ရေးသူ- မောင်အေးဝင်း
ဘယ်တော့လုပ်မယ်လို့ မကြေငြာသေးတဲ့၊ လာတော့မယ်လို့ ထင်နေကြတဲ့၊ ရွေးကောက်ပွဲအတွက် လှုပ်ရွလှုပ်ရွ ဖြစ်နေကြတာ ကြားနေရလို့၊ အဝေး တနေရာကနေ ဗမာပြည်ရဲ့ အနှစ် (၆၀) အတွင်း ရွေးကောက်ပွဲ သမိုင်းတွေကို ပြန်ကြည့်မိပါတယ်။ ကိုယ်တို့ပြေ ကိုယ်တို့ရွာမှာ ဘယ်လိုရွေးကောက်ပွဲတွေ လုပ်ခဲ့ပါသလဲ။
လွတ်လပ်ရေးရပြီးနောက် ပြည်ထောင်စု မြန်မာနိုင်ငံမှာ ပြည်ထောင်စု အစိုးရဟာ ပထမဦးဆုံးအကြိမ် အထွေထွေ ရွေးကောက်ပွဲ ကြီးကို ၁၉၅၁ ခုနှစ်မှာ ပြုလုပ်ပါတယ်။ တကယ်တော့ ဒီရွေးကောက်ပွဲဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးကို ကြေငြာပြီး ၁၈ လအကြာ၊ ၁၉၄၉ ခုနှစ် ဇွန်လမှာ ကျင်းပဖို့ပါဘဲ။
မကျင်းပနိုင်ပါဘူး။ လုံခြုံမှု အာမခံချက်မရှိလို့ အကြိမ်ကြိမ် ရွှေ့ဆိုင်းခဲ့ရတာ (၂) နှစ်ကြာသွားပါတယ်။ ဒါကြောင့် ၁၉၅၁ ခုနှစ် ဇွန်လမှာမှ စတင် ကျင်းပနိုင်ပါတယ်။ ရွေးကောက်ပွဲကာလဟာ (၆) လလောက် ကြာခဲ့ပါတယ်။ ဒါတောင် တချို့ မဲဆန္ဒနယ်တွေမှာ မဲမပေးနိုင်ခဲ့ပါဘူး။
အဲဒီ ရွေးကောက်ပွဲကြီးမှာ ပြည်ထောင်စုအစိုးရဟာ ပါလီမန်ဒီမိုကရေစီ ထုံးတမ်းစဉ်လာကို ချိုးဖောက်တဲ့ အပြုအမူတွေ အမြောက် အမြား ပြုလုပ်ခဲ့တယ်။ လက်နက်ကိုင် ခြိမ်းခြောက်မှု အမျိုးမျိုးနဲ့ သတ်ဖြတ်မှုတွေ၊ မဲခိုးမှုတွေ၊ မဲပုံးပျက်စီးမှုတွေလည်း အများကြီးပါဘဲ။ "ရွေးကောက်ပွဲကိုလည်း အကြိမ်ကြိမ် အလီအလီ ကျင်းပခြင်း ပြုခဲ့ရာ၊ မဲဆန္ဒ နှစ်နယ်၌ ရှုံးနိမ့်သွားသော အစိုးရအဖွဲ့ဝင် ၀န်ကြီးတို့သည် နောက်အကြိမ် ကျင်းပသော မဲဆန္ဒနယ် များတွင် အရွေးခံခြင်းပင် ပြုခွင့် ရရှိခဲ့ကြလေသည်" လို့ ဆရာဗန်းမော်တင်အောင်က "ကိုလိုနီခေတ် မြန်မာနိုင်ငံ သမိုင်း" စာအုပ်မှာ ဖော်ပြထားပါတယ်။
သခင်တင်ဟာ ပထမအသုတ်ရွေးကောက်ပွဲမှာ သာယာဝတီခရိုင်က ၀င်ရွေးတာ ရှုံးသွားပါတယ်။ ဒုတိယအသုတ်မှာ ဖြူးမဲဆန္ဒနယ် က ၀င်ရွေးပြီး အမတ်ပြန်ဖြစ်ပါတယ်။
