NEJ / ၁၀ မေလ ၂၀၁၀
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရှေ့အာရှနှင့်ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ်ကမ်ဘဲလ်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် စိမ်းလဲ့ကန်သာဧည့်ဂေဟာ၌ ယနေ့ မွန်းလွဲပိုင်း (၁) နာရီခွဲကျော်တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။
မစ္စတာကာ့တ်ကမ်ဘဲလ်သည် (၂) ရက်ကြာခရီးစဉ်အဖြစ် မေလ (၉) ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိနေခြင်းဖြစ်သည်။
ယင်းသို့ ဒေါ်အောင်ဆန်းစုကြည်နှင့် မတွေ့ဆုံခင်တွင် မစ္စတာ ကာ့တ်ကမ်ဘဲလ်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) မှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် (၁၀) ဦးနှင့် ရန်ကုန်မြို့ရှိ အမေရိကန်သံမှူး၏ နေအိမ်တွင် တွေ့ဆုံခဲ့သည်ဟု ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်သူ ဦးအုန်းကြိုင်က ပြောသည်။
၎င်းက “ဒီနေ့ မနက် (၁၁) နာရီလောက်က တွေ့တာပါ။ ဒု-ဥက္ကဋ္ဌ ဦးတင်ဦးပါတယ်၊ ဦးဝင်းတင်၊ ဦးညွန့်ဝေ၊ ဦးသန်းထွန်း၊ ဦးလှဖေ၊ သခင်စိုးမြင့်၊ ဦးဟန်သာမြင့်၊ ဦးဉာဏ်ဝင်း၊ ဒေါ်မေ၀င်းမြင့်၊ ဦးအုန်းကြိုင်တို့ ပါဝင်ပါတယ်” ဟု ပြောသည်။
ယခု မြန်မာနိုင်ငံခရီးစဉ်သည် အမေရိကန်နှင့် မြန်မာအစိုးရတို့ကြား ပုံမှန်ဆက်ဆံရေးများ ထူထောင်ရန် ရည်ရွယ်ချက်ဖြင့် လာရောက်ခြင်းဖြစ်ကြောင်း မစ္စတာကမ်ဘဲလ်က ပြောကြားပြီး အန်အယ်လ်ဒီဘက်မှ ဦးတင်ဦးနှင့် ဦးဝင်းတင်တို့က အန်အယ်လ်ဒီ၏ လက်ရှိရပ်တည်နေသည့် အနေအထားနှင့် ရှေ့လုပ်ငန်းစဉ်များအကြောင်း ရှင်းလင်းပြောကြားသည်ဟု ဦးအုန်းကြိုင်က ပြောသည်။
ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်သူ ဦးဝင်းတင်က မစ္စတာကမ်ဘဲလ်နှင့်တွေ့ဆုံရာတွင် အန်အယ်လ်ဒီဘက်မှ အဓိကအချက် (၃) ချက်ကို တင်ပြခဲ့သည်ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။
၎င်းက “ကျနော်တို့က ပထမဆုံးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ဖို့ ဆက်လက်တိုက်တွန်းပါတယ်။ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းလို့ကတော့ ဘာမှ အဆင်ပြေတော့မှာ မဟုတ်ဘူး။ ဒါကြောင့် မနှစ်က တိုက်တွန်းသလိုပဲ ဒီနှစ်လည်း တိုက်တွန်းချင်ပါတယ်။ အမေရိကန်နဲ့ စစ်အစိုးရ ဆက်ဆံမှုတင် မကပါဘူး၊ အတိုက်အခံအင်အားစုနဲ့ စစ်အစိုးရနဲ့ တွေ့ဆုံဆွေးနွေးနိုင်အောင်လည်း လုပ်ပေးပါလို့ တိုက်တွန်းခဲ့တယ်” ဟု ပြောသည်။
