Thursday, November 25, 2010

ဧည့် စာရင်း မ တိုင်တဲ့ ကဗျာ

by Moethee Zun
ငါမွေး ခဲ့တဲ့ နိင်ငံကို ငါ တပတ်လှည့် ကြည့် မယ်။
ဘယ်နေ့ သွား မယ်။
ဘယ်မှာတည်းမယ်။
ဘယ်သူတွေ မယ် ဆိုတာ
ဘယ်ခွေး တကောင် ကြောင်တမြီး ကိုမှပြောနေစရာမလိုဘူး။

ဒီမြေက ငါမြေကို။
ဒီလူတွေက ငါလူတွေ။
ဒီရေ က ငါရေ ။
ဒီသစ်ပင်က ငါသစ်ပင်။
ဒီတိရိစ္ဆာန် တွေက ငါတိရစ္ဆာန်တွေကို ။

ငါအမျိုး တွေလဲ ဒီမြေပေါ် မှာ နေ
ဒီမြေမှာ ပျော်ပျော်ပွဲ သေပွဲဆင်ခဲ့ကြ ရဲ့ ။

အဖိုးသေတယ်လေ။
အမေတို့ အမ ငို ကြ။
အဖေနဲ့ ဘကြီး ဦးစံသိန်း က အရက် သောက်။
ငါနဲ့ ငါယောက်ဖ က ဖဲ ရိုက်။
ဒီလိုပဲ ဒို နေလာလိုက်ကြတာ
ဘယ်မှာ ဧည့် စာရင်း တိုင်ကြသတုံး။

ငါဟာ လူသား -
လွတ်လပ်စွာ သွားခြင်ရာသွားခွင့်ရှိနေတယ်။
လင်းယုန် တကောင်လို တိမ်လွာ ကို ခွဲ ပြီး
ကျုပ်ခရီး ကို သွားမယ်။

မွေးမြူ ရေးခြံ ထဲ က တရိစ္ဆာန် တကောင်လို
ဒီနေ့  ဘယ် နှစ်ကောင်ပျောက်လဲ
တိုးလဲ အစစ်ခံနေစရာ
ငါ မှာ ကြောင်း မရှိ ။
သင့်မှာလည်း အကြောင်း မရှိဘူး။

ုငါဟာ လွတ်လပ်တဲ့ လူသား ။
ငါနိင်ငံထဲမှာ ငါ ဗီဇာ လျောက် ထား နေစရာမလိုသလို
ဧည်စာရင်း တိုင်စရာလည်း မလိုဘူး။

မိန်းမ ရေ။
အထုတ် အ ပိုး တွေပြင်
မယ်ဒလင်ယူခဲ့။

လာ - ဒို့ ခရီးထွက်မယ် ။
လှေပေါ်တက်၊ ရွက်လွင့် မယ်။

(မိုးသီး )

.

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်