ကာလာမသုတ္တန်တွင် အချက် (၁၀) ချက်ရှိပြီး ၎င်း (၁၀) ချက်ကို အလွယ်တကူ လက်ခံ ယုံကြည်ခြင်းမပြုဘဲ သေချာစိစစ်ပြီးမှ ယုံရန်ဖြစ်သည်။
(၁) တဆင့်စကားပြောလာသောစကားကို မယုံနဲ့အုံး၊
(၂) ကောလာဟလစကားကိုလည်း မယုံနဲ့အုံး
(၃) စာအုပ်ထဲကပြောတိုင်းလည်း မယုံနဲ့အုံး
(၄) အစဉ်အလာ ဘိုးဘွားစဉ်ဆက် စကားကိုလည်း မယုံနဲ့အုံး
(၅) ဟိုနည်းဒီနည်း နည်းကူးချပြီးလည်း မယုံနဲ့အုံး
(၆) အတွေးကောင်းတိုင်းမှန်တယ်ဆိုပြီးတော့လည်း မယုံနဲ့အုံး
(၇) ယုတ္တိများနဲ့ဆင်ခြေပေးတိုင်းလည်း မယုံနဲ့အုံး
(၈) ငါ့အယူဝါဒသာမှန်တယ်ဆိုပြီးလည်း မယုံနဲ့အုံး
(၉) လေးစားကြည်ညိုထိုက်သောသူပြောတိုင်းလည်း မယုံနဲ့အုံး
(၁၀) ငါ့ဆရာပြောတိုင်းလည်း အားလုံးမှန်ပြီလို့ မယုံနဲ့အုံး
မည်သည့်အယူဝါဒဖြစ်စေ ကိုယ်တိုင်သာလျှင် သိအောင် လုပ်ကြ၊ ကိုယ်တိုင်လက်တွေ့လုပ်ကြည့်လျှင် အမှား၊ အမှန်၊ အဆိုး၊ အကောင်း ကို ကိုယ်တိုင်သိမြင်ပြီးမှ လက်ခံယုံကြည် ကျင့်သုံးကြရန် ဖြစ်ပေသည်။
ဤကာလာမသုတ် တစ်ခုတည်းကို ကြည့်လျှင်ပင် ဗုဒ္ဓဘုရားရှင်သည် လူသားတစ်ဦးချင်းစီ၏ အကောင်းအဆိုး၊ အမှားအမှန်၊ အကြောင်းအကျိုးကို ဝေဖန်ပိုင်းခြား သုံးသပ်သည့် အသိဥာဏ်ကို မည်မျှ အားပေးသည်ကို တွေ့နိုင်ပါသည်။ ဗုဒ္ဓဘာသာတရားမှာ ယုံတာဟာ အရေးအကြီးဆုံးအချက် မဟုတ်ပါ။ ကိုယ်တိုင်သိတာက အရေးကြီးတဲ့အချက်ဖြစ်သည်။ ဗုဒ္ဓဘာသာတရားဟာ အမှန်တရားကို လွတ်လွတ်လပ်လပ် ရှာဖွေဖို့၊ လက်တွေ့စမ်းသပ်ဖို့ အားပေးတဲ့တရား ဖြစ်ပါသည်။
သမ္မာ သမ္ဗုဒ္ဓ ဗုဒ္ဓရှင်တော်မြတ်၏ တရားတော်များကို လေ့လာကြည့်မည်ဆိုလျှင် သီလ၊ သမာဓိ၊ ပညာ ဟူသော သိက္ခာသုံးရပ်ကို အခြေခံအနေဖြင့် တွေ့မြင်နေရမည် ဖြစ်သည်။ ထိုအထဲတွင် "သီလ" စောင့်ထိန်းခြင်း "၀ိနည်း/စည်းကမ်း" အပိုင်းသည် ဒီမိုကရေစီတွင် အခြေခံ လိုက်နာစောင့်ထိန်းရမည့် တစ်ဦးချင်းစီ တာဝန်ယူရ မည့် ကျင့်ဝတ်များပင် ဖြစ်သည်။
