Monday, April 12, 2010
ဒီမိုကရက်တစ်ပါတီ (မြန်မာနိုင်ငံ)အထွေထွေအတွင်းရေးမှူး ဒေါ်ချိုချိုကျော်ငြိမ်းနှင့် တွေ့ဆုံခြင်း
မေး ။ ။ အန်တီ ဘာဖြစ်လို့ အခုမှ ထလုပ်တာလဲ။
ဖြေ ။ ။ အန်တီက အခုမှ ထလုပ်တာ မဟုတ်ပါဘူး။ ၁၉၈၈ ခုနှစ်ကတည်းက လုပ်ခဲ့တာ။ အဲဒီတုန်းက ဘာမှ မတတ်ဘူး။ ဒါပေမယ့် တိုင်းပြည်ကောင်းအောင် လုပ်မယ့်သူတွေကို လွန်ခဲ့တဲ့ အနှစ် (၂၀)တုန်းက အများကြီး အကူအညီ ပေးခဲ့ဖူးတယ်။ အဲဒီကာလတွေတုန်းက ဖဆပလ ဗဟိုအဖွဲ့ချုပ်ဆိုပြီး အန်တီက ဖွဲ့ထားတယ်။ ဖဆပလ အနွယ်ဟောင်းတွေကို စုပြီး အန်တီက အဖွဲ့ဖွဲ့ဖို့ ကြိုးစားတယ်။ အဲဒါက ၁၉၈၈ စက်တင်ဘာ ၁၂ ရက်နေ့။ အဲဒီ နေ့ကတည်းက ဖဆပလ ဗဟိုအဖွဲ့ချုပ်ကို ဖွဲ့ပြီးပြီ။ ကိုယ်လည်း ဘာမှ မတတ်ဘူးဆိုတော့ အဲဒီတုန်းက ရွေးကောက်ပွဲဝင်ဖို့တော့ အစီအစဉ် မရှိခဲ့ဖူး။ နောက်ပိုင်းကျတော့ မှတ်ပုံတင်ပါဆိုလို့ မှတ်ပုံတင်လိုက်တယ်။ အမည်က ဖဆပလ ဗဟိုအဖွဲ့ချုပ်။
မေး ။ ။ အဲဒီတုန်းက ၁၉၉၀ ရွေးကောက်ပွဲကို ၀င်ပြိုင်ခဲ့သေးလား။
ဖြေ ။ ။ ၀င်ပြိုင်တာပေါ့။ ရှုံးတယ်။
မေး ။ ။ ရှုံးတယ်ဆိုတော့ အမတ်တစ်နေရာမှ မရဘူးပေါ့။
ဖြေ ။ ။ တစ်နေရာမှ မရပါဘူး။
မေး ။ ။ အခုကော ဘာဖြစ်လို့ ပါတီထောင်ပြီး နိုင်ငံရေး လုပ်ချင်တာလဲ။
ဖြေ ။ ။ အခုတံခါးက နည်းနည်းလေး ပွင့်လာပြီလို့ ထင်တယ်လေ။ တံခါးဟလာတယ်လို့ ပြောလို့ရတယ်။ တိုင်းပြည်တစ်ခုမှာ စနစ်တစ်ခုကနေ စနစ်တစ်ခုကို ပြောင်းဖို့ဆိုတာ မလွယ်ဘူးလေ။ လူတွေ လမ်းမပေါ် ထွက်လာမှာကိုလည်း အန်တီတို့က မလိုလားဘူး။ သွေးထွက်သံယို ဖြစ်မှုတွေကိုလည်း မလိုလားဘူး။ အန်တီကိုယ်တိုင်က ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲပြီးတော့ အဖမ်းခံရတယ်။ နောက်ပိုင်းကျတော့ အန်တီက ဘာစဉ်းစားမိလည်း ဆိုတော့ လိုချင်တာက စနစ်ပြောင်းချင်တာ နံရံကို ခေါင်းနဲ့ ပြေးပြေးတိုက်လို့ကတော့ ဘာမှ ထူးမှာ မဟုတ်ဘူး။ အဲဒီတုန်းက အသက်က (၃၀) ကျော်။ အခုက (၆၀)ကျော်။ လူတွေကိုလည်း ကောင်းစေချင်တယ်။ တိုင်းပြည်ကိုလည်း