ရန်ငြိမ်းအောင် (လူငယ်) | ကြာသပတေးနေ့၊ ဧပြီလ ၀၈ ရက် ၂၀၁၀ ခုနှစ် ၁၃ နာရီ ၁၀ မိနစ်
(ရွေးကောက်ပွဲကော်မရှင်တွင် နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်ခြင်း မပြုရန် သမိုင်းဝင် ဆုံးဖြတ်ချက် ချပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ဘာဆက်လုပ်မည်၊ ဘယ်လိုယန္တရားဖြင့် လည်ပတ်မည်ကို သိချင်နေသူများအတွက် အဖွဲ့ချုပ်လူငယ်များက ဖြေကြားပေးလိုက်သော ဆောင်းပါးဖြစ်သည်။)
မှတ်ပုံတင်ခြင်း မပြုရန် တညီတညွတ်တည်း ဆုံးဖြတ်ပြီးနောက် နယ်မှ ဗဟိုဦးစီးအဖွဲ့များ၊ ကိုယ့်နေရင်း ဒေသများသို့ ပြန်ကြပြီဖြစ်သော်လည်း၊ NLD ရုံးချုပ်တွင် ယခင်ကထက်ပင် စည်ကားလျက်ရှိနေသည်ဟု သိရပါသည်။ ရောက်လာသမျှသော အဖွဲ့ဝင်များ၏ ရင်ထဲတွင် ဘယ်လိုဆက်လုပ်ကြရမှာလဲဟူသော မေးခွန်းက ရှိနေမည်မှာ မလွဲပါ။ မတ်လ ၃ဝ ရက်နေ့မှစ၍ နေ့စဉ် အဆက်မပြတ် လာရောက်နေကြသော နိုင်ငံခြား သံတမန်များကလည်း ဤမေးခွန်းကိုပင် မေးကြသည်ဟု ဆိုပါသည်။ ဤမေးခွန်းကို ဖြေရန် မကြိုးစားမီ ယခုရော ဘယ်လိုလုပ်နေကြသလဲဟု ဆန်းစစ်ရန် လိုသည်ဟု ထင်ပါသည်။
ဒီပဲယင်းလုပ်ကြံမှုနောက် ၂ဝဝ၄ ခုနှစ် ဧပြီလတွင် ဗဟိုအဖွဲ့ချုပ်ရုံးကို ဖွင့်ပြီးကတည်းက ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ မွန်၊ တနင်္သာရီ၊ မကွေးတိုင်း၊ ပြည်နယ်စည်း အားလုံးတို့သည် ရုံးချုပ်မှာသာ ရုံးထိုင်အစည်းအဝေး လုပ်နေခဲ့ကြသည်မှာ ယနေ့ နောက်ဆုံးအခြေအနေအထိပင် ဖြစ်ပါသည်။ ကျန် တိုင်း/ပြည်နယ်စည်း အားလုံးတွင်လည်း မန္တလေးတိုင်းစည်း တခုတည်းသာ ပုံမှန်နီးပါး အမှီအခိုကင်းစွာ လှုပ်ရှားနိုင်ပါတော့သည်။ မြို့နယ်စည်းများမှာလည်း ဆက်သွယ်ရေးအဖွဲ့ သာသာလောက်သာ ရှိပါတော့သည်။ နိုင်ငံရေးလှုပ်ရှားမှုကိုထား၍ အခမ်းအနား၊ ဟောပြောပွဲ၊ ဆွေးနွေးပွဲများကို မလုပ်နိုင်သည့်အပြင် အဖွဲ့ချုပ်၏ တရားဝင် စာရွက်စာတမ်းများပင် ပုံမှန်လက်ကမ်းရန် မတတ်နိုင်ကြပါ။ ဤသို့ဆိုလိုက်၍ ဒီပဲယင်း လုပ်ကြံမှုပြီးကတည်းက အခုအချိန်ထိ ၇ နှစ်ကာလအတွင်း NLD များ ဖြစ်ဖြစ်မြောက်မြောက် ဘာမှ မလုပ်ခဲ့ဟုဆိုလျှင် မှားပါလိမ့်မည်။
