Tuesday, November 30, 2010

ပြည်ထောင်စုသမတမြန်မာနိုင်ငံတော် သမတ

ပြည်ထောင်စုသမတမြန်မာနိုင်ငံတော် သမတကဦသောင်းလို.သတင်းထွက်လာပါတယ်....
.by Yeyint Nge on Tuesday, November 30, 2010 at 3:53pm.
ပြည်ထောင်စုသမတမြန်မာနိုင်ငံတော် သမတကဦသောင်းလိုသတင်း ထွက်လာပါတယ်....အတောင်းရမ်းပက် စက်တဲ့စက်မှု(၁)က(ငါတောင်စား)မဟုတ်ပါ။ ၀ိဇဇာနှင့်နည်းမပါ( ဦးသောင်းပါ) နောက်၂လလောက်ဆိုရင် x_x

ဦးသောင်းအတောင်းအရမ်းက နဲနဲလေးနဲဆိုမလုပ်ဘူး။ စံပြသင်တန်းတွေဖွင်.မယ်ဆိုပီး တပ်ချုပ်ကြီးဆီ စီမံကိန်းတွေချပြပီး နိုင်ငံတော် ပိုက်ဆံတွေသဲ.ယူလိုက်တာ ဒေါ်လာသန်းနဲ.ချီတယ်။သူက နှစ်ရှည်စီမံကိန်းကြီးနဲ.ကိုချပြတာ။ လူမွေးသင်တန်းတွေဖွင်.မယ်။ ပြီးရင် သူ မျက်စိထဲနောက်နေတဲRITကျောင်းသားတွေကို တစစီခွဲပစ်မယ်။ နေရာအနှံ.ကောလိပ်တွေဖွင့်မယ်ပေါ.။

အဲဒီအတွက်လူလိုပါတယ်။ဒါကြောင်. လူမွေးဖို.အတွက်ကုန်ကျစရိတ်ဆိုပီး ဒေါ်လာသန်းနဲ.ချီတောင်းတာ။ဗိုလ်ခင်ညွန်.တို. သူတောင်းတဲ.ပိုက်ဆံကြားပြီး မျက်လုံးပြူးသွားလေရဲ. ။ပီးတော. အဲတုန်းက ဗိုလ်ခင်ညွန်.ကပိုအာဏာထွားတယ်ဆိုတော. ဦးသောင်းကို မင်းစီမံကိန်းမ အောင်မြင်လို.ကတော. အဲကိစ္စဦးသောင်းတာဝန်အပြည်ယူရမယ်။သဘောကတော. နာမယ်ပေါ.လေ။ဗိုလ်ခင်ညွန်.ပြုတ်ပီးနှစ်အ တော် ကြာ မှသူ.စီမံကိန်းက ရက်ပြည်.တာဆိုတော. ဦးသောင်းအတော်သက်သာသွားတယ်။သူစီမံကိန်းက တကယ်တော.အောင်မှ မအောင် မြင်ပဲ။ ဦးသောင်းသားသမီးတွေထွက်ပြေးလိုက်တာ။ ခုဆို စင်ကာပူမှာရွာတောင်တည်လို.ရပီ။

