
ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ်ကမ့်ပ်ဘဲလ်(ယာ) တို့ တွေ့ဆုံနေစဉ်။
မေ ၁၀၊ ၂၀၁၀။ (ဓာတ်ပုံ-အေပီ)
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အပါအ၀င် မြန်မာပြည်သူတွေကို ဆက်ပြီး ထောက်ခံသွားမယ်လို့ မစ္စတာ ကာ့တ် ကမ့်ပ်ဘဲလ် (Mr. Kurt Campbell) က သူ့ရဲ့ ခရီးစဉ် အဆုံးမသတ်ခင် ရန်ကုန်မှာ ကြေညာချက်ထုတ်ပြန် ပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံကို တရက်ကြာ သွားပြီး အစိုးရ တာဝန်ရှိသူတွေ၊ NLD ခေါင်းဆောင်တွေ အပြင် ရွေးကောက်ပွဲ ၀င်ကြဖို့ ပြင်ဆင်နေကြတဲ့ အဖွဲ့တွေနဲ့ တွေ့ဆုံခဲ့တဲ့ ခရီးစဉ် အကြောင်းနဲ့ ရန်ကုန်မှာ ထုတ်ပြန်ခဲ့တဲ့ ခရီးစဉ်ဆိုင်ရာ ကြေညာချက် အကြောင်းတွေကို ဦးရော်နီညိမ်းက စုစည်းတင်ပြပေးထားပါတယ်။
ဒီနှစ်ကုန်လောက်မှာ ပြုလုပ်မယ်လို့ ယူဆရတဲ့ နှစ်ပေါင်း ၂၀ အတွင်း မြန်မာနိုင်ငံရဲ့ ပထမဆုံးသော ရွေးကောက်ပွဲကိစ္စကို အဓိကထားပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ့်ပ်ဘဲလ်တို့ ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
မတ်လ ၈ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ စစ်အစိုးရရဲ့ ရွေးကောက်ပွဲ ဥပဒေအရ တရားဝင် မှတ်ပုံတင်ခြင်း မပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ နိုင်ငံရေး လုပ်ငန်းတွေကို ရပ်ဆိုင်းမယ်လို့ ကြေညာပြီး ရက်အနည်းငယ် အကြာမှာပဲ အခုလို မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ မစ္စတာ ကမ့်ပ်ဘဲလ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
ရန်ကုန်မြို့ အမေရိကန်သံရုံးက ထုတ်ပြန်လိုက်တဲ့ မစ္စတာ ကမ့်ပ်ဘဲလ် ကိုယ်တိုင် ဖတ်ပြသွားတဲ့ ကြေညာချက်ထဲမှာ စစ်အစိုးရ ခေါင်းဆောင်တွေ၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တွေ၊ တခြား နိုင်ငံရေး အဖွဲ့အစည်းနဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်တွေ၊ သံတမန်တွေ၊ NGO တွေနဲ့ သူ့ရဲ့ တွေ့ဆုံဆွေးနွေးခဲ့မှုတွေကို မစ္စတာ ကမ့်ပ်ဘဲလ်က အသေးစိတ် ထုတ်ဖော် ပြောကြားခြင်း မရှိပေမဲ့ မြန်မာစစ်အစိုးရနဲ့ ပတ်သက်ပြီးတော့ အခုလို ပြောဆိုသွားခဲ့ပါတယ်။
“မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေနဲ့ ဆွေးနွေးမှု အမျိုးမျိုးတွေ အတွင်း ကျနော်တို့ဘက်က ကမ်းလှမ်းခဲ့တာ တခုကတော့ စစ်အစိုးရ အနေနဲ့ မြန်မာ့နိုင်ငံရေးမှာ အဘက်ဘက်က အရေးပါသူတွေ အားလုံး ပါဝင်ခွင့် ပြုထားတဲ့ ဂုဏ်သိက္ခာရှိရှိ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်သွားဖို့ပါပဲ။ ဒီနှစ်ထဲလုပ်မယ့် ရွေးကောက်ပွဲတွေကို ကံမကောင်း အကြောင်းမလှစွာနဲ့ဘဲ စစ်အစိုးရကတော့ အရေးပါသူတွေနဲ့ ဆွေးနွေးတိုင်ပင်ခြင်း မရှိဘဲ တဖက်သတ် လုပ်ဆောင်ဖို့ ရွေးချယ်သွားခဲ့ပါပြီ။