အပြင်းအထန် ဖိနှိပ်နေသည့်ကြားမှပင် Signature campaign များ၊ ဆုတောင်းပွဲများ၊ အခမ်းအနားများ လုပ်ခဲ့ကြပါသည်။ အဓမ္မလုပ်အားပေးကိစ္စ၊ ကလေးစစ်သားကိစ္စများတွင်လည်း ယနေ့တိုင် တက်ကြွစွာ လုပ်နေခဲ့ကြပါသည်။ ၂ဝဝ၇ ရွှေဝါရောင်တော်လှန်ရေး စလယ်ဆုံး ကာလသုံးပါးလုံးတွင် အဖွဲ့ချုပ်အဖွဲ့ဝင်များက ပါဝင်လှုပ်ရှားရန်၊ ခေါင်းဆောင်ရန် နောက်မကျခဲ့ကြပါ။ သို့သော် ထိုသို့လှုံ့ဆော်လှုပ်ရှား၊ ပါဝင်ခေါင်းဆောင်ခဲ့ကြသူများမှာ အဖွဲ့ချုပ်၏ ပုံမှန်ဖွဲ့စည်းပုံ ယန္တရားနှင့် ကင်းလွတ်ပြီး လုပ်ခဲ့ကြခြင်း ဖြစ်ပါသည်။
အချို့က အဖွဲ့ချုပ်ဗဟိုက မသိအောင် လှုပ်ရှားခဲ့ခြင်းဖြစ်ပြီး၊ အချို့က အဖွဲ့ချုပ် ညွှန်ကြားချက်များကို ချိုးဖောက်ပြီး ဗြောင်ဆောင်ရွက်ခဲ့ရခြင်း ဖြစ်ပါသည်။ အားလုံးသိပြီးကိစ္စ ဖြစ်နေ၍ ဥပမာများ၊ နမူနာများ ပေးနေရန် မလိုပါ။ NLD နှင့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ကြားမှ အနေအထားကို ကြည့်လျှင်လည်း ထိုနည်းတူစွာပင် ဖြစ်ပါသည်။ အဖွဲ့ချုပ် ဗဟိုအနေနှင့် ပြည်ပဒီမိုကရေစီအင်အားစုများကို မဆိုထားဘိ၊ ကုလသမဂ္ဂနှင့်ပင် ပုန်းကွယ်၍ ဆက်သွယ်ဆက်ဆံခဲ့ရပါသည်။ ပြင်ပမှာ စည်းရုံးလှုပ်ရှားနေရသော သူများသာမက၊ ရန်ကုန်ရှိ သံတမန်များထဲမှာပင် အဖွဲ့ချုပ်၏ သဘောထား တစုံတရာကို သိလိုလျှင်၊ ဘယ်သူ့ကို မေးရမှန်းမသိ၊ ဘယ်လိုဆက်သွယ်ရမှန်းမသိ ဖြစ်နေသည်မှာ အားလုံးအသိပင် ဖြစ်ပါသည်။
ထို့ကြောင့် လွန်ခဲ့သော ဒီပဲယင်းလွန် ကာလအတွင်းက အဖြစ်အပျက်များကို ပြန်လည်သုံးသပ်လျှင် အဖွဲ့ချုပ်၏ ပုံမှန်ဖွဲ့စည်းပုံသည် အသွင်ပျက်နေသည့်အပြင် အရေးဟယ်၊ အကြောင်းဟယ်ဆိုလျှင် အသုံးမကျ၊ အဖွဲ့ဝင် တဦးချင်း (သို့မဟုတ်) နီးစပ်ရာ စုစည်းထားသော၊ ပုံမှန်မဟုတ်သော အဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်နှင့်သာ လှုပ်ရှားခဲ့ရသည်ဟု မြင်နိုင်ပါသည်။ ထို့ပြင် အဖွဲ့ချုပ်၏ တရားဝင် ရပ်တည်မှုဆိုသည်ကလည်း တကယ် ဖြစ်လာပြီဆိုပါက ဘာမှ အကာအကွယ် မပေးနိုင်သည်ကို၊ ဧရာဝတီတိုင်း ဘိုကလေးမြို့က အဖွဲ့ချုပ်ဆိုင်းဘုတ် အတင်းဆွဲချခံခဲ့ရခြင်းက သက်သေပြနေပါသည်။
