မောင်စွမ်းရည်
မေ ၁၂၊ ၂၀၁၀
ကျနော်တို့ ဗမာပြည်မှာနေတုန်းက တရားဥပဒေစိုးမိုးရေးဆိုတဲ့စကားကို မကြာခဏကြားရပါတယ်။ တရားဥပဒေဖောက်ဖျက်ပြီး အာဏာ သိမ်းထားတဲ့ဗိုလ်ချုပ်တွေဟာ နှစ်ပေါင်း နှစ်ဆယ်လောက်ကြာအောင် ဗမာပြည်ကို တရားဥပဒေမဲ့ အုပ်စိုးနေကြပါတယ်။ အဲသလို တရားမဲ့သူတွေက ပြောတဲ့စကားပါ။
“စည်းကမ်းရှိတဲ့ ဒီမိုကရေစီ”လို့ တဖွဖွပြောနေကြတဲ့ ဗမာစစ်ဗိုလ်ချုပ်တွေက အငြိမ်းစား (ပင်စင်) ယူရမယ့် အချိန်မှာ မယူဘဲ စည်းကမ်း မဲ့ အုပ်ချုပ်နေကြပါတယ်။ ဒီကြားထဲက ဗိုလ်ရွှေမန်းက “ဥပဒေအထက်က ဘာမှမရှိဘူး”လို့ ကယောင်ကတန်း ထအော်ပြန်ပါသေးတယ်။ ဒါကလည်း ဥပဒေအထက်မှာ ဘယ်သူမှမရှိမှ သူတို့စစ်ဗိုလ်ချုပ်တွေချည်း ကင်းကင်းရှင်းရှင်း တက်ထိုင်ဖို့ပြောဒါ နေမှာပါပဲလို့ ကောက်ချက် ချပြီး နေရပါတော့တယ်။
ဒီလို ဥပဒေမဲ့လုပ်နေပုံတွေကို တစိမ့်စိမ့်နဲ့တွေးရင်း “တွေးမိတိုင်း စိတ်နာတယ်၊ မအိပ်တာလေး ညအလင်း” လို့ ဆိုတဲ့ ဦးပုညရဲ့ တေးထပ် တပိုင်းတစကိုပဲ ထပ်ထပ်ပြီး ရွတ်ဆိုနေရပါတယ်။ ဒီနေ့က ၂၀၁၀ ပြည့်နှစ် မေလ ၅ ရက်ပါ။ ဒီနေ့ထုတ် နယူးယောက် တိုင်းမ် (စ်) သတင်းစာကြီးကို ကောက်ကြည့်လိုက်တော့ အဖုံးမှာ နယူးယောက် မြို့လယ်ကောင်မှာ မေ ၁ ရက် (စနေနေ့) က ဗုံးဖောက်ခွဲဖို့ ကြံစည်လုပ်ဆောင်ခဲ့တဲ့ တရားခံကို မေ ၄ ရက် (အင်္ဂါနေ့) က ဖော်ထုတ် ဖမ်းဆီးနိုင်ပြီဖြစ်ကြောင်း သတင်းကြီးကို ရောင်စုံဓာတ်ပုံတွေနဲ့ ဝေေ၀ဆာဆာ ဖော်ပြထားတာ တွေ့လိုက်ရပါတယ်။ ဒီအမှုကို အမှုဖြစ်ပွားပြီး ၅၃ နာရီနဲ့ မိနစ် ၂၀ အကြာမှာ တရားခံကို ဖော်ထုတ်ဖမ်းမိ လိုက်တယ်လို့ ကြေညာပါတယ်။ အတွင်းမှာ သတင်းအပြည့်အစုံ ၄ မျက်နှာတောင် ရှိပါတယ်။