ကောင်းစေချင်တယ်။ လက်ရှိ တိုင်းပြည် အခြေအနေထက် အများကြီး ကောင်းစေချင်တယ်။ အန်တီတို့ ငယ်ငယ်တုန်းက ကုလားတွေက အန်တီတို့ တိုင်းပြည်မှာ ရရာအလုပ်လာလုပ်ပြီး စီးပွားရှာကြတယ်။ အခု အချိန်မှာ အန်တီတို့ တိုင်းပြည်က လူငယ်တွေက သူများ တိုင်းပြည်တွေမှာ ရရာ အလုပ်တွေကို လုပ်နေကြရတယ်။ အန်တီ အများကြီး စိတ်မကောင်း ဖြစ်ရတယ်။ အဲဒီတော့ စနစ်ကို ပြောင်းချင်တယ်။ ဒီနေ့အချိန်မှာ အန်တီတို့ မျှော်လင့်တာက အားလုံး ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ လုပ်ချင်တယ်။ လူတွေက ပြောကြတယ်။ ဒီလို အခြေအနေမျိုးမှာ ဘာဖြစ်လို့ ပါတီထောင်ကြတာလဲ။ ဘာဖြစ်လို့ လုပ်သလဲ ဆိုတော့ ငြိမ်းချမ်းစွာ စနစ်တစ်ခုကို ကူးပြောင်းချင်တာကြောင့် ရွေးကောက်ပွဲဝင်မယ်လို့ အန်တီတို့ ဆုံးဖြတ်တာပါ။ ဒီအချိန်က အေးအေး ဆေးဆေး ကူးပြောင်းနိုင်မယ် ထင်တယ်လေ။
မေး ။ ။ ၂၀၁၀ ရွေးကောက်ပွဲကို ဘာဖြစ်လို့ ၀င်ချင်တာလဲ။
ဖြေ ။ ။ ဒီမိုကရေစီက ဥုံဖွမရနိုင်ဘူးလေ။ အန်တီတို့ အခု ပါတီထောင်ပြီး ရွေးကောက်ပွဲဝင်တာက ကိုယ့်အတွက် မဟုတ်ဘူး။ ကိုယ့်မိသားစု အတွက် မဟုတ်ဘူး။ ပြည်သူတွေ အတွက်ပါ။ အခု ရွေးကောက်ပွဲမှာ နိုင်သွားတဲ့ အရပ်သားနဲ့ စစ်တပ်က တွဲပြီး အလုပ်လုပ်ရမှာလေ။ တစ်ယောက်နဲ့ တစ်ယောက် စောင်နေရင် ဘာမှ အလုပ်လုပ် လို့မရဘူး။ မိတ်ဆွေ မမြည်၊ ရန်သူမမြောက်။ မိတ်ဆွေလည်းမဟုတ်၊ ရန်သူလည်း မဟုတ်။ ဘယ်သူပဲဖြစ်ဖြစ် ရွေးကောက်ပွဲ နိုင်သွားတဲ့သူက စစ်ဗိုလ်စစ်သားနဲ့ စကားပြောမယ်။ ပါလီမန်ထဲမှာ တွဲပြီး အလုပ်လုပ်မယ်။ ငါးနှစ်လောက်တွဲပြီး အလုပ်လုပ်လိုက်မှ အခြေအနေတွေကို သိမယ်။ အန်တီတို့ကတော့ လုပ်ချင်စိတ်ရှိတယ်။ ဘယ်လောက်လုပ်ခွင့် ရမလဲတော့ မသိသေးဘူး။ အခြေအနေတွေက ဘယ်လိုဖြစ်မလဲတော့ မသိသေးဘူးလေ။
မေး ။ ။ အန်တီ့အဖေ ဦးကျော်ငြိမ်းသာ အသက်ထင်ရှား ရှိနေဦးဆိုရင် အန်တီ ဒီနေ့လို အခြေအနေမျိုးမှာ နိုင်ငံရေး လှုပ်ရှားမှု လုပ်တာကို သူလက်ခံမယ်လို့ အန်တီထင်လား။
