မြန်မာအပေါ် ပိတ်ဆို့အရေးယူမှု အမေရိကန် ဥပဒေပြု အမတ်တိုက်တွန်း
| ဗုဒ္ဓဟူးနေ့၊ မေလ ၁၂ ရက် ၂၀၁၀ ခုနှစ် ၂၁ နာရီ ၅၆ မိနစ် .
ချင်းမိုင် (မဇ္ဈိမ)။ ။ အမေရိကန် ကွန်ဂရက်အမတ် ဂျိုးခရော်လီ (Joe Crowley) က မြန်မာနိုင်ငံ စစ်အစိုးရအပေါ် ပစ်မှတ်ထား ပိတ်ဆို့ အရေးယူသည့် မြန်မာ့ ဒီမိုကရေစီနှင့် လွတ်လပ်ရေး ဥပဒေကို နောက်ထပ် သက်တမ်းတိုးရန် ဥပဒေကြမ်းတရပ်ကို ပါတီနှစ်ရပ် ပူးတွဲ တင်သွင်းရာတွင် ဦးဆောင် တင်သွင်းလိုက်သည် ဟု ထုတ်ပြန် ကြေငြာချက်တွင် ဖော်ပြထားသည်။
ခရော်လီ၏ ပိတ်ဆို့အရေးယူမှု သက်တမ်းတိုးရေးသည် ဥရောပသမဂ္ဂက အလားတူ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူရေး ဥပဒေကို နောက်ထပ် သက်တမ်းတိုးလိုက်အပြီး နှစ်ပတ်အကြာတွင် ပေါ်ထွက်လာခြင်း ဖြစ်သည်။
ဤသို့ ဥပဒေကြမ်း တင်သွင်းပြီးနောက် နယူးရောက် ပြည်နယ်မှ ဒီမိုကရက် အမတ်အဖြစ် ၆ ကြိမ် အရွေးခံထားရသူ ခရော်လီက ကြေငြာချက် တရပ် ထုတ်ပြန်ခဲ့သည်။ ထိုကြေငြာချက်တွင် `အလွန် တင်းကြပ် ပြင်းထန်သည့်၊ သန်မာခက်ထန်သည့် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှုတရပ်ကို ကျနော်တို့ လိုအပ်ကြောင်း အလွန် ထင်ရှားလာသည်။ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်များ ကျူးလွန်နေခြင်းနှင့် သူ့ပြည်သူများအပေါ် စစ်ရာဇဝတ်မှုများ ကျူးလွန်နေခြင်းတို့ အတွက် ဤသို့ ပိတ်ဆို့ အရေးယူမှုကို အဆောတလျင် ပြုလုပ်ရန် လိုအပ်လာသည်´ဟု ရေးသားထားသည်။
သူက `မြန်မာနိုင်ငံ၏ တရားဝင်ခေါင်းဆောင်များ´ ဟု ရည်ညွှန်းခေါ်ဝေါ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ဒေါ်အောင်ဆန်း စုကြည်တို့နှင့် `စစ်စစ်မှန်မှန် ပူးပေါင်း ဆောင်ရွက်ရေးကို စစ်အစိုးရက လုံးဝ ငြင်းပယ်လိုက်သည့်အတွက်´ စိုးရိမ်ပူပန်ကြောင်းလည်း သူက ထုတ်ဖော်ပြောဆိုသည်။
မြန်မာ့ ဒီမိုကရေစီနှင့် လွတ်လပ်ရေးဥပဒေကို ဒီမိုကရက်နှင့် ရီပတ်ဘလီကင် ပါတီနှစ်ရပ်လုံးမှ အင် အားကြီးမားသော နိုင်ငံရေးသမား များက ထောက်ခံထားသည့်အတွက် ယခုဥပဒေကြမ်းကို ဂျူလိုင်လ သက်တမ်းမကုန်ဆုံးမီ နောက်ထပ် သက်တမ်းတိုး အတည်ပြုပေး မည့် အလားအလာ အလွန်ကောင်းသည်။ ယမန်နှစ်ကလည်း ဒီမိုကရက် အထက်လွှတ်တော်အမတ် ဒီယန်းဖိန်းစတိန်း (Diane Feinstein) နှင့်သူမ ပါတီမှ သြဇာကြီးမားသော အမတ် အများအပြားက ထောက်ခံခဲ့ကြပြီး အလားတူပင် ရီပတ်ဘလီကင် အထက်လွှတ်တော်အမတ်များ ဖြစ်ကြသော ဂျွန်မက်ကိန်း (John McCain) နှင့် မစ်မက်ကော်နယ်လ် (Mitch McConnell) တို့ကလည်း ထောက်ခံ ခဲ့ကြသည်။