ထိုမျှသာမကပါ၊ အခြေအနေနှင့် မကိုက်ညီတော့သည့် ထိုအသွင်ပျက် ဖွဲ့စည်းပုံအပိုင်းအစများ အတွင်းမှာပင် လူနှင့် နေရာ လျော်ညီမှု ရှိမရှိကလည်း သံသယဖြစ်စရာ ကောင်းပါသည်။ ဒေါ်အောင်ဆန်းစုကြည်ပြီးလျှင် လူသိအများဆုံးဟု ဆိုရမည့် မစုစုနွေးသည် သာမန်အဖွဲ့ဝင်ဘဝမှ မြှင့်တင်ပေးခြင်းမရှိဘဲ အဖွဲ့ချုပ်ထဲမှ ထုတ်ပစ်ဖို့ လုပ်ခြင်းကို အကြိမ်ကြိမ် ခံခဲ့ရသည်မှာလည်း အများအသိပင် ဖြစ်ပါသည်။ ထိုထိုသော အကြောင်းများကြောင့် အဖွဲ့ချုပ်၏ ခေါင်းဆောင်မှု အခန်းကဏ္ဍဆိုသည်မှာ၊ တကယ့် အခြေအနေများတွင် ဘယ်ရောက်နေမှန်းမသိ ဖြစ်ရသည်မှာ မဆန်းလှပါ။
အဖွဲ့ချုပ် လက်ရှိဖွဲ့စည်းတည်ဆောက်ပုံ အနေအထား၏ ထိရောက်မှု မရှိခြင်းကို Vote "No" Campaign ကို ကြည့်လျှင် သိသာပါသည်။ ဆန္ဒခံယူပွဲကျင်းပသည့် အချိန်တွင် ရွှေဝါရောင်တော်လှန်ရေးပြီး၍ ၈ လ ခန့်သာ ရှိသေးသည်။ မတရား လုပ်နေမှန်း ပြည်သူလူထုကလည်း သိပါသည်။ သို့လျက်နဲ့ပင် Vote "No" Campaign သည် လိုအပ်သော အရှိန်အဟုန်ကို မရောက်ခဲ့ပါ။ အပေါ်က အောက်ကို ခိုင်း၊ အောက်က အပေါ်မှ ခေါင်းဆောင်ပြီး လာလုပ်ပါဟု ဆိုရင်းနှင့် ပြီးသွားခဲ့ပါသည်။ အဖွဲ့အစည်း၏ လှုပ်ရှားမှုအသွင်ဖြင့် စခဲ့သော်လည်း၊ တဦးချင်း စွမ်းဆောင်နိုင်မှုအပေါ်မှာ မူတည်၍သာ အောင်မြင်မှုအချို့ ရခဲ့ပါသည်။
ရွှေဝါရောင် တော်လှန်ရေးကာလက၊ အဖွဲ့ချုပ် အဖွဲ့ဝင်များသည် ဗဟို၏ သဘောထားကို စောင့်မနေဘဲ မိမိတို့ ယုံကြည်ရာကို ယုံကြည်ချက်တူရာ ကျန်ဒီမိုကရေစီရေး လှုပ်ရှားသူများ၊ မိမိတို့ကို အားပေးနေသော ပြည်သူများနှင့် အခြေအနေအရ လိုအပ်သလို ပူးပေါင်းညှိနှိုင်းပြီး လှုပ်ရှားခဲ့ကြပါသည်။ အဖွဲ့ချုပ် အဖွဲ့ဝင်တို့ကလည်း လိုအပ်လျှင် အပြင်လူတို့၏ ခေါင်းဆောင်မှုနောက်တွင် လိုက်ရန် ဝန်မလေးခဲ့သောကြောင့်၊ တလကျော်ကျော် အချိန်တိုလေးအတွင်း နိုင်ငံရေးပရောဟိတ် အားလုံးလောက်က မဖြစ်နိုင်တော့ပါဟု ဟောထားသော အုံကြွမှုတရပ် ပေါ်ပေါက်လာခဲ့ရခြင်း ဖြစ်ပါသည်။ ထိုအုံကြွမှုကိုလည်း ဘယ်သူကမှ စည်းရုံးမထားသော လူငယ်လေးများက နည်းပညာသစ်များကို သုံး၍ အာဏာပိုင်များ ဆက်သွယ်ရေး လမ်းကြောင်းများမှတဆင့် ကမ္ဘာကို သိစေခဲ့ပါသည်။