ဗုံးဖောက်ခွဲဖို့ ကြိုးစားတဲ့နေရာက နယူးယောက်မြို့လယ်ကောင် လူအစည်ကားဆုံးနေရာဖြစ်တဲ့ “တိုင်းမ် စကွဲယား” မှာပါ။ နီဆန်း ကားဟောင်းတစီးပေါ်မှာ လက်ဖြစ် ဖောက်ခွဲကိရိယာကို စနက်တံ မီးရှို့ထားနေတုန်းမှာ မီးခိုးတွေအူပြီး ထွက်လာတာကို မြင်လိုက်တဲ့ လူက သတင်းပေးလို့ ရဲက အချိန်မီ အရေးယူ ဆောင်ရွက်လိုက်တာနဲ့ ဗုံးဖောက်ခွဲတာ မအောင်မြင်လိုက်ပါဘူး။ အောင်မြင်သွားရင်တော့ လူစည်ကားတဲ့နေရာဖြစ်လို့ ကမ္ဘာလှည့်ခရီးသည်တွေရော၊ အမေရိကန် အရပ်ရပ်က ခရီးသည်တွေရော အစုလိုက် အပြုံလိုက် သေဆုံး ကြမှာ မလွဲပါဘူး။
ဗုံဖောက်ခွဲဖို့ အားထုတ်သူ တရားခံက ပါကစ္စတန်နိုင်ငံဖွား အသက် ၃၀ အရွယ်ရှိ မစ္စတာ ရှာဇဒ် ဆိုသူဖြစ်ပါတယ်။ အမေရိကားကို ကျောင်းသား ဗီဇာနဲ့ ရောက်လာပြီး ကော်လိုရာဒိုဖွား အမေရိကန်မတဦးနဲ့ လက်ထပ်ခွင့်ရတဲ့အခါ အမေရိကန်နိုင်ငံသားအဖြစ် ခံယူ လိုက်ပါတယ်။ ခု သူနေတာက ‘ကွန်နက်တီကပ်” မှာပါ။ သူ့ဇနီးနဲ့ ကလေး နှစ်ယောက်ကိုတော့ သူ ပါကစ္စတန် အလည်ပြန်တုန်းက ခေါ် သွားပြီး ပါကစ္စတန်မှာပဲ ထားခဲ့ပါတယ်။ သူကတော့ ပါကစ္စတန် တာလီဘန် အကြမ်းဖက် အုပ်စု တစုရဲ့ အဖွဲ့ဝင် အဖြစ်နဲ့ ဗုံးဖောက်ခွဲမှု လက်တွေ့သင်တန်း တက်ခဲ့ပြီး အမေရိကားကို တဦးတည်း ပြန်လာခဲ့ပါတယ်။
တရားခံကို အက်ဖ်ဘီအိုင် ထောက်လှမ်းရေးအဖွဲ့နဲ့ ‘နယူးယောက် ရဲအဖွဲ့” က ပူးပေါင်း ရှာဖွေပါတယ်။ သဲလွန်စကို ဗုံးဖောက်ခွဲ ကိရိယာ တွေ တင်ထားတဲ့ ကားက စပြီး ရပါတယ်။ ကားရောင်းသူကို ရှာတော့ ကော်လိုရာဒိုမှာပဲ တွေ့ရတယ်။ သူ့ကားကို အင်တာနက်မှာ အ ရောင်းကြော်ငြာတင်ပြီးထားတာကို တရားခံက ဖုံးဆက်မေးပြီး ၀ယ်သွားကြောင်းသိရတယ်။ သူ့ဖုံးနံပါတ်က ကားရောင်းသူ အမျိုးသမီး ဆီမှာ ရှိနေသေးတယ်။ အဲဒီနံပါတ်ကို လိုက်ရှာတော့ ဖုံးပိုင်ရှင် တွေ့တယ်။ ဖုံးထဲမှာ ပါကစ္စတန်နဲ့ အဆက်အသွယ်လုပ်ထားတာတွေလည်း တွေ့ရပါသေးတယ်တဲ့။
ပါကစ္စတန်အစိုးရနဲ့ အမေရိကန်အစိုးရက အကြမ်းဖက်သမား ထောက်လှမ်းချေမှုန်းရေးကိစ္စကို ၂၀၀၁ ခုနှစ်ကတည်းက ပူးတွဲလုပ်ဆောင် နေတာ ဖြစ်ပါတယ်။ ဒါကြောင့် ပါကစ္စတန် အကြမ်းဖက်သမားတချို့ အဖမ်းခံရတဲ့သတင်းက တရားခံ “ရှာဇဒ်” ပြေးရင်းလွှားရင်း ကြားနေရတော့ သူလည်း အမေရိကားကနေ လေယာဉ်နဲ့ ထွက်ပြေးဖို့ ကြိုးစားတဲ့အခါ ကနေဒီလေယာဉ်ကွင်းမှာပဲ အဖမ်းခံလိုက် ရပါတယ်။ သူ့ကို စစ်ဆေးတဲ့အခါ သူဟာ ဗုံးဖောက်ခွဲနည်းပညာကို ပါကစ္စတန် တာလီဘန်အကြမ်းဖက် ဂိုဏ်းမှာ သင်တန်းတက်ခဲ့ ကြောင်း၊ ခု ဖောက်ခွဲဖို့ အားထုတ်ရာမှာတော့ သူတစ်ယောက်တည်းသာဖြစ်ကြောင်း ပေါ့ပေါ့ပါးပါးပဲ ချက်ချင်း အဖြေပေးခဲ့ပါတယ်။
ဒီအမှုကို ထောက်လှမ်းစုံစမ်းရာမှာ မြို့တော်ဝန်ရော ရဲချုပ်ကြီးတို့ပါ အစအဆုံးကြီးကြပ်ခဲ့ကြပြီး သတင်းအားလုံးကို ပြည်သူလူထုကိုရော ကမ္ဘာ့ပြည်သူတွေကိုပါ ရုပ်မြင်သံကြားသတင်းဌာနတွေကရော သတင်းစာတွေကပါ အပြည့်အစုံ ပြန်ကြား ပြောဆိုခဲ့ကြပါတယ်။ ဒီအမှုကို လိုက်ရတာ အားလုံး ၅၃ နာရီနဲ့ မိနစ် ၂၀ သာအချိန်ယူခဲ့ရပါကြောင်းက အစပြုပြီး ရှင်းပြပါတယ်။ မြို့တော်ဝန်က တိုင်းမ်စကွဲယားမှာ လုံခြုံရေးကင်မရာ ၈၀ ကျော်ရှိတာကို ၁၀၀ ကျော်ထိအောင်တိုးဖို့ အဆုံးအဖြတ်ပေးပါတယ်။ အမှုဖော်ထုတ်ရေးမှာ လုံခြုံရေးကင်မရာ တွေကလည်း အထောက်အကူ ပြုခဲ့ပါသတဲ့။
အမေရိကန်ပြည်ထောင်စုမှာက အဲသလို တရားဥပဒေစိုးမိုးရေးကို အမှန်တကယ် ကြိုးစားအားထုတ်ပါတယ်။ အမှုလိုက်ရင်း ရဲအရာရှိတွေ မှားယွင်းချွတ်ချော်ရင်လည်း ဥပဒေကြောင်းအရ ချက်ချက် အရေးယူပါတယ်။ သူတို့မှာ “ရဲသား” ရယ်လို့ မရှိ။ အားလုံး ဘွဲ့ရပြီးမှ သင်တန်းတက်ထားတဲ့ အရာရှိတွေချည်း ဖြစ်ပါတယ်။
ဥပဒေကျူးလွန်လို့ကတော့ သမ္မတ၊ မြို့တော်ဝန်၊ ဗိုလ်မှူး၊ ဗိုလ်ချုပ်၊ ရဲမှူး၊ ရဲချုပ်၊ တရားသူကြီးပါမကျန် အရေးယူခံရပါတယ်။ ကျနော်တို့ မျက်မှောက်မှာပဲ Governor တဦးကို ပြည့်တန်ဆာအိမ် သွားမှုနဲ့ အရေးယူခဲ့ပါတယ်။ တရားသူကြီးတွေ လာဘ်စားမှုနဲ့ ထောင်ချခံရတာ တွေလည်း တွေ့ရဖူးပါတယ်။ ရာဇ၀တ်ပြစ်မှု တခုခုကိုသာ ကျူးလွန်လို့ကတော့ ဘယ်လောက် ကြီးတဲ့ “အကောင်” ပဲဖြစ်ဖြစ် ကမ္ဘာကျော် အောင် အရေးယူခံရမှာ မလွဲပါဘူး။ “တရားဥပဒေ အထက်မှာ ဘာမှမရှိဘူး”လို့ ရဲရဲ ကြေညာနိုင်ပါတယ်။