စစ်အစိုးရက ဆက်လက် ကျူးလွန်နေသော လူ့အခွင့်အရေး ဖောက်ဖျက်မှုများသည် သာမန်ရာဇဝတ်မှု အဆင့်ကိုပင် ကျော်လွန်သွားပြီ ဖြစ်သည်ဟု သူ့ကြေငြာချက်တွင် စွပ်စွဲဖော်ပြထားပြီး အဆိုပါ ရာဇဝတ်မှုများကို နိုင်ငံတကာက စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ရန်လည်း တောင်းဆိုလိုက်သည်။
`ဤကွန်ဂရက် လွှတ်တော်ထဲမှ ကျနော်တို့ အမတ်အများအပြား နှင့် ယုံကြည် ကိုးစားခံရသော လူ့ အခွင့်အရေး အဖွဲ့အစည်း အများ အပြား က နှစ်ပေါင်းများစွာ ဤသို့ ပြောဆိုလာခဲ့ကြသည်။ ယခု ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စား လှယ် စစ်အစိုးရက ရာဇဝတ်မှုများ ကျူးလွန်နေကြောင်း အလွန်ဖြစ်နိုင်ခြေ ရှိသည်ဟု ထုတ်ဖော်ပြောဆိုလာသည်။ ဤစစ်အစိုးရသည် ရွာပေါင်း ၃၅ဝဝ မှ ရွာသားများ မိမိတို့ အိုးအိမ်များကို စွန့်ခွါထွက်ပြေးအောင် လုပ်ဆောင်ခဲ့ကြသူများ ဖြစ်သည်၊ မရေမတွက်နိုင်သော တိုင်းရင်းသား လူနည်းစု အမျိုးသမီးများကို မုဒိမ်းကျင့်ခဲ့ကြသူများ ဖြစ်သည်။ ထောင်ပေါင်းများစွာသော ကလေးများကို စစ်သားအဖြစ် အတင်းအကြပ် စုဆောင်းသိမ်းသွင်းခဲ့ကြသူများ ဖြစ်သည်၊ ဤရာဇဝတ်မှုများသည် ယနေ့ထက်တိုင် ဆက်လက် ဖြစ်ပွါးနေဆဲရှိသည်´ ဟု ခရော်လီက ဆိုထားသည်။
`မြန်မာ စစ်အစိုးရသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ကျူးလွန်နေပြီး ထိုကျူးလွန်မှုများကို နိုင်ငံတကာက ပြင်းပြင်းထန်ထန် စုံစမ်းစစ်ဆေး အရေးယူရန် တို့ကို လက်ခံ အတည်ပြုပြီး ကုလသမဂ္ဂ၏ တွေ့ရှိချက်များကို အမေရိကန်အစိုးရက ထောက်ခံလိမ့်မည်ဟု ကျနော် မျှော်လင့်ပါသည်´ ဟုလည်း သူကပြောသည်။