“မသွယ်မ၀ိုက်ဘဲ ပြောရမယ်ဆိုရင် အဲဒီရွေးကောက်ပွဲတွေဟာ နိုင်ငံတကာရဲ့ တရားဝင် အသိအမှတ်ပြုမှု ရမှာ မဟုတ်ဘူးလို့ ယုံကြည်စရာ အကြောင်းအချက်တွေ ကျနော်တို့ တွေ့မြင်ထားခဲ့ပါတယ်။ ရွေးကောက်ပွဲတွေ မလုပ်ခင် ကျန်နေသေးတဲ့ အချိန်မှာ ရွေးကောက်ပွဲမှာ အားလုံး ပါဝင်နိုင်တဲ့ လုပ်ငန်းစဉ်ကို ချမှတ်တဲ့ လုပ်ရပ်တွေ ချက်ချင်းလုပ်ပါလို့ စစ်အစိုးရကို ကျနော်တို့ တိုက်တွန်းပါတယ်။”
မြန်မာနိုင်ငံက နိုင်ငံရေးပါတီတွေဟာ တချို့က ရွေးကောက်ပွဲဝင်ဖို့၊ တချို့က ရွေးကောက်ပွဲ မ၀င်ဖို့ အခက်အခဲတွေ အမျိုးမျိုးကြားက ဆုံးဖြတ်ချက် ချခဲ့ကြတာကို အမေရိကန် ပြည်ထောင်စုက နားလည်ပြီး သူတို့ရဲ့ ဆုံးဖြတ်ချက်တွေကို လေးစားပါတယ်လို့ မစ္စတာ ကမ့်ပ်ဘဲလ်က ပြောဆိုခဲ့ပါတယ်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ပတ်သက်ပြီး သူပြောတာကတော့…
“မြန်မာပြည်သူလူထုတွေရဲ့ ဘ၀ကို မြှင့်တင်ပေးဖို့ နှစ်ပေါင်း ၂၀ ကျော် ရုန်းကန် လှုပ်ရှားခဲ့တဲ့ နိုင်ငံရေးပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်တွေ၊ ကျနော်နဲ့ အချိန်ကြာကြာ တွေ့ဆုံ ဆွေးနွေးခဲ့ရတဲ့ ဒီခေါင်းဆောင်တွေကို ကျနော် ဒီအချိန်မှာ ချီးကျူး ဂုဏ်ပြုပါရစေ။ စစ်အစိုးရရဲ့ အပြစ် အနာအဆာတွေနဲ့ အုပ်ချုပ်ရေး စည်းမျဉ်း စည်းကမ်းတွေထဲမှာ တရားဝင် ၀င်ရောက်ပါဝင် လုပ်ဆောင်မယ့် အစိတ်အပိုင်းတခု ဖြစ်ရေး ပယ်ချခံရပေမဲ့လည်း ဒီ NLD ခေါင်းဆောင်တွေဟာ မြန်မာပြည်သူ လူထုအတွက် လူထုကို ကိုယ်စားပြုပြီး ဆက်လက်လုပ်ကိုင် ဆောင်ရွက်သွားကြဖို့ အခိုင်အမာ ဆုံးဖြတ်ထားကြသူတွေပါ။
“NLD ဟာ အနာဂတ်မှာ ဘယ်လိုပုံစံမျိုးနဲ့ပဲ ရပ်တည်သွားသည် ဖြစ်စေ၊ NLD အပါအ၀င် မြန်မာပြည်သူလူထုကို ထောက်ခံသူတွေရဲ့ နောက်မှာ အမေရိကန် ပြည်ထောင်စုက ဆက်ပြီး ရပ်တည်သွားမှာပါ။”
ဒါ့အပြင် မစ္စတာ ကမ့်ပ်ဘဲလ်က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့လည်း သူ့ရဲ့ ရှုမြင်သုံးသပ်ချက်ကို ကြေညာချက်ရဲ့ နိဂုံးပိုင်းမှာ အခုလို ဖတ်ကြားသွားပါတယ်။
“နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ အဆက်မပြတ် ဂုဏ်သိက္ခာမဲ့တဲ့ လုပ်ရပ်တွေနဲ့ သူ့ကို ဖမ်းဆီး ထိန်းသိမ်းထားသူတွေ အပေါ်မှာ စိတ်ရှည်သည်းခံပြီး မေတ္တာတရား ထားနေတာကို ဒေါ်အောင်ဆန်းစုကြည်က ပြသနေတယ် ဆိုတာပါ။ ပိုပြီး သာယာဝပြောတဲ့ မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် ငြိမ်းချမ်းစွာ ဖြေရှင်းမှုတရပ် ရှာဖွေရေး အတူတကွ အလုပ်လုပ်သွားကြဖို့ မရေမတွက်နိုင်တဲ့ အကြိမ်ပေါင်းများစွာ သူ့ရဲ့ မေတ္တာရပ်ခံမှုတွေကို အလေးဂရုမပြုတဲ့ မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေရဲ့ လုပ်ရပ်ကတော့ အင်မတန် ၀မ်းနည်းစရာ ကောင်းလှပါတယ်။”
မစ္စတာ ကာ့တ် ကမ့်ပ်ဘဲလ်က အမေရိကန် ပြည်ထောင်စု အနေနဲ့ မြန်မာစစ်အစိုးရ အပေါ် ပိတ်ဆို့ ဒဏ်ခတ်ထားမှုကို ရုပ်သိမ်းမှာ မဟုတ်သလို တဘက်မှာလည်း စိတ်ပျက်စရာကောင်းတဲ့ အခြေအနေတွေကို တွေ့ကြုံနေရပေမဲ့လည်း မြန်မာစစ်အစိုးရနဲ့ ဆက်ပြီးတော့ ထိတွေ့ ဆက်ဆံသွားမယ့် မူဝါဒကို ကျင့်သုံးသွားမယ်၊ လောလောဆယ်မှာလည်း အကြိမ်ပေါင်းများစွာ မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေနဲ့ အမေရိကန် အစိုးရ အဆင့်မြင့် ပုဂ္ဂိုလ်တွေရဲ့ ဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့ပြီး ဖြစ်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။
http://www.voanews.com/burmese/2010-05-10-voa3.cfm
Monday, May 10, 2010
ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စတာကမ့်ပ်ဘဲလ်တို့ တွေ့ဆုံ
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
May
(308)
- ဒီပဲယင်း ၇ နှစ်မြောက်အဖြစ် ဆွမ်းကပ်လှူ
- မြောက်ကိုရီးယားက မြန်မာကို ဒုံးကျည်နှင့် နျူကလီးယာ...
- ကားမှောက်၍ ရန်ကုန်မြို့တော်ဝန်မြေး ဘ၀ပြောင်း
- ကုသိုလ်မျှဝေနိုင်ကြပါစေ
- အာဇာနည် ဘလော့ခ်မှ ဒီဇိုင်းကိုမျိုးနှင့် စက်တင်ဘာ ...
- ပြည်သူတွေ ကိုယ့်ကိစ္စကို ပြသနာ ဖြေရှင်းနေသော်လည်း အ...
- ကျွန်တော့လက်ထဲရောက်လာလို့  ဓါတ်ပုံအမြန်ရိုက်ပြီး အ...
- ဒီပဲယင်းလုပ်ကြံမှုသည် အမျိုးသားပြန်လည်သင့်မြတ်ရေးကိ...
- ကမ်းလွန်ရေနံ ပြဿနာ
- ဗမာပြည် မှတ်တမ်း (Documentary)
- စိတ်ညစ်စရာ
- ၀ါးရင်းတုတ်နှင့် ထိုက်တန်သူများစာရင်း ထုတ်ပြန်ချက်
- အကောင်းနှင့် မကောင်း ရောရောင်း ...ကဲ စီပွားရေး
- ဆက်ဖတ်ကြည့် ခင်မျ
- ပြည်သူလူထုအတွက် အကျိုးတခုခုဖြစ်ဖို့ အတွက် ပလပ်စတစ်...
- ဆရာတော်တရား အင်တာနက်ပေါ်မှာ တိုက်ရိုက် တရားနာလိုလျင်
- UN experts say NKorea is exporting nuke technology
- ဖတ်ဖြစ်အောင်ဖတ်ကြပါ ( သူခိုးနဲ့  ဂျပိုး တိတ်တိတ်ပု...