ဗမာပြည်မှာ သင်္ကြန်တွင်းက ရန်ကုန် သင်္ကြန်မဏ္ဍ့ပ်တခုမှာ ဗုံးပေါက်ကွဲမှု တခုဖြစ်ပွားပြီး လူတွေ အမြောက်အများ သေကြ ဒဏ်ရာရခဲ့ပါ တယ်။ ဗမာပြည် စစ်အစိုးရက အမေရိကန်တွေလို ၅၃ နာရီတောင် မကြာဘဲ “ဒါဟာ ပြည်ပြေးတွေ ဖောက်ခွဲလုပ်ကြံတာ၊ ကျောင်းသား တပ်မတော်က လုပ်ကြံတာ” စသဖြင့် ထုံးစံအတိုင်း ချက်ချင်း “ဖော်ထုတ်” ခဲ့ကြပါတယ်။ ဒီလို အောက်တန်းစား ပြုည်သူတွေ လုပ်ကြံခဲ့ ရတဲ့ အမှုမျိုးကို မြို့တော်ဝန်တို့၊ ရဲချုပ်တို့က ဘယ်တော့မှ အလုပ်ရှုပ်မခံပါဘူး။
အများပြည်သူတွေရဲ့ ယူဆချက်ကတော့ ဗိုလ်ချုပ်တွေဟာ သူတို့ စွန့်ပစ်ထားခဲ့တဲ့ မြို့တော်ဟောင်းမှာ စည်ကားတာကို မရှုဆိတ်ဘူးတဲ့ ဒါကြောင့် သင်္ကြန်ရက်အတွင်းမှာ ရုပ်ရှင်သရုပ်ဆောင်တွေနဲ့ အဆိုကျော်တွေကို ကြပ်ပြေးမြို့တော်မှာ ခေါ်ယူထားပြီး ပြန်မလွှတ်ဘဲ ထားပါသတဲ့။ ရထားလမ်း၊ ကားလမ်းတွေတောင် ပိတ်ထားလိုက်သေးတယ် ဆိုပဲ။ ဒါကြောင့် ရန်ကုန်ဟာ သင်္ကြန်ကာလမှာ သုသာန် တစပြင်လို ဖြစ်ကျန်ရစ်ပါသတဲ့။ ဒီအမှုမှာ ၅၃ နာရီမပြောနဲ့ ၅၃ နှစ်ကြာတောင် ဖော်ထုတ်မှာ မဟုတ်ပါဘူး။ အတွင်းရေးမှုး (၂) ဗိုလ်ချုပ်တင်ဦးကို လုပ်ကြံတာ ခုထက်ထိ လက်သည်မပေါ်ပါဘူး။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ်တင်ဦးနဲ့ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်တို့ကို ဒီပဲယင်းဘက်မှာ လမ်းဖြတ်လုပ်ကြံတာရော ဘယ်သူတွေလဲ။
သူများတွေ ၅၃ နာရီ စုံစမ်းဖော်ထုပ်တဲ့အလုပ်ကို ဗမာစစ်ဗိုလ်ချုပ်တွေက ၅၃ နှစ် အချိန်ယူပါလိမ့်မယ်။ ဒါပေမဲ့ ဗိုလ်သန်းရွှေတို့ အနားကို တော့ ဘယ်ယင်ကောင် အနားခံမှာ မဟုတ်ပါဘူး။ ယင်ကောင်တွေမွေးပြီး လွှတ်တဲ့ တရားခံကို ချက်ချင်း စုံစမ်း အရေးယူမယ်ဆိုတာ သေချာပါတယ်။
တရားဥပဒေ ဘယ်မှာလဲ။ တရားဥပဒေ အထက်က ဘယ်သူတွေရှိသလဲ။
အဖြေပေးရရင်တော့ အထက်မှာရော အောက်မှာရော ဘယ်သူမှ မရှိ။ ဘာဖြစ်လို့လဲဆိုတော့ တရားဥပဒေဆိုတာ မရှိမှ မရှိပဲကိုး။
