12 May 2010
ဗြိတိန်နိုင်ငံမှာ ရွေးကောက်ပွဲအပြီး ၀န်ကြီးချုပ်အသစ် တက်ချိန်မှာ လန်ဒန်မြို့က ချတ်တားဟောက်စ် နိုင်ငံတကာရေးရာ သိပ္ပံမှာ မြန်မာနိုင်ငံရဲ့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ လူ့အခွင့်အရေး ဆိုင်ရာတွေကို Amnesty International နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးက တင်ပြခဲ့ပါတယ်။ ဒါ့အပြင် ဒီနှစ်ထဲ ကျင်းပမယ့် ရွေးကောက်ပွဲနောက်ပိုင်း တက်လာမယ့် အစိုးရဟာ အခု စစ်အစိုးရလက် ထက် ကျူးလွန်ထားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တာဝန်ယူ ဖြေရှင်းမှာ မဟုတ်တဲ့အတွက် မြန်မာစစ်အစိုးရ ကျူးလွန်နေတဲ့ လူသားချင်း စာနာမှုဆိုင်ရာ ရာဇ၀တ်မှုနဲ့ စစ်ရာဇ၀တ်မှုတွေကို ကော်မရှင်တရပ် ဖွဲ့ပြီး နိုင်ငံတကာက စုံစမ်း စစ်ဆေးပေးဖို့ Amnesty International အဖွဲ့က တောင်းဆိုလိုက်ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြေပေးထားပါတယ်။
မြန်မာစစ်အစိုးရ ကျူးလွန်နေတဲ့ ပြစ်မှုတွေကို ကော်မရှင်ဖွဲ့ စုံစမ်း စစ်ဆေးပေးဖို့ နိုင်ငံတကာက တောင်းဆိုမှုတွေအတွက် ထောက်ခံ တဲ့ အနေနဲ့ Amnesty International အဖွဲ့ကြီးက ပထမဆုံးအကြိမ်အဖြစ် အခုလို တောင်းဆိုခဲ့တာလို့ AI အဖွဲ့ရဲ့ အရှေ့တောင်အာရှ သု တေသနမှူး ဘန်ဂျမင် ဇာဝက်ကီးက ပြောပါတယ်။ မြန်မာစစ်အစိုးရဟာ လူသားချင်း စာနာမှုဆိုင်ရာ ပြစ်မှုတွေနဲ့ စစ်ရာဇ၀တ်မှုတွေကို ကျူးလွန်နေရုံမကဘဲ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြု ပြဋ္ဌာန်းပြီး စစ်ဘက် အရာရှိတွေ အာဏာမြဲအောင် ကြိုးစားတဲ့ အနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပဖို့ ပြင်နေတာမို့ AI အဖွဲ့က အထူးစိုးရိမ်တယ်လို့လည်း ပြောပါတယ်။
“လာမယ့် ရွေးကောက်ပွဲမှာ လူ့အခွင့်အရေး ရပိုင်ခွင့်တွေ ချိုးဖောက်ခံရမှာကို ကျနော်တို့အဖွဲ့က အဓိက စိုးရိမ်တာပါ။ လူသားတိုင်းရဲ့ အ ခြေခံရပိုင်ခွင့် ၃ ခုဖြစ်တဲ့ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ လွတ်လပ်စွာ ဖွဲ့စည်းခွင့်နဲ့ ငြိမ်းချမ်းစွာ စုရုံးခွင့်တွေကို စစ်အစိုးရက ကာ ကွယ် စောင့်ရှောက်တာမျိုး မရှိတဲ့အတွက် မဲဆွယ်တဲ့ နေရာမှာရော ရွေးကောက်ပွဲ ကျင်းပတဲ့ ကာလအတွင်းမှာပါ မြန်မာနိုင်ငံသားတွေအ ဖို့ ဒီရပိုင်ခွင့်တွေ ဆုံးရှုံးရဖို့ ရှိနေပါတယ်။”