- Al Jazeera news - Moustache Brothers Myanmar
- ကိုပါပါလေး တို့ သုံးဦးကို လေးစားလျက်ရှိပါကြောင်း
- မှောင်သောည တွေ ( ကာတွန်း ကို ဟန်လေး)
- Myanmar opposition marks anniversary of victory
- In a personal handwritten letter to Burmese opposi...
- မျှဝေပါတယ် ကြည့်ဖြစ်ကြမယ်လို့ မျှော်လင့်ပါတယ် ကောင...
- ဒီနှစ်တော့ကျွန်တော် ငတ်ပြီထင်တာဘဲ
- ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံဖြန့်သူ ထောင်ဒဏ် ၁ဝ နှစ်...
- လူတိုင်းနိုင်ငံရေးဆိုတဲ့ဝေါဟာရကိုဒီလိုနားလည်နိုင်ရင်
- ခွပ်ဒေါင်းအလံ
- ဖဒိုမန်းရှာ သမီးဖြစ်သူ ကမ္ဘာ့လူငယ်ခေါင်းဆောင် ဆုရှင...
- ယခုလေးလပတ် အစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ...
- Get out SPDC ,shame on you ruling without supporti...
- အာဏာရူးများ၊ အာဏာအတွက် လည့်လည် လှုပ်ရှား
- လေလွင့်သူ များနှင့် တောင်းရမ်းသူ များကို မန္တလေးမြိ...
- သိက္ခာ
- ၀မ်းသာရမှာလား၊ ၀မ်းနည်းရမှာလား၊ မလေးရှား UNHCR
- In The Quiet Land
- သိက္ခာမဲ့ အုပ်စုကြောင့် ကျွန်တော်လည်းအရှက်ရပြီ
- ဒေါ်အောင်ဆန်းစုကြည်ထံ ဗြိတိန် ဝန်ကြီးချုပ် နောက်ဆုံ...
- ဒီမိုကရေစီဖော်ဆောင်ပေးမည့်သူများရဲ့ ပြည်သူ့ အပေါ်ထာ...
- ကိုကျော်သူရဲ့နောက်ဆုံးလက်နက်
- ဘိန်းဘုရင်နှင့် ဆက်စပ်သော Transocean ကုမ္ပဏီ မြန်မာ...
- လိုချင်ရင်...ရအောင်ချူလော့ ၊ သင်၏အခွင့်အရေး သင်လက်...
- လူထုအောင်ပွဲသည် လူထုလက်ထဲမှာရှိသည်
- “အရေးကြီးပြီးသွေးနီးပေါင်းစည်းရမယ့်အချိန်”
- ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို RCSS အသိအမှတ်ပြုထောက်ခံ
- ၂၀၁၀ ရွေးကောက်ပွဲ ကမ္ဘာလုံးဆိုင်ရာ ကန့်ကွက်မှု ပြုလုပ်
- ပူးတွဲ စစ်ဆင်နွဲရန် လက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့ သဘောတူ
- နအဖ လက်ချက်မှတပါး အခြားမရှိကြောင်း ထပ်လောင်းသက်သေထူ
- စစ်ဘေးတိမ်းရှောင်ရွာသားများဌာနေသို့ပြန်လေပြီ
- USDP မက်လုံးပေး စည်းရုံး
- ယောက်ျား ၀ယ်..ရော်ကြေးနဲ့  ဖယ်တတ်သော မင်းသမီး
- Joint Statement No.7/2010 of ABMA+88+ABFSU
- လူနာသေ..သမားတွေ ပျော်သလား..???
- ဟိုဘက်ကမ်းက မီးထိန်ထိန်ပေမဲ့ ဒို့ ဖက်ကမ်းကျ မီးမှိ...
- မရည်ရွယ်ပါဘူး တိုက်ဆိုင်ခဲ့ လို့ 
- ငါ့မှာ လေယာဉ်ခ ရှိတယ် ငှဲ..ငှဲ
- မှန်တဲ့  သူတို့ အမြင်
- ညုကောင်းသူ အနိုင်ရစေ...အပြုစု ကောင်းသူ..ဒို့ ကိုကြ...
- Myanmar's flag mistaken as Taiwan's in Okinawa
- လှတယ်ဆိုပေမယ့် ကိုယ်ထိလက်ရောက် ရိုင်းတော့ဘယ် လို လ...
- ပျောက်ကွယ်တော့မည့်မြန်မာပြည်
- ထပ်ဆင်ချင်န၀ပ် ကို ဖမ်းချုပ်ရန်နှင့် အကြမ်းဖက်သမား...
