သိန်းစိုးကော်မရှင်၏ ဗြောင်ကျသော ညစ်ပတ်မှုတစ်ခု
တူမောင်ညို
မေလ (၅) ရက်နေ့သတင်းစာတွင်ဖေါ်ပြချက်အရ -
မေလ (၅) ရက်အထိ နိုင်ငံရေးပါတီ တည်ထောင်ခွင့် လျှောက်ထားသည့် အဖွဲ့ စုစုပေါင်း (၃၀) ရှိသည့်အနက် (၂၄) ဖွဲ့ကို နိုင်ငံရေးပါတီ တည်ထောင်ခွင့်ပြုပြီးဖြစ်ကြောင်း ဖေါ်ပြထားပါသည်။
သို့ပါ၍ စိစစ်နေဆဲ အဖွဲ့ (၆) ဖွဲ့ ကျန်ရှိနေပါသည်။ ယင်းအဖွဲ့များမှာ -
၁။ ကချင်ပြည်နယ်တိုးတက်ရေးပါတီ (၅ ဧပြီ)
၂။ ရှမ်းပြည်နယ်မြောက်ပိုင်းတိုးတက်ရေးပါတီ (Northern Shan State Progressive Party) (၂၃ ဧပြီ)
၃။ ညီညွတ်သောဒီမိုကရေစီပါတီ (ကချင်ပြည်နယ်) United Democracy Party (Kachin State) (၃၀ ဧပြီ)
၎။ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP) (၃ မေ)
၅။ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ ( ၄ မေ )
၆။ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ ( ၄ မေ)
တို့ဖြစ်ပါသည်။ ပူးတွဲပါ ကွင်းစကွင်းပိတ်ထဲတွင် ပါရှိသည့် ရက်စွဲများမှာ မှတ်ပုံတင်လျှောက်ထားသည့် နေ့ရက်များဖြစ်ပါသည်။
ကချင်ပြည်နယ် တိုးတက်ရေးပါတီမှာ ယခင်(KIO)ခေါင်းဆောင် ဒေါက်တာမနမ်တူးဂျာပါ (၁၅) ဦးက မှတ်ပုံတင်လျှောက်ထားသည့် အဖွဲ့အစည်းဖြစ်ပါသည်။
ကော်မရှင်က မှတ်ပုံတင်နိုင်ပြီဖြစ်ကြောင်း ကြေညာပြီးသည့်နောက် မှတ်ပုံတင် အစောဆုံး လျှောက်ထားကြသည့် အဖွဲ့ (၁၀) ဖွဲ့အနက် တစ်ဖွဲ့အပါအဝင် ဖြစ်ပါသည်။ အစောဆုံး (၁၀) ဖွဲ့အနက် ကျန် (၉) ဖွဲ့ကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီးဖြစ်သော်လည်း “ကချင်ပြည်နယ် တိုးတက်ရေးပါတီ” ကိုမူ မှတ်ပုံတင်ခွင့် ပေးခြင်းမရှိသေးဘဲ ယခုအချိန်အထိ စိစစ်နေဆဲ ဖြစ်ပါသည်။
ယခုဆိုလျှင် အဆိုပါအဖွဲ့ကို ကော်မရှင်က စိစစ်နေသည့်ကာလမှာ တစ်လတိတိ ပြည့်မြောက်ခဲ့ပြီလည်း ဖြစ်ပါသည်။
ဤမျှကြာမြင့်စွာ စိစစ်နေသည်မှာ (နအဖ) စစ်အစိုးရ၏ (BGF) ပြောင်းလဲရေးကို တင်းခံနေသော (KIO) ၏ ပေါ်လစီသဘောထား ဆုံးဖြတ်ချက်နှင့် တနည်းမဟုတ် တနည်းဆိုသလို သက်ဆိုင်နေပါလိမ့်မည်။
ကော်မရှင်၏ လုပ်ပုံလုပ်နည်းမှာ သင်းလှသည်။
ကော်မရှင်က နိုင်ငံရေးပါတီအဖြစ် ချက်ချင်း မှတ်ပုံတင်ပေးသည်မဟုတ်။
