နျူကလီးယား သတင်းပေါက်ကြားမှု စစ်အစိုးရ စုံစမ်းစစ်ဆေးBy ဦးသားညွန့်ဦး အင်္ဂါ, 08 ဇွန် 2010
မြန်မာနိုင်ငံဟာ မြောက်ကိုရီးယားနဲ့ ပူးပေါင်းပြီး နျူကလီးယားလက်နက် ထုတ်လုပ်နိုင်ဖို့အထိ ကြံစည် ကြိုးပမ်းနေတယ် ဆိုတဲ့ သက်သေ အထောက်အထား အချို့နဲ့အတူ သတင်းတွေ ပေါက်ကြားခဲ့ပြီးနောက် စစ်အစိုးရက သက်ဆိုင်ရာ နျူကလီးယား တပ်ရင်းတွေ၊ စီမံကိန်းတွေနဲ့ မြေအောက်ဥမင် စီမံကိန်းက တာဝန်ရှိ အရာရှိတွေ၊ တပ်မှူးတွေကို နေပြည်တော်မှာ ခေါ်ယူစစ်ဆေး မေးမြန်းတာတွေ လုပ်နေတယ်လို့ သိရပါတယ်။ နျူကလီးယားကိစ္စ သတင်းတွေ ထွက်ပေါ်လာတာကြောင့် လူထုအကြားမှာ ဘယ်လိုဂယက်တွေ ထွက်ပေါ်နေသလဲ၊ စစ်တပ်အတွင်းမှာရော ဘယ်လို ဂယက်ရိုက်ခတ်မှု အတိုင်းအတာ ဘယ်လောက်ရှိမလဲဆိုတာ ကိုသားညွန့်ဦးက စုံစမ်းမေးမြန်းပြီး တင်ပြပေးထားပါတယ်။
မြန်မာအစိုးရနဲ့ မြောက်ကိုရီးယား နျူကလီးယားလုပ်ငန်း ပတ်သက် ဆက်စပ်နေတယ်ဆိုတဲ့ အထောက်အထားအချို့ နိုင်ငံတကာကို ဖောက်ချခဲ့တဲ့ ဗိုလ်မှူးစိုင်းသိန်းဝင်းရဲ့ ညီအကို မောင်နှမအချို့ကို အာဏာပိုင်တွေက မေးမြန်းစစ်ဆေးမှု ရှိခဲ့တယ်လို့ သိရသလို နေပြည်တော်မှာတော့ နျူကလီးယား စီမံကိန်း၊ မြေအောက်ဥမင် စီမံကိန်းနဲ့ ပတ်သက်တဲ့ အရာရှိတွေ၊ တပ်မှူးတွေကို ခေါ်ယူမေးမြန်း စစ်ဆေးနေတယ်လို့ သိရပါတယ်။ စစ်တပ်အတွင်း အစိုးရ အာဏာပိုင်တွေ အတွင်းမှာတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ အထူးအလေးပေး စိုးရိမ်နေပုံ ရပါတယ်။
မြန်မာ့အရေး လေ့လာသူ ကိုအောင်နိုင်ဦးကတော့ ဒီပြဿနာနဲ့ ပတ်သက်လို့ ပြည်တွင်းပြည်ပ ရိုက်ခတ်မှုတွေ အတော်လေး ရင်ဆိုင်ရ လိမ့်မယ်လို့ ပြောပါတယ်။
“ဒီလိုကိစ္စမျိုးတွေ ရှိတိုင်းမှာတော့ စစ်အစိုးရထဲမှာ ဖမ်းတာ၊ ဆီးတာ၊ ပိုပြီးတော့ တင်းကျပ်တာ၊ စည်းမျဉ်း စည်းကမ်းတွေ ထုတ်တာ၊ စုံစမ်း စစ်ဆေးမှုတွေ လုပ်တာတော့ ရှိတာပဲလေ။ နျူကလီးယားကိစ္စက ကြီးကြီးကျယ်ကျယ် ဖြစ်လာတယ်၊ နိုင်ငံတကာ သတင်းတွေမှာ လည်း ပါလာတယ်၊ ပြီးတော့ အမေရိကန်က ဆီနိတ်တာ ဂျင်မ်ဝက်ဘ် (Jim Webb) ကိုယ်တိုင်က ဒီနျူကလီးယား ကိစ္စကြောင့် မြန်မာ ပြည်ကို သွားလည်မယ့် ကိစ္စမှာလည်း လေယာဉ်ပေါ် တက်ခါနီးမှ ခရီးစဉ်ကို ဖျက်လိုက်တယ်တို့၊ ပြီးတော့ တခြား ဒေသတွင်း အာဆီယံ မှာ ဆိုရင်လည်း Nuclear Free Zone ဆိုတဲ့ ကိစ္စမျိုးတွေလည်း ရှိတယ်ဆိုတော့ ပြည်တွင်း ပြည်ပမှာ ဖြစ်လာနိုင်တဲ့ ဂယက်တွေက များတော့ စစ်အစိုးရကလည်း သူ့အထဲမှာရှိတဲ့ ပြဿနာတွေကို ထိန်းသိမ်းနိုင်ဖို့ သူ့က သေသေချာချာတော့ လုပ်မှာပဲ။ ဘယ်အပေါက်က ထွက်လဲဆိုတာ ရှာတာတွေကတော့ ဖြစ်မှာပဲ။”
အခု ပေါက်ကြားခဲ့တဲ့ သတင်းလို နျူကလီးယားဗုံး ထုတ်လုပ်နိုင်ဖို့ဆိုတဲ့ မြန်မာအစိုးရရဲ့ ရည်မှန်း စိတ်ကူးယဉ်မှုဟာ အထူးအဆန်းတော့ မဟုတ်ဘူးလို့ ကိုအောင်နိုင်ဦးက ပြောပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံလို ဆင်းရဲတဲ့နိုင်ငံ၊ နိုင်ငံတကာရဲ့ ပယ်ကျဉ်ထား ခံရတဲ့ နိုင်ငံအဖို့ နိုင်ငံတကာရဲ့ လောက်လောက်လားလား ဂရုပြုတာ ခံလိုတယ်လို့ ပြောပါတယ်။
“ဖွဲ့စည်းပုံမှာလည်း နျူကလီးယားနဲ့ ပတ်သက်တဲ့ စွမ်းအင်တို့၊ နိုင်ငံတော် ကာကွယ်ရေး ဆိုတဲ့အောက်မှာ ထည့်ထားတာ ရှိတယ်ဆိုတော့ ဒီလိုကိစ္စမျိုးအတွက် အံ့သြစရာလည်း မရှိဘူးပေါ့။ မြောက်ကိုရီးယားနိုင်ငံတို့ ဘာတို့ဆိုရင်လည်း ဘာမှတော့ မဟုတ်ပေမဲ့ နျူကလီးယား လက်နက် ပိုင်ဆိုင်တဲ့အတွက် ကမ္ဘာပေါ်မှာ အထူးသဖြင့် အမေရိကန်လို နိုင်ငံမျိုးကလည်း လေးလေးစားစား ဆက်ဆံရတာတွေ ရှိနေတယ်။
“နောက် အရေးကြီးတဲ့ တချက်ကတော့ မြန်မာနိုင်ငံဟာ ဒေသတွင်းမှာ ပထ၀ီ နိုင်ငံရေးအရ အချက်အချာကျတဲ့ နိုင်ငံဖြစ်တယ်။ စစ်အစိုး ရ အမြဲတမ်း ပြောနေတာ ရှိတယ်၊ အဲဒါက အင်အားကြီး နိုင်ငံနှစ်ခုရဲ့ ကြားထဲမှာ ရှိတဲ့အတွက် စစ်ရေးအရ အင်အားကောင်းဖို့ လိုတယ် ဆိုပြီး ပြောနေတာ ရှိတယ်။ လက်တွေ့မှာတော့ တရုတ်နိုင်ငံကိုရော၊ အိန္ဒိယနိုင်ငံကိုရော စစ်ရေးအရ ဘယ်လိုမှ နိုင်နိုင်တဲ့ အနေအထား လည်း မရှိဘူး။ သို့သော်လည်း နျူကလီးယားလက်နက် ရှိတယ်ဆိုရင်တော့ ဒီနိုင်ငံတွေက ကျူးကျော်လာခဲ့မယ် ဆိုရင် တားနိုင် ဆီးနိုင် တဲ့ လက်နက်တခု ဖြစ်တယ်ပေါ့ဗျာ။”
မြန်မာနိုင်ငံတွင်း အများပြည်သူ အကြားမှာတော့ ဒီပြဿနာရဲ့ ဂယက် စိုးရိမ်မှုတွေက နောက်ခံဝန်းကျင်တွေအပေါ် မူတည်ပြီး အမျိုးမျိုး ဖြစ်နေတယ်လို့ ပြည်တွင်း သတင်းစာဆရာတဦးက ပြောပါတယ်။