ဖြေ ။ ။ ဒါကတော့ သူ့စိတ်သဘောကို အန်တီ ဘယ်သိနိုင်ပါ့မလဲ။ ဒါပေမယ့် အန်တီတစ်ခု ယုံကြည်တာက ဖေဖေက တိုင်းပြည်နဲ့လူမျိုးကို တော်တော်ကို ချစ်တဲ့သူလေ။ သူဆုံးမယ်လို့ သူ့ကိုယ်သူ သိတဲ့အချိန်မှာ အန်တီ့ကို ဘာပြောလဲဆိုတော့ "သမီး။ သမီးလုပ်နိုင်မယ်လို့ ဖေဖေထင်တယ်။ တိုင်းပြည်မှာ တစ်ချိန်ချိန်မှာ လူတွေက မခံနိုင်လွန်းလို့ ပေါက်ကွဲမှု တစ်ခုခုဖြစ်လာရင် ငါ့သမီး တိုင်းပြည်အတွက် တစ်ခုခု ၀င်လုပ်ပေးပါ"လို့ ဖေဖေက ကျွန်မကို ပြောတယ်။ ကျွန်မက မလုပ်ပေးဘူးလို့ ပြန်ပြောလိုက်တယ်။ နောက်မှ အကြိမ်ကြိမ် ပြောမှ အန်တီ ၀န်ခံလိုက်တာ။ သူတို့တုန်းကလည်း တိုင်းပြည်နဲ့ လူမျိုးအတွက် ၂၄ နာရီ အလုပ်လုပ်ခဲ့တာ ဖေဖေ့ကို မကောင်း ပြောတဲ့သူက များတယ်လေ။ ဆဲတဲ့သူတွေကလည်း များတယ်။ ဦးကျော်ငြိမ်းက ဘာဖြစ်တယ်။ ညာဖြစ်တယ်ပေါ့။ ပြည်သူတွေက သူတို့နဲ့ တန်တဲ့ အစိုးရကိုရတာ။ လာမခိုင်းနဲ့လို့ မလုပ်ဘူးလို့ အန်တီက အဲဒီတုန်းက ပြန်ပြောခဲ့တယ်။ အဖေက လက်ကို အတင်း ခဏခဏ ဆုပ်တော့ပြောတော့ နောက်ဆုံး လုပ်ပါ့မယ်လို့ အဖေ့ကို ကတိပေးလိုက်တယ်။ ဒါကြောင့် အဖေ့ကို ပေးခဲ့တဲ့ ကတိအတိုင်း အန်တီက နိုင်ငံရေးကို ၈၈ ကတည်းက လုပ်ဖြစ်တာပါ။
မေး ။ ။ သမိုင်းမှာ နုတင်၊ ဆွေငြိမ်းဆိုပြီး သမိုင်းတွင်ခဲ့တယ်နော်။ အန်တီရယ်၊ ဒေါ်သန်းသန်းနုရယ်၊ နေရည်ဗဆွေရယ် အခုပေါင်းစည်းမိကြတယ်။ အဲဒီအပေါ်မှာ အန်တီဘာပြောချင်လဲ။
ဖြေ ။ ။ အဖေက (၂၇)နှစ်နဲ့ ၀န်ကြီးဖြစ်ခဲ့တယ်။ အဖေ ခဏခဏ ပြောဖူးတဲ့စကား တစ်ခွန်းရှိတယ်။ သမီးရယ် ကျွန်ဘ၀က လွတ်ဖို့ဆိုတာ ဘယ်လွယ်လိမ့်မလဲတဲ့။ တော်တော်ကို ခက်ခက်ခဲခဲ ပင်ပင် ပန်းပန်း လုပ်ခဲ့ကြရတာ။ လွတ်လပ်ရေးလည်း ရအောင် လုပ်ခဲ့ကြတယ်။ နောက်ပိုင်းမှာ အဖေက စီးပွားရေးကို အားသန်တယ်။ ဘကြီးနုက ပါတီကို ဆက်အုပ်ချုပ်။ အဖေက ပြာပုံဘ၀ကနေ စက်ရုံ အလုပ်ရုံကြီးဖြစ်အောင် လုပ်ခဲ့ရတယ်။ အာရှတိုက်မှာ ခေါင်းမော်နိုင်အောင် လုပ်ခဲ့တယ်။ အရှေ့တောင် အာရှနိုင်ငံမှာ ဆိုရင် အန်တီတို့က ဆန်ဆို (၁)၊ သကြားဆို (၂)၊ အ၀တ်အစားတွေဆိုရင် အန်တီတို့က