ထိုအချက်များကိုကြည့်၍ ဘယ်လိုဆက်လုပ်ကြမလဲဟူသော မေးခွန်းကို ဖြေရပါလျှင် အရေးအကြောင်းရှိလျှင်၊ လုပ်နေကျအတိုင်း လုပ်ကြတာပေါ့ဟု ဖြေချင်ပါသည်။ အတိအကျ ပြောပါဆိုလျှင်တော့ …
(က) အဖွဲ့ချုပ် စထောင်ကတည်းက ရှိခဲ့သော အထက်အောက်ဆက်ဆံရေး Vertical (သို့) Hierarchical organizational model (သို့) ပိရမစ်ပုံစံ ဖွဲ့စည်းပုံ (သို့) Max Weber ၏ Bureaucratic model ကို နှမြောမနေပါနှင့်။ ထိုပုံစံသည် ပုံပျက်နေပြီ ဖြစ်သည့်အပြင် အသုံးမတည့်တော့ပါ၊ လွှင့်ပစ်လိုက်စမ်းပါ။
(ခ) အကြောဆုံချက် (Node) နှင့် ချိတ်ဆက် (Link) များကို အခြေခံသော ကွန်ယက် (Network organization) ကို တပြေးညီဆက်သွယ်ရေး (Horizontal) ပုံစံဖြစ်အောင် အဖွဲ့ချုပ်တွင် လက်ရှိ ကျန်နေသူများနှင့် ပြန်လည်ဖွဲ့စည်းပါ။ မှတ်ပုံတင်ရန် မလိုပါ။ တရားလည်း ဝင်ပါသည်။
(ဂ) အဖွဲ့ထဲက လက်ရှိများသာမက၊ ထွက်ထားသူ၊ ထုတ်ထားသူ၊ အပြင်က လှုပ်ရှားသူ၊ အားပေးသူ၊ ယုံရသူ၊ မယုံရသူ စသည့် နယ်စည်းခြားနားခြင်းများကို လျှော့ပြီး ဒီမိုကရေစီရေး လှုပ်ရှားသူများ (ဒီ/လှုပ်) နှင့် စိတ်ဝင်စားသူ၊ အားပေးသူ အားလုံး ဆက်သွယ်ရေးလမ်းကြောင်း (Communication links) များ ဖွင့်ပါ။ မိမိကွန်ယက် (Network) နှင့် ချိတ်ဆက်ပါ၊ ဆက်သွယ်ရန် နည်းမျိုးစုံကို သုံးပါ။
(ဃ) ထို့နောက်တွင် Node တခုစီက မိမိတို့ ယုံကြည်ရာကို မိမိတို့ဘာသာ အမှီအခိုကင်းစွာ ဆောင်ရွက်နိုင်ပါသည် (သို့) အဆက်အသွယ်ရှိသော အခြား Node များနှင့် ညှိနှိုင်းပူးပေါင်း၍ Synchronize (တပြေးညီ) လှုပ်ရှားမှု လုပ်ပါ။
(င) တပြည်လုံး၏ Network အားလုံး၏ ခေါင်းဆောင်သည် ဒေါ်အောင်ဆန်းစုကြည် ဖြစ်သည်ဟု ခံယူထားပါ။ Node များတွင် အပေါ်/အောက်ဟူ၍ မရှိသော်လည်း ဗဟိုနှင့် အဝန်းဒေသ (Center and Peripheral) ဟူ၍ ရှိမည်ဖြစ်ပါသည်။
( www.youthrecord.co.cc တွင် အဖွဲ့ချုပ်လူငယ်များ၏ ဆောင်းပါးများကို ဖတ်ရှုရရှိနိုင်ပါသည်။) http://mizzimaburmese.com/edop/songpa/5194-nld--.html မှ
Saturday, April 10, 2010
ရပ်တည်ပုံအသစ်နဲ့  NLD
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
April
(377)
- ကိုဟန်လင်းတော့ဆုရပြီ ၊ ကျွန်တော်တို့ အာဇာနည်မှ ကို...