တခြားမှာလဲရောက်နေတာအများကြီးပဲ။သူက လူကိုလူလိုမှမဆက်ဆံပဲ။တကယ်တော. သူမွေးတဲ.လူတွေက မြေစာပင်တွေဖြစ်ခဲ.ရတာ။ ဘုမသိဘမသိနဲ.ကျောင်းတက်ရပီးရောဆိုပီး ဝမ်းသာအားရနဲ.တက်ခဲကြတာ။ စံပြ First batch,Second batch တွေကိုပြောတာပါ။ အဲတုန်းက RITကျောင်းတွေကပိတ်ထားကြတာဆိုတော. အစ်ကိုအစ်မတွေကျောင်းမတက်ရတာမြင်တော. အဲတုန်းကကျောင်းတက်ရပြီး ရောပေါ.။ နောက်မှ ဖွတ်ထွက်မှတောင်ပို.မှန်းသိတယ်။ အခုတော. ထွက်မပြေးနိုင်သေးတဲ. သူတွေကတော. မြန်မာပြည်မှာ ဆင်းရဲ မွတ် သိပ် မှုတွေကြားမှာကျန်နေတဲ.သူတွေလဲရှိရဲ.။ ဦးသောင်းအလိုကျ လိုက်လျောလုပ်ပေးရင်းနဲ. brain wash အလုပ်ခံထားရတဲ.သူတွေ လဲရှိရဲ.။တစ်ချို.ကတော. ဂျာနယ်မဖတ်၊ သတင်းနားမထောင် တောထဲမှာထားတဲ.အတိုင်းနေ ခေတ်အခြေအနေတွေမသိတော.ဘဲ နောက်ဆုံး ဦးသောင်းခိုင်းရာ အခုနူကယားထုတ်လုပ်ရေးမှာ ပါဝင်လုပ်ကိုင်နေကြသူတွေလဲရှိရဲ.။သူတို.ကို တော်တော်သနားမိတယ်။

အဲအထဲမှ သူငယ်ချင်းတစ်ယောက်ကို ကိုယ်က နင်တော. နိုင်ငံဒုက်ခရောက်အောင်လုပ်တဲ.အထဲတော.ပါနေပီလို.ပြော တော. ငါက အဘခိုင်းတာလုပ်နေတာတဲ.။ သူခိုင်းတာကိုလုပ်ဖို.ပဲငါသိတယ်တဲ.။ အဲတော.ကိုယ်က ငါတို.နိုင်ငံမြောက်ကိုရီးယားလိုဖြစ်သွားရင် ဘယ်လိုလုပ်မလဲလို.။သူတို.လုပ်တာကအရေးမကြီးဘူးလို.။ဒုက်ခရောက်မှာပြည်သူတွေလို.သူကိုရှင်းပြတာကို ဘာဖြစ်လဲတဲ.။ဒါဆိုငါတို.ကို အနိုင်မကျင်.ရဲတော.ဘူးပေါ.တဲ.။ အဲဒါနဲ. နင်ကိုအဲလိုဘယ်သူပြောတာလဲဆိုတော. ။အဘပြောတာလေတဲ.။ကဲ ကောင်းရော။ ဦးသောင်းပြောသမျှ အားလုံးကိုယုံပီး ဘာခိုင်းခိုင်းလုပ်မဲ.သူ.အမာခံ မိုက်ရုးရဲ တစ်ချို.ရှိနေသေးလို. ဦးသောင်းတစ်ယောက် စီမံကိန်းတွေ မအောင်မြင်ပေမဲ .လည်ပတ်လို.ရနေသေးတယ်လို.ပြောလို.ရမှာပါ။

