ရန်ကုန်မြို့တွင်းနေရာအချို့၌ မေလကျင်းပမည့် ဆန္ဒခံယူပွဲတွင် နအဖစစ်အစိုးရ၏ ဖွဲ့စည်းပုံ မူကြမ်းကိုကန့် ကွက်ကြရန် “ကန့်ကွက်မဲပေး…..ဒို့သွေးကြွေး” ဟု ရေးသားထားသည့် လှုံ့ဆော်သည့်စာများ စတေးခံ အ ကောင်းဆုံး မြေသြဇာအဖွဲ့ က လိုက်လံဖြန့်ဝေလျက်ရှိကြောင်း သိရသည်။
လက်ကမ်းကြော်ငြာ၌ “ဒို့ရိုသေလေးစားတန်ဖိုးထားတဲ့ သံဃာတော်တွေကို မင်းတို့သတ်ခဲ့ တယ်။ မင်း တို့ရဲ့ မိဘတွေဖြစ်တဲ့ ပြည်သူတွေရဲ့ သွေးတွေနဲ့ ခြေဆေးခဲ့တယ်။ မိဘတိုင်းရဲ့ ရင်နင့်သည်းချာဖြစ်တဲ့ ကျောင်းသားတွေကိုလည်း မင်းတို့သတ်ခဲ့တယ်။ ဒို့ပြည်သူတွေ အကုန်လုံး မင်းတို့ကို ဘယ်လောက် ပက် ပက် စက်စက် ရွံမုန်းတယ်ဆိုတာ ကမ္ဘာက သိစေရမယ်။ ကန့်ကွက်မဲဟာ တို့ရဲ့ လက်နက်ပဲ ဖြစ်တယ်။ သန်း (၅၀) ကျော် ပြည်သူတွေဟာ ဒို့ရဲ့လူတွေပဲ။ လက်တွဲညီညီ မဲရုံဆီသို့၊ ကန့်ကွက်မဲပေး ပြည်သူ့အရေး၊ သွေးကြွေးဆပ်ခွင့် ကြုံပြီဟေ့” ဟု ရေးသားထားပါသည်။
မြေသြဇာအဖွဲ့၏ တာဝန်ခံ ဦးဣန္ဒက “ပြည်သူလူထုကို ကန့်ကွက်မေးပေးကြဖို့ လှုံ့ဆော်ပေးတာပေါ့။ ဘာကြောင့် ကန့်ကွက်ရသလဲဆိုတော့ နအဖစစ်အစိုးရလုပ်နေတဲ့ ဖွဲ့စည်းပုံက တကယ်တမ်းတော့ စစ်အာဏာရှင် တည်မြဲရေးကိုပဲ လုပ်ထားတာပဲလေ။ ပြည်သူလူထုတွေ အကျိုးစီးပွားအတွက် ဘာတခုမှမပါဘူး ။ ပြည်သူတွေက သာ ၀ိုင်းဝန်းကန့်ကွက်ပေးမယ် ဆိုရင် နအဖစစ်အာဏာရှင်ရဲ့ လုပ်ဇာတ်ကြီးဟာ အလိမ်ပေါ်သွားမယ်။ သူတို့ ဟာ တရား မ၀င်တဲ့အစိုးရဆိုတာ တကမ္ဘာလုံးကသိသွားမယ်” ဟု မိန့်ကြားသည်။
မြေသြဇာအဖွဲ့ကို တက်ကြွလူငယ်များ၊ ကျောင်းသားများ၊ ရဟန်းပျိုများ၊ ၀န်ထမ်းများတို့ဖြင့်ဖွဲ့စည်းထားပြီး လူထု အတွက် လိုအပ်သည့်နေရာတွင် ၀င်ရောက်စတေးခံသွားမည်ဟု ၎င်းတို့အဖွဲ့က ကြေညာ ထားသည်။ ။
ွှဤသို့  ဘက်ပေါင်းစုံ ဒေါင့်ပေါင်းစုံမှ အမိျုးသားရေး သာသနာရေး ဘာသာရေး ဒိမိုကရေစီနဲ့  နိုင်ငံရေးအ တွက် တဗိုလ်ကျ တဗိုလ်တက် စံနစ်ဖြင့် ပါဝင် တာဝန်ယူသော ရဲရင့်ဇာနည်မျိုးဆက်များအား အာဇာနည်မှ ဂုဏ်ပြု ကြိုဆို ပါသည်။

1 comment:
Time To Reclaim “Blood Debt” – Vote “NO”
2 April 2008
Original Source : Golden Colour Revolution
Translation by Nay Chi U
In Rangoon, groups of young people were reported to be distributing leaflets containing an exhortation to vote “No” in the junta’s referendum in May.
Some areas in Rangoon, including Burma Pharmaceutical Institution, Institute of Technology, leisure parks and gardens saw the flyers appearing during the evenings and early mornings. “The Best Fertilizers”, a group, who claimed to be responsible for the action, said they managed to distribute an estimated 1000 leaflets.
The message on the leaflets reads, “You killed the monks who we deeply value and respect. You washed your feet with the blood of your own citizens. You also killed the students – the offspring of the citizens. We are going to show the world how intensely we hate and execrate you. ‘No’ vote is our weapon. We have 50 million people.”
“It is time for everyone to join hands.”
“Let us march to the polling station.”
“This is the chance for revenge”
“To reclaim our ‘blood debt’ – Vote NO”
U Ain Da, the spokesman for “The Best Fertilizers” said,” We are just exhorting the public to vote ‘No’. The reason? The junta’s draft constitution is just the reinforcement and confirmation of the long term future of the junta. It is nothing to do with the development of the country or improving the lives of the public. To expose this evil and transparent deception, the public must vote ‘No’. The world must recognise that they are nothing but a hated illegal government.”
According to the distributors, some people read them, some passed them on while some were too scared to read.
“The Best Fertilizers” organization, which consists of active youths, students, young monks and civilians, announces that they are resolute to make sacrifices on behalf of the public.
Post a Comment