“မြန်မာပြည်က နျူကလီးယား ရည်မှန်းချက် ရှိတယ်ဆိုတော့ သူတို့တွေက ထပ်ပြီးတော့ ပိတ်ဆို့မှုတွေ လုပ်ရင် နိုင်ငံခြားထွက်ဖို့ ပြုဖို့မှာ အခက်အခဲတွေများ ဖြစ်မလားပေါ့ဗျာ။ အဲဒါမျိုး သူတို့ စိုးရိမ်တာပေါ့လေ။ တချို့က ဒီလို နျူကလီးယား အစီအစဉ် ရှိတယ်ဆိုရင် အမေရိ ကန်က အရေးယူလိမ့်မယ်။ အဲဒါဆိုရင် စစ်အစိုးရ အားနည်းအောင် လုပ်မယ်ဆိုရင် အားရတာရှိတယ်။ တချို့အမြင်ကျတော့ ဒီဟာကြီးက ပြည်တွင်း ဒီမိုကရေစီ အရေုးကိုများ လွှမ်းမိုးသွားမလား ဆိုပြီးတော့။”
အခုလို ပြဿနာရပ်ကနေ အစိုးရက အမြတ်ထုတ်နိုင်တာလည်း ရှိတယ်လို့ အဲဒီ သတင်းစာဆရာက ယူဆပါတယ်။ နျူကလီးယား လုပ်နေ ပါ တယ်ဆိုတဲ့ သတင်းပေါက်ကြားမှု အတိုင်းအတာ တစုံတရာအထိ မြန်မာအစိုးရက ဖြစ်စေချင်ပုံ ရတယ်လို့ သူက ခန့်မှန်း တာပါ။
“သူက တဘက်မှာလည်း အဲဒါမျိုး မခံချင်တော့ ဒါမျိုး Nuclear Energy ရှိတယ်လို့ ထင်ကောင်းထင်မယ်။ တကယ်လက်တွေ့မှာ Effective ဖြစ်ဖို့ကတော့ ကျနော် သိပ်မထင်ဘူး။”
ဒါပေမဲ့ ကိုအောင်နိုင်ဦးကတော့ ဒီလိုမမြင်ပါဘူး။ နျူကလီးယားလုပ်ငန်း သဘာဝအရ နိုင်ငံတွေဟာ လျှို့ဝှက်လုပ်လေ့ရှိပြီး အောင်မြင် တော့မှသာ ထုတ်ပြောလေ့ ရှိတယ်လို့ ဆိုပါတယ်။
တကယ်တော့ မြန်မာနိုင်ငံဟာ IAEA အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီရဲ့ နျူကလီးယားလက်နက် မပြန့်ပွားရေးစာချုပ် အဖွဲ့ဝင်နိုင်ငံ တနိုင်ငံ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာပါဝင်တဲ့ အာဆီယံအသင်းဟာ ဆိုလည်း အာဆီယံကို နျူကလီးယား ကင်းမဲ့ဇုန် သတ်မှတ်နိုင်ရေး ကြိုးပမ်းနေတဲ့ အဖွဲ့အစည်းပါ။ အခုထွက်ပေါ်လာတဲ့ သတင်းတွေနဲ့ ပတ်သက်လို့တော့ IAEA အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ အနေနဲ့ စုံစမ်းစစ်ဆေးသွားဖို့ရှိပြီး လိုအပ်ရင်တော့ မြန်မာအစိုးရထံကနေ ဖြေရှင်းချက် တောင်းခံသွားမယ်လို့ IAEA အကြီးအကဲ ပြောဆိုချက်ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
http://www1.voanews.com/burmese/news/burma/myanmar-nuclear-95856734.html
Tuesday, June 8, 2010
နွားအဖွဲ့  ရှက်ရမ်းရမ်းနေတယ်
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
June
(338)
- နတ်ပြည် မတက်ခင် နအဖ လက်အောက် ငရဲပြည်တွင် သာသနာရေး...