ကုလားပြည်ထိအောင်ကို ပို့ခဲ့ရတာ။ နောက် ဟောင်ကောင်ထိလည်း ပို့ခဲ့ရတယ်။ အန်တီ မှတ်မိသေးတယ်။ အဲဒီလို ဗမာတွေကို ဂုဏ်ရှိအောင်၊ စီးပွားရေး ကောင်းအောင် လုပ်ပေးပေမယ့် ဘယ်တော့မှ အချီးမွမ်းမခံရဘူး။ ချီးမွမ်းတာ မချီးမွန်းတာကို အန်တီမပြောပါဘူး။ ဒါပေမယ့် ဦးကျော်ငြိမ်းနဲ့ ဦးနုနဲ့ ကွဲလို့ ဗိုလ်ချုပ်နေ၀င်းက အာဏာသိမ်းတာလို့၊ တိုင်းပြည် ပျက်တယ်လို့ ပြောကြတယ်။ အန်တီက သမီးကြီး တစ်ယောက်အနေနဲ့ အမှန်တရားတွေကိုလည်း သိတော့ မခံချင်ဘူး။ အန်တီတို့ သုံးယောက်က တွေ့ရင်လည်း အမြဲပြောတယ်။ အေးဟယ် ငါတို့အဖေတွေ ကောင်းတာလုပ်တာတော့ ချီးမွမ်းမယ့်သူ မရှိ။ ဆဲမယ့်သူပဲ ရှိတယ်။ ဒီလို ဖြစ်လာတဲ့ အခြေအနေမှာ သမီးသုံးယောက်က ကဲ အဖေတို့က ၂၀ ကျော် ၃၀ မှာ မှားခဲ့တယ်ဆိုရင် အဲဒီတော့ ငါတို့ သမီးသုံးယောက်က တိုင်းပြည်ကို ဒီအကြွေးတွေ ဆပ်ပြီး ကျွန်ခံ ကြရအောင်လို့ အန်တီက ပြောတယ်။
မေး ။ ။ ရွေးကောက်ပွဲဝင်မယ် ဆိုတော့ အန်တီတို့ကို မကြိုက်တဲ့သူတွေကော ရှိလား။
ဖြေ ။ ။ ရွေးကောက်ပွဲဝင်မယ်ဆိုတော့ အရင်ဆုံး အန်တီတို့ကို ကမ္ဘာက ၀ိုင်းဆဲတော့တာပဲ။ အန်တီက နိုင်ငံရေး သမားပဲ အရေထူပါတယ်။ နောက်တစ်ချက်က ကိုယ့်ကိုယ်ကိုယ် ယုံတယ်။ ငါဟာ တိုင်းပြည်နဲ့ လူမျိုးအတွက် ကောင်းဖို့ လုပ်မယ်။ အဖေ မပြီးသေးတဲ့ ဇာတ်ကို ငါဆက်ကမယ်။ အဲဒီတော့ ဘယ်လိုဖြစ်လာမလဲ ဆိုတာကို ကိုယ်မသိနိုင်ဘူး။ အင်မတန် ကြမ်းတဲ့လမ်းလို့ အန်တီတို့က တွက်ထားတယ်။ သူများတွေက ဘာတွေ ပြောနေနေ တိုင်းပြည်အတွက် ဘယ်လောက် စေတနာနဲ့ အလုပ်လုပ်နိုင်မလဲ ဒါပဲ စဉ်းစားတယ်။
မေး ။ ။ ဒါဆို ၂၀၁၀ ရွေးကောက်ပွဲကို အန်တီတို့ဝင်တာ နောင်လာနောက်သားတွေ ကောင်းစားဖို့ ၀င်တာလို့ ပြောလို့ ရမလား။
ဖြေ ။ ။ မှန်တယ်။ အန်တီဆို ၆၂။ ကိုသုဝေဆို ၇၈။ အဲဒီလို မလုပ်ဘဲနဲ့ နေခဲ့ရင် အန်တီတို့ကတော့ ဒီအခွင့်အရေးကို ပိတ်ပြီး နောက်ထပ်စစ်တပ်က အနှစ် ၁၀၀ အုပ်ချုပ်မှာကို မြင်လို့ အန်တီတို့က လုပ်နေတာ။ မဲပေးတဲ့ နေ့မှာ မဲပြားလေးကို ကိုင်ပြီး ဒီမဲက အင်မတန် တန်ဖိုးရှိတယ်။ ဒီမဲက တိုင်းပြည်တစ်ခုရဲ့ ကောင်းကျိုး ဆိုးကျိုးကို ဒီမဲက လုပ်နိုင်တယ် ဆိုတာ လူတွေက မသိဘူး။ တကယ် မသိသေးတာ။