လူပုဂ္ဂိုလ်အနေဖြင့် စောင့်ထိန်းရှောင်ကြဉ်ရမည့် အခြေခံသီလများဖြစ်သော ငါးပါးသီလ (ရှောင်သီလ) ၏ မူရင်း အဓိပ္ပာယ်ဖြစ်သော
၁။ သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း
၂။ ပိုင်ရှင်မပေးသော သူ့ပစ္စည်းကို ခိုးယူခြင်းမှ ရှောင်ကြဉ်ခြင်း
၃။ ကာမဂုဏ်တို့၌ လော်လီဖောက်ပြန်၊ မမှန်သော အကျင့်မှ ရှောင်ကြဉ်ခြင်း
၎။ မဟုတ်မမှန် ပြောဆိုပြုလုပ်ခြင်းမှ ရှောင်ကြဉ်ခြင်း
၅။ မေ့လျော့ခြင်း၏ အကြောင်းဖြစ်သော မူးယစ်စေတတ်သော သေရည်အရက်ကို သောက်စားခြင်းမှ ရှောင်ကြဉ်ခြင်း
အထက်ပါ ရှောင်ကြဉ်ခြင်းများဖြင့် ဆောက်တည်ရသော ငါးပါးသီလ (ရှောင်သီလ) ကို လိုက်နာကျင့်သုံးကြသူ များသည် ဒီမိုကရေစီစံနစ်တွင် လူတိုင်းကိုယ်စီ လိုက်နာစောင့်ထိန်းရမည့်၊ တာဝန်ယူရမည့် အခြေခံကျင့်ဝတ် များကို လိုက်နာကျင့်သုံး တာဝန်ယူသည်နှင့် အတူတူပင် ဖြစ်ပါသည်။
ဤပေတံကား ဘုရားပေးသော ပေတံ။ ဘုရားပေးသော ဒီမိုကရေစီပေတံ။
ဤနိုင်ငံသည် ထေရ၀ါဒ ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်သော နိင်ငံဖြစ်သော်ငြားလည်း ယခုအခါတွင် အမျိုး၊ ဘာသာ၊ သာသနာကို ဖျက်ဆီးနေသည့် မိစ္ဆာဒိဋ္ဌိများဖြစ်သော နအဖ စစ်အုပ်စုသည် ထင်သလို ရမ်းကားနေ ကြပေသည်။
မဆလ လက်ထက်ကတည်းက စစ်ဗိုလ်ချုပ် အာဏာရူးအုပ်စုသည် ဆိုရှယ်လစ်စံနစ်ကို မူရင်းဆိုရှယ်လစ် အနက်မှ သွေဖည်၍ မြန်မာ့နည်းမြန်မာ့ဟန်ဖြင့် ချီတက်သော မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ဟူ၍ အလွဲသုံးစားပြု၍ ပြည်သူ လူထုကို ဖိနှိပ်အုပ်ချုပ်ခဲ့၍ ပျက်စီးခြင်းအလုံးစုံကို ရောက်ခဲ့ရပြီးပြီ။
ယခုလည်း မူရင်းအဓိပ္ပာယ် အလွန်ကောင်းသော ဒီမိုကရေစီ (Democracy) ကို သွေဖည်၍ စည်းကမ်းရှိသော Democracy လို့ လုပ်ချလိုက်ပြန်ပြီ။ အမှတ်သည်းခြေလည်း မရှိ၊ ရှက်ကြောက်ရမှန်းလည်း မသိ။ မိမိက တော့ ဖြင့်အ၀တ်မပါသော ကိုယ်ဗလာနှင့်လူ ဖြစ်နေပါလျက်နှင့် အ၀တ်ပါသောသူကို (ပုဆိုးပါသောသူ) လုံအောင် ထိုင် ဟု ပြောနေသယောင်ယောင် …..