- မြဝတီ စက်မှုဇုံအနီး ပေါက်ကွဲမှုထပ်မံဖြစ်
- ဥရောပမှ ပြစ်ပယ်လိုက်တဲ့ စာရင်း
- သြစတြေးလျားရောက် ပညာတော်သင် စစ်ဗိုလ် သမီး အိမ်ပြန်...
- Sanctions force exit of Burmese general's daughter
- ဒေါင်းအလံခိုး ပြီးနောက် ခမောက်ထပ်ခိုး၍ NLD နဲ့ ND...
- ဒေါတ်တာလှိုင်မြင့် (ဆောင်းပါး)
- Rodent ‘migration’ sparks disaster fears
- ကြံ့ဖွံ့ဝင်လျှင်မှတ်ပုံတင်အခမဲ့လုပ်ပေး - အသက်မပြည်...
- နျူကလီးယား အစီရင်ခံစာဖတ်ပြီး ဗိုလ်ချုပ်မှူးကြီး ဒေါ...
- အရွယ်မရောက်သေးသူ မိန်းကလေးငယ်အား အနိုင်ကျင့် စော်က...
- တော်တော်ရိုင်းတဲ့ မြန်မာ အိမ်ရှင်..
- စားစရာမှမရှိ..ဆိုလာသုံးနိုင်တဲ့သူ..ရှိမလား..????
- ယခုနှစ်သည် လာနီညာ နှစ် ဖြစ်ပါက မုန်တိုင်း အန္တရာယ် ...
- ဒီအပြောတွေ အလိမ်..
-ှုငါတို့ လို မိန်းမ၀တ် ပိုးချိတ်ထမီ မ၀တ်လာတာကြောင့်...
- မိမိကလေးငယ်များအတွက် သောက်စရာရေ မရှိ.. နအဖ စစ်စခန်...
- တွန့် ဆုတ်နေတဲ့ သုည နဲ့ ပေါင်းလိုက်တဲ့  သန်းလေးဆယ်။
- တိုင်းပြည်တိုးတက်ရေး ထက် လူသတ်လက်နက်ဝယ်ရေး နအဖ အနေ...
- ဆင်တော့ မသိဘူး ကြွက်တွေတော့ ပြောင်းနေပြီ တိရိစ္ဆာန်...
- “ဖြူဖွေးနေတယ်လို့တော့ ပြောလို့မရဘူး။ ဆန်မှုန့်ရောင်...
- ဆင်ဆီးတော့ ဘာဖြစ်သွားမလဲ..? ပြည်သူတွေခမျာ ကောက်စား...
- မေတ္တာသီတာ ....
- နာဇီဗိုလ်ချုပ်တွေကိုရဲရဲဝံ့ဝံ့လုပ်ကြံခဲ့တဲ့မျိုးချ...
- မိုက်မဲသောသူသည် အဖြူရောင်ကို အမှောင်မြင်၏ ၊ အလင်းေ...
- မသေခင် လူ့ ဘ၀တွင် ပြည်သူ့ ကျိမ်စာ ခံရသူများ (သို့ ...
- အမေ စုအတွက် နယူးယောက်ခ် မှ ကုသိုလ်
- စစ်အစိုးရကို ICC တင်သင့်ဟု ပြည်သူ့ခုံရုံး ဆုံးဖြတ်
- တအိမ်လျှင် အစိုးရလက်ဝေခံ အသင်းဝင် တဦးနှုန်း ထည့်ခု...