ဒုတိယအချက်အနေဖြင့် အမေရိကန်အစိုးရဖြင့် စစ်အစိုးရဆက်ဆံမှုကို အားမရကြောင်း၊ စစ်အစိုးရက အမြဲတမ်းခေါင်းမာနေပြီး အမေရိကန်အစိုးရ၏ တောင်းဆိုချက်များကို တခုမှ လုပ်မပေးသည့်အတွက် ကုလသမဂ္ဂအပါအ၀င် အနောက်နိုင်ငံ အင်အားစုများက စစ်အစိုးရကို ပိုမိုထိရောက်စွာ ပြင်းပြင်းထန်ထန် ဖိအားပေးလုပ်ဆောင်ရန်လိုကြောင်း၊ စီးပွားရေးဖိအားပေးမှု၊ နိုင်ငံရေးဖိအားပေးမှုများပါ လုပ်ဆောင်ရန်လိုအပ်ကြောင်း ပြောဆိုခဲ့ကြသည်ဟု ဦးဝင်းတင်က ပြောသည်။
“တတိယအနေနဲ့ကတော့ စစ်အစိုးရရဲ့ ရွေးကောက်ပွဲဟာ တရားမျှတ လွတ်လပ်မှုရှိမှာမဟုတ်ဘူး။ ဒါ့အပြင် အနောက်နိုင်ငံတွေက တောင်းဆိုနေတဲ့ အများလက်ခံယုံကြည်တဲ့ ရွေးကောက်ပွဲ၊ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအင်အားစုတွေ၊ တိုင်းရင်းသားအင်အားစုတွေ အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲဖြစ်မှာ မဟုတ်ဘူး။ ဒါကြောင့် ဒီရွေးကောက်ပွဲက ပေါ်ပေါက်လာမယ့် ရလဒ်တွေကို အသိအမှတ်မပြုဘဲ ကြေညာထားတဲ့အတိုင်းပဲ ဆက်လက် အကောင်အထည်ဖော်ဖို့ ပြောလိုက်ပါတယ်” ဟု ၎င်းက ရှင်းပြသည်။
အန်အယ်လ်ဒီဘက်မှ ထိုသို့တင်ပြပြောဆိုခဲ့ပြီးနောက် မစ္စတာကမ်ဘဲလ်က ၎င်းတို့အနေဖြင့် အန်အယ်လ်ဒီကို ဆက်လက်ထောက်ခံသွားမည်ဟု ပြောဆိုခဲ့ကြောင်း ဦးဝင်းတင်က ဆက်လက်ပြောကြားသည်။
၎င်းက “သူ့ဘက်က ပြောတာတော့ အတိုက်အခံအင်အားစုဖြစ်တဲ့ အန်အယ်လ်ဒီဟာ ဘယ်ပုံစံနဲ့ပဲနေနေ မှတ်ပုံတင်သည်ဖြစ်စေ၊ မတင်သည်ဖြစ်စေ၊ တရားဝင်ပါတီ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အန်အယ်လ်ဒီကို ဆက်လက်ထောက်ခံသွားမယ်၊ ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတာကို အလေးထားပြောသွားတယ်” ဟု ဆိုသည်။
အန်အယ်လ်ဒီမှ ခေါင်းဆောင်ပိုင်းများနှင့် တွေ့ဆုံအပြီးတွင် မစ္စတာကမ်ဘဲလ်သည် ပြည်တွင်းမှ တိုင်းရင်းသားအဖွဲ့အစည်းများနှင့်လည်း တွေ့ဆုံခဲ့သည်ဟု သိရသည်။
ယနေ့ ညနေ (၆) နာရီခွဲတွင် အမေရိကန်စင်တာ၌ မစ္စတာကမ်ဘဲလ်နှင့် ပြည်တွင်းပြည်ပ သတင်းထောက်များကို တွေ့ဆုံပေးမည်ဖြစ်ကြောင်း သိရသည်။ သို့သော် မစ္စတာကမ်ဘဲလ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမည်ကို ပြည်တွင်းပြည်ပ သတင်းမီဒီယာများအား သတင်းရယူရန် အမေရိကန်သံရုံးကတဆင့် ဖိတ်ကြားခဲ့သော်လည်း အာဏာပိုင်များက သတင်းမီဒီယာသမားများအား ဧည့်ဂေဟာသို့ ၀င်ခွင့်မပေးခဲ့ကြောင်း ရန်ကုန်မှ လာသောသတင်းများအရ သိရသည်။