အများဆန္ဒကို နားမလည်၊ အများသဘောကို မလိုက်လျော၊ လွတ်လပ်စွာ ပြောဆိုခွင့်၊ ဝေဖန်ခွင့်၊ လွတ်လပ်စွာ ရေးသားခွင့်၊ ပုံနှိပ်ထုတ်ဝေခွင့်၊ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်၊ လွတ်လပ်စွာ စီတန်းလှည့်လည်ခွင့် …… အစရှိသော အခြေခံ လူ့အခွင့်အရေးများကိုပင် ပိတ်ပင်နေသော … (အ၀တ်မပါသည့်) စစ်ဗိုလ်ချုပ်များက အ၀တ်ဗလာကျင်းသော ခန္ဓာကိုယ်ကို ရှက်ရကောင်းမှန်း မသိ။ အခြေခံ လူ့အခွင့်အရေးများကို အပြည့်အ၀ဖော် ဆောင်ထားသော မူရင်း ဒီမိုကရေစီကိုပင် ဒင်းတို့က စည်းကမ်းမရှိသလို ပြောဆိုနေခြင်းက ပုဆိုးပါသောသူကို ပုဆိုး မပါသောသူက လုံအောင်ထိုင်ဟု ပြောနေသည်နှင့်မခြား၊ အဓိပ္ပာယ်က သွားနေပေသည်။
၁။ သူတို့သည် သူ့အသက်ကို သတ်သလား။ (သတ်သည်)
သံဃာတော်အရှင်သူမြတ်များပင်မချန် သတ်သည်။
၂။ ပိုင်ရှင်မပေးသော သူ့ပစ္စည်းကို ခိုးယူသလား။ (ယူသည်)
နည်းပေါင်းစုံနှင့် ခိုးယူရုံမက ဓားပြတိုက်သလိုပင် လုယူနေကြသည်။ (ရုံးတိုင်း၊ ဌာနတိုင်းတွင်)
၃။ ကာမဂုဏ်တို့၌ လော်လီဖောက်ပြန် မမှန်သော အကျင့်ကို ကျင့်သလား။ (ကျင့်သည်)
သူတို့လိုချင်သော သူ့မယား၊ သူ့ခင်ပွန်းကို မရရအောင် သိမ်းပိုက်ရယူနေသည်။ (ဥပမာ- တေဇနှင့် ဗိုလ်သန်းရွှေသမီး)
၎။ မဟုတ်မမှန် ပြောဆိုပြုလုပ်နေခြင်းကို လုပ်သလား။ (လုပ်သည်)
အနှစ် (၄၀) ကျော်၊ ၅၀ တစ်ခါမှ အမှန်မပြောခဲ့၊ ကတိမတည်ခဲ့။ အကြိမ်ကြိမ် ကတိဖျက်သည်။
မုသာဝါဒါကံကို အကျူးလွန်ဆုံးဖြစ်သည်။
၅။ မေ့လျော့ခြင်း၏ အကြောင်းရင်းဖြစ်သော မူးယစ်စေတတ်သော သေရည်အရက်ကို သောက်စားခြင်းကို ပြုသလား။ (ပြုသည်)
စစ်သားတိုင်း အရက်သောက်ကြတာ များသည်။ ဤအထဲတွင် ဗိုလ်ချုပ်မောင်အေးသည် အရက်သမားကြီးဟု ကျော်ကြားသည်။
ဗုဒ္ဓရှင်တော်မြတ်၏ ဒီမိုကရေစီပေတံဖြစ်သော ငါးပါးသီလနှင့် တိုင်းလိုက်လျှင် ဤဆန္ဒခံယူပွဲအတွက် ဥပဒေမူကြမ်းကို တဖက်သတ် ရေးဆွဲသူလည်းဖြစ်၊ ကိုယ့်သဘောနှင့်ကိုယ် ကျင်းပမည့်သူလည်းဖြစ်သော နအ ဖ စစ်အာဏာရှင်အုပ်စုသည် တစ်မှတ်မှပင် မရ။ သုည (Zero) ဖြင့် စာမေးပွဲကျသည်။ ထို့ထက်ပို၍ အနှုတ် လက္ခဏာပင် ပြနေသေးသည်။