- ဒုံးတပ်ရင်းအသစ်များ ဖွင့်လှစ်
- မြန်မာလူမျိုးတွေ လက်ရှောင်..
- အလုပ်မရှိ လဥ သန်းရှာသူများ..
- ရန်ကုန်လေဆိပ် (ဘယ်ရီယာဂိတ်)
- စေလိုရာစေ အဖေ.. အဖေ့ အမိန့် မှန်သမျှ ပိုက်ခွပြီး န...
- ၁၉၉၁ ရွေးကောက်ပွဲ က အရှုံးသမားတွေ ..အော် သွတ်သွပ် ...
- ကရင် အချင်းချင်း မတိုက်တော့ ဟု DKBA တပ်မှူး ပြော
- ကျွန်တော်သိသောကျောင်းသားတော်လှန်ရေးသမား
- နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား ဂျ...
- ရှမ်းပြည်မှ ပအိုးဝ် မီးရှူးပွဲ ပအိုးဝ် အက နှင့် ပအ...
- Election fear in Burma
- ပါရာဂွေး မှ မွေးနေ့ လက်ဆောင်Praguers address birth...
- ၂၀၁၃ တွင် သဘာဝဓါတ်ငွေ့  မှ လူသတ်လက်နက်အဖြစ် ပြောင်...
- ဗမာပြည်အတွက် ဘာမှ အကျိုးမရှိတဲ့  လောဘသားများ ( မို...
- ပေါ်တော်မူလာသော ပေါ်တော်မူစေတီ
- Still In Prison In Burma
- “Ex Tiger Shark 3”
- ကမ်းပျောက်ဗေဒါ.........ခွန်အောင်ငဲ
- ကချင်ပြည်နယ်တွင် ဘိန်းသုံးစွဲမှုပိုများလာ
- န အ ဖ လက်အောက် သံဃာ တော် များလည်း အခက်ဒုက္ခ ကြုံနေရ...
- မလေးရှားသို့ သွား မည့် အမျိုးသမီးများအား သတိပေးစေလို
- အင်းလေးကန် ရေခန်းမှု သတင်း တားမြစ်
- သူငယ်ချင်းတို့
- လူသားချင်းစာနာတဲ့ နိုင်ငံတွေမှာ ဒီပြသနာတွေက ပို အေ...
- တပ်မတော်ရဲ့ သဘောထားအမှန်ကို သိလို့  ပြေးမိပါတယ်။
- ခေတ်က မကောင်းတော့ ...ဘာလုပ်စားရမယ်မသိ။
- စစ်ရေးလေ့ကျင့်......၁-၂-၃-၄....၁-၂-၃-၄ တမျိုးပြောင်း
- မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးမှု တိုးနေဆဲ
- ကျွန်တော်တို့ အားလုံး နဲ့ သက်ဆိုင်နေတဲ့ နိုင်ငံကို...
- ဓာတ်ပုံသတင်းထောက် စတင်ရုံးထုတ်
- အင်းလေးကန် ပြုပြင်ထိန်းသိမ်းရန် ဒေါ်လာ (၁၀) သန်း အြ...
- ဆင်နွှဲကြပါစို့ ..နိုင်ငံလုံးကျွတ် လွတ်မြောက်ရေးလုပ...
- ရွေးကောက်ပွဲ ရက်က ၂ဝ၁ဝ ဒီဇင်ဘာ ၃၁ ရက် နေ့လား
- နအဖ ကြောင့် ကလေးများစွာ ဒုက္ခရောက်နေ (အတင်းအဓမ္မရိုက...
- ရေဘေးဒဏ်ခံ ရခိုင်ဒေသ အကူအညီများ လိုအပ်နေ
- အလုပ်သမားသမဂ္ဂ ဖွဲ့စည်းမှု ‘တရားမဝင်’ ဟု ရဲကပြော
- ကြေးနီပေး ကျည်ဆန်ပြန်ယူ စံနစ်..
- နှာစေးနေသော လိပ်များ..
- အမေရိကန်များ...ကြောက်သွားမလားလို့  ဖြဲခြောက်ပြနေ
- သတင်းစာတွေ အရောင်းထိုင်းနေတာနဲ့ ..မ၀ယ်မနေရတဲ့
- အဟင့် ..သွပ်ပြားတို့ ကိုဘဲ အားပေးနော်..( ပုံ..အရှက...
- တွားမယ် တွားမယ်
- အော် တချိန်က ဗမာသား လှီးစားခဲ့ တဲ့ ဝတွေလည်း အခုတော...
- “အတ္တ၀ါဒီ ကျဆုံးပါစေ . . . အဓမ္မ၀ါဒီ ကျဆုံးပါစေ” ဟု ...
- ကချင်တွင် မှတ်ပုံ တင်မရှိ ဆိုင်ကယ် ပိုင်ရှင်များ န...
- ဒေါ်အောင်ဆန်းစုကြည်ကို ပါကစ္စတန် လက်ရှိ အာဏာရ ပါကစ္စတ...
- နအဖ လက်ကိုင်တုတ်တွေစွမ်းအားရှင်တွေအရိုးရင်းလေးစားရ...
- မွန် က နအဖ နှင့် တွေ့ ချင်တော့ဘူးဆိုဘဲ
- ဒီလို ဆိတ်ရေခြုံလို့  လုံပြီထင်သလား..ဆင်ကောင်ထီးထီ...
- ဒေါ်အောင်ဆန်းစုကြည့် ရဲ့ အဖိုးတန်သော စာတမ်း တစ်စောင်
- တိုက်ကွက်မရသေးခင် ခံစစ်ဗျူဟာကောင်းဖို့ လိုတယ်
- သာဓု သာ ခေါ်လှဲ့ ပါ အမေ..
- ပထွေးကြီး အနေနှင့် ဤကိစ္စဘာမှ မသိရပါကြောင်း ရေငုံနု...
- မိုးများ၍ ရေကြီးမူကြောင့် နယ်စပ် တွင် ယ္ခင်နှစ်ကဆော...
- ဖွတ်များ ချောင်းဆုံတွင် ပြည်သူများအား မှိုင်းတိုက်
- ထိုင်းရှိ တရားမ၀င် အလုပ်သမားများအား စတင်ဖမ်းဆီး
- “ဂရုဏာလက်” လူမှုအကျိုးပြုလူငယ်များမှ
- ရှက်စရာကောင်းပါပေ့။
- ပုထွေးငယ် လာတယ်ဟေ့ ရှေ့ ကြည့် သတိ
- ကမ္ဘာ့စိုးရိမ်ဖွယ် ၁၆ နိုင်ငံ စာရင်းထဲ မြန်မာပါဝင်
- Daw Aung San Suu Kyi Birthday and Burmese Women Da...
- သောကကို နင်းချေ အိပ်မက်တွေကို တည်ဆောက် အရှင်ဇဝန
- မြန်မာဆိုတာ ဒုက္ခသည် စက်ရုံ..
- လိမ်ချက်တော့ ကမ်းကုန် (ဆန်အိပ်သာမြင်ရ မစားရဘ၀)
- ဘိန်းစိုက်အောင်တွန်းပို့ ခံရတဲ့ ဒို့  ရှမ်းတောင်သူ
- ဒေါ်အောင်ဆန်းစုကြည် ( ၆၅ ) နှစ်မြောက်မွေးနေ့ ဆုတောင...
- ဆင်ခြေထောက်ရောဂါ, ခြင်ပေါတဲ့ မြန်မာ
- မွေးထုတ်ပေးလိုက်သော ကလေးများ ပြေးနေသည့်အပေါ် အမေကြီ...
- ဟုတ်လို့ ဟုတ်တာပြောတော့လည်း အနာပေါ်တုတ်ကျသလို .. ဟန...
- ကရင်တိုက်ပွဲ ဗီဒီယို အွန်လိုင်းတွင် လူကြည့်များ
- စစ်တပ်မှာလည်း ဖြစ်ချင်တာဖြစ်နေ... သန်းရွှေလက်အောက် ...
-
▼
June
(338)
No comments:
Post a Comment