- ငရဲက လာသူ ပြာပူ မကြောက်
- အစိတ်သားနဲ့ မ၀ နိုင်တဲ့..ကြံဖွတ် ၀န်ကြီး..သောက်စား...
- ဒီလိုချွတ်လိုက်မှ အမြင်ရှင်းမှာ ... ရွေးကောက်ပွဲဝင...
- ကြံ့ကြံ့ ဖွတ်ဖွတ် ပန်းသိန်းစိန် အရပ်ဝတ်ပေမယ့် ဘောင...
- The Voice Weekly ဂျာနယ် Vol.6/No.25 ဖတ်ရှုနိုင်ပါပြီ
- အားနည်းသူကို ဖြဲခြောက်နေသည့် နအဖ တပ်များ..
- အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှထုတ်ပြန်သော မေဒေးေ...
- နိုင်ငံရေး ပါတီ တည်ထောင်ခွင့် လျှောက်ထားသည့် အဖွဲ့...
- ကြံ့ခိုင်ရေး ပါတီ လာပြီ
- နာဂစ်ကူညီရေး စစ်အစိုးရ ပိတ်ဆို့နေဆဲ
- စစ်အစိုးရ တာဝန်မဲ့မှု NLD နဲ့ ဒေါ်စု တရားစွဲ
- ကွယ်လွန်သွားရှာသူ ကိုမောင်မောင်ငြိမ်း၏ ကိုယ်ရေးအကျ...
- လက်ယားနေသော နစကများ
- ဒေါ်အောင်ဆန်းစုကြည်မှ ရက်ပေါင်း ၆၀ အတွင်းမှတ်ပုံမတင...
- စစ်ဖြစ်မှာစိုးလို့ ၀ တိုင်းရင်းသားတွေ တိမ်းရှောင်
- နူနေကာမှ စွဲတဲ့ ၀ဲ..လဲနေသူကိုမှ ထောင်းရက်တဲ့ သူခို...
- စစ်သားအယောင်ဆောင် လိုင်စင်ရ ပင်လယ် ဒါးမြများ
- ပြည်သူကို မဲမဲ မြင်ရာ ဒုက္ခပေးပြီး..သူ့ ကျ တပ်မတော...
- အတွင်းလှိုက်စား ဂုရုများရဲ့ ကျွေးသောလက် လျက်သောစကား
- လူထုတိုက်ပွဲ ကော်မတီ ၂၀၁၀ (ပို့စကဒ်)
- ဘုန်းကြီးခေါင်းရိုက်ထားသူတွေ သတိထား..လှိုင်ခေါင်းထ...
- အသေခံဗုံးခွဲသူတွေ ပေါ်လာကြပြီ..
- ပြည်တွင်းက ညီအကို မောင်နှမများ အားဆက်လက် ဖြန့်ဝေပေ...
- ကာတွန်းဟန်လေးကို ဆုချပြီ
- ပြည်သူတွေကြောက်အောင် တမင်ခွဲတာ စစ်တပ်ဗုံး..
- မီဒီယာသမားများ ပြည်သူ့ အကျိုးကို ရှေ့ရှုကြပါလို့ြေ...