AI အဖွဲ့က ဒီရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံတွင်း တိုင်းရင်းသား လူမျိုးစုတွေ အတွက်လည်း အဓိက စိုးရိမ်မှုတွေ ရှိနေတယ် လို့ ပြောပါတယ်။ မြန်မာစစ်အစိုးရဟာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို ရွေးကောက်ပွဲ မတိုင်ခင် နယ်ခြားစောင့်တပ်ဖွဲ့ အသွင် ပြောင်းဖို့အတွက် ဖိအားပေးမှုတွေ တနေ့တခြား တိုးလာနေတဲ့အပြင် တရုတ်၊ မြန်မာ နယ်စပ်ဒေသက ကိုးကန့်တပ်ဖွဲ့တွေကို တိုက်ခိုက် ချေမှုန်းတဲ့ မဟာဗျူဟာ အသစ်ကို ချပြပြီး ခြိမ်းခြောက်မှုတွေ လုပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။
တိုင်းရင်းသားတွေဟာ ပြည်တွင်းက ဖိနှိပ်မှုဒဏ်ကို မခံနိုင်လို့ အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေး တိမ်းရှောင်နေရတာကို နိုင်ငံတကာက အရေးယူ ဆောင်ရွက်သင့်ပြီလို့လည်း ဆိုပါတယ်။
“Amnesty International အဖွဲ့က ဒီနှစ် ဖေဖော်ဝါရီလထဲမှာ အစီရင်ခံစာတစောင် ထုတ်ပြန်ပြီး စစ်အစိုးရရဲ့ မြန်မာနိုင်ငံ အနှံ့အပြား ဖိနှိပ်မှုတွေ၊ အထူးသဖြင့် လူမျိုးစု တိုင်းရင်းသားတွေ နေထိုင်ရာ ဒေသတွေမှာ သတ်ဖြတ်မှုတွေကိုပါ ကျူးလွန်နေတာတွေ တင်ပြခဲ့ပါ တယ်။ ဒါကြောင့် ရွေးကောက်ပွဲ ကာလမှာ မြို့ပြ လူထုအတွက်သာမက နယ်စွန်နယ်ဖျားက တိုင်းရင်းသား ဒေသတွေမှာပါ ကြုံလာနိုင်တဲ့ ဖိနှိပ်မှုတွေကို နိုင်ငံတကာက ၀ိုင်းပြီး ကာကွယ်ပေးဖို့ အထူးလိုအပ်နေပါတယ်။”
Amnesty International အဖွဲ့ကြီးက ၂၀၀၈ ခုနှစ်တုန်းက မြန်မာနိုင်ငံ အရှေ့ပိုင်းမှာ လူသားချင်း စာနာမှုဆိုင်ရာ ရာဇ၀တ်မှုတွေ ကျူး လွန်ခံနေရတယ်လို့ အစီရင်ခံစာတစောင် ထုတ်ပြန် တင်ပြခဲ့ပါတယ်။ စစ်ရာဇ၀တ်ပြစ်မှု မြောက်နိုင်ခြေရှိတဲ့ ပြစ်မှု အများအပြားကို စစ်အ စိုးရဘက်က ကျူးလွန်ခဲ့တာတွေကိုလည်း AI အဖွဲ့က မှတ်တမ်း တင်ပြခဲ့ပါတယ်။
မကြာခင်ကလည်း မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှယ် တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ကလည်း ဒီရာဇ၀တ်မှုတွေအတွက် နိုင်ငံတကာ ကော်မရှင်ဖွဲ့ပြီး စုံစမ်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါကို နိုင်ငံတကာ ကပါ အရေးယူ ဆောင်ရွက်ကြဖို့အတွက် အခုအချိန်ဟာ အကောင်းဆုံးအချိန် ဖြစ်တယ်လို့လည်း ပြောပါတယ်။