မစ္စတာကမ်ဘဲလ်သည် မြန်မာနိုင်ငံသို့ ၂၀၀၉ ခုနှစ် နိုဝင်ဘာလဆန်းပိုင်းတွင် လာရောက်ခဲ့ပြီးသည့်နောက် ယခုခရီးစဉ်သည် ဒုတိယအကြိမ်မြောက်ဖြစ်သည်။
အမေရိကန်သမ္မတ အိုဘားမား အစိုးရက မြန်မာနိုင်ငံနှင့် ပတ်သက်၍ ပိတ်ဆို့အရေးယူမှုနှင့်အတူ တိုက်ရိုက်ဆက်ဆံသည့် မူဝါဒကို ပူးတွဲကျင့်သုံးသွားမည်ဟု ကြေညာခဲ့ပြီးသည့်နောက် မစ္စတာကမ်ဘဲလ်၏ မြန်မာနိုင်ငံသို့ ပထမအကြိမ်အဖြစ် သွားရောက်ခဲ့သည့် အမေရိကန်အစိုးရအဖွဲ့မှ အဆင့်အမြင့်ဆုံးဖြစ်သည်။
ယခု ဒုတိယအကြိမ်ခရီးစဉ်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီ နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့် ကုန်ဆုံးပြီးနောက် ရက်ပိုင်းအတွင်း လာရောက်ခြင်းဖြစ်သည်။
http://www.khitpyaing.org/index.php?route=detail&id=622
Monday, May 10, 2010
ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီခေါင်းဆောင်များကို မစ္စတာ ကာ့တ်ကမ်ဘဲလ် တွေ့ဆုံ
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
May
(308)
- ဒီပဲယင်း ၇ နှစ်မြောက်အဖြစ် ဆွမ်းကပ်လှူ
- မြောက်ကိုရီးယားက မြန်မာကို ဒုံးကျည်နှင့် နျူကလီးယာ...
- ကားမှောက်၍ ရန်ကုန်မြို့တော်ဝန်မြေး ဘ၀ပြောင်း
- ကုသိုလ်မျှဝေနိုင်ကြပါစေ
- အာဇာနည် ဘလော့ခ်မှ ဒီဇိုင်းကိုမျိုးနှင့် စက်တင်ဘာ ...
- ပြည်သူတွေ ကိုယ့်ကိစ္စကို ပြသနာ ဖြေရှင်းနေသော်လည်း အ...
- ကျွန်တော့လက်ထဲရောက်လာလို့  ဓါတ်ပုံအမြန်ရိုက်ပြီး အ...
- ဒီပဲယင်းလုပ်ကြံမှုသည် အမျိုးသားပြန်လည်သင့်မြတ်ရေးကိ...
- ကမ်းလွန်ရေနံ ပြဿနာ
- ဗမာပြည် မှတ်တမ်း (Documentary)
- စိတ်ညစ်စရာ
- ၀ါးရင်းတုတ်နှင့် ထိုက်တန်သူများစာရင်း ထုတ်ပြန်ချက်
- အကောင်းနှင့် မကောင်း ရောရောင်း ...ကဲ စီပွားရေး
- ဆက်ဖတ်ကြည့် ခင်မျ
- ပြည်သူလူထုအတွက် အကျိုးတခုခုဖြစ်ဖို့ အတွက် ပလပ်စတစ်...
- ဆရာတော်တရား အင်တာနက်ပေါ်မှာ တိုက်ရိုက် တရားနာလိုလျင်
- UN experts say NKorea is exporting nuke technology
- ဖတ်ဖြစ်အောင်ဖတ်ကြပါ ( သူခိုးနဲ့  ဂျပိုး တိတ်တိတ်ပု...
- Al Jazeera news - Moustache Brothers Myanmar
- ကိုပါပါလေး တို့ သုံးဦးကို လေးစားလျက်ရှိပါကြောင်း
- မှောင်သောည တွေ ( ကာတွန်း ကို ဟန်လေး)
- Myanmar opposition marks anniversary of victory
- In a personal handwritten letter to Burmese opposi...
- မျှဝေပါတယ် ကြည့်ဖြစ်ကြမယ်လို့ မျှော်လင့်ပါတယ် ကောင...