အမေရိကန် ဘဏ္ဍာရေးဌာန နိုင်ငံခြားပိုင်ဆိုင်ခွင့်များ ထိန်းချုပ်ရေး ဌာနရုံး က ဆွစ်ဘဏ်လုပ်ငန်းကြီး တခုဖြစ်သော ခရက်ဒစ်ဆွိစ် (Credit Suisse) သည် အီရန်၊ မြန်မာ၊ လစ်ဗျား၊ ဆူဒန်၊ ကျူးဘား နှင့် ချားလ်စ်တေလာ၏ ယခင် လိုင်ဘေးရီးယား နိုင်ငံတို့အပေါ် အမေရိကန်က ပိတ်ဆို့ အရေးယူထားမှုများကို ဖောက်ဖျက်ကြောင်း တွေ့ရှိသည်ဟု ဆုံးဖြတ်ခဲ့ပြီးနောက် တခါမျှ မကြုံဖူးသည့် ဒဏ်ငွေ ပမာဏဖြစ်သော အမေရိကန်ဒေါ်လာ ၅၃၆ သန်းကိုပေးရန် သဘောတူခဲ့ရသည်။ ယခုကဲ့သို့ ဆွစ် ဘဏ်ကြီးက ဒဏ်ငွေပေးဆောင်ရန် သဘောတူကြောင်းကို ကြေငြာခဲ့ပြီးနောက် အမေရိကန် ရှေ့နေချုပ် အဲရစ်ဟိုလ်ဒါ (Eric Holder) က ဆွစ်ဘဏ်ကြီးသည် အဆိုပါ နိုင်ငံများအပေါ် ချမှတ်ထားသော ပိတ်ဆို့ အရေးယူမှုများကို ကျော်လွှားကာ `အမေရိကန် ဒေါ်လာကို လက်ခံရယူ သုံးစွဲနိုင်ရေး စီးပွါးရေး ပုံစံတရပ် ဖော်ထုတ်ကာ´ လုပ်ဆောင်နိုင်ရေး တရားမဝင် ဆောင်ရွက်ပေးခဲ့သည်ဟု ဆိုသည်။
အမေရိကန်၏ စုံစမ်းစစ်ဆေးမှုအရ ဆွစ်ဘဏ်ကြီးသည် အဆိုပါ ဖောက်ဖျက်မှုအများစုကို အီရန်နှင့် ငွေပေးငွေယူ ဆောင်ရွက်မှုများတွင် ပြုလုပ်ခဲ့သည်ဟု တွေ့ရှိခဲ့သော်လည်း မြန်မာနိုင်ငံသို့လည်း အကြိမ်ပေါင်း ၃ဝ မျှ ငွေကြေးများ တရားမဝင် ပေးပို့ခဲ့ကြောင်း ကြေအေးမှု စည်းကမ်းချက်များအရ ဆွစ် ဘဏ်ကြီးက ဝန်ခံပြောကြားခဲ့သည်။ နှစ်ပေါင်း ၂ဝ ကျော်အတွင်း ထိုသို့ ပိတ်ဆို့ အရေးယူခံထားရသော နိုင်ငံများသို့ အမေရိကန်ဒေါ်လာ သန်းထောင်ပေါင်း ၁.၆ မျှကို တရားမဝင် ပေးပို့ခဲ့သည်ဟု လည်း ဆွစ်ဘဏ်ကြီးက ဝန်ခံခဲ့သည်။
မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှုကို သက်တမ်းတိုးရန် ယမန်နေ့က အဆိုပြုလိုက်ချိန်တွင် မြန်မာနိုင်ငံမှ ဒုက္ခသုက္ခမျိုးစုံကို ခံစားခဲ့ရ သော အတိုက်အခံများသည်လည်း လမ်းဆုံလမ်းခွတွင် ရောက်ရှိနေချိန် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ယခုနှစ် အတွင်း ကျင်းပဖွယ်ရှိသည့် ရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခြင်း မပြုရန် ရွေးချယ် ဆုံးဖြတ်ခဲ့ကြသည်။ တချိန်ထဲတွင် ဒီချုပ်မှ ခွဲထွက်သွားသူများ အပါအဝင် ပါတီငယ်လေးများက ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် သဘောတူညီခဲ့ကြသည်။