မေး ။ ။ နောက်တစ်ခု သိချင်တာက ဖဆပလ ၀န်ကြီးချုပ်ဟောင်း သမီးသုံးယောက် ပြန်စုမိတယ်ပေါ့နော်။ အန်တီတို့ချင်း ဘယ်လို သဘောထားမျိုးနဲ့ သွားကြမလဲ။ နားလည်မှုပေါ့နော်။
ဖြေ ။ ။ ကျွန်မတို့ သုံးယောက်က အပြင်မှာ သတင်းအမျိုးမျိုး ထွက်တယ်။ ကျွန်မနဲ့ ဘယ်သူနဲ့ အဆင်မပြေဘူး။ ဘယ်ဟုတ်မှာလဲ။ နိုင်ငံရေးဆိုတာ ရဲဘော်ရဲဘက်၊ သေဖော်သေဘက်ဆိုတာ တကယ်နိုင်ငံရေး လုပ်လာတဲ့အခါ တွေ့မှာပါ။ သိမှာပါ။ အန်တီတို့ သုံးယောက်က အမြဲပြောတယ်။ ငါတို့သုံးယောက် ငါတို့ အဖေတွေလို မဖြစ်ဘူး။ မဖြစ်ရဘူး။ စိတ်ချ အန်တီတို့ သုံးယောက် ဘယ်တော့မှ မကွဲဘူး။
မေး ။ ။ အန်တီ မြန်မာပြည်သူလူထုကို ဘာများ ပြောချင်လဲ။
ဖြေ ။ ။ အန်တီပြောချင်တာက နိုင်ငံရေးသမားဆိုတာ တိုင်းပြည်နဲ့ လူမျိုးကို ချစ်တယ်လို့ ပြောကြမှာပဲ။ ဒါပေမယ့် နိုင်ငံရေး သမားတစ်ယောက်ရဲ့ လုပ်ဆောင်ချက်တွေကို ကြည့်ပြီး သေချာ ဆုံးဖြတ်ပြီးတော့ အင်မတန် တန်ဖိုးရှိတဲ့ မဲတစ်ပြားကို ထည့်ပါ။ တိုင်းပြည်ရဲ့ ကောင်းကျိုး ဆိုးကျိုးကို ပြောင်းပြန် လှန်နိုင်တဲ့ မဲတစ်ပြားရဲ့ တန်ဖိုးကို သိပါ။ အဲဒီ တန်ဖိုးကို သိပြီးတော့ ကိုယ့်ရဲ့ မဲဟာ တန်ဖိုးရှိတယ် ဆိုတာကို သိပြီးတော့ တိုင်းပြည်ရော ကိုယ်ရော သေချာကောင်းအောင် စဉ်းစားပြီးတော့ ထည့်ပါ။ ထည့်ချင်ရာ ထည့် ဖြစ်ချင်ရာဖြစ်ဆိုပြီးတော့ မလုပ်ကြပါနဲ့ လို့ပဲ ပြောချင်ပါတယ်။ မေတ္တာရပ်ခံချင်ပါတယ်။
မင်းအောင်အောင်
၂၀၁၀ ခုနှစ် ဧပြီလ ၂ ရက်နေ့ထုတ် လျှပ်တစ်ပြက် သတင်းဂျာနယ် မှ
Tuesday, April 13, 2010
ဒီမိုကရက်တစ်ပါတီ (မြန်မာနိုင်ငံ)အထွေထွေအတွင်းရေးမှူး ဒေါ်ချိုချိုကျော်ငြိမ်းနှင့် တွေ့ဆုံခြင်း
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
April
(377)
- ကိုဟန်လင်းတော့ဆုရပြီ ၊ ကျွန်တော်တို့ အာဇာနည်မှ ကို...