ငါးပါးသီလပင် မလုံသောသူများကို ဗုဒ္ဓအလိုကျ ဆိုရလျှင် (ဗာလာနံ- လူမိုက်) စာရင်းသွင်းရပေမည်။ (နအဖ စစ်အုပ်စုကား - ဗာလာနံ)
"အသေ၀နာစ ဗာလာနံ" (မသိတတ်တဲ့ လူမိုက်တွေနဲ့ မပေါင်းနဲ့) အဲဒါကို မင်္ဂလာတရား "မင်္ဂလာ" လို့မှတ်ရမယ်ဟု ဘုရားဟောခဲ့သည်။
ကောင်းကျိုးချမ်းသာကိုပေးသော "မင်္ဂလာ" ဖြစ်ဖို့ရာ ဗာလာနံ လူမိုက်တွေနှင့် မပေါင်းမှ ရမည်ဟု ဘုရားက အတိအကျ ဟောကြားခဲ့ပြီးလေပြီ။
ဘုရားပေးသော ဒီမိုကရေစီပေတံနှင့် မကိုက်ညီသော ဗာလာနံ လူမိုက်တို့နှင့်
- ကိုယ်တိုင်ပဲဖြစ်ဖြစ်
- တိုက်တွန်း၍ပဲဖြစ်ဖြစ်
- ချီးမွမ်း၍ပဲဖြစ်ဖြစ်
- စိတ်တူ၍ပဲဖြစ်ဖြစ် မပေါင်းမိစေနဲ့ သူတို့နည်းတူ လူမိုက် "ဗာလာနံ" တွေ ဖြစ်သွားနိုင်သလို သူတို့ထံမှ ပြုထားသမျှ "အကုသိုလ်ကံ" တွေကိုလည်း ဝေစုခွဲယူသလို ဖြစ်သွားနိုင်ပါသည်။
သီတဂူဆရာတော်ကြီး ဟောကြားတော်မူခဲ့သည့် တရားတော်တွင် ပါရှိသော လူမိုက်နှင့်ပတ်သက်သည့် ဆုတောင်းငါးမျိုးမှာ
၁။ လူမိုက်ကို မမြင်ပါရစေနဲ့။
၂။ လူမိုက်ဘယ်ရှိတယ်ဆိုတာ မကြားပါရစေနဲ့။
၃။ ရှောင်မရလို့ မြင်နေရ၊ ကြားနေရရင် အပေါင်းအသင်း မလုပ်ပါရစေနဲ့။
၎။ ရှောင်မရလို့ အပေါင်းအသင်း လုပ်နေရရင်လည်းပဲ သူတို့နဲ့ စကားမပြောပါရစေနဲ့။
၅။ မရှောင်သာလို့ ပြောရရင်လည်း သူတို့စကားကို အားပေးထောက်ခံမှုတွေ မလုပ်ပါရစေနဲ့။
ဗာလာနံတွေနဲ့ မဆက်ဆံမှ မင်္ဂလာရှိသည်။ ဗာလာနံတို့၏ အတုအယောင် ဒီမိုကရေစီအဆင့် မရှိသော (သုည) ရနေသည့် ဒီမိုကရေစီအတွက် ရေးဆွဲထားသော (ဖွဲ့စည်းပုံအခြေခံဥပဒေ) ဆိုတာကို ဆက်ဆံမှာလား။
နိုင်ငံရေးအသိပညာကို ဗုဒ္ဓနည်းဖြင့် တိုင်းတာလိုက်လျှင် ရှောင်လေဝေးဝေးဟု အဖြေထွက်နေပါသည်။ နောက် ဆုံး မရှောင်နိုင်ခဲ့ရင်လည်း အဲဒီ ဗာလာနံတွေနဲ့ အတူတကွ (ကိုယ်တိုင်၊ တိုက်တွန်း၊ ချီးမွမ်း၊ စိတ်တူ) ပြုမူခြင်း ဖြင့် အကုသိုလ်တွေ မယူမိကြဖို့ အရေးကြီးပါသည်။