- ဒီနှစ်တော့ကျွန်တော် ငတ်ပြီထင်တာဘဲ
- ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံဖြန့်သူ ထောင်ဒဏ် ၁ဝ နှစ်...
- လူတိုင်းနိုင်ငံရေးဆိုတဲ့ဝေါဟာရကိုဒီလိုနားလည်နိုင်ရင်
- ခွပ်ဒေါင်းအလံ
- ဖဒိုမန်းရှာ သမီးဖြစ်သူ ကမ္ဘာ့လူငယ်ခေါင်းဆောင် ဆုရှင...
- ယခုလေးလပတ် အစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ...
- Get out SPDC ,shame on you ruling without supporti...
- အာဏာရူးများ၊ အာဏာအတွက် လည့်လည် လှုပ်ရှား
- လေလွင့်သူ များနှင့် တောင်းရမ်းသူ များကို မန္တလေးမြိ...
- သိက္ခာ
- ၀မ်းသာရမှာလား၊ ၀မ်းနည်းရမှာလား၊ မလေးရှား UNHCR
- In The Quiet Land
- သိက္ခာမဲ့ အုပ်စုကြောင့် ကျွန်တော်လည်းအရှက်ရပြီ
- ဒေါ်အောင်ဆန်းစုကြည်ထံ ဗြိတိန် ဝန်ကြီးချုပ် နောက်ဆုံ...
- ဒီမိုကရေစီဖော်ဆောင်ပေးမည့်သူများရဲ့ ပြည်သူ့ အပေါ်ထာ...
- ကိုကျော်သူရဲ့နောက်ဆုံးလက်နက်
- ဘိန်းဘုရင်နှင့် ဆက်စပ်သော Transocean ကုမ္ပဏီ မြန်မာ...
- လိုချင်ရင်...ရအောင်ချူလော့ ၊ သင်၏အခွင့်အရေး သင်လက်...
- လူထုအောင်ပွဲသည် လူထုလက်ထဲမှာရှိသည်
- “အရေးကြီးပြီးသွေးနီးပေါင်းစည်းရမယ့်အချိန်”
- ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို RCSS အသိအမှတ်ပြုထောက်ခံ
- ၂၀၁၀ ရွေးကောက်ပွဲ ကမ္ဘာလုံးဆိုင်ရာ ကန့်ကွက်မှု ပြုလုပ်
- ပူးတွဲ စစ်ဆင်နွဲရန် လက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့ သဘောတူ
- နအဖ လက်ချက်မှတပါး အခြားမရှိကြောင်း ထပ်လောင်းသက်သေထူ
- စစ်ဘေးတိမ်းရှောင်ရွာသားများဌာနေသို့ပြန်လေပြီ
- USDP မက်လုံးပေး စည်းရုံး
- ယောက်ျား ၀ယ်..ရော်ကြေးနဲ့  ဖယ်တတ်သော မင်းသမီး
- Joint Statement No.7/2010 of ABMA+88+ABFSU
- လူနာသေ..သမားတွေ ပျော်သလား..???
- ဟိုဘက်ကမ်းက မီးထိန်ထိန်ပေမဲ့ ဒို့ ဖက်ကမ်းကျ မီးမှိ...
- မရည်ရွယ်ပါဘူး တိုက်ဆိုင်ခဲ့ လို့ 
- ငါ့မှာ လေယာဉ်ခ ရှိတယ် ငှဲ..ငှဲ
- မှန်တဲ့  သူတို့ အမြင်
- ညုကောင်းသူ အနိုင်ရစေ...အပြုစု ကောင်းသူ..ဒို့ ကိုကြ...
- Myanmar's flag mistaken as Taiwan's in Okinawa
- လှတယ်ဆိုပေမယ့် ကိုယ်ထိလက်ရောက် ရိုင်းတော့ဘယ် လို လ...
- ပျောက်ကွယ်တော့မည့်မြန်မာပြည်
- ထပ်ဆင်ချင်န၀ပ် ကို ဖမ်းချုပ်ရန်နှင့် အကြမ်းဖက်သမား...
- ဒီမိုကရေစီဆိုတာဘာလဲ ကြံ့ ဖွတ် သိန်းမောင်?