ဒီချုပ်က ရွေးကောက်ပွဲကို သပိတ်မှောက်ရန် ဆုံးဖြတ်ခဲ့ရခြင်းမှာ မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲ ဥပဒေ များအရ ဒေါ်အောင်ဆန်းစုကြည် ကို ရွေးကောက်ပွဲ မဝင်နိုင်ရန် တားမြစ်ထားမှုများ ပါဝင်နေပြီး၊ ရာဇဝတ် ပြစ်ဒဏ် ကျခံနေရသူများကိုလည်း အလားတူ တားမြစ် ပိတ်ပင်ထားသည်။ ထိုရွေးကောက်ပွဲ ဥပဒေများနှင့် အများဝေဘန် ပြစ်တင်ခံနေရသည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေတို့အရ ရွေးကောက်ပွဲများအပြီး အရပ်သား အစိုးရဆိုတာ ပေါ်လာသည့် အချိန်တွင် စစ်တပ်ကို တိုင်းပြည် အုပ်ချုပ်ရာတွင် အဓိက အခန်းမှ ရှိနေစေမည် ဖြစ်သည်။
http://www.mizzimaburmese.com/news/world-news/5367-2010-05-12-15-39-23.html
Wednesday, May 12, 2010
လူယုတ်တွေရဲ့ လည်ဇိကို သာ နာနာညှစ်
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
May
(308)
- ဒီပဲယင်း ၇ နှစ်မြောက်အဖြစ် ဆွမ်းကပ်လှူ
- မြောက်ကိုရီးယားက မြန်မာကို ဒုံးကျည်နှင့် နျူကလီးယာ...
- ကားမှောက်၍ ရန်ကုန်မြို့တော်ဝန်မြေး ဘ၀ပြောင်း
- ကုသိုလ်မျှဝေနိုင်ကြပါစေ
- အာဇာနည် ဘလော့ခ်မှ ဒီဇိုင်းကိုမျိုးနှင့် စက်တင်ဘာ ...
- ပြည်သူတွေ ကိုယ့်ကိစ္စကို ပြသနာ ဖြေရှင်းနေသော်လည်း အ...
- ကျွန်တော့လက်ထဲရောက်လာလို့  ဓါတ်ပုံအမြန်ရိုက်ပြီး အ...
- ဒီပဲယင်းလုပ်ကြံမှုသည် အမျိုးသားပြန်လည်သင့်မြတ်ရေးကိ...
- ကမ်းလွန်ရေနံ ပြဿနာ
- ဗမာပြည် မှတ်တမ်း (Documentary)
- စိတ်ညစ်စရာ
- ၀ါးရင်းတုတ်နှင့် ထိုက်တန်သူများစာရင်း ထုတ်ပြန်ချက်
- အကောင်းနှင့် မကောင်း ရောရောင်း ...ကဲ စီပွားရေး
- ဆက်ဖတ်ကြည့် ခင်မျ
- ပြည်သူလူထုအတွက် အကျိုးတခုခုဖြစ်ဖို့ အတွက် ပလပ်စတစ်...
- ဆရာတော်တရား အင်တာနက်ပေါ်မှာ တိုက်ရိုက် တရားနာလိုလျင်
- UN experts say NKorea is exporting nuke technology
- ဖတ်ဖြစ်အောင်ဖတ်ကြပါ ( သူခိုးနဲ့  ဂျပိုး တိတ်တိတ်ပု...
- Al Jazeera news - Moustache Brothers Myanmar
- ကိုပါပါလေး တို့ သုံးဦးကို လေးစားလျက်ရှိပါကြောင်း
- မှောင်သောည တွေ ( ကာတွန်း ကို ဟန်လေး)
- Myanmar opposition marks anniversary of victory
- In a personal handwritten letter to Burmese opposi...
- မျှဝေပါတယ် ကြည့်ဖြစ်ကြမယ်လို့ မျှော်လင့်ပါတယ် ကောင...
- ဒီနှစ်တော့ကျွန်တော် ငတ်ပြီထင်တာဘဲ
- ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံဖြန့်သူ ထောင်ဒဏ် ၁ဝ နှစ်...