- ငရဲက လာသူ ပြာပူ မကြောက်
- အစိတ်သားနဲ့ မ၀ နိုင်တဲ့..ကြံဖွတ် ၀န်ကြီး..သောက်စား...
- ဒီလိုချွတ်လိုက်မှ အမြင်ရှင်းမှာ ... ရွေးကောက်ပွဲဝင...
- ကြံ့ကြံ့ ဖွတ်ဖွတ် ပန်းသိန်းစိန် အရပ်ဝတ်ပေမယ့် ဘောင...
- The Voice Weekly ဂျာနယ် Vol.6/No.25 ဖတ်ရှုနိုင်ပါပြီ
- အားနည်းသူကို ဖြဲခြောက်နေသည့် နအဖ တပ်များ..
- အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှထုတ်ပြန်သော မေဒေးေ...
- နိုင်ငံရေး ပါတီ တည်ထောင်ခွင့် လျှောက်ထားသည့် အဖွဲ့...
- ကြံ့ခိုင်ရေး ပါတီ လာပြီ
- နာဂစ်ကူညီရေး စစ်အစိုးရ ပိတ်ဆို့နေဆဲ
- စစ်အစိုးရ တာဝန်မဲ့မှု NLD နဲ့ ဒေါ်စု တရားစွဲ
- ကွယ်လွန်သွားရှာသူ ကိုမောင်မောင်ငြိမ်း၏ ကိုယ်ရေးအကျ...
- လက်ယားနေသော နစကများ
- ဒေါ်အောင်ဆန်းစုကြည်မှ ရက်ပေါင်း ၆၀ အတွင်းမှတ်ပုံမတင...
- စစ်ဖြစ်မှာစိုးလို့ ၀ တိုင်းရင်းသားတွေ တိမ်းရှောင်
- နူနေကာမှ စွဲတဲ့ ၀ဲ..လဲနေသူကိုမှ ထောင်းရက်တဲ့ သူခို...
- စစ်သားအယောင်ဆောင် လိုင်စင်ရ ပင်လယ် ဒါးမြများ
- ပြည်သူကို မဲမဲ မြင်ရာ ဒုက္ခပေးပြီး..သူ့ ကျ တပ်မတော...
- အတွင်းလှိုက်စား ဂုရုများရဲ့ ကျွေးသောလက် လျက်သောစကား
- လူထုတိုက်ပွဲ ကော်မတီ ၂၀၁၀ (ပို့စကဒ်)
- ဘုန်းကြီးခေါင်းရိုက်ထားသူတွေ သတိထား..လှိုင်ခေါင်းထ...
- အသေခံဗုံးခွဲသူတွေ ပေါ်လာကြပြီ..
- ပြည်တွင်းက ညီအကို မောင်နှမများ အားဆက်လက် ဖြန့်ဝေပေ...
- ကာတွန်းဟန်လေးကို ဆုချပြီ
- ပြည်သူတွေကြောက်အောင် တမင်ခွဲတာ စစ်တပ်ဗုံး..
- မီဒီယာသမားများ ပြည်သူ့ အကျိုးကို ရှေ့ရှုကြပါလို့ြေ...