ဦးသောင်းအကြောင်းပြောရရင် အင်း ...... ကောင်းတာတွေထွက်လာဖို.ကတော.အတော်နည်းမှာပါ။ အညှိုးကလဲအတော်ကြီးပါတယ်။ သူ.လူတွေထွက်ပြေးလို. လေဆိပ်အထိ လိုက်စောင်.ပီးဖမ်းတာတောင် ရအောင်ထွက်ပြေးလို.ဆိုပီး ကက်ဘိနက်မှာ ပြည်ထဲရေးကို ခင်ဗျားတို.ကဘာလို.ပတ်စပို.လုပ်ပေးရတာလဲတဲ.။သေသေချာချာစာရင်းပို.ထားတာတောင် ထွက်ပြေးနေတုန်းပဲတဲ. ခင်ဗျားတို.တာဝန် လစ်ဟင်းလို.ပေါ.ရော.လို.ပေါ.လေ အဲလို ကောသေးတာ။အဲဒါနဲ. ဒါဆို သပနကလူတွေ ပြည်ထဲရေးမှာပဲလာအလုပ်လုပ်တော.လို.ပြော ထည်.လိုက်ရော။ သူများဝန်ကြီးဌာန သွားပီး စည်းကျော်ပြောတာမျိုးတွေလဲလုပ်တတ်သေးရဲ. ။ဦးသောင်း ဖောင်းတာဆိုတော. ဦးသောင်းခမျာ ပြည်ထဲရေး ကို လုံးဝ မကြည်လင်ပဲ နဲ.အဲတုန်းက သည်းခံလိုက် ရသတဲ.။ဟီး သူသာ သမ္မတဖြစ်ရင်တော. တိုင်းပြည်က လူတွေကို လမ်းဘေးမှာ ပေါက်နေတဲ. ကန်စွန်းရွက်တွေခူးစားခိုင်းတော.မှာပဲ။တစ်ခါလာလဲ ချွေတာဖို.၊အနီးအနားက ကန်စွန်းရွက်လေး မန်ကျည်းရွက်လေး ခူးပီးစားဖို.တို.၊ ဒါတွေပဲ ဆရာ ဆရာမတွေ ကို ပြောနေတာပဲ။ အခု သမ္မတသာ ဖြစ်လို.ကတော. တတိုင်းပြည်လုံး ကို အဲလို lecture  ရိုက်နေရင် ဇိမ်ခံပစ္စည်းတွေတောင်သုံးရပါတော.မလားပဲ။ခုနောက်ပိုင်း..သူရဲ့ဝန်ကြီးဥာနက..အတွင်းသိ..အစင်းသိတွေရဲ့..အတွင်းစကား အရတော့.. အမှန်က..သုံးသိန်းတသောင်း လို့သိရပါတယ်သုံးသိန်းကတော့ကွန်ပျူတာက.ဒေါ်နီလာသိန်း တို့.ဒေါ်ရတနာသိန်းတို့လို့သိ ရပီး..ခုနောက်ဆဲုံးသိရတဲ့.သတင်းအရ ဒေါ်နီလာသိန်းတယောက်လဲ အရာကျသွားပီး.လေးလေး သောင်းကြီး က..ချောင်ထိုးထားလိုက် တယ်လို့..သတင်းကြားသိရပါတယ်ခင်ဗျား..ဥိးသောင်းရဲ့အကျင့်ကိုက..လူတယောက်ကို ကြာကြာ ရာထူး မပေးတတ်ပါဘူး..အဲ့ဒီလူက..ဘယ်လောက်ပဲ.သူအပေါ်ကောင်းခဲ့ပါ စေ.တချက်လောက်..အဆင်မပြေတာဖြစ်တာနဲ့..ချောင်ထိုး ပစ်တတ်တဲ့.အကျင့်ရှိပါတယ်..ခုလဲ.ဒေါ်နီလာသိန်းတယောက်.ဘာတွေ..ညိသွားလဲတော့..မသိပါခင်ဗျာ..ချောင်ထိုးခံလို က်ရပါပီ..
် ဦးသောင်း က ဆူတာတော့ ရေနွေးအိုး ရှုံးတယ် ။ ဒါပေမယ့် အဲ့လို ဆဲ မပြောတတ်ဘူးနော်.. နှုတ်မကြမ်းဘူး ... ။

မှတ်မိသေးတယ် ၁၉၉၆ ပြီး ကျောင်းပြန်ဖွင့် ၂ ပတ် တက်ပြီး စားမေးပွဲ ဖြေတော့ နေ့ တိုင်းBuilding 1 အောက်မှာ သူ လာလာ စောင့်နေ တယ်။ သူ့ အတွက် စားပွဲ ခုံ လေး တစ်လုံး နဲ့ စက်တီ တစ်စုံချထားပေးတယ်။ နောက်ဆုံး နေ့ မှာ တတိယ နှစ်အတွက် မေဂျာ လျောက် လွှာ တင်ကြတော့ (နောက်ဆုံးနေ့ ကျမှ ကပ်တင်တာလေ ) ကျောင်းသားရေးရာ ရုံးရှေ့  ကျောင်းသားတွေ တရုံးရုံးပေါ့ လျောက်လွှာဖြည့် စရာနေရာက မရှိ ...။ အချို့ က စာရွက်ကို နံရံ မှာ ကပ်ပြီး ရေးကြတယ်.. ။ ဖြစ်ချင်တော့ ဦးသောင်းက အညောင်းပြေအညာပြေထင်ပါရဲ့  လမ်းလျောက် ကြည့်နေတော့ သူ့  အတွက် ထားတဲ့ စားပွဲ ခုံလေးက လစ်လပ်နေပါရော.. ။ ဘာရမလဲ့ အဲ့ စပွဲ မှာကျကျနနထိုင်ပြီး ဖေါင်ဖြည့်တာ... အုံခဲနေတာပဲ