- လူတိုင်းနိုင်ငံရေးဆိုတဲ့ဝေါဟာရကိုဒီလိုနားလည်နိုင်ရင်
- ခွပ်ဒေါင်းအလံ
- ဖဒိုမန်းရှာ သမီးဖြစ်သူ ကမ္ဘာ့လူငယ်ခေါင်းဆောင် ဆုရှင...
- ယခုလေးလပတ် အစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ...
- Get out SPDC ,shame on you ruling without supporti...
- အာဏာရူးများ၊ အာဏာအတွက် လည့်လည် လှုပ်ရှား
- လေလွင့်သူ များနှင့် တောင်းရမ်းသူ များကို မန္တလေးမြိ...
- သိက္ခာ
- ၀မ်းသာရမှာလား၊ ၀မ်းနည်းရမှာလား၊ မလေးရှား UNHCR
- In The Quiet Land
- သိက္ခာမဲ့ အုပ်စုကြောင့် ကျွန်တော်လည်းအရှက်ရပြီ
- ဒေါ်အောင်ဆန်းစုကြည်ထံ ဗြိတိန် ဝန်ကြီးချုပ် နောက်ဆုံ...
- ဒီမိုကရေစီဖော်ဆောင်ပေးမည့်သူများရဲ့ ပြည်သူ့ အပေါ်ထာ...
- ကိုကျော်သူရဲ့နောက်ဆုံးလက်နက်
- ဘိန်းဘုရင်နှင့် ဆက်စပ်သော Transocean ကုမ္ပဏီ မြန်မာ...
- လိုချင်ရင်...ရအောင်ချူလော့ ၊ သင်၏အခွင့်အရေး သင်လက်...
- လူထုအောင်ပွဲသည် လူထုလက်ထဲမှာရှိသည်
- “အရေးကြီးပြီးသွေးနီးပေါင်းစည်းရမယ့်အချိန်”
- ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို RCSS အသိအမှတ်ပြုထောက်ခံ
- ၂၀၁၀ ရွေးကောက်ပွဲ ကမ္ဘာလုံးဆိုင်ရာ ကန့်ကွက်မှု ပြုလုပ်
- ပူးတွဲ စစ်ဆင်နွဲရန် လက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့ သဘောတူ
- နအဖ လက်ချက်မှတပါး အခြားမရှိကြောင်း ထပ်လောင်းသက်သေထူ
- စစ်ဘေးတိမ်းရှောင်ရွာသားများဌာနေသို့ပြန်လေပြီ
- USDP မက်လုံးပေး စည်းရုံး
- ယောက်ျား ၀ယ်..ရော်ကြေးနဲ့  ဖယ်တတ်သော မင်းသမီး
- Joint Statement No.7/2010 of ABMA+88+ABFSU
- လူနာသေ..သမားတွေ ပျော်သလား..???
- ဟိုဘက်ကမ်းက မီးထိန်ထိန်ပေမဲ့ ဒို့ ဖက်ကမ်းကျ မီးမှိ...
- မရည်ရွယ်ပါဘူး တိုက်ဆိုင်ခဲ့ လို့ 
- ငါ့မှာ လေယာဉ်ခ ရှိတယ် ငှဲ..ငှဲ
- မှန်တဲ့  သူတို့ အမြင်
- ညုကောင်းသူ အနိုင်ရစေ...အပြုစု ကောင်းသူ..ဒို့ ကိုကြ...
- Myanmar's flag mistaken as Taiwan's in Okinawa
- လှတယ်ဆိုပေမယ့် ကိုယ်ထိလက်ရောက် ရိုင်းတော့ဘယ် လို လ...
- ပျောက်ကွယ်တော့မည့်မြန်မာပြည်
- ထပ်ဆင်ချင်န၀ပ် ကို ဖမ်းချုပ်ရန်နှင့် အကြမ်းဖက်သမား...
- ဒီမိုကရေစီဆိုတာဘာလဲ ကြံ့ ဖွတ် သိန်းမောင်?