ပထမဦးစွာ နိုင်ငံရေးပါတီအဖြစ် တည်ထောင်လိုသူများက ပေါ်လစီနှင့် မူဝါဒများ ဖေါ်ပြပြီး ကော်မရှင်ထံ တည်ထောင်ခွင့်ကို စတင်လျှောက်ထားရသည်။ ယင်းသို့ တည်ထောင်ခွင့်ရရှိပြီးမှသာလျှင် နိုင်ငံရေးပါတီအဖြစ် ဆက်လက်လျှောက်ထားနိုင်မည်ဖြစ်သည်။
ယခု “ကချင်အမျိုးသားတိုးတက်ရေးပါတီ” ရင်ဆိုင်နေရသည်မှာ ကော်မရှင်၏ ပထမဆုံး အတားအဆီးဖြစ်သည့် တည်ထောင်ခွင့် စတင်လျှောက်ထားရသည့် အဆင့်တွင် တစ်ဆို့ကြီး ဖြစ်နေရခြင်းဖြစ်သည်။
ထိုသို့ တည်ထောင်ခွင့်ရမှသာလျှင် ရရှိသည့်နေ့ရက်မှ ရက်ပေါင်း (၃၀) အတွင်း နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်နိုင်မည်ဖြစ်သည်။
“ကချင်အမျိုးသားတိုးတက်ရေးပါတီ” သည် ကော်မရှင်ထံမှ တည်ထောင်ခွင့်ပင် ရရှိနိုင်ပါမည်လော။
ပို၍သိသာသည်မှာ “ကချင်” အမည် ပါဝင်သော အဖွဲ့များကို စိစစ်နေခြင်းပင်ဖြစ်သည်။ မှတ်ပုံတင်ခွင့် ပြုထားပြီးဖြစ်သည့် (၂၄) ဖွဲ့တွင် ပအိုဝ်း၊ တအောင်း(ပလောင်)၊ “ဝ”၊ ကရင်၊ ဖလုံ - စဝေါ်၊ ချင်း၊ ရှမ်း၊ လားဟူ၊ ကယန်း၊ ရခိုင်၊ အင်းသား၊ မွန် စသဖြင့် တိုင်းရင်းသားအဖွဲ့များ ပါဝင်နေသော်လည်း ကယား (ကရင်နီ) နှင့် ကချင်အဖွဲ့အစည်း တစ်ခုမျှ ပါဝင်ခြင်းမရှိသေးပါ။
ကော်မရှင်က စိစစ်ဆဲ အဖွဲ့ (၆) ဖွဲ့တွင် “ကချင်ပြည်နယ် တိုးတက်ရေးပါတီ“ နှင့် “ညီညွတ်သော ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်) United Democracy Party (Kachin State)” တို့ ပါဝင်နေသည်မှာ သာမန်တိုက်ဆိုင်မှုတစ်ခု မဟုတ်နိုင်ပါ။
(နအဖ) စစ်အစိုးရ စိတ်ကြိုက်ရွေးချယ် ခန့်အပ်ခဲ့သော ကော်မရှင်သည် “ကချင်အမျိုးသား တိုးတက်ရေးပါတီ” ယင်းသို့ ကော်ဖီစစ်နှင့် စစ်ချသကဲ့သို့ စိစစ်နေသော်လည်း ဧပြီလ (၂၉) ရက်နေ့က မှတ်ပုံတင်ခွင့်လျှောက်ထားခဲ့သည့် “ဦးသိန်းစိန်ပါ (၂၇) ဦး” က ဖွဲ့စည်းမည့် ကြံ့ဖွံ့တဖြစ်လည်း “ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ” ကိုတော့ မေလ (၄) ရက်နေ့တွင် (ရက်သတ္တပတ်မျှကာလအတွင်း) ချောမောလွယ်ကူ ပြေပြစ်စွာ မှတ်ပုံတင်ခွင့် ချပေးခဲ့ပြီဖြစ်ပါသည်။
ထို့အပြင်“ ဦးသိန်းစိန်ပါ (၂၇) ဦး” သည် လက်ရှိ တာဝန်ထမ်းဆောင်ဆဲ နိုင်ငံ့ဝန်ထမ်းများ ဖြစ်နေပါသည်။ ကြံ့ဖွံ့သည် ယခင်က ပြည်ထဲရေးဝန်ကြီးဌာနတွင် မှတ်ပုံတင်ထားသည့် “အစိုးရမဟုတ်သော အဖွဲ့အစည်း” (NGO) ဟု (နအဖ) စစ်အစိုးရက ပြောလေ့ရှိသည်။ ထိုအဖွဲ့၏ အဖွဲ့ဝင်အများစုသည် ဝန်ကြီးဌာနအသီးသီး၊ ဦးစီးဌာနအသီးသီးတို့မှ အတင်းအဓမ္မ၊ မဝင်မနေရ ဆွဲခေါ်ထားသည့် ဝန်ထမ်းများဖြစ်သည်။ သို့ပါ၍ အဆိုပါဝန်ထမ်းများသည် ပါတီနိုင်ငံရေးနှင့် ကင်းရှင်းစေဖို့ လိုသည်။ ယခုဖွဲ့စည်းလိုက်သည့် ကြံ့ဖွံ့ပါတီထဲကနေ တရားဝင် နှုတ်ထွက်စေရမည်။
(ဗိုလ်)ကနေ (ဦး)သိန်းစိန်ဖြစ်သွားသူ အပါအဝင် (၂၇) ဦးသည်လည်း အစိုးရတာဝန်များမှ နှုတ်ထွက်ပေးဖို့ လိုသည်။ သို့သော်လည်း (နအဖ) စစ်အစိုးရသည် ဘာကိုမျှ ဂရုမစိုက်တော့ချေ။ သူတို့ရေးသော ဥပဒေကိုပင် သူတို့ လေးစားနိုင်ခြင်း မရှိတော့ချေ။
ယင်းကပင်“သိန်းစိုးကော်မရှင်”၏ ထင်ရှားသော ဗြောင်ကျသော ညစ်ပတ်မှုတစ်ခုဖြစ်သည်။
“စပေ့” ရှိဖို့လိုသည်ဟုဆိုသူများ၊ “အစိုးရစပွန်ဆာ” ကို လက်ခံရမည်ဟု လေလုံးထွားကြသူများ၊ (၂၀၀၈) အခြေခံဥပဒေဘောင်ထဲက ပြုပြင်ကြမည်ဟု ဆိုသူများ မည်သို့ မှတ်ချက်ပေးကြမည်နည်း။ ယခုအဆင့်သည် ပဏာမအဆင့်မျှသာ ဖြစ်ပါသည်။ ယင်းပဏာမအဆင့်တွင်မူ “သိန်းစိုးကော်မရှင်” ပညာပြနေတာကို ကော့နေအောင် ခံနေကြရပါပြီ။
စစ်အာဏာရှင်စနစ်သည် အခြေခံဥပဒေရေးဆွဲထားလည်း စစ်အာဏာရှင်စနစ်ပဲ ဖြစ်ပါသည်။
စစ်အာဏာရှင်စနစ်ကို ဖျက်သိမ်းပစ်ရမည်။
http://www.yoma3.org/
Wednesday, May 12, 2010
ငါကြိုက်ပါမှ ..ပါတီပါမစ်ရမယ်
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
May
(308)
- ဒီပဲယင်း ၇ နှစ်မြောက်အဖြစ် ဆွမ်းကပ်လှူ
- မြောက်ကိုရီးယားက မြန်မာကို ဒုံးကျည်နှင့် နျူကလီးယာ...
- ကားမှောက်၍ ရန်ကုန်မြို့တော်ဝန်မြေး ဘ၀ပြောင်း
- ကုသိုလ်မျှဝေနိုင်ကြပါစေ
- အာဇာနည် ဘလော့ခ်မှ ဒီဇိုင်းကိုမျိုးနှင့် စက်တင်ဘာ ...
- ပြည်သူတွေ ကိုယ့်ကိစ္စကို ပြသနာ ဖြေရှင်းနေသော်လည်း အ...
- ကျွန်တော့လက်ထဲရောက်လာလို့  ဓါတ်ပုံအမြန်ရိုက်ပြီး အ...
- ဒီပဲယင်းလုပ်ကြံမှုသည် အမျိုးသားပြန်လည်သင့်မြတ်ရေးကိ...
- ကမ်းလွန်ရေနံ ပြဿနာ
- ဗမာပြည် မှတ်တမ်း (Documentary)
- စိတ်ညစ်စရာ
- ၀ါးရင်းတုတ်နှင့် ထိုက်တန်သူများစာရင်း ထုတ်ပြန်ချက်
- အကောင်းနှင့် မကောင်း ရောရောင်း ...ကဲ စီပွားရေး
- ဆက်ဖတ်ကြည့် ခင်မျ
- ပြည်သူလူထုအတွက် အကျိုးတခုခုဖြစ်ဖို့ အတွက် ပလပ်စတစ်...
- ဆရာတော်တရား အင်တာနက်ပေါ်မှာ တိုက်ရိုက် တရားနာလိုလျင်
- UN experts say NKorea is exporting nuke technology
- ဖတ်ဖြစ်အောင်ဖတ်ကြပါ ( သူခိုးနဲ့  ဂျပိုး တိတ်တိတ်ပု...
- Al Jazeera news - Moustache Brothers Myanmar
- ကိုပါပါလေး တို့ သုံးဦးကို လေးစားလျက်ရှိပါကြောင်း
- မှောင်သောည တွေ ( ကာတွန်း ကို ဟန်လေး)
- Myanmar opposition marks anniversary of victory
- In a personal handwritten letter to Burmese opposi...
- မျှဝေပါတယ် ကြည့်ဖြစ်ကြမယ်လို့ မျှော်လင့်ပါတယ် ကောင...
- ဒီနှစ်တော့ကျွန်တော် ငတ်ပြီထင်တာဘဲ
- ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံဖြန့်သူ ထောင်ဒဏ် ၁ဝ နှစ်...
- လူတိုင်းနိုင်ငံရေးဆိုတဲ့ဝေါဟာရကိုဒီလိုနားလည်နိုင်ရင်
- ခွပ်ဒေါင်းအလံ
- ဖဒိုမန်းရှာ သမီးဖြစ်သူ ကမ္ဘာ့လူငယ်ခေါင်းဆောင် ဆုရှင...
- ယခုလေးလပတ် အစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ...
- Get out SPDC ,shame on you ruling without supporti...
- အာဏာရူးများ၊ အာဏာအတွက် လည့်လည် လှုပ်ရှား
- လေလွင့်သူ များနှင့် တောင်းရမ်းသူ များကို မန္တလေးမြိ...
- သိက္ခာ
- ၀မ်းသာရမှာလား၊ ၀မ်းနည်းရမှာလား၊ မလေးရှား UNHCR
- In The Quiet Land
- သိက္ခာမဲ့ အုပ်စုကြောင့် ကျွန်တော်လည်းအရှက်ရပြီ
- ဒေါ်အောင်ဆန်းစုကြည်ထံ ဗြိတိန် ဝန်ကြီးချုပ် နောက်ဆုံ...
- ဒီမိုကရေစီဖော်ဆောင်ပေးမည့်သူများရဲ့ ပြည်သူ့ အပေါ်ထာ...
- ကိုကျော်သူရဲ့နောက်ဆုံးလက်နက်
- ဘိန်းဘုရင်နှင့် ဆက်စပ်သော Transocean ကုမ္ပဏီ မြန်မာ...
- လိုချင်ရင်...ရအောင်ချူလော့ ၊ သင်၏အခွင့်အရေး သင်လက်...
- လူထုအောင်ပွဲသည် လူထုလက်ထဲမှာရှိသည်
- “အရေးကြီးပြီးသွေးနီးပေါင်းစည်းရမယ့်အချိန်”
- ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို RCSS အသိအမှတ်ပြုထောက်ခံ
- ၂၀၁၀ ရွေးကောက်ပွဲ ကမ္ဘာလုံးဆိုင်ရာ ကန့်ကွက်မှု ပြုလုပ်
- ပူးတွဲ စစ်ဆင်နွဲရန် လက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့ သဘောတူ
- နအဖ လက်ချက်မှတပါး အခြားမရှိကြောင်း ထပ်လောင်းသက်သေထူ
- စစ်ဘေးတိမ်းရှောင်ရွာသားများဌာနေသို့ပြန်လေပြီ
- USDP မက်လုံးပေး စည်းရုံး
- ယောက်ျား ၀ယ်..ရော်ကြေးနဲ့  ဖယ်တတ်သော မင်းသမီး
- Joint Statement No.7/2010 of ABMA+88+ABFSU
- လူနာသေ..သမားတွေ ပျော်သလား..???
- ဟိုဘက်ကမ်းက မီးထိန်ထိန်ပေမဲ့ ဒို့ ဖက်ကမ်းကျ မီးမှိ...
- မရည်ရွယ်ပါဘူး တိုက်ဆိုင်ခဲ့ လို့ 
- ငါ့မှာ လေယာဉ်ခ ရှိတယ် ငှဲ..ငှဲ
- မှန်တဲ့  သူတို့ အမြင်
- ညုကောင်းသူ အနိုင်ရစေ...အပြုစု ကောင်းသူ..ဒို့ ကိုကြ...
- Myanmar's flag mistaken as Taiwan's in Okinawa
- လှတယ်ဆိုပေမယ့် ကိုယ်ထိလက်ရောက် ရိုင်းတော့ဘယ် လို လ...