အဲ့ဒိ စာမေးပွဲ ပြီးနောက်ပိုင်း ကျောင်းတွေ နှစ်ရှည်ပိတ် တုန်း ကျောင်းက ဆရာတွေ နဲ့ အစည်းအဝေး ခဏခဏ လုပ်ရတယ်။ အထူးသဖြင့် ကျောင်းမှာသင်မယ့် သင်ရိုးနဲ့ စာသင်နှစ်ကို လျော့ဖို့ အတွက်ပေါ့ ။ ဆရာတွေ နဲ့ အခြေအတင် အမြဲဖြစ်ပါတယ်။ ဒါပေမယ့် နှုတ်ကြမ်းတာမျိုး မရှိပါဘူး.. ။ ဆရာကြီးတစ်ယောက်က ဒီလို ပညာရေး အဆင့်ကို လျော့ ချတာဟာ စိတ်ကြမ်းလူကြမ်းသမားတွေ ရဲ့ စိတ်ကူးပဲ.. လို့ ပြောရော.. ။ အဲ့သမှာ ]ခင်ဗျားတို့ အဲ့လို မပြောပါနဲ့ ဒါ ဗိုလ်ချုပ်မှုးကြီး ဆီက တိုက်ရိုက်လာတဲ့ ညွှန်ကြားချက်ပါ} ဆိုပြီး ဒေါနဲ့ ပြန်ပြောပါတယ်တဲ့.. ။ ညွှန်ကြားချက်ဟာ အဲ့ဒိအချိန်က ပညာရေး ကော်မတီ ဥကဌ လုပ်နေတဲ့ ဦးခင်ညွန့်  တောင် မဟုတ်ပါဘူး.. တဲ့ ။ အဲ့ဒိ အစည်းဝေးတွေမှာ ခုလိုလုပ်လိုက်လို့  နောင်ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကို ပါ ပြောကြတယ် ထည့်ဆွေးနွေး ကြတယ် ။

ဒါပေမယ့် ကျောင်းတွေကို သင်ရိုးလျော့ စာသင်နှစ်လျော့ တာက နောက်ဆုတ်မသွားဘဲ.. ရင်ခွင်ပိုက် ကျောင်းတွေ ပေါ် လာပါတော့ တယ်။ ဦးသောင်းရဲ့ သားသမီးလေးတွေ ပေါ့ ။ ဦးကြင်စိုးက ညွှန်ချုပ်ဖြစ်သွားပြီး ဆရာညီက ပါချုပ်ဖြစ်လာတယ်။ ရန်ကုန်စက်မှု တက္ကသိုလ် ကနေ နည်းပညာ တက္ကသိုလ် ဆိုပြီး ဖြစ်သွားတယ်။ စက်မှု တက္ကသိုလ်ထဲမှာ တော့ ညနေပိုင်းသင်တန်း တွေ ကို ဖွင့်တယ်။ ပြည် စက်မှု တက္ကသိုလ်ကို ဖုတ်ပူမီးတိုက် ဆောက်တယ်။ ဆူပူမှု တွေဟာ နယ်ကျောင်းသားနဲ့ အဆောင်နေ တဲ့ ပတ်ဝန်းကျင်က စတယ် လို့ သုံးသပ်ပြီး နယ်ကျောင်းသားတွေအားလုံး ပြည်ကို ပို့ တယ်၊ အဆောင်မပေးပါဘူး ။ ရန်ကုန် ကျောင်းသားတွေ အတွက် လှိုင်သာယာ မှာ ဆောက်နေတဲ့ သမ တက္ကသိုလ်ကို ပြည်ဂျီတီအိုင်နဲ့ လဲတယ်။ စက်မှု တက္ကသိုလ် လှိုင်သာယာ နယ်မြေဆို ပြီးလုပ်တယ်။ သူတို့ အတွက် ထိရောက်တယ်လို့ ပြောလို့ ရတယ်။ ကျောင်းတွေ ပြန်ဖွင့်ပြီး ပြည်မှာ ဆန္ဒပြပွဲ တွေ ၁ကြိမ်ထက် မနည်းဖြစ်ခဲ့တယ်တဲ့ ။

