နိုင်ငံတကာ စောင့်ကြည့်မှုမလိုဟု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌပြော
ခက်ထန် Wednesday, May 12, 2010 .
လာမည့် ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတရန် စီစဉ်ထားသဖြင့် နိုင်ငံတကာ လေ့လာရေး အဖွဲ့များ လာရောက်ရန် လိုအပ်မည် မဟုတ်ဟု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ က ပြောလိုက်သည်။
မေလ ၉ ရက်နေ့က နေပြည်တော်တွင် အမေရိကန်နိုင်ငံ အရှေ့အာရှနှင့် ပစိဖိတ် ဒေသရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ကာ့တ် ကမ်းဘဲလ်နှင့် တွေ့ဆုံရာ၌ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက ထိုသို့ ပြောကြား လိုက်ခြင်း ဖြစ်သည်။
မစ္စတာ ကမ်းဘဲလ်နှင့် အတူလိုက်ပါလာသည့် အမေရိကန်သံရုံး ယာယီတာဝန်ခံ မစ္စတာ လာရီ ဒင်းဂါး (Larry M. Dinger) က လက်ရှိ ဝန်ကြီးများနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) ကို ထူထောင်ရာတွင် ဥပဒေနှင့် ညီ မညီ မေးမြန်းရာ ဦးသိန်းစိုးက ဝန်ကြီးများသည် နိုင်ငံ့ဝန်ထမ်း မဟုတ်ဘဲ Political Post (နိုင်ငံရေး ရာထူး) သာ ဖြစ်၍ ဥပဒေနှင့် ညီညွတ်သည်ဟု ပြောဆိုသွားသည်။
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီး နှင့် ကြံ့ဖွံ့အသင်း အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးကလည်း ဝန်ကြီးနှင့် ဒုဝန်ကြီး ရာ ထူး များသည် အစိုးရဝန်ထမ်းမဟုတ်သော “နိုင်ငံရေးတာဝန်”များသာ ဖြစ်သည်ဟု ကမ်းဘဲလ်နှင့် သီးခြားတွေ့ဆုံရာ တွင် ပြောဆို သည်။
မြန်မာနိုင်ငံ ရှေ့နေများကောင်စီမှ ဥပဒေရေးရာ သုံးသပ်ရေးဌာန တာဝန်ခံ ဦးမျိုးက ဝန်ကြီးရာထူးသည် ဝန်ထမ်း ဖြစ်သည့် အပြင် စစ်ဘက်ရာထူးများမှလည်း တရားဝင် ထုတ်ပြန်၍ နုတ်ထွက်ခြင်း မရှိဟု ထောက်ပြသည်။
“နိုင်ငံရေးပါတီတခုမှာ တာဝန်ယူမယ်ဆိုရင် အစိုးရဝန်ထမ်း အနေနဲ့ ပါဝင်ခွင့် မရှိဘူးခင်ဗျ၊ အခု စစ်ရာထူးတွေက ထွက်တယ် ဆိုတာ လည်း တပ်ချုပ်ကြီးကိုယ်တိုင်က တပ်ထဲက တရားဝင် ထုတ်ပစ်ရမှာ ဖြစ်တယ်”ဟု ဦးမျိုးက ဧရာဝတီသို့ ပြောသည်။
ကြံ့ဖွံ့အနေဖြင့် ဝန်ကြီးများ ဦးဆောင်လျက် ပါတီထောင်ခြင်းနှင့် ယင်းပါတီကို ရွေးကောက်ပွဲ ကော်မရှင်က ခွင့်ပြုလိုက်ခြင်း သည် စစ်အစိုးရ အနေဖြင့် ကိုယ်တိုင် ပြဋ္ဌာန်းထားသော ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့် ပြည်သူ့လွတ်တော် ရွေးကောက်ပွဲ ဥပဒေတို့ကို ချိုးဖောက်ကြခြင်း ဖြစ်သည်ဟု ဦးမျိုးက ဆက်လက် ပြောကြားသည်။
နအဖ ပြောရေးဆိုခွင့် အာဏာပိုင် အဖွဲ့ခေါင်းဆောင် ပြန်ကြားရေး ဝန်ကြီး ဦးကျော်ဆန်းက ကမ်းဘဲလ်နှင့် တွေ့ဆုံရာတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) က လက်မခံနိုင်ဟု ကြေညာထားသော အချက်များကို ခုခံ ပြောဆိုသွားသည်။