- ဒီမိုကရေစီဆိုတာဘာလဲ ကြံ့ ဖွတ် သိန်းမောင်?
- လာဘ်လာဘအပြင် ဟောဒါကလေးပါ အဆစ်ယူ
- မြန်မာတွေ ဝဲပေါက်ဖို့ဘဲ ကျန်တော့တယ်
- The Voice Weekly ဂျာနယ် Vol.6/No.27 ဖတ်ရှုနိုင်ပါပြီ
- မင်္ဂလာဈေး မီးလောင်ခြင်း ဓါတ်ပုံများ
- မင်္ဂလာဈေး မီးလောင်မှုတွင် မီးသတ်တပ်ဖွဲ့ဝင် ၂၅ ဦး ဒ...
- စေတနာလက် အဖွဲ့ မှ နယ်သို့ ဆင်းပြီး ရေအလှုဒါနပြုတ...
- မီးသတင်း ( ဗမာသွေး )မှ တဆင့်ပို့ လာသဖြင့် ကျေးဇူး။
- မင်္ဂလာဈေး မီးလောင်နေစဉ် ဗီဒီယိုကလစ်
- မင်္ဂလာဈေး မီးလောင်နေတယ်
- ဂုဏ်ယူလျက်ပါ ကိုကျော်သူ
- ပြည်သူများသိသင့်သည့် ရွေးကောက်ပွဲဆိုင်ရာလိမ်ညာချက်...
- ယနေ့ သခင် စိုးမြင့် အသုဘ ဈာပန ပုံများ နှင့် ဗီဒီယို
- The Voice Journal -6-28
- ကုလသမဂ္ဂမှ မြန်မာ နိုင်ငံတွင်း ရေရှားပါးမှု အခြေ အနေ...
- နေပြည်တော် မဟုတ်တဲ့ ကျီးနဲ့ ဖုတ်ဖုတ် သေပြည်တော်
- မလေးရှားနိုင်ငံရောက် မြန်မာလူငယ် လေးဦး ခြိမ်းခြော...
- တရားဝင်ခွင့်မပြုရင်..တရားမ၀င် မယားတွေ ဖြစ်ကုန်တာပေါ့
- အောင်ဝေး၏ အရေးတော်ပုံရင်ခုန်သူများ
- သူဘဲယုံတယ် ကျန်တာတွေ မင်းခွေးချေး..
- မြောက်ကိုးရီးယားက မိန်းကလေးတွေရဲ့ တန်ဖိုး
- သန်းရွှေတို့ လို သေနတ်အားကိုးပြီး မိုက်ရဲတဲ့ သတ္တိက...
- သန်းရွှေတို့ လောက် အသိတရာခေါင်းပါးတဲ့  အုပ်စုဗမာပြည...
- ဗုံးတဲ့ ဗျ
- ဒေါ်အောင်ဆန်းစုကြည်သာ တိုင်းရင်းသားပြည်သူ အားထားရာ
- ကျော်သူ အမေးအဇြေ
- နဲနဲတော့ရွေ့ ဖို့ လိုသည်။ (တပြည်လုံး)
- သူများကြွေးတိုင်း မစားနဲ့ 
- ABMA Journal Volume 1 No 8
- Rain alert with eye on path
- ရပါလိမ့်မယ် အားကြီးကြီး..
- စစ်သား ငါးသိန်းရှိပြီး ဆည်က တစ်သောင်း..ရအောင်တည်မဲ...
- ဒီလို ကမြင်းတဲ့ရဲက...သူဘဲလူဆိုးဖမ်းဦးမတဲ့
- ကဲကြည့် ကုလားကမှ အမျိုးချစ်သေးတယ်.
- လိုင်လာဆိုင်ကလုန်း မြန်မာကမ်းရိုးတန်းဖက် ပြန်လှည့်...
- အီးကုံးစက္ကူလောက်တောင် အသုံးမ၀င်.
- ကြက်ဆူပင်တွေချည်းပဲ လျှောက်စိုက်နေလို့မရဘူး
- ဖိတ်ချင်းဖိတ်ရင်..ဖိတ်ပစေ ငါ့ရဲ့အိပ်ပေါက်ထဲ
-
▼
May
(308)
No comments:
Post a Comment