Sunday, November 28, 2010

ဘိန်းသမားတွေတောင် ကွင်းပိုင်ကြီးကို မကျော်နိုင်..

Yangon Airways အား ဦးပိုင် နှင့် ဦးတေဇ စီမံခန့် ခွဲမှု ဖြင့် ဒီဇင်ဘာလ အတွင်း ပြန်စမည်

မကြာခင်က စက်ပိုင်း ဆိုင်ရာ ပြုပြင်ရန် လိုအပ် ချက်များ ကြောင့် ခေတ္တရပ်နား မည် ဟု တရားဝင် အသိပေး ခဲ့သည့် Yangon Airways လေကြောင်း လိုင်း ၏ စီမံခန့် ခွဲမှု များ ကို စစ်တပ်ပိုင်မြန်မာ့ စီးပွား ရေး ဦးပိုင် လိမိတက် နှင့် ဦးတေဇ ပိုင် Air Bagan တို့ က စီမံ ခန့် ခွဲပြီး ဒီဇင်ဘာလလည်တွက် ပြန်လည် ပြေးဆွဲ မည် ဟု Freedom News Group မှ သတင်းရရှိသည်။
အဆိုပါ လေကြောင်း လိုင်း ရှမ်းပြည်နယ် ရှိ ၀ လူမျိုး စီးပွားရေး လုပ်ငန်းရှင် များ က ပိုင်ဆိုင်ထား ခြင်းဖြစ်သည်။ FNG က ထို လေ ကြောင်း လိုင်း အား ပိုင် ဆိုင်မှု ကို ၀ လူမျိုး ပေါက်ယူချန်း နှင့်လော်စစ်ဟန် တို့ က ဆက်လက် ထိန်းချုပ်ထား ခြင်း ရှိမရှိ ကို ဆက်လက် စုံစမ်း နေဆဲ ဖြစ်ပါသည်။

FNG မှ ထပ်မံသိရှိ ရသည် မှာ စစ်အစိုးရ ၏ အဓိက စီးပွား ရေး လုပ်ငန်း ကြီး တစ်ခု မှာ နိုင်ငံတကာတွင် အာမခံ တိုက်ရိုက် တင် ရန် မလွယ် ကူ သဖြင့် Yangon Airways ၏ ပါတနာ စီးပွားရေး တစ်ခု အနေဖြင့်အာ မခံ တင်ခဲ့သည် ဟု သတင်း ရရှိသည်။

စစ်ဗိုလ်ချုပ်ကြီး များ ၏ ပိုင်ဆိုင်မှု တစ်ဝက် ပါဝင်သည့် Air Cambodia လေကြောင်းလိုင်းမှာ လည်းမြန်မာ နိုင်ငံ နှင့် ဒေသတွင်း ခရီး စဉ် အဖြစ် မကြာခင်ပြေးဆွဲ မည် ဖြစ်သည်။

http://freedomnewsgroup.com မှ

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်