ထိုသို့ ပြောဆိုရာတွင် ဦးကျော်ဆန်းက NLD သည် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ပြင်ဆင်လိုပါက ရွေးကောက်ပွဲဝင်ပြီး လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်လာသည့်အခါ အခြေခံဥပဒေကို ပြင်ဆင်ပါဟု ဆိုသည်။
သို့သော် ဥပဒေပညာရှင် ဦးမျိုးက ရွေးကောက်ပွဲဝင်ပြီးမှ ဖွဲ့စည်းပုံဥပဒေကို ပြင်ဆင်ရန် ပြောဆိုခြင်းသည် တဖက်လှည့်နှင့် ၂၀၀၈ ဖွဲ့စည်း ပုံ ဥပဒေကို လက်ခံခိုင်းခြင်းသာ ဖြစ်သည်ဟု သုံးသပ်သည်။
“၂၅ ရာခိုင်နှုန်းကို စစ်တပ်၊ ကျန်တာ ကြံ့ဖွံ့က ယူမှာပဲ၊ တခြားပါတီငယ်တွေကို ဟန်ပြ ပါခွင့် ပေးရုံလောက်ပါပဲ”ဟု ဦးမျိုးက ဆိုသည်။
ထောင်ကျခံနေရသူများကို ပါတီဝင်အဖြစ် ခွင့်မပြုခြင်းမှာလည်း ပုဂ္ဂိုလ် တစုံတယောက်ကို ရည်ရွယ်ခြင်း မရှိဟု ဦးကျော်ဆန်း က ကမ်းဘဲလ် ကို ပြောကြောင်း စစ်အစိုးရပိုင် သတင်းစာတွင် ဖော်ပြထားသည်။
မစ္စတာ ကမ်းဘဲလ်က မြန်မာနိုင်ငံ လာခွင့်ရရေး ညှိနှိုင်းရသည်မှာ ခက်ခဲကြောင်း နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းကို ပြောရာ လာ ရောက် တွေ့ဆုံပြီးနောက် ပြစ်တင် ရှုတ်ချ ဝေဖန်ပုတ်ခတ်သည့် ကိုယ်စားလှယ်မျိုးကို လက်ခံရန် ဝန်လေးသည်ဟု ဦးဉာဏ်ဝင်းက ပြောကြောင်း သိရသည်။
သိပ္ပံနှင့် နည်းပညာ ဝန်ကြီး ဦးသောင်းနှင့် တွေ့ဆုံရာတွင် ကမ်းဘဲလ်က မြန်မာနှင့် မြောက်ကိုရီးယား ဆက်ဆံရေးကို စိုးရိမ် ကြောင်း ပြောဆိုသည်။ ဦးသောင်းက ကုလသမဂ္ဂ ဆုံးဖြတ်ချက် (၁၇၁၈) နှင့် (၁၈၇၄) ကို လိုက်နာမည်ဟု ပြောသည်။ သို့ သော် နိုင်ငံ၏ အချုပ်အခြာ အာဏာကို စောင့်ရှောက်ရမည့် တာဝန်လည်း ရှိသည်ဟု ဆက်လက် ပြောဆိုသွားသည်။
မစ္စတာ ကမ်းဘဲလ်နှင့် အဖွဲ့သည် မေလ ၉ ရက်နေ့ တရက်တည်းတွင် ဦးကျော်ဆန်း၊ ဦးဉာဏ်ဝင်း၊ ဦးသောင်းနှင့် ဦးသိန်းစိုး တို့ကို သီးခြားစီ တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
မေလ ၁၀ ရက်နေ့တွင် ကမ်းဘဲလ်သည် ရန်ကုန်မြို့၌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီး NLD ဗဟိုအလုပ်အမှုဆောင် ကော်မတီအဖွဲ့ဝင်များ၊ မကြာသေးမီက ဖွဲ့စည်းခဲ့ကြသည့် နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များနှင့်လည်း တွေ့ဆုံခဲ့သည်။
ယခုခရီးစဉ်သည် ကမ်းဘဲလ်၏ မြန်မာနိုင်ငံသို့ ဒုတိယ ခရီးစဉ်ဖြစ်ပြီး ၂၀၀၉ ခုနှစ် နိုဝင်ဘာလတွင်လည်း အမေရိကန် အစိုးရ ကိုယ်စားလှယ် တဖွဲ့ကို ဦးဆောင်၍ လာရောက်ခဲ့ဖူးသည်။ http://www.irrawaddy.org/bur/index.php/news/1-news/3144-2010-05-12-12-29-57
Wednesday, May 12, 2010
အော်..ခိုးချင်ပါတယ်မှ လူချပြရမလားဗျ..ကျူပ်တို့ အအ မဟုတ်ဖူး..