(သူတော်ကောင်းများ မင်္ဂလာရှိဖို့အတွက် သူတော်ကောင်းအချင်းချင်း ကိုယ်တိုင်၊ တိုက်တွန်း၊ ချီးမွမ်း၊ စိတ်တူ ညီညွတ်မှုဖြင့် သူယုတ်မာ လူမိုက် မိစ္ဆာဒိဋ္ဌိများကို ဆန့်ကျင်ခြင်းဖြင့် …. ) ကျနော်တို့၏ အဖိနှိပ်ခံ ပြည်သူ လူထုကြီး တစ်ရပ်လုံး အမျို။၊ ဘာသာ၊ သာသနာအတွက် ကိုယ်တိုင်လည်းလုပ်၊ တိုက်လည်းတိုက်တွန်း၊ ချီးမွမ်း မှု လည်းပြု၊ စိတ်လည်းတူစွာ တညီတညွတ်တည်း သာသနာဖျက်နေသည့် မိစ္ဆာဒိဋ္ဌိများကို တွန်းလှန်နိုင်ကြပါ စေဟု အလေးအနက် ဆန္ဒပြုလိုက်ရပါသည်။
Tuesday, April 1, 2008
သူတို့ ဗုဒ္ဓဘာသာဝင်အစစ် မဟုတ်လို့ပါ
ဝေးဝေးက ရှောင်ရမှာလား။
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2008
(3221)
-
▼
April
(229)
- ဒို့ ခေတ်ဂျာနယ်။
- NLD ရဲ့ကျေညာချက်
- ကိုခန့်မောင်၏ မုန်တိုင်းသတင်း ( Cbox မှ)
- ဆရာတော်ကြီး၏ အနိဈာပန အခန်းအနား
- ၀မ်းနည်းကြောင်း သ၀ဏ်လွာ
- မြန်မာနိုင်ငံသို့ အားပြင်းသောမုန်တိုင်း Nargis ဖြတ...
- မြန်မာနိုင်ငံသို့ အားပြင်းသောမုန်တိုင်း Nargis ဖြတ...
- သတင်းများ ဧပြီ ၃၀ရက် ၂၀၀၈
- သတင်းများ ဧပြီ ၃၀ရက် ၂၀၀၈
- No မှ NO, မဲ မှ မဲ..ရဲရဲ ကြက်ခြေခတ်...
- လေးစားပါသည်။ ဂျပန်မှ မြန်မာ အာဇာနည်များ
- ဆော်သြပါရစေ...
- "ခြင်္သေ့ကျွန်းမှ ကမ္ဘာမကြေ"
- စင်ကာပူမှ မျိုးချစ်ပြည်သူတစ်ဦးရဲ့  ရင်ဖွင့်ပြောဆ...
- မစိုးရိမ်ဆရာတော်ဘုရားကြီးအတွက် အထူးကြေကွဲဝမ်းနည်းေ...
- အကယ်ဒမီ ဖိုးကျော်ပါ။ ပါသွားပြန်ပြီ
- မစိုးရိမ် ဆရာတော်ကြီး ဦးကောဝိဒဘိဝံသ ၏ ခန္ဓာဝန်ချပွ...
- ဖိတ်ခေါ်ပါသည်။ လာခဲ့ပါ။
- No title
- မီးဇာခမ်းသွားသော ညီညွတ်ရေး၏ မီးရှူးတန်ဆောင်
- တိုင်းရင်းသားများသို့ တိုက်တွန်းချက်။
- ဗမာပြည်သားများသို့  မဲမပေးခင်..ဒါအရင်ကြည့်ပါ
- သတင်း ