Monday, November 29, 2010

ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးအကျဉ်းသား မိသားစုများနှင့် တွေ့


ဧရာဝတီ မှ
ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေးအကျဉ်းသား၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်၏ မိခင် ဒေါ်မိမိလေး ကွယ်လွန်ခြင်း သုံးနှစ်ပြည့် အခမ်းအနားသို့ ယနေ့နံနက် ၁၀ နာရီခွဲခန့်တွင် သွားရောက်ကြောင်း၊ နိုင်ငံရေး အကျဉ်းသား မိသားစု များနှင့်လည်း တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။ ကိုဌေးကြွယ်သည် ၂၀၀၇ ခုနှစ် သြဂုတ်လအတွင်း လောင်စာဆီနှင့် ကုန်ဈေးနှုန်း ကျဆင်းရေး လမ်းလျှောက်ဆန္ဒပြခဲ့သည့်အတွက် ရခိုင်ပြည်နယ် ဘူးသီးတောင် အကျဉ်းထောင်တွင် ထောင်ဒဏ် ၆၅ နှစ်ကျခံနေရသည်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်