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
May
(308)
- ဒီပဲယင်း ၇ နှစ်မြောက်အဖြစ် ဆွမ်းကပ်လှူ
- မြောက်ကိုရီးယားက မြန်မာကို ဒုံးကျည်နှင့် နျူကလီးယာ...
- ကားမှောက်၍ ရန်ကုန်မြို့တော်ဝန်မြေး ဘ၀ပြောင်း
- ကုသိုလ်မျှဝေနိုင်ကြပါစေ
- အာဇာနည် ဘလော့ခ်မှ ဒီဇိုင်းကိုမျိုးနှင့် စက်တင်ဘာ ...
- ပြည်သူတွေ ကိုယ့်ကိစ္စကို ပြသနာ ဖြေရှင်းနေသော်လည်း အ...
- ကျွန်တော့လက်ထဲရောက်လာလို့  ဓါတ်ပုံအမြန်ရိုက်ပြီး အ...
- ဒီပဲယင်းလုပ်ကြံမှုသည် အမျိုးသားပြန်လည်သင့်မြတ်ရေးကိ...
- ကမ်းလွန်ရေနံ ပြဿနာ
- ဗမာပြည် မှတ်တမ်း (Documentary)
- စိတ်ညစ်စရာ
- ၀ါးရင်းတုတ်နှင့် ထိုက်တန်သူများစာရင်း ထုတ်ပြန်ချက်
- အကောင်းနှင့် မကောင်း ရောရောင်း ...ကဲ စီပွားရေး
- ဆက်ဖတ်ကြည့် ခင်မျ
- ပြည်သူလူထုအတွက် အကျိုးတခုခုဖြစ်ဖို့ အတွက် ပလပ်စတစ်...
- ဆရာတော်တရား အင်တာနက်ပေါ်မှာ တိုက်ရိုက် တရားနာလိုလျင်
- UN experts say NKorea is exporting nuke technology
- ဖတ်ဖြစ်အောင်ဖတ်ကြပါ ( သူခိုးနဲ့  ဂျပိုး တိတ်တိတ်ပု...
- Al Jazeera news - Moustache Brothers Myanmar
- ကိုပါပါလေး တို့ သုံးဦးကို လေးစားလျက်ရှိပါကြောင်း
- မှောင်သောည တွေ ( ကာတွန်း ကို ဟန်လေး)
- Myanmar opposition marks anniversary of victory
- In a personal handwritten letter to Burmese opposi...
- မျှဝေပါတယ် ကြည့်ဖြစ်ကြမယ်လို့ မျှော်လင့်ပါတယ် ကောင...
- ဒီနှစ်တော့ကျွန်တော် ငတ်ပြီထင်တာဘဲ
- ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံဖြန့်သူ ထောင်ဒဏ် ၁ဝ နှစ်...
- လူတိုင်းနိုင်ငံရေးဆိုတဲ့ဝေါဟာရကိုဒီလိုနားလည်နိုင်ရင်
- ခွပ်ဒေါင်းအလံ
- ဖဒိုမန်းရှာ သမီးဖြစ်သူ ကမ္ဘာ့လူငယ်ခေါင်းဆောင် ဆုရှင...
- ယခုလေးလပတ် အစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ...
- Get out SPDC ,shame on you ruling without supporti...
- အာဏာရူးများ၊ အာဏာအတွက် လည့်လည် လှုပ်ရှား
- လေလွင့်သူ များနှင့် တောင်းရမ်းသူ များကို မန္တလေးမြိ...
- သိက္ခာ
- ၀မ်းသာရမှာလား၊ ၀မ်းနည်းရမှာလား၊ မလေးရှား UNHCR
- In The Quiet Land
- သိက္ခာမဲ့ အုပ်စုကြောင့် ကျွန်တော်လည်းအရှက်ရပြီ
- ဒေါ်အောင်ဆန်းစုကြည်ထံ ဗြိတိန် ဝန်ကြီးချုပ် နောက်ဆုံ...
- ဒီမိုကရေစီဖော်ဆောင်ပေးမည့်သူများရဲ့ ပြည်သူ့ အပေါ်ထာ...
- ကိုကျော်သူရဲ့နောက်ဆုံးလက်နက်
- ဘိန်းဘုရင်နှင့် ဆက်စပ်သော Transocean ကုမ္ပဏီ မြန်မာ...
- လိုချင်ရင်...ရအောင်ချူလော့ ၊ သင်၏အခွင့်အရေး သင်လက်...
- လူထုအောင်ပွဲသည် လူထုလက်ထဲမှာရှိသည်
- “အရေးကြီးပြီးသွေးနီးပေါင်းစည်းရမယ့်အချိန်”
- ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို RCSS အသိအမှတ်ပြုထောက်ခံ
- ၂၀၁၀ ရွေးကောက်ပွဲ ကမ္ဘာလုံးဆိုင်ရာ ကန့်ကွက်မှု ပြုလုပ်
- ပူးတွဲ စစ်ဆင်နွဲရန် လက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့ သဘောတူ
- နအဖ လက်ချက်မှတပါး အခြားမရှိကြောင်း ထပ်လောင်းသက်သေထူ
- စစ်ဘေးတိမ်းရှောင်ရွာသားများဌာနေသို့ပြန်လေပြီ
- USDP မက်လုံးပေး စည်းရုံး
- ယောက်ျား ၀ယ်..ရော်ကြေးနဲ့  ဖယ်တတ်သော မင်းသမီး
- Joint Statement No.7/2010 of ABMA+88+ABFSU
- လူနာသေ..သမားတွေ ပျော်သလား..???
- ဟိုဘက်ကမ်းက မီးထိန်ထိန်ပေမဲ့ ဒို့ ဖက်ကမ်းကျ မီးမှိ...
- မရည်ရွယ်ပါဘူး တိုက်ဆိုင်ခဲ့ လို့ 
- ငါ့မှာ လေယာဉ်ခ ရှိတယ် ငှဲ..ငှဲ
- မှန်တဲ့  သူတို့ အမြင်
- ညုကောင်းသူ အနိုင်ရစေ...အပြုစု ကောင်းသူ..ဒို့ ကိုကြ...
- Myanmar's flag mistaken as Taiwan's in Okinawa
- လှတယ်ဆိုပေမယ့် ကိုယ်ထိလက်ရောက် ရိုင်းတော့ဘယ် လို လ...
- ပျောက်ကွယ်တော့မည့်မြန်မာပြည်
- ထပ်ဆင်ချင်န၀ပ် ကို ဖမ်းချုပ်ရန်နှင့် အကြမ်းဖက်သမား...
- ဒီမိုကရေစီဆိုတာဘာလဲ ကြံ့ ဖွတ် သိန်းမောင်?