အဲဒီ ရွေးကောက်ပွဲကြီး ပြီးတော့ စပ်ရွှေသိုက်နေရာမှာ သမ္မတအသစ်ရွေးဖို့ အမျိုးသားလွှတ်တော်ကို သမ္မတလောင်းနှစ်ဦး တင်သွင်း လာပါတယ်။ တဦးက ကိုလိုနီဆန့်ကျင်ရေး ၀ံသာနု ကာလတုန်းက ဂျီစီဘီအေ အသင်းကြီးဥက္ကဌကြီး (ဟိုတုန်းက အခေါ် သမ္မတကြီး) ဖြစ်တဲ့ မွန်အမျိုးသား ဦးချစ်လှိုင်ဖြစ်ပြီး နောက်တဦးက တောင်သူလယ်သမားသူပုန် ကာလတုန်းက သူပုန်ခေါင်းဆောင်ကြီး ဆရာစံကို ကြိုးပေးခဲ့တဲ့၊ နယ်ချဲ့တို့အပေါ် အမှုတော်ထမ်း ကောင်းလို့ အင်္ဂလိပ်က ဆာဘွဲ့ပေး သူကောင်းပြုခံရတဲ့ ဦးဘဦး ဖြစ်တယ်။ ပြည်ထောင်စု အစိုးရဟာ ဦးဘဦးကို နာမည်ရှေ့က "ဒေါက်တာ" ဘွဲ့ ဆင်မြန်းပြီး နိုင်ငံတော် သမ္မတခန့်လိုက်ပါတယ်။
"အလွန်ကျဉ်းမြောင်းသည့် ဖဆပလ ဆိုရှယ်လစ်တို့သည် ဦးချစ်လှိုင်အား လက်မခံဘဲ၊ မိမိတို့ ကြိုးဆွဲရာကမည့်၊ ရွေးကောက်ပွဲတွင် မိမိတို့အား ကူညီခဲ့သည့် ဆာဘဦးကို ဇွတ်အတင်း တင်ခဲ့ပါသည်..." [ဗိုလ်ချုပ်အကို ဦးအောင်သန်း ရေး- ၁၆ နှစ် နိုင်ငံရေးအတွေ့အကြုံ]။
ပြည်ထောင်စုမြန်မာနိုင်ငံတော်မှာ အရွယ်ရောက်ပြီး မဲဆန္ဒပေးနိုင်သူ ၈ သန်းရှိရာမှာ (၁) သန်းခွဲလောက် သာ မဲပေးနိုင်ခဲ့တာမို့ နှစ်ဆယ်ရာနှုန်းတောင်မပြည့်ပါဘူး။
အာဏာရ ဖဆပလအစိုးရဟာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရဲ့ ပြဌာန်းချက်အရ၊ ၁၉၅၆ ခုနှစ်မှာ ဒုတိယအကြိမ် ရွေးကောက်ပွဲကို ကျင်းပပေးရပြန်ပါတယ်။ ဒီတကြိမ်မှာတော့ အာဏာရပါတီထဲမှာ အကွဲအပြဲတွေ အတော်ပြင်းထန်နေတာ တွေ့နေရပါပြီ။ ဦးကျော်ငြိမ်း နဲ့ ဦးနု အပြန်အလှန်ပေးစာ (၁၉၅၆ ခု ဇူလိုင် ၃ ရက်) ကို ကြည့်ရင် သိသာပါတယ်။ ၀န်ကြီးချုပ်ဦးနုနဲ့ သခင်တင်က တအုပ်စုနဲ့ ဆိုရှယ်လစ်ပါတီရဲ့ ဥက္ကဌ ဦးဘဆွေ နဲ့ ဦးကျော်ငြိမ်းက တအုပ်စု ဖြစ်ပါတယ်။ နုတင်- ဆွေငြိမ်း တိုက်ပွဲလို့ နံမည်တွင်ခဲ့ပါတယ်။
ဒီတချီ ရွေးကောက်ပွဲကို အလီလီအလာလာ လုပ်မနေတော့ပဲ တချီထဲနဲ့ အပြတ်လုပ်ခဲ့ကြပါတယ်။ ဒါပေမယ့် မဲဆန္ဒနယ် ၁၀ ခု ကိုတော့ လုံခြုံရေး အကြောင်းပြချက်နဲ့ ပိတ်ထားရပါတယ်။ သတ်ဖြတ်မှုတွေကလည်း ကြောက်စရာကောင်းလောက်အောင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ပေါ်ခဲ့ပါတယ်။