- တံဆိပ်တပ်တဲ့ ၀ါသနာ…
- လွိုင်ကော် ရဲစခန်း၌ ဗုံးပေါက်ကွဲ၍ လူတဦး သေဆုံး
- လူမသာတွေကို လမ်းထဲ အဝင်မခံတာမျိုး မလုပ်ကြပါနဲ့
- force Labor နေပြည်တော်ဝန်ထမ်းများနဲ့  မဖူလုံတဲ့လစာ
- အင်္ဂပူမြို့နယ်အတွင်း ဗုံးဖောက်ခွဲမှုနှင့် ကျေးရွာအာဏ...
- ပေါချောင်ကောင်း..ဘတ်ထားတဲ့ စာရင်းတွေပြ..ဒါနိုင်ငံသ...
- စစ်ဘိုလူထွက်..ပြောင်ပြောင်၏ မျက်နှာပြောင်ပြောင်ဖြင...
- လူကြားကောင်းရုံ အရေခြုံသီလ..
- အခုမှ ဖုံးမရပေါ်ပြီ
- လစာတိုးဦးမည် မက်လုံးပေး..ဆင်ဖြူတော်ပုံနဲ့ ..စက္ကူစ...
- မြေသြဇာ အဖွဲ့ မှ အထူး ထုတ်ပြန် ကြေငြာချက်
- ငပွကြီး ကယ်ပေလို့ 
- တခါက မြန်မာကျောင်းသားများ၏ လှုပ်ရှားမှု
- ချွန်တွန်း မီဒီယာသမားများ၏ အင်္ကြ
- Nuclear Free Burma ဖေါ်ဆောင်ရေး Signature Campaign ...
- ခွပ်နေကြတဲ့ အိုးမည်းသုတ်ခံ အိမ်ကြက်များ..
- နာဂစ် အမှတ်တရ ဆုတောင်း အမျှဝေ အခမ်းအနား ဖိတ်ကြားလွှာ
- တရားဥပဒေအရ..နအဖကို အရေးယူဖို့ အချိန်တန်ပြီ
- အရှက်မဲ့သူများရဲ့ ဘောင်းဘီချွတ်ပွဲ..
- သန်းရွှေရဲ့ မျက်နှာဖုံး နောက်ကွယ်က..မူရင်း စိတ်အသွင...
- တစီးမှမပိုင် သန်းရွှေ
- ရွေးကောက်ပွဲ ရာသီတွင် မီဒီယာများ နိုင်ငံရေးသမားမျာ...
- သေခြင်ရင် စိန်မစားနဲ့ ကရင်ပြည်ကိုသွား
- ပြည်သူ့ဂုဏ်ရည်ဆုရှင် ဦးကျော်သူနှင့် ဆက်သွယ်ကြစို့
- ပထမအကြိမ် ပြည်သူ့ဂုဏ်ရည် ချီးမြှင့်ဂုဏ်ပြုပွဲတွင် ...
- သန်လျင်ကျောက်တန်းဒေသမှဝါးပင်များအပွင့် ပွင့် နေ
- နိုင်ငံရေးမှုဖြင့် လူငယ် ၇ ဦးကို ရဲက ဖမ်းဆီး
- စက်တင်ဘာလ လှုပ်ရှားမှုတွင် ကိုယ်တိုင် ကိုယ်ကျ ပါဝင် ...
- နိုင်ငံရေးမှုဖြင့် လူငယ် ၇ ဦးကို ရဲက ဖမ်းဆီး
- ပြည်သူ့ ဂုဏ်ရည် ပထမ အကြိမ် ဂုဏ်ပြု အခမ်းအနားက ကိုေ...
- စစ်တွေမှာ ဆန္ဒပြပွဲ အပြီး လျှပ်စစ်မီးပြန်ရ
- Bogyoke Aung Sun graced at Myanma Movie Silver Jub...
- Video Dispatch: Myanmar, China and U.S. Tensions
- ၂၀၁၀ ခုနှစ် ပထမအကြိမ် ပြည်သူ့ဂုဏ်ရည် အဖြစ် မဲဆန္ဒအမ...
- သက်ဆိုင်သူသို့ 
- နအဖ ဘက်မှ ၀တပ်ဖွဲ့ အား တိုက်ပွဲနှစ်ကြိမ် စတင်တိုက်...