- လာဘ်လာဘအပြင် ဟောဒါကလေးပါ အဆစ်ယူ
- မြန်မာတွေ ဝဲပေါက်ဖို့ဘဲ ကျန်တော့တယ်
- The Voice Weekly ဂျာနယ် Vol.6/No.27 ဖတ်ရှုနိုင်ပါပြီ
- မင်္ဂလာဈေး မီးလောင်ခြင်း ဓါတ်ပုံများ
- မင်္ဂလာဈေး မီးလောင်မှုတွင် မီးသတ်တပ်ဖွဲ့ဝင် ၂၅ ဦး ဒ...
- စေတနာလက် အဖွဲ့ မှ နယ်သို့ ဆင်းပြီး ရေအလှုဒါနပြုတ...
- မီးသတင်း ( ဗမာသွေး )မှ တဆင့်ပို့ လာသဖြင့် ကျေးဇူး။
- မင်္ဂလာဈေး မီးလောင်နေစဉ် ဗီဒီယိုကလစ်
- မင်္ဂလာဈေး မီးလောင်နေတယ်
- ဂုဏ်ယူလျက်ပါ ကိုကျော်သူ
- ပြည်သူများသိသင့်သည့် ရွေးကောက်ပွဲဆိုင်ရာလိမ်ညာချက်...
- ယနေ့ သခင် စိုးမြင့် အသုဘ ဈာပန ပုံများ နှင့် ဗီဒီယို
- The Voice Journal -6-28
- ကုလသမဂ္ဂမှ မြန်မာ နိုင်ငံတွင်း ရေရှားပါးမှု အခြေ အနေ...
- နေပြည်တော် မဟုတ်တဲ့ ကျီးနဲ့ ဖုတ်ဖုတ် သေပြည်တော်
- မလေးရှားနိုင်ငံရောက် မြန်မာလူငယ် လေးဦး ခြိမ်းခြော...
- တရားဝင်ခွင့်မပြုရင်..တရားမ၀င် မယားတွေ ဖြစ်ကုန်တာပေါ့
- အောင်ဝေး၏ အရေးတော်ပုံရင်ခုန်သူများ
- သူဘဲယုံတယ် ကျန်တာတွေ မင်းခွေးချေး..
- မြောက်ကိုးရီးယားက မိန်းကလေးတွေရဲ့ တန်ဖိုး
- သန်းရွှေတို့ လို သေနတ်အားကိုးပြီး မိုက်ရဲတဲ့ သတ္တိက...
- သန်းရွှေတို့ လောက် အသိတရာခေါင်းပါးတဲ့  အုပ်စုဗမာပြည...
- ဗုံးတဲ့ ဗျ
- ဒေါ်အောင်ဆန်းစုကြည်သာ တိုင်းရင်းသားပြည်သူ အားထားရာ
- ကျော်သူ အမေးအဇြေ
- နဲနဲတော့ရွေ့ ဖို့ လိုသည်။ (တပြည်လုံး)
- သူများကြွေးတိုင်း မစားနဲ့ 
- ABMA Journal Volume 1 No 8
- Rain alert with eye on path
- ရပါလိမ့်မယ် အားကြီးကြီး..
- စစ်သား ငါးသိန်းရှိပြီး ဆည်က တစ်သောင်း..ရအောင်တည်မဲ...
- ဒီလို ကမြင်းတဲ့ရဲက...သူဘဲလူဆိုးဖမ်းဦးမတဲ့
- ကဲကြည့် ကုလားကမှ အမျိုးချစ်သေးတယ်.
- လိုင်လာဆိုင်ကလုန်း မြန်မာကမ်းရိုးတန်းဖက် ပြန်လှည့်...
- အီးကုံးစက္ကူလောက်တောင် အသုံးမ၀င်.
- ကြက်ဆူပင်တွေချည်းပဲ လျှောက်စိုက်နေလို့မရဘူး
- ဖိတ်ချင်းဖိတ်ရင်..ဖိတ်ပစေ ငါ့ရဲ့အိပ်ပေါက်ထဲ
-
▼
May
(308)
No comments:
Post a Comment