အာဏာရပါတီဟာ ပြည်သူ့လွှတ်တော်ရဲ့ အတည်ပြုချက်ကိုယူပြီး ပြည်တွင်းစစ် အမြစ်ဖြုတ်ရေး ရည်ရွယ်ချက်နဲ့ လက်နက်တပ်ဆင်ပေးထားတဲ့ "ပြူစောထီး" ဆိုတာကို မွေးထုတ်ထားပါတယ်။ အဲဒီ ခါးပိုက်ဆောင် ပြူစောထီး တွေဟာ အတိုက်အခံတွေကို ညှင်းဆဲ ရုံမက၊ အစုလိုက် အပြုံလိုက်သတ်ဖြတ်မှုတွေနဲ့ ရမ်းကားချင်တိုင်း ရမ်းကားလာပါတယ်။ ရှမ်းပြည်နယ်မှာ ပအို့ဝ်အမတ် ဦးအောင်သာသတ်မှု၊ မင်းလှ လေးလောင်းပြိုင်၊ မြိတ် မပို သတ်မှုတို့ဟာ နာမည်ကျော်ခဲ့ပါတယ်။
ဒီ ဒုတိယအကြိမ် ရွေးကောက်ပွဲက ပထမအကြိမ်ထက် ၂ ဆနီးပါး တိုးတက် မဲပေးတာ တွေ့ရတယ်။
အာဏာရပါတီတွင်းတိုက်ပွဲဟာ နုတင်-ဆွေငြိမ်း ဆိုပြီး ပြောင်ကွဲသွားပါတယ်။ သန့်ရှင်းဖဆပလ နဲ့ တည်မြဲဖဆပလ လို့ ဖြစ်သွားပါတယ်။ စစ်တပ်တွင်းက တည်မြဲဖဆပလကို လိုလားတဲ့ အင်အားစုတွေဟာ ဦးနုအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းဖို့ ကြံစီလာပါတယ်။ ၁၉၅၈ စက်တင်ဘာ ၂၈ လောက်တွင် စစ်တပ်က အာဏာသိမ်းမယ်လို့ ကောလာဟလတွေ ထွက်လာပါတယ်။ ဒါပေမယ့် စက်တင်ဘာ ၂၆ မှာတော့ ၀န်ကြီးချုပ်ဦးနုဟာ သူနဲ့ ဗိုလ်ချုပ်နေ၀င်း တို့ အပြန်အလှန် ပေးစာ နှစ်စောင်ကို ရေဒီယိုကနေ ထုတ်ပြန်ကြေညာ လိုက်ပါတယ်။ ပေးစာ ဆိုလိုရင်းက သူက ၀န်ကြီးချုပ်ရာထူးက ထွက်ပေးပြီး ဗိုလ်ချုပ်နေ၀င်းကို ၀န်ကြီးချုပ်ရာထူး ယူဖို့ ဖြစ်ပါတယ်။ အာဏာသိမ်းတော့မယ့် ဗိုလ်ချုပ်နေ၀င်းကို အကင်းပါးတဲ့ ဦးနုက သူ့သဘောနဲ့သူ လွှဲပေးလေဟန် တိုင်းပြည်ကို ကြေငြာလိုက်ပါတယ်။
တည်မြဲဖဆပလက စစ်တပ်ကို အာဏာလွှဲခြင်းအား ထောက်ခံရုံမက သူကပင် စစ်တပ်ကို အာဏာသိမ်း ခိုင်းသယောင် သတင်းလွှင့်ကြပါတယ်။ ဗိုလ်ချုပ်အကို ဦးအောင်သန်းကတော့ "ထိုသို့ သတင်းလွှင့်မှုကြောင့် (၀ါ) ဦးကျော်ငြိမ်း၏ စကားလုံးများအတိုင်း ရေးရလျှင် စစ်တပ်အတွက် အငှားတရားခံ လိုက်ခဲ့မှုကြောင့် ....." လို့ ၁၆ နှစ်နိုင်ငံရေး အတွေ့အကြုံ စာအုပ်ထဲ ရေးထားပါကြောင်း။
[ကိုးကားစာအုပ်များ။ ၁။ ဗန်းမောင်တင်အောင်- ကိုလိုနီခေတ်မြန်မာနိုင်ငံသမိုင်း။
၂။ ဗိုလ်ချုပ်အကို ဦးအောင်သန်း- ၁၆နှစ် နိုင်ငံရေးအတွေ့အကြုံ။
၃။ နုတင် နှင့် ဆွေငြိမ်း ဘယ်သူမှန်သလဲ။]
ရေးသားသူ မာယာ Blog ပိုင်ရှင် ကိုအေးဝင်းပါ
Saturday, August 7, 2010
ရွေးကောက်ပွဲ
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
August
(242)
- ပြည်တွင်း ရွေးကောက်ပွဲများ စောင့်ကြည့် လေ့လာရေး လက...