- 2100 in 2010: free burma's political prisoners
- မတိတ်ဆိတ်မဲ့ လွတ်လပ်ရေးတေးသံများ
- ဘဘဦးဝင်းတင်ရဲ့ ယုံကြည်ချက်နဲ့ ရည်မှန်းပန်းတိုင်
- လိုင်စင်ရ..ဒါးပြများ..
- စစ်တပ်ရှိတဲ့နေရာ..ဖာရှိတယ်..
- ရာဇဓိရာဇ်ရဲ့ သွေးက..စွေးစွေးနီ..
- “လူထုကို ဘယ်တော့မှ ကျောခိုင်းမသွားပါဘူး”
- မြန်မာဘက်က အဆိုးတွေမလာအောင် အိန္ဒိယ နယ်စပ်တံတိုင်းခ...
- အလံလွင့်နေသလို တံခွန်ထူနေမဲ့ ငါတို့ စိတ်ဓါတ်
- ဒို့ လာပြီ..
- မြန်မာ ကသိတဲ့ မြန်မာ..နဲ့  ကမ္ဘာက မြင်တဲ့ မြန်မာ ဘာ...
- မြန်မာစစ်သားများကြည့်ဖို့ ..
- Voice of Burma April 18 2010
- သူများတွေ ကတော့ စကားစနေပြီ..ရုန်းကြရဖို့ အချိန်တန်တဲ့
- အံမာ မင်း ကျုံကျုံ့ လေးဗျ
- ဘေးလူတွေတောင်ပြောနေရပြီ..သင်ဘယ်သူပါလည်း မြန်မာစစ်သည်။
- မိမိ နိုင်ငံကို မိမိ ကယ်တင်ပေးသင့်သည်။ အသင်.မျိုးခ...
- ပညာသင်ချင် ကောင်းကောင်းသင်..ဂွင်မဆင်နဲ့ 
- နအဖ ၏နောက်ဆုံးလက်နက်များ..ထုတ်သုံးနေခြင်း
- နားလှည့်ပါးရိုက် ..မသိတာလိုက်လို့ 
- တားတားက လှချင်တာတခုထဲပါဗျာ..ဘဘကိုတော့ကြောက်ပါတယ်
- ကိုယ်ကကျုး..ကိုယ့်ဟိုဒင်းတောင်မယုံဘူး..မလာခဲ့ကြနဲ ...
- နိုင်ငံတော်ကို ကာကွယ်မဲ့တပ်မတော် အိပ်ပျော်နေတယ်..
- စိတ်ကြွဆေးဖျော်ရည်နဲ့  ရက်လွန် အဖျော်ရည်ဗူးများ..မ...
- တစ်ပတ် အတွင်း ဗုံးပေါက်ကွဲမှု လေးနေရာ ဖြစ်ပွား
- ရေနံထွက်တဲ့ ဒို့ ပြည်နယ် မီးမလာတာ သပိတ်မှောက်ဟဲ့
- ပြုံးပြုံးလေးနေ..တစ် နှစ် သုံး..ဘုန်း..
- အုံးကနဲ မြည်တိုင်းဗုံးမဟုတ်
- အာဏာရှင်ကြီး-ဗိုလ်နေဝင်း-၏-အတွင်းရေးများ
- တခါးများဖွင့်လှစ် ထားမည်။..NLD
- စတေးခံရသူများ..
- လွတ်လပ်ပြီး ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲ ကျင်းပ...
- သူများရည်းစား ကြောင်တောင်နှိုက်တဲ့ ..မျောက်မသား
- Summaryမြန်မာနှင့် မြောက်ကိုရီးယား ဆက်ဆံရမှာ တာဝန်...
- မြန်မာ့ ရွေးကောက်ပွဲ စည်းရုံးလှုံ့ဆော်မှုများ စတင်
- ကောက်ရိုးပုံစောင့် ခွေး..ငါတို့ မဟုတ် .ငါ့တို့ြေ...
- ဗုံးကွဲမှု ဓာတ်ပုံရိုက်သူများ လွှတ်ပေးရန် မီဒီယာအဖွဲ...
-
▼
April
(377)
No comments:
Post a Comment