊ ဆိုးရင်လည်း ခံမယ်၊ ကိုယ်တိုင်ရွေးတဲ့လမ်းကို ဝမ်းပန်းတသာနဲ့ လျှောက်လှမ်းမယ်၊ ကိုယ့်ရဲ့ အဆုံးအဖြတ်ကို အကဲခတ်နိုင်မယ့် လူတွေကို ရွေးမယ်၊ မှားသွားရင် ပြင်နိုင်အောင် ဥပဒေတွေက မျှမျှတတ ဖော်ပြ ရေးဆွဲထားတယ်၊ ငယ်ငယ်တုန်းက ခဲတံနဲ့ စာရေးတတ်တဲ့ အရွယ်မှာတုန်းက ဆရာက ပြောတယ် ရဲရဲသာ ရေးသွား မှားရင်ပြင်မယ်၊ ခဲတံနောက်မှာ ခဲဖျက်ပါတယ်တဲ့။
ဖျက်မရမှာက အချိန်ပါပဲ၊ တစ်စက္ကန့်ချင်း ကုန်လွန်သွားမယ်၊ နောက်ကြောင်း တွေလည်း တွေးမနေချင်တော့ဘူး၊ ရှေ့ကြောင်း တွေလည်း ငေးမနေချင်တော့ဘူး၊ လက်ငင်းရတဲ့ အခွင့်အရေး ကိုယ်ပိုင်တဲ့အသိနဲ့ ဆုံးဖြတ် ကြည့်မယ်၊ ပစ္စက္ခ ကာလကို ရှေးရှုလို့ အမှတ်ရလေး သိသိနေမယ် . . . ။
မောင်ပြည်သူ
Posted by Kyee Say Ta Man at 4:25 PM
အဆိုးတကာ တို့ရဲ့ ထိပ်ခေါင် တောတွင်းခေါင်းဆောင် တွေပါလို့ ကမ္ဗည်းစာတမ်း ထိုးပြီး ဥမမယ် စာမမြောက်တဲ့ စာချောက်ရုပ် ကြေးစား တောတွင်း သူခိုးဓားပြ လုပ်ခဲ့ဘူးသူ တစ်ချို့တွေ မာန်မချ ဟန်ပြနေတာ ရှိသေးတယ်၊ အကြိမ်ကြိမ် ဆွေးနွေးခဲ့၊ ညှိနှိုင်းခဲ့ပါလျက် မောင်မောင်ခေါ်လို့ ဗျာမထူးချင်သူတွေ "အမှတ်ရလေ သိသိနေ"ဘို့ ပြောရပါဦးမယ်. . .။
မြန်မာပြည်ရဲ့ ပြည်တွင်းစစ် သမိုင်းမှာ ရှေးပဝေသဏီက ဖြစ်ရပ်တွေ ထားလိုက်ပါတော့၊ ဥကွဲ အသိုက်ဖျက်ခံလို့ ဝါးအစည်းပြေ ညက်ညက်ကြေ ခဲ့ရတဲ့ မြန်မာဘဝ ပြန်ပြီး စုစည်းခဲ့ရတဲ့ ပထမ၊ ဒုတိယနဲ့ တတိယ မြန်မာနိုင်ငံတော် ကြီးကနေ ကျွန်တော်တို့ သက်တမ်းနဲ့ မလှမ်းမကမ်းတွေ ပြန်လည် ရေတွက် ကြည့်ပါဦး၊ အင်းစိန် တိုက်ပွဲ ဝင်စဉ်က "ရန်ကုန် အစိုးရ" ဘဲ ရှိတော့အောင် ဘေးတီးပေးခဲ့ကြတာတွေ၊ တပည့်တွေ သေကုန်မှ နောင်တ ရခဲ့ကြတယ် မဟုတ်လား၊ ၁၉၈၈ အရေးအခင်းနဲ့ တစ်ချိန်တည်း တစ်ပြိုင်တည်း မြေပေါ်မြေအောက် ထကြွ သောင်းကျန်းခဲ့ကြလို့ ပြည်သူတွေသာ ခေါင်းဖြတ်ခံခဲ့ရတဲ့ ဖြစ်ရပ်တွေရဲ့ နောက်ဆက်တွဲ နယ်စွန်နယ်ဖျား