ကျနော် မောင်စွမ်းရည်ပါ။ မောင်စွမ်းရည်ရဲ့ အထက်မှာတော့ ကြည်လင်တဲ့ ကောင်းကင်ကြီး ရှိလေရဲ့။
မောင်စွမ်းရည်။
(၂၀၁၀၊ မေ၊ ၅) MoeMaKa Media မှ
Wednesday, May 12, 2010
တရားဥပဒေ စိုးမိုးရေး
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
May
(308)
- ဒီပဲယင်း ၇ နှစ်မြောက်အဖြစ် ဆွမ်းကပ်လှူ
- မြောက်ကိုရီးယားက မြန်မာကို ဒုံးကျည်နှင့် နျူကလီးယာ...
- ကားမှောက်၍ ရန်ကုန်မြို့တော်ဝန်မြေး ဘ၀ပြောင်း
- ကုသိုလ်မျှဝေနိုင်ကြပါစေ
- အာဇာနည် ဘလော့ခ်မှ ဒီဇိုင်းကိုမျိုးနှင့် စက်တင်ဘာ ...
- ပြည်သူတွေ ကိုယ့်ကိစ္စကို ပြသနာ ဖြေရှင်းနေသော်လည်း အ...
- ကျွန်တော့လက်ထဲရောက်လာလို့  ဓါတ်ပုံအမြန်ရိုက်ပြီး အ...
- ဒီပဲယင်းလုပ်ကြံမှုသည် အမျိုးသားပြန်လည်သင့်မြတ်ရေးကိ...
- ကမ်းလွန်ရေနံ ပြဿနာ
- ဗမာပြည် မှတ်တမ်း (Documentary)
- စိတ်ညစ်စရာ
- ၀ါးရင်းတုတ်နှင့် ထိုက်တန်သူများစာရင်း ထုတ်ပြန်ချက်
- အကောင်းနှင့် မကောင်း ရောရောင်း ...ကဲ စီပွားရေး
- ဆက်ဖတ်ကြည့် ခင်မျ
- ပြည်သူလူထုအတွက် အကျိုးတခုခုဖြစ်ဖို့ အတွက် ပလပ်စတစ်...
- ဆရာတော်တရား အင်တာနက်ပေါ်မှာ တိုက်ရိုက် တရားနာလိုလျင်
- UN experts say NKorea is exporting nuke technology
- ဖတ်ဖြစ်အောင်ဖတ်ကြပါ ( သူခိုးနဲ့  ဂျပိုး တိတ်တိတ်ပု...
- Al Jazeera news - Moustache Brothers Myanmar
- ကိုပါပါလေး တို့ သုံးဦးကို လေးစားလျက်ရှိပါကြောင်း
- မှောင်သောည တွေ ( ကာတွန်း ကို ဟန်လေး)
- Myanmar opposition marks anniversary of victory
- In a personal handwritten letter to Burmese opposi...
- မျှဝေပါတယ် ကြည့်ဖြစ်ကြမယ်လို့ မျှော်လင့်ပါတယ် ကောင...
- ဒီနှစ်တော့ကျွန်တော် ငတ်ပြီထင်တာဘဲ
- ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံဖြန့်သူ ထောင်ဒဏ် ၁ဝ နှစ်...