- လာဘ်လာဘအပြင် ဟောဒါကလေးပါ အဆစ်ယူ
- မြန်မာတွေ ဝဲပေါက်ဖို့ဘဲ ကျန်တော့တယ်
- The Voice Weekly ဂျာနယ် Vol.6/No.27 ဖတ်ရှုနိုင်ပါပြီ
- မင်္ဂလာဈေး မီးလောင်ခြင်း ဓါတ်ပုံများ
- မင်္ဂလာဈေး မီးလောင်မှုတွင် မီးသတ်တပ်ဖွဲ့ဝင် ၂၅ ဦး ဒ...
- စေတနာလက် အဖွဲ့ မှ နယ်သို့ ဆင်းပြီး ရေအလှုဒါနပြုတ...
- မီးသတင်း ( ဗမာသွေး )မှ တဆင့်ပို့ လာသဖြင့် ကျေးဇူး။
- မင်္ဂလာဈေး မီးလောင်နေစဉ် ဗီဒီယိုကလစ်
- မင်္ဂလာဈေး မီးလောင်နေတယ်
- ဂုဏ်ယူလျက်ပါ ကိုကျော်သူ
- ပြည်သူများသိသင့်သည့် ရွေးကောက်ပွဲဆိုင်ရာလိမ်ညာချက်...
- ယနေ့ သခင် စိုးမြင့် အသုဘ ဈာပန ပုံများ နှင့် ဗီဒီယို
- The Voice Journal -6-28
- ကုလသမဂ္ဂမှ မြန်မာ နိုင်ငံတွင်း ရေရှားပါးမှု အခြေ အနေ...
- နေပြည်တော် မဟုတ်တဲ့ ကျီးနဲ့ ဖုတ်ဖုတ် သေပြည်တော်
- မလေးရှားနိုင်ငံရောက် မြန်မာလူငယ် လေးဦး ခြိမ်းခြော...
- တရားဝင်ခွင့်မပြုရင်..တရားမ၀င် မယားတွေ ဖြစ်ကုန်တာပေါ့
- အောင်ဝေး၏ အရေးတော်ပုံရင်ခုန်သူများ
- သူဘဲယုံတယ် ကျန်တာတွေ မင်းခွေးချေး..
- မြောက်ကိုးရီးယားက မိန်းကလေးတွေရဲ့ တန်ဖိုး
- သန်းရွှေတို့ လို သေနတ်အားကိုးပြီး မိုက်ရဲတဲ့ သတ္တိက...
- သန်းရွှေတို့ လောက် အသိတရာခေါင်းပါးတဲ့  အုပ်စုဗမာပြည...
- ဗုံးတဲ့ ဗျ
- ဒေါ်အောင်ဆန်းစုကြည်သာ တိုင်းရင်းသားပြည်သူ အားထားရာ
- ကျော်သူ အမေးအဇြေ
- နဲနဲတော့ရွေ့ ဖို့ လိုသည်။ (တပြည်လုံး)
- သူများကြွေးတိုင်း မစားနဲ့ 
- ABMA Journal Volume 1 No 8
- Rain alert with eye on path
- ရပါလိမ့်မယ် အားကြီးကြီး..
- စစ်သား ငါးသိန်းရှိပြီး ဆည်က တစ်သောင်း..ရအောင်တည်မဲ...
- ဒီလို ကမြင်းတဲ့ရဲက...သူဘဲလူဆိုးဖမ်းဦးမတဲ့
- ကဲကြည့် ကုလားကမှ အမျိုးချစ်သေးတယ်.
- လိုင်လာဆိုင်ကလုန်း မြန်မာကမ်းရိုးတန်းဖက် ပြန်လှည့်...
- အီးကုံးစက္ကူလောက်တောင် အသုံးမ၀င်.
- ကြက်ဆူပင်တွေချည်းပဲ လျှောက်စိုက်နေလို့မရဘူး
- ဖိတ်ချင်းဖိတ်ရင်..ဖိတ်ပစေ ငါ့ရဲ့အိပ်ပေါက်ထဲ
-
▼
May
(308)
No comments:
Post a Comment