စခန်းများပါ မကျန် ဝိုင်းရန် တိုက်ခိုက် ကြတာကို မြန်မာ့ တပ်မတော်က ချေမှုန်းသုတ်သင်တာခံရလို့ လက်နက်နဲ့ ငြိမ်းချမ်းရေး လဲကြ၊ ငြိမ်းချမ်းရေး ယူကြနဲ့ အားမတန်လို့ မာန်လျော့ခဲ့ကြရတယ် မဟုတ်လား။ ဒီအခြေအနေကနေ အားလုံးကို ငြိမ်းချမ်းရေးပန်းခင်းမှာ အစမ်းနှင်လာခဲ့သော နှစ်ပေါင်း(၂၀) နီးမှ တစ်ဦးကိုတစ်ဦး ယုံကြည်ကြလို့ နယ်ခြားစောင့် တပ်ဖွဲ့ပြီး ညီညီမျှမျှ သွေးစည်းခဲ့ကြတယ်၊ လက်ငင်းမျက်မှောက် အခြေအနေအရ ပြန်တမ်းဝင် အရာရှိ စစ်ဗိုလ် တစ်ယောက် ဖြစ်ဖို့ ဘွဲရရမယ်၊ ပြစ်မှုကင်းရှင်းရမယ်ဆိုတဲ့ အဓိကအချက်တွေ၊ နှစ်ရှည်လရှည် လုပ်သက်ရင့် စစ်သည်တွေ ဖြစ်မှ ဗိုလ်ဖြစ်ရမယ့်ဘဝကနေ၊ တပ်မတော်အရာရှိအဖြစ် တပ်မတော် ရာထူး အဆင့်လိုက် ခန့်အပ် သင့်တင့် လျှောက်ပတ်တဲ့၊ အဆင့်၊ လစာတွေ၊ စားဝတ်နေရေး စီစဉ်ပေးနေပါတယ်။ ဒီကြားထဲ ဆွမ်းဆန်ထဲ ကြွက်ချေးရော အနောက်သွေးနှောထားတဲ့ လူအန္တဂွစာ တစ်ချို့က အမေကျော် ဒွေးတော် လွမ်းနေကြသော တွေ့ရတော့ တကယ်တိုက်ရဲရဲ့လား မေးလာများသော် အခုမနိုင် နောင်ဘဝတိုင်ဘဲလို့ လူမိုက် ဇာတာခွင်က မထချင်တဲ့သူတွေကို ပြန်စဉ်းစားရင် သနားလာမိတာ အမှန်ပါဘဲ။ တကယ်ပြင်ဆင်ထား ပြီးပါပြီလား၊ ဆုတ်လမ်းမရှိတဲ့ ကမ်းပါးမှ အသက်ကို ဖက်နဲကထုပ် ငုပ်တုတ်ထိုင် ဘဝကူးကောင်းအောင် ဆုတောင်းပွဲ လုပ်နေကြလားလို့. . . ။
အမှတ်ရလေ သိသိနေ
အချိန်ဆိုတာ တန်ဘိုး မဖြတ်နိုင်တဲ့အရာ ပါဘဲ၊ စက္ကန့် တစ်စက္ကန့်တိုင်းဟာ သွေးတစ်စက် ချွေးတစ်စက်ပါဘဲ၊ အဆုံးတစ်ခုကတော့ မျက်ရည်တစ်စက် ရွှေတစ်စက် ပါဘဲ။ မြန်မာနိုင်ငံကို မြန်မာတွေ ဘိုးစဉ် ဘောင်ဆက်က သွေးတွေနဲ့ မျက်ရည်တွေနဲ့ ရွှေတွေနဲ့ တည်ဆောက် ခဲ့ကြတယ်၊ ကာကွယ် ခဲ့ကြတယ်၊ မြေထု လေထု ရေထုနဲ့ တည်ဆောက် ဖွဲ့စည်းထားတဲ့ မြန်မာပြည်ကို မြန်မာမြေပေါ်မှ မြန်မာတွေက သက်သေတည် သစ္စာဆိုရဲပါတယ်၊ မျိုးဆက်များစွာက တည်ဆောက်ကာကွယ် ခဲ့ကြရပါတယ်။
Post a Comment