- လူတိုင်းနိုင်ငံရေးဆိုတဲ့ဝေါဟာရကိုဒီလိုနားလည်နိုင်ရင်
- ခွပ်ဒေါင်းအလံ
- ဖဒိုမန်းရှာ သမီးဖြစ်သူ ကမ္ဘာ့လူငယ်ခေါင်းဆောင် ဆုရှင...
- ယခုလေးလပတ် အစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ...
- Get out SPDC ,shame on you ruling without supporti...
- အာဏာရူးများ၊ အာဏာအတွက် လည့်လည် လှုပ်ရှား
- လေလွင့်သူ များနှင့် တောင်းရမ်းသူ များကို မန္တလေးမြိ...
- သိက္ခာ
- ၀မ်းသာရမှာလား၊ ၀မ်းနည်းရမှာလား၊ မလေးရှား UNHCR
- In The Quiet Land
- သိက္ခာမဲ့ အုပ်စုကြောင့် ကျွန်တော်လည်းအရှက်ရပြီ
- ဒေါ်အောင်ဆန်းစုကြည်ထံ ဗြိတိန် ဝန်ကြီးချုပ် နောက်ဆုံ...
- ဒီမိုကရေစီဖော်ဆောင်ပေးမည့်သူများရဲ့ ပြည်သူ့ အပေါ်ထာ...
- ကိုကျော်သူရဲ့နောက်ဆုံးလက်နက်
- ဘိန်းဘုရင်နှင့် ဆက်စပ်သော Transocean ကုမ္ပဏီ မြန်မာ...
- လိုချင်ရင်...ရအောင်ချူလော့ ၊ သင်၏အခွင့်အရေး သင်လက်...
- လူထုအောင်ပွဲသည် လူထုလက်ထဲမှာရှိသည်
- “အရေးကြီးပြီးသွေးနီးပေါင်းစည်းရမယ့်အချိန်”
- ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို RCSS အသိအမှတ်ပြုထောက်ခံ
- ၂၀၁၀ ရွေးကောက်ပွဲ ကမ္ဘာလုံးဆိုင်ရာ ကန့်ကွက်မှု ပြုလုပ်
- ပူးတွဲ စစ်ဆင်နွဲရန် လက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့ သဘောတူ
- နအဖ လက်ချက်မှတပါး အခြားမရှိကြောင်း ထပ်လောင်းသက်သေထူ
- စစ်ဘေးတိမ်းရှောင်ရွာသားများဌာနေသို့ပြန်လေပြီ
- USDP မက်လုံးပေး စည်းရုံး
- ယောက်ျား ၀ယ်..ရော်ကြေးနဲ့  ဖယ်တတ်သော မင်းသမီး
- Joint Statement No.7/2010 of ABMA+88+ABFSU
- လူနာသေ..သမားတွေ ပျော်သလား..???
- ဟိုဘက်ကမ်းက မီးထိန်ထိန်ပေမဲ့ ဒို့ ဖက်ကမ်းကျ မီးမှိ...
- မရည်ရွယ်ပါဘူး တိုက်ဆိုင်ခဲ့ လို့ 
- ငါ့မှာ လေယာဉ်ခ ရှိတယ် ငှဲ..ငှဲ
- မှန်တဲ့  သူတို့ အမြင်
- ညုကောင်းသူ အနိုင်ရစေ...အပြုစု ကောင်းသူ..ဒို့ ကိုကြ...
- Myanmar's flag mistaken as Taiwan's in Okinawa
- လှတယ်ဆိုပေမယ့် ကိုယ်ထိလက်ရောက် ရိုင်းတော့ဘယ် လို လ...
- ပျောက်ကွယ်တော့မည့်မြန်မာပြည်
- ထပ်ဆင်ချင်န၀ပ် ကို ဖမ်းချုပ်ရန်နှင့် အကြမ်းဖက်သမား...
- ဒီမိုကရေစီဆိုတာဘာလဲ ကြံ့ ဖွတ် သိန်းမောင်?