- ဘယ်အရာဟာ တည်မြဲမလဲ
- ကမ္ဘာတည်သ၍ နေသွားမည် ဟုယုံကြည်နေသူများ နှင့် သူတို ...
- တောင်းစားသည့် ရာထူးမှ မစွန့် လွတ်သေး .. ထိုင်ခုံ လ...
- နအဖ နှင့် ကရင် တော်လှန်ရေးတပ် (KNU- KNLA) တိုက်ပွဲ...
- ကမ္ဘာကလက်မခံနိုင်တဲ့ ဗမာပြည် အပြောင်အလဲ.. (လောလောဆယ...
- နိုင်ငံဟုဆိုသော်လည်း အားကိုးရာမဲ့
- သီတာရေကြည်ပမာ .. စေတနာ သုခစားသောက်ဆိုင် ကိုကျော်သူ...
- ဗိုလ်ချုပ်မှူးကြီးနှစ်ဦး ရာထူးမှ နုတ်မထွက်သေး
- တိုင်းပြည်ကို တကယ်ချစ်ကြရဲ့လား
- ဗိုလ်အောင်ဒင်ကိုမမျှော်နဲ့
- အာဏာရှင်မည်သည်..ဇာတ်သိမ်းကောင်း ရိုးထုံးစံမရှိ
- မိုက်မဲတဲ့ ခေါင်းဆောင်
- စစ်အစိုးရ အနာဂတ် မရေရာ၍ အရာရှိကြီးများ လျှို့ဝှက်ရ...
- အာဏာရှင်များရဲ့ ဖြုတ်ထုတ် သတ်
- အာဏာရှင်သစ် သူရမြင့်အောင် ( ကမ္ဘာ့ စစ်ခုံရုံးမှ အလိ...
- ရွှေမန်းရဲ့ မရိုးသားတဲ့  စွန့် လွှတ်မှု Shwe Mann qu...
- ပြည်သူအပေါင်းရင်ထဲ ဘုရားဂါထာကဲ့ သို့ ရင်ထဲနှလုံးဆေ...
- E 11 Sky news ..ပြည်တွင်း သတင်း နှင့် လူနေမှူဘ၀အြေ...
- ဖွတ် အသွင်မပြောင်းပါက ဖမ်းမည်ဟု ခြိမ်းချောက်စည်းရံ...
- လုပ်မစား တောင်းစား နေသူများဒဏ် မခံနိုင်တော့၍ ကျောင...
- ဖိတ်ချင်းဖိတ် ကိုယ့်အိပ်ထဲ ကိုယ်ဖိတ်
- Clear
- ဦးတင်ဦး နိုင်ငံရေး စည်းရုံးရေးခရီးထွက်
- စပါးပိုးနှင့် ကြွက်ကျ၍ တောင်ယာစပါးခင်း ပျက်စီး
- ဇောက်ထိုးမိုးမျှော်..ငိုတဲ့ သူကငို သွေးတိုးတဲ့ သူက...
- တပ်မတော်ရဲ့ ကတိအတိုင်း အရပ်သားကို အစိုးရ အာဏာလွှဲပေ...
- စစ်အုပ်စုအထက်ပိုင်း အပြောင်းအလဲ
- စစ်ခေါင်းဆောင်များ ရာထူး နုတ်ထွက်ခြင်းအပေါ် အမြင်မျ...