ဒါပေမယ့် ကျွန်တော်တို့ ရန်ကုန်က လူတွေ သတင်းတောင် သဲ့သဲ့ မကြားလိုက်ရဘူး။ အဲ့ဒါက ၁၉၉၆ ဖြစ်ချိန်မှာ ပထမနှစ် စတက်နေတဲ့ ဂျင်နရေးရှင်း တွေ အထိပေါ့။ အဲ့ဒိ ဂျင်နရေးရှင်း ဟာ အင်ဂျင်နီယာ အင်အားစုတွေ ရယ်လို့ ဖြစ်မလာတော့ပဲ ကမ္ဘာအနှံ့ ပျံ့ နှံ့ ကုန် တယ်။ အချို့ စင်္ကာပူမှာ ပိုလီ ကို အသုတ်လိုက် သွားတက်တယ်။ (အဲ့ဒိမှာ ပိုလီတကနစ် ဆိုတဲ့ ဝေါဟာရ ဗမာအသိုင်းအဝန်းမှာ ရေပန်း စား လာတာပဲ အဲ့ဒိတုန်းက ဈေး ချေးငွေမယူဘဲ တက်ရင် သိန်း အစိတ်လောက် ကုန်တယ်) ။ သည့်အထက် အလှမ်းမီတဲ့ သူတွေ က အေအိုင်တီကို သွားကြတယ်။ အချို့ က စီးပွားရေးလုပ်တယ်၊ အချို့ က အခြားပရော်ဖက်ရှင်နယ် လိုင်းပြောင်းကြတယ် ။

သည့်နောက်ပိုင်း တက်လာတဲ့ ဂျင်နရေးရှင်း တွေကိုတော့ အင်ဂျင်နီယာ ပရောဖက်ရှင်နယ် သင်ရိုးကို ပြောင်းလိုက် တယ်။ အဲ့ဒိမှာ ဂျီတီ စီ နဲ့  ဘီအီး ဆိုပြီး ကြားမှာ အဆင့် ခံတယ် သည့်နောက်ပိုင်း အဲ့ဒိ ပညာရေးစံနစ်ကြီး ခုလို ဖြစ်ပါလေရော.. ။

တစ်ချိန်က အရှေ့ တောင်အာရှမှာ တစ်ခုတည်းသော စက်မှုသိပ္ပံ ကြီး။ နိုင်ငံရပ်ခြား အန္ဒိယ၊ ထိုင်း၊ စင်္ကာပူ၊ မလေး က ကျောင်းသားတွေ လာတက်ရတဲ့ ကျောင်း။ နန်ရန်း တက္ကသိုလ် တည်ထောင်တော့ သည်ကျောင်းက ထူးချွန်တဲ့ သူတွေကို further studyအတွက် ရန်ကုန် စက်မှုတက္ကသိုလ်ကို ပို့ မယ် လို့ လီကွမ်းယုက တခုတ်တရ အမွှမ်းတင်ခဲ့ရတဲ့ ကျောင်း.. ၊

ခုတော့ .... .... ...... .... ...... ချုံ နဲ့ ဖုတ်ဖုတ် ... လူသူကင်းမဲ့တဲ့ ရှေးဟောင်း အဆောက်အအုံကြီးလို ရာဇဝင်ထဲမှာ ကျန်ခဲ့ပြီပေါ့... ။ 

TRUE-MMCP

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်