- လာဘ်လာဘအပြင် ဟောဒါကလေးပါ အဆစ်ယူ
- မြန်မာတွေ ဝဲပေါက်ဖို့ဘဲ ကျန်တော့တယ်
- The Voice Weekly ဂျာနယ် Vol.6/No.27 ဖတ်ရှုနိုင်ပါပြီ
- မင်္ဂလာဈေး မီးလောင်ခြင်း ဓါတ်ပုံများ
- မင်္ဂလာဈေး မီးလောင်မှုတွင် မီးသတ်တပ်ဖွဲ့ဝင် ၂၅ ဦး ဒ...
- စေတနာလက် အဖွဲ့ မှ နယ်သို့ ဆင်းပြီး ရေအလှုဒါနပြုတ...
- မီးသတင်း ( ဗမာသွေး )မှ တဆင့်ပို့ လာသဖြင့် ကျေးဇူး။
- မင်္ဂလာဈေး မီးလောင်နေစဉ် ဗီဒီယိုကလစ်
- မင်္ဂလာဈေး မီးလောင်နေတယ်
- ဂုဏ်ယူလျက်ပါ ကိုကျော်သူ
- ပြည်သူများသိသင့်သည့် ရွေးကောက်ပွဲဆိုင်ရာလိမ်ညာချက်...
- ယနေ့ သခင် စိုးမြင့် အသုဘ ဈာပန ပုံများ နှင့် ဗီဒီယို
- The Voice Journal -6-28
- ကုလသမဂ္ဂမှ မြန်မာ နိုင်ငံတွင်း ရေရှားပါးမှု အခြေ အနေ...
- နေပြည်တော် မဟုတ်တဲ့ ကျီးနဲ့ ဖုတ်ဖုတ် သေပြည်တော်
- မလေးရှားနိုင်ငံရောက် မြန်မာလူငယ် လေးဦး ခြိမ်းခြော...
- တရားဝင်ခွင့်မပြုရင်..တရားမ၀င် မယားတွေ ဖြစ်ကုန်တာပေါ့
- အောင်ဝေး၏ အရေးတော်ပုံရင်ခုန်သူများ
- သူဘဲယုံတယ် ကျန်တာတွေ မင်းခွေးချေး..
- မြောက်ကိုးရီးယားက မိန်းကလေးတွေရဲ့ တန်ဖိုး
- သန်းရွှေတို့ လို သေနတ်အားကိုးပြီး မိုက်ရဲတဲ့ သတ္တိက...
- သန်းရွှေတို့ လောက် အသိတရာခေါင်းပါးတဲ့  အုပ်စုဗမာပြည...
- ဗုံးတဲ့ ဗျ
- ဒေါ်အောင်ဆန်းစုကြည်သာ တိုင်းရင်းသားပြည်သူ အားထားရာ
- ကျော်သူ အမေးအဇြေ
- နဲနဲတော့ရွေ့ ဖို့ လိုသည်။ (တပြည်လုံး)
- သူများကြွေးတိုင်း မစားနဲ့ 
- ABMA Journal Volume 1 No 8
- Rain alert with eye on path
- ရပါလိမ့်မယ် အားကြီးကြီး..
- စစ်သား ငါးသိန်းရှိပြီး ဆည်က တစ်သောင်း..ရအောင်တည်မဲ...
- ဒီလို ကမြင်းတဲ့ရဲက...သူဘဲလူဆိုးဖမ်းဦးမတဲ့
- ကဲကြည့် ကုလားကမှ အမျိုးချစ်သေးတယ်.
- လိုင်လာဆိုင်ကလုန်း မြန်မာကမ်းရိုးတန်းဖက် ပြန်လှည့်...
- အီးကုံးစက္ကူလောက်တောင် အသုံးမ၀င်.
- ကြက်ဆူပင်တွေချည်းပဲ လျှောက်စိုက်နေလို့မရဘူး
- ဖိတ်ချင်းဖိတ်ရင်..ဖိတ်ပစေ ငါ့ရဲ့အိပ်ပေါက်ထဲ
-
▼
May
(308)
No comments:
Post a Comment