- ပျောက်ကွယ်တော့မည့်မြန်မာပြည်
- ထပ်ဆင်ချင်န၀ပ် ကို ဖမ်းချုပ်ရန်နှင့် အကြမ်းဖက်သမား...
- ဒီမိုကရေစီဆိုတာဘာလဲ ကြံ့ ဖွတ် သိန်းမောင်?
- လာဘ်လာဘအပြင် ဟောဒါကလေးပါ အဆစ်ယူ
- မြန်မာတွေ ဝဲပေါက်ဖို့ဘဲ ကျန်တော့တယ်
- The Voice Weekly ဂျာနယ် Vol.6/No.27 ဖတ်ရှုနိုင်ပါပြီ
- မင်္ဂလာဈေး မီးလောင်ခြင်း ဓါတ်ပုံများ
- မင်္ဂလာဈေး မီးလောင်မှုတွင် မီးသတ်တပ်ဖွဲ့ဝင် ၂၅ ဦး ဒ...
- စေတနာလက် အဖွဲ့ မှ နယ်သို့ ဆင်းပြီး ရေအလှုဒါနပြုတ...
- မီးသတင်း ( ဗမာသွေး )မှ တဆင့်ပို့ လာသဖြင့် ကျေးဇူး။
- မင်္ဂလာဈေး မီးလောင်နေစဉ် ဗီဒီယိုကလစ်
- မင်္ဂလာဈေး မီးလောင်နေတယ်
- ဂုဏ်ယူလျက်ပါ ကိုကျော်သူ
- ပြည်သူများသိသင့်သည့် ရွေးကောက်ပွဲဆိုင်ရာလိမ်ညာချက်...
- ယနေ့ သခင် စိုးမြင့် အသုဘ ဈာပန ပုံများ နှင့် ဗီဒီယို
- The Voice Journal -6-28
- ကုလသမဂ္ဂမှ မြန်မာ နိုင်ငံတွင်း ရေရှားပါးမှု အခြေ အနေ...
- နေပြည်တော် မဟုတ်တဲ့ ကျီးနဲ့ ဖုတ်ဖုတ် သေပြည်တော်
- မလေးရှားနိုင်ငံရောက် မြန်မာလူငယ် လေးဦး ခြိမ်းခြော...
- တရားဝင်ခွင့်မပြုရင်..တရားမ၀င် မယားတွေ ဖြစ်ကုန်တာပေါ့
- အောင်ဝေး၏ အရေးတော်ပုံရင်ခုန်သူများ
- သူဘဲယုံတယ် ကျန်တာတွေ မင်းခွေးချေး..
- မြောက်ကိုးရီးယားက မိန်းကလေးတွေရဲ့ တန်ဖိုး
- သန်းရွှေတို့ လို သေနတ်အားကိုးပြီး မိုက်ရဲတဲ့ သတ္တိက...
- သန်းရွှေတို့ လောက် အသိတရာခေါင်းပါးတဲ့  အုပ်စုဗမာပြည...
- ဗုံးတဲ့ ဗျ
- ဒေါ်အောင်ဆန်းစုကြည်သာ တိုင်းရင်းသားပြည်သူ အားထားရာ
- ကျော်သူ အမေးအဇြေ
- နဲနဲတော့ရွေ့ ဖို့ လိုသည်။ (တပြည်လုံး)
- သူများကြွေးတိုင်း မစားနဲ့ 
- ABMA Journal Volume 1 No 8
- Rain alert with eye on path
- ရပါလိမ့်မယ် အားကြီးကြီး..
- စစ်သား ငါးသိန်းရှိပြီး ဆည်က တစ်သောင်း..ရအောင်တည်မဲ...
- ဒီလို ကမြင်းတဲ့ရဲက...သူဘဲလူဆိုးဖမ်းဦးမတဲ့
- ကဲကြည့် ကုလားကမှ အမျိုးချစ်သေးတယ်.
- လိုင်လာဆိုင်ကလုန်း မြန်မာကမ်းရိုးတန်းဖက် ပြန်လှည့်...
- အီးကုံးစက္ကူလောက်တောင် အသုံးမ၀င်.
- ကြက်ဆူပင်တွေချည်းပဲ လျှောက်စိုက်နေလို့မရဘူး
- ဖိတ်ချင်းဖိတ်ရင်..ဖိတ်ပစေ ငါ့ရဲ့အိပ်ပေါက်ထဲ
-
▼
May
(308)
No comments:
Post a Comment