“ဒီအချိန်ဟာ အားလုံးသိတဲ့အတိုင်းပါပဲ၊ ရွေးကောက်ပွဲ ကျင်းပဖို့ လုပ်နေတဲ့ အချိန်မို့ မြန်မာစစ်အစိုးရ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို စုံစမ်း စစ်ဆေးဖို့ အကောင်းဆုံးအချိန် ဖြစ်မယ်လို့ ကျနော် ထင်ပါတယ်။ ဒီရွေးကောက်ပွဲကနေ မြန်မာစစ်အစိုးရက စစ်ဘက်အရာရှိတွေ၊ အစိုးရ အရာရှိတွေ ကျူးလွန်ထားတဲ့ ပြစ်မှုတွေကနေ လွတ်ကင်းအောင်လည်း ကြိုးစားနေတာမို့ နောက်အစိုးရသစ်တရပ် မတက်ခင် ဒီပြစ်မှုတွေ ကို ကော်မရှင်ဖွဲ့ စုံစမ်းစစ်ဆေးဖို့ နိုင်ငံတကာကို တောင်းဆိုပါတယ်။”
Amnesty International အဖွဲ့ရဲ့ အရှေ့တောင်အာရှ သုတေသနမှူး ဘန်ဂျမင် ဇာဝက်ကီး ပြောသွားတာ ဖြစ်ပါတယ်။
http://www.voanews.com/burmese/2010-05-12-voa2.cfm
Wednesday, May 12, 2010
စစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းရေး ကော်မရှင်ဖွဲ့ စစ်ဆေးဖို့ AI တောင်းဆို
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
May
(308)
- ဒီပဲယင်း ၇ နှစ်မြောက်အဖြစ် ဆွမ်းကပ်လှူ
- မြောက်ကိုရီးယားက မြန်မာကို ဒုံးကျည်နှင့် နျူကလီးယာ...
- ကားမှောက်၍ ရန်ကုန်မြို့တော်ဝန်မြေး ဘ၀ပြောင်း
- ကုသိုလ်မျှဝေနိုင်ကြပါစေ
- အာဇာနည် ဘလော့ခ်မှ ဒီဇိုင်းကိုမျိုးနှင့် စက်တင်ဘာ ...
- ပြည်သူတွေ ကိုယ့်ကိစ္စကို ပြသနာ ဖြေရှင်းနေသော်လည်း အ...
- ကျွန်တော့လက်ထဲရောက်လာလို့  ဓါတ်ပုံအမြန်ရိုက်ပြီး အ...
- ဒီပဲယင်းလုပ်ကြံမှုသည် အမျိုးသားပြန်လည်သင့်မြတ်ရေးကိ...
- ကမ်းလွန်ရေနံ ပြဿနာ
- ဗမာပြည် မှတ်တမ်း (Documentary)
- စိတ်ညစ်စရာ
- ၀ါးရင်းတုတ်နှင့် ထိုက်တန်သူများစာရင်း ထုတ်ပြန်ချက်
- အကောင်းနှင့် မကောင်း ရောရောင်း ...ကဲ စီပွားရေး
- ဆက်ဖတ်ကြည့် ခင်မျ
- ပြည်သူလူထုအတွက် အကျိုးတခုခုဖြစ်ဖို့ အတွက် ပလပ်စတစ်...
- ဆရာတော်တရား အင်တာနက်ပေါ်မှာ တိုက်ရိုက် တရားနာလိုလျင်
- UN experts say NKorea is exporting nuke technology
- ဖတ်ဖြစ်အောင်ဖတ်ကြပါ ( သူခိုးနဲ့  ဂျပိုး တိတ်တိတ်ပု...
- Al Jazeera news - Moustache Brothers Myanmar
- ကိုပါပါလေး တို့ သုံးဦးကို လေးစားလျက်ရှိပါကြောင်း
- မှောင်သောည တွေ ( ကာတွန်း ကို ဟန်လေး)
- Myanmar opposition marks anniversary of victory
- In a personal handwritten letter to Burmese opposi...
- မျှဝေပါတယ် ကြည့်ဖြစ်ကြမယ်လို့ မျှော်လင့်ပါတယ် ကောင...
- ဒီနှစ်တော့ကျွန်တော် ငတ်ပြီထင်တာဘဲ
- ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံဖြန့်သူ ထောင်ဒဏ် ၁ဝ နှစ်...