- နောက်လောက်ကောင် ပြောင်းသွားတာကလွဲရင် ဒုံရင်း
- စစ်ခေါင်းဆောင်များ ရာထူးမှ နုတ်ထွက် VOA
- ၈၈ ကျောင်းသား နိုင်ငံရေးအကျဉ်းကျနေသူ ကိုမြအေးသမီြး...
- Don't kill yourself...သေချင်ရင်မဲပေး..တမျဉ်းမျဉ်းန...
- ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရာထူး နှင့် ဒု ဗိုလ်ချုပ...
- မြန်မာ ပြည်သူ လူထုသို့ ပန်ကြားချက်
- ဒီကေဘီအေနှင့် နအဖစစ်တပ်များ၏ လူ့အခွင့်အရေးချိုးဖော...
- ဖြစ်ချင်ရာဖြစ်နေတဲ့ ဥပဒေ
- ကုလားကလည်းဆားလေးရမလား ဖားတယ်
- ရေပေါ်ဆီလည်းပါမည်
- အရည်ခွံချွတ် မျက်လှည့်ပြတော့မည်
- စာရေးဆရာများသမဂ္ဂ (ယာယီ)မှ ထုတ်ဝေသော ခေတ္တာလှိုင်းသစ်...
- ရန်ကုန် စီးပွားရေး တက္ကသိုလ်(ရွာသာကြီး)တွင် ဖြစ်ပျက...
- ဗိုလ်ချုပ်မှူးကြီးအမိန့်နဲ့ ဆင်နွှဲခဲ့ကြရတဲ့ ၁၉၉၈ ခရ...
- ငုံ့ ခံမလား တော်လှန်မလား ( မတရားတာတွေ မျက်စေ့ရှေ့ ...
- မျောက်ကိုင်းလွတ်နှင့် တွေ့ ဆုံမေးမြန်းခန်း (ရွေးကေ...
- အန်ဒီအက်ဖ် ဦးခင်မောင်ဆွေ ရွေးကောက်ပွဲကို ကျောခိုင...
- “ကလေးစစ်သားဖြစ်ခဲ့ရသူ၊စစ်တပ်ကိုစွန်ခွာခဲ့သူတယောက်ရ...
- အာဏာရှင်နိုင်ငံတိုင်းမှာ အမြဲကြားနေရမယ့် သတင်း
- သိန်းစိန် အစိုးရစရိတ်ဖြင့် မဲဆွယ်
- ရွေးကောက်ပွဲသပိတ် ဒေါ်စု သဘောတူ
- အန်အယ်လ်ဒီ မရှိတော့ မပေးနဲ့ပေါ့ဟု ဒေါ်စုကဆို
- ကြံ့/ဖွံ့ပါတီ အနိုင်ရမယ်ပဲ ပြောလိုက်ပါတော့ (ကြံ့/ဖ...
- ရွေးကောက်ပွဲကို စောင့်ကြည့်ရန် ဒေါ်အောင်ဆန်းစုကြည် ...
- မျက်နှာသစ်တာနဲ့တူတဲ့ မြန်မာရွေးကောက်ပွဲလို့ မီဇိုရ...
- ဘာမှမကြားချင်ဘူး
- အမျိုးသား ပြန်လည်သင့်မြတ်ရေး ဒေါ်အောင်ဆန်းစုကြည် ဆက...
- ကမ္ဘာလွှမ်းမဲ့ မြန်မာပြည်က ဇာတ်လိုက်ကျော်များ
- အရှက်မရှိသော မျိုးဖျက်လောက်ကောင်များ...
- ဥပဒေမှာ မသိနားမလည်လို့ ကျူးလွန်ခြင်းအတွက် ခွင့်လွှတ...
- အရေခွံလဲပွဲ
- ၂၀၁၀ ရွေးကောက်ပွဲ အရှုပ်ထဲမှာ ရှင်းအောင်နေ (ဦးဝင်း...
- “ကလေးစစ်သားဖြစ်ခဲ့ရသူ၊စစ်တပ်ကိုစွန်ခွာခဲ့သူတယောက်ရ...
- တဖြေးဖြေးနဲ့ ပေါ်လာင်္ပြီ...လူယုတ်မာတို့ ၏ မျိုးဖျက်စ...