- တံဆိပ်တပ်တဲ့ ၀ါသနာ…
- လွိုင်ကော် ရဲစခန်း၌ ဗုံးပေါက်ကွဲ၍ လူတဦး သေဆုံး
- လူမသာတွေကို လမ်းထဲ အဝင်မခံတာမျိုး မလုပ်ကြပါနဲ့
- force Labor နေပြည်တော်ဝန်ထမ်းများနဲ့  မဖူလုံတဲ့လစာ
- အင်္ဂပူမြို့နယ်အတွင်း ဗုံးဖောက်ခွဲမှုနှင့် ကျေးရွာအာဏ...
- ပေါချောင်ကောင်း..ဘတ်ထားတဲ့ စာရင်းတွေပြ..ဒါနိုင်ငံသ...
- စစ်ဘိုလူထွက်..ပြောင်ပြောင်၏ မျက်နှာပြောင်ပြောင်ဖြင...
- လူကြားကောင်းရုံ အရေခြုံသီလ..
- အခုမှ ဖုံးမရပေါ်ပြီ
- လစာတိုးဦးမည် မက်လုံးပေး..ဆင်ဖြူတော်ပုံနဲ့ ..စက္ကူစ...
- မြေသြဇာ အဖွဲ့ မှ အထူး ထုတ်ပြန် ကြေငြာချက်
- ငပွကြီး ကယ်ပေလို့ 
- တခါက မြန်မာကျောင်းသားများ၏ လှုပ်ရှားမှု
- ချွန်တွန်း မီဒီယာသမားများ၏ အင်္ကြ
- Nuclear Free Burma ဖေါ်ဆောင်ရေး Signature Campaign ...
- ခွပ်နေကြတဲ့ အိုးမည်းသုတ်ခံ အိမ်ကြက်များ..
- နာဂစ် အမှတ်တရ ဆုတောင်း အမျှဝေ အခမ်းအနား ဖိတ်ကြားလွှာ
- တရားဥပဒေအရ..နအဖကို အရေးယူဖို့ အချိန်တန်ပြီ
- အရှက်မဲ့သူများရဲ့ ဘောင်းဘီချွတ်ပွဲ..
- သန်းရွှေရဲ့ မျက်နှာဖုံး နောက်ကွယ်က..မူရင်း စိတ်အသွင...
- တစီးမှမပိုင် သန်းရွှေ
- ရွေးကောက်ပွဲ ရာသီတွင် မီဒီယာများ နိုင်ငံရေးသမားမျာ...
- သေခြင်ရင် စိန်မစားနဲ့ ကရင်ပြည်ကိုသွား
- ပြည်သူ့ဂုဏ်ရည်ဆုရှင် ဦးကျော်သူနှင့် ဆက်သွယ်ကြစို့
- ပထမအကြိမ် ပြည်သူ့ဂုဏ်ရည် ချီးမြှင့်ဂုဏ်ပြုပွဲတွင် ...
- သန်လျင်ကျောက်တန်းဒေသမှဝါးပင်များအပွင့် ပွင့် နေ
- နိုင်ငံရေးမှုဖြင့် လူငယ် ၇ ဦးကို ရဲက ဖမ်းဆီး
- စက်တင်ဘာလ လှုပ်ရှားမှုတွင် ကိုယ်တိုင် ကိုယ်ကျ ပါဝင် ...
- နိုင်ငံရေးမှုဖြင့် လူငယ် ၇ ဦးကို ရဲက ဖမ်းဆီး
- ပြည်သူ့ ဂုဏ်ရည် ပထမ အကြိမ် ဂုဏ်ပြု အခမ်းအနားက ကိုေ...
- စစ်တွေမှာ ဆန္ဒပြပွဲ အပြီး လျှပ်စစ်မီးပြန်ရ
- Bogyoke Aung Sun graced at Myanma Movie Silver Jub...
- Video Dispatch: Myanmar, China and U.S. Tensions
- ၂၀၁၀ ခုနှစ် ပထမအကြိမ် ပြည်သူ့ဂုဏ်ရည် အဖြစ် မဲဆန္ဒအမ...
- သက်ဆိုင်သူသို့ 
- နအဖ ဘက်မှ ၀တပ်ဖွဲ့ အား တိုက်ပွဲနှစ်ကြိမ် စတင်တိုက်...