- လူတိုင်းနိုင်ငံရေးဆိုတဲ့ဝေါဟာရကိုဒီလိုနားလည်နိုင်ရင်
- ခွပ်ဒေါင်းအလံ
- ဖဒိုမန်းရှာ သမီးဖြစ်သူ ကမ္ဘာ့လူငယ်ခေါင်းဆောင် ဆုရှင...
- ယခုလေးလပတ် အစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ...
- Get out SPDC ,shame on you ruling without supporti...
- အာဏာရူးများ၊ အာဏာအတွက် လည့်လည် လှုပ်ရှား
- လေလွင့်သူ များနှင့် တောင်းရမ်းသူ များကို မန္တလေးမြိ...
- သိက္ခာ
- ၀မ်းသာရမှာလား၊ ၀မ်းနည်းရမှာလား၊ မလေးရှား UNHCR
- In The Quiet Land
- သိက္ခာမဲ့ အုပ်စုကြောင့် ကျွန်တော်လည်းအရှက်ရပြီ
- ဒေါ်အောင်ဆန်းစုကြည်ထံ ဗြိတိန် ဝန်ကြီးချုပ် နောက်ဆုံ...
- ဒီမိုကရေစီဖော်ဆောင်ပေးမည့်သူများရဲ့ ပြည်သူ့ အပေါ်ထာ...
- ကိုကျော်သူရဲ့နောက်ဆုံးလက်နက်
- ဘိန်းဘုရင်နှင့် ဆက်စပ်သော Transocean ကုမ္ပဏီ မြန်မာ...
- လိုချင်ရင်...ရအောင်ချူလော့ ၊ သင်၏အခွင့်အရေး သင်လက်...
- လူထုအောင်ပွဲသည် လူထုလက်ထဲမှာရှိသည်
- “အရေးကြီးပြီးသွေးနီးပေါင်းစည်းရမယ့်အချိန်”
- ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို RCSS အသိအမှတ်ပြုထောက်ခံ
- ၂၀၁၀ ရွေးကောက်ပွဲ ကမ္ဘာလုံးဆိုင်ရာ ကန့်ကွက်မှု ပြုလုပ်
- ပူးတွဲ စစ်ဆင်နွဲရန် လက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့ သဘောတူ
- နအဖ လက်ချက်မှတပါး အခြားမရှိကြောင်း ထပ်လောင်းသက်သေထူ
- စစ်ဘေးတိမ်းရှောင်ရွာသားများဌာနေသို့ပြန်လေပြီ
- USDP မက်လုံးပေး စည်းရုံး
- ယောက်ျား ၀ယ်..ရော်ကြေးနဲ့  ဖယ်တတ်သော မင်းသမီး
- Joint Statement No.7/2010 of ABMA+88+ABFSU
- လူနာသေ..သမားတွေ ပျော်သလား..???
- ဟိုဘက်ကမ်းက မီးထိန်ထိန်ပေမဲ့ ဒို့ ဖက်ကမ်းကျ မီးမှိ...
- မရည်ရွယ်ပါဘူး တိုက်ဆိုင်ခဲ့ လို့ 
- ငါ့မှာ လေယာဉ်ခ ရှိတယ် ငှဲ..ငှဲ
- မှန်တဲ့  သူတို့ အမြင်
- ညုကောင်းသူ အနိုင်ရစေ...အပြုစု ကောင်းသူ..ဒို့ ကိုကြ...
- Myanmar's flag mistaken as Taiwan's in Okinawa
- လှတယ်ဆိုပေမယ့် ကိုယ်ထိလက်ရောက် ရိုင်းတော့ဘယ် လို လ...
- ပျောက်ကွယ်တော့မည့်မြန်မာပြည်
- ထပ်ဆင်ချင်န၀ပ် ကို ဖမ်းချုပ်ရန်နှင့် အကြမ်းဖက်သမား...
- ဒီမိုကရေစီဆိုတာဘာလဲ ကြံ့ ဖွတ် သိန်းမောင်?