- လာဘ်လာဘအပြင် ဟောဒါကလေးပါ အဆစ်ယူ
- မြန်မာတွေ ဝဲပေါက်ဖို့ဘဲ ကျန်တော့တယ်
- The Voice Weekly ဂျာနယ် Vol.6/No.27 ဖတ်ရှုနိုင်ပါပြီ
- မင်္ဂလာဈေး မီးလောင်ခြင်း ဓါတ်ပုံများ
- မင်္ဂလာဈေး မီးလောင်မှုတွင် မီးသတ်တပ်ဖွဲ့ဝင် ၂၅ ဦး ဒ...
- စေတနာလက် အဖွဲ့ မှ နယ်သို့ ဆင်းပြီး ရေအလှုဒါနပြုတ...
- မီးသတင်း ( ဗမာသွေး )မှ တဆင့်ပို့ လာသဖြင့် ကျေးဇူး။
- မင်္ဂလာဈေး မီးလောင်နေစဉ် ဗီဒီယိုကလစ်
- မင်္ဂလာဈေး မီးလောင်နေတယ်
- ဂုဏ်ယူလျက်ပါ ကိုကျော်သူ
- ပြည်သူများသိသင့်သည့် ရွေးကောက်ပွဲဆိုင်ရာလိမ်ညာချက်...
- ယနေ့ သခင် စိုးမြင့် အသုဘ ဈာပန ပုံများ နှင့် ဗီဒီယို
- The Voice Journal -6-28
- ကုလသမဂ္ဂမှ မြန်မာ နိုင်ငံတွင်း ရေရှားပါးမှု အခြေ အနေ...
- နေပြည်တော် မဟုတ်တဲ့ ကျီးနဲ့ ဖုတ်ဖုတ် သေပြည်တော်
- မလေးရှားနိုင်ငံရောက် မြန်မာလူငယ် လေးဦး ခြိမ်းခြော...
- တရားဝင်ခွင့်မပြုရင်..တရားမ၀င် မယားတွေ ဖြစ်ကုန်တာပေါ့
- အောင်ဝေး၏ အရေးတော်ပုံရင်ခုန်သူများ
- သူဘဲယုံတယ် ကျန်တာတွေ မင်းခွေးချေး..
- မြောက်ကိုးရီးယားက မိန်းကလေးတွေရဲ့ တန်ဖိုး
- သန်းရွှေတို့ လို သေနတ်အားကိုးပြီး မိုက်ရဲတဲ့ သတ္တိက...
- သန်းရွှေတို့ လောက် အသိတရာခေါင်းပါးတဲ့  အုပ်စုဗမာပြည...
- ဗုံးတဲ့ ဗျ
- ဒေါ်အောင်ဆန်းစုကြည်သာ တိုင်းရင်းသားပြည်သူ အားထားရာ
- ကျော်သူ အမေးအဇြေ
- နဲနဲတော့ရွေ့ ဖို့ လိုသည်။ (တပြည်လုံး)
- သူများကြွေးတိုင်း မစားနဲ့ 
- ABMA Journal Volume 1 No 8
- Rain alert with eye on path
- ရပါလိမ့်မယ် အားကြီးကြီး..
- စစ်သား ငါးသိန်းရှိပြီး ဆည်က တစ်သောင်း..ရအောင်တည်မဲ...
- ဒီလို ကမြင်းတဲ့ရဲက...သူဘဲလူဆိုးဖမ်းဦးမတဲ့
- ကဲကြည့် ကုလားကမှ အမျိုးချစ်သေးတယ်.
- လိုင်လာဆိုင်ကလုန်း မြန်မာကမ်းရိုးတန်းဖက် ပြန်လှည့်...
- အီးကုံးစက္ကူလောက်တောင် အသုံးမ၀င်.
- ကြက်ဆူပင်တွေချည်းပဲ လျှောက်စိုက်နေလို့မရဘူး
- ဖိတ်ချင်းဖိတ်ရင်..ဖိတ်ပစေ ငါ့ရဲ့အိပ်ပေါက်ထဲ
-
▼
May
(308)
No comments:
Post a Comment