- လူသတ်ကောင်လူယုတ်မာသန်းရွှေ ( ရာဇ၀တ်ဘေး ပြေးမလွတ်)
- ဒက်လိုင်းနော် ဒက်လိုင်း( ဒက်လိုင်း= မဖြစ်မနေ...လု...
- ညီမျှခြင်း ရဲ့ အခြားတဖက်က ဘ၀စာမျက်နှာ
- လူကုန်တဲ့  တခေတ်ပြောင်းလဲ စကား အရင်ခေတ်ကတော့ ကျွန်...
- ဘုရားသားတော်သတ် တိရစ္ဆာန်ကြည်ငြိုသူ
- ဗမာပြည်ဒီမိုကရေစီရတော့မည်... မရခင်မှာ
- ဗမာပြည်အရေးသည် ဘယ်တော့မှ မငြိမ်သက်၊ ငြိမ်သက်နေသည်ဟ...
- ၈၈ မတိုင်ခင်က ဆရာမတွေက ကျောင်းမှာ တ၀က်သင် သူ့ ကျူရ...
- “ပျက်အောင်ဖျက်ကြရမယ့် ရွေးကောက်ပွဲနဲ့သတိထားကြရမဲ့စ...
- သတင်းမဖတ်ချင်။ ဖတ်သည့်သတင်းတိုင်းမကောင်း။ တဖက်သတ်အ...
- တနိုင်ငံလုံးတွင် ဖွတ်များကြမ်းနေ
- Burmese Migrant Worker U Naing's Life in Thailand
- The Karens of Burma: The Forgotten Allies Still at...
- Social Media of Burma
- Myanmar split over poll boycott
- တနားစရာ မောင်သန်းရွှေ
- နံပါတ်ဝမ်းတိုင်း ကောင်းတယ်မထင်နဲ့ 
- နအဖ၏ ဖြုတ်ထုတ်သတ်ပွဲစပြီ
-ိတက္ကသိုလ်ပညာရေးသည် စီးပွါးရေးလုပ်ငန်းတစ်ခုဖြစ်လာ (...
- ကြံ့ဖွတ်ဆိုရင်..တော်သေးပြီ
- သမီးလေးရဲ့ရာဇ၀င်သစ်
- အမြန်ဆုံး ပြည်သူလူထုကို ဖြန့်ဝေပေးကြပါ
- 2010 ရွေးကောက်ပွဲဆန့် ကျင်ရေး ဒို့ အရေး ဒို့ ...
- နိုင်ငံရေးအကျဉ်းချခံရသူတို့ ၏ မိသားစုဝင်များနှင့် ...
- တောင်ကိုရီးယား ဒု-နိုင်ငံခြားရေး ၀န်ကြီး မြန်မာနို...
- သူတို့ပဲ နိုင်မှာပါတဲ့
- DKBA နယ်ခြားစောင့်တပ် ဖွဲ့ပြီ
- ဒီမိုကရက်တစ် ပါတီ (မြန်မာ) က ပြည်သူသို့ မေတ္တာရပ်ခံ
- အစိုးရနှင့် နီးစပ်သူ စီးပွားရေး သမားများဖြင့် နိုင...
- မြန်မာ့ ရေပိုင်နက် အတွင်း အစိုးရ တပ်ချင်း ပစ်ခတ်မှု...
- အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ သီရိပျံချီ ဦးကြည်မောင် ကွယ်လွန်...
- ရတနာပုံ တယ်လီပို့ အင်တာနက် ဆာဗာ အမည်များ ပြောင်းလဲ
- ဒီမိုကရေစီ ဆိုတဲ့  အခြေခံ အကျဆုံးမူမှာ လွတ်လပ်စွာ ...
- ရွေးကောက်ပွဲ ဥပဒေအရ NLD မဲမပေးဘဲ သပိတ်မှောက်မည်
- စည်းကမ်းပျက်နေပြည်တော်
- လားရှိုးမြို့ သီရိရွှေစင် ကာရာအိုကေ ဆိုင်တွင် မိုက်မ...
- မဲမပေးရေး လှုပ်ရှားမှု့
-
▼
August
(242)
No comments:
Post a Comment