- လာဘ်လာဘအပြင် ဟောဒါကလေးပါ အဆစ်ယူ
- မြန်မာတွေ ဝဲပေါက်ဖို့ဘဲ ကျန်တော့တယ်
- The Voice Weekly ဂျာနယ် Vol.6/No.27 ဖတ်ရှုနိုင်ပါပြီ
- မင်္ဂလာဈေး မီးလောင်ခြင်း ဓါတ်ပုံများ
- မင်္ဂလာဈေး မီးလောင်မှုတွင် မီးသတ်တပ်ဖွဲ့ဝင် ၂၅ ဦး ဒ...
- စေတနာလက် အဖွဲ့ မှ နယ်သို့ ဆင်းပြီး ရေအလှုဒါနပြုတ...
- မီးသတင်း ( ဗမာသွေး )မှ တဆင့်ပို့ လာသဖြင့် ကျေးဇူး။
- မင်္ဂလာဈေး မီးလောင်နေစဉ် ဗီဒီယိုကလစ်
- မင်္ဂလာဈေး မီးလောင်နေတယ်
- ဂုဏ်ယူလျက်ပါ ကိုကျော်သူ
- ပြည်သူများသိသင့်သည့် ရွေးကောက်ပွဲဆိုင်ရာလိမ်ညာချက်...
- ယနေ့ သခင် စိုးမြင့် အသုဘ ဈာပန ပုံများ နှင့် ဗီဒီယို
- The Voice Journal -6-28
- ကုလသမဂ္ဂမှ မြန်မာ နိုင်ငံတွင်း ရေရှားပါးမှု အခြေ အနေ...
- နေပြည်တော် မဟုတ်တဲ့ ကျီးနဲ့ ဖုတ်ဖုတ် သေပြည်တော်
- မလေးရှားနိုင်ငံရောက် မြန်မာလူငယ် လေးဦး ခြိမ်းခြော...
- တရားဝင်ခွင့်မပြုရင်..တရားမ၀င် မယားတွေ ဖြစ်ကုန်တာပေါ့
- အောင်ဝေး၏ အရေးတော်ပုံရင်ခုန်သူများ
- သူဘဲယုံတယ် ကျန်တာတွေ မင်းခွေးချေး..
- မြောက်ကိုးရီးယားက မိန်းကလေးတွေရဲ့ တန်ဖိုး
- သန်းရွှေတို့ လို သေနတ်အားကိုးပြီး မိုက်ရဲတဲ့ သတ္တိက...
- သန်းရွှေတို့ လောက် အသိတရာခေါင်းပါးတဲ့  အုပ်စုဗမာပြည...
- ဗုံးတဲ့ ဗျ
- ဒေါ်အောင်ဆန်းစုကြည်သာ တိုင်းရင်းသားပြည်သူ အားထားရာ
- ကျော်သူ အမေးအဇြေ
- နဲနဲတော့ရွေ့ ဖို့ လိုသည်။ (တပြည်လုံး)
- သူများကြွေးတိုင်း မစားနဲ့ 
- ABMA Journal Volume 1 No 8
- Rain alert with eye on path
- ရပါလိမ့်မယ် အားကြီးကြီး..
- စစ်သား ငါးသိန်းရှိပြီး ဆည်က တစ်သောင်း..ရအောင်တည်မဲ...
- ဒီလို ကမြင်းတဲ့ရဲက...သူဘဲလူဆိုးဖမ်းဦးမတဲ့
- ကဲကြည့် ကုလားကမှ အမျိုးချစ်သေးတယ်.
- လိုင်လာဆိုင်ကလုန်း မြန်မာကမ်းရိုးတန်းဖက် ပြန်လှည့်...
- အီးကုံးစက္ကူလောက်တောင် အသုံးမ၀င်.
- ကြက်ဆူပင်တွေချည်းပဲ လျှောက်စိုက်နေလို့မရဘူး
- ဖိတ်ချင်းဖိတ်ရင်..ဖိတ်ပစေ ငါ့ရဲ့အိပ်ပေါက်ထဲ
-
▼
May
(308)
No comments:
Post a Comment