- 2100 in 2010: free burma's political prisoners
- မတိတ်ဆိတ်မဲ့ လွတ်လပ်ရေးတေးသံများ
- ဘဘဦးဝင်းတင်ရဲ့ ယုံကြည်ချက်နဲ့ ရည်မှန်းပန်းတိုင်
- လိုင်စင်ရ..ဒါးပြများ..
- စစ်တပ်ရှိတဲ့နေရာ..ဖာရှိတယ်..
- ရာဇဓိရာဇ်ရဲ့ သွေးက..စွေးစွေးနီ..
- “လူထုကို ဘယ်တော့မှ ကျောခိုင်းမသွားပါဘူး”
- မြန်မာဘက်က အဆိုးတွေမလာအောင် အိန္ဒိယ နယ်စပ်တံတိုင်းခ...
- အလံလွင့်နေသလို တံခွန်ထူနေမဲ့ ငါတို့ စိတ်ဓါတ်
- ဒို့ လာပြီ..
- မြန်မာ ကသိတဲ့ မြန်မာ..နဲ့  ကမ္ဘာက မြင်တဲ့ မြန်မာ ဘာ...
- မြန်မာစစ်သားများကြည့်ဖို့ ..
- Voice of Burma April 18 2010
- သူများတွေ ကတော့ စကားစနေပြီ..ရုန်းကြရဖို့ အချိန်တန်တဲ့
- အံမာ မင်း ကျုံကျုံ့ လေးဗျ
- ဘေးလူတွေတောင်ပြောနေရပြီ..သင်ဘယ်သူပါလည်း မြန်မာစစ်သည်။
- မိမိ နိုင်ငံကို မိမိ ကယ်တင်ပေးသင့်သည်။ အသင်.မျိုးခ...
- ပညာသင်ချင် ကောင်းကောင်းသင်..ဂွင်မဆင်နဲ့ 
- နအဖ ၏နောက်ဆုံးလက်နက်များ..ထုတ်သုံးနေခြင်း
- နားလှည့်ပါးရိုက် ..မသိတာလိုက်လို့ 
- တားတားက လှချင်တာတခုထဲပါဗျာ..ဘဘကိုတော့ကြောက်ပါတယ်
- ကိုယ်ကကျုး..ကိုယ့်ဟိုဒင်းတောင်မယုံဘူး..မလာခဲ့ကြနဲ ...
- နိုင်ငံတော်ကို ကာကွယ်မဲ့တပ်မတော် အိပ်ပျော်နေတယ်..
- စိတ်ကြွဆေးဖျော်ရည်နဲ့  ရက်လွန် အဖျော်ရည်ဗူးများ..မ...
- တစ်ပတ် အတွင်း ဗုံးပေါက်ကွဲမှု လေးနေရာ ဖြစ်ပွား
- ရေနံထွက်တဲ့ ဒို့ ပြည်နယ် မီးမလာတာ သပိတ်မှောက်ဟဲ့
- ပြုံးပြုံးလေးနေ..တစ် နှစ် သုံး..ဘုန်း..
- အုံးကနဲ မြည်တိုင်းဗုံးမဟုတ်
- အာဏာရှင်ကြီး-ဗိုလ်နေဝင်း-၏-အတွင်းရေးများ
- တခါးများဖွင့်လှစ် ထားမည်။..NLD
- စတေးခံရသူများ..
- လွတ်လပ်ပြီး ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲ ကျင်းပ...
- သူများရည်းစား ကြောင်တောင်နှိုက်တဲ့ ..မျောက်မသား
- Summaryမြန်မာနှင့် မြောက်ကိုရီးယား ဆက်ဆံရမှာ တာဝန်...
- မြန်မာ့ ရွေးကောက်ပွဲ စည်းရုံးလှုံ့ဆော်မှုများ စတင်
- ကောက်ရိုးပုံစောင့် ခွေး..ငါတို့ မဟုတ် .ငါ့တို့ြေ...
- ဗုံးကွဲမှု ဓာတ်ပုံရိုက်သူများ လွှတ်ပေးရန် မီဒီယာအဖွဲ...
-
▼
April
(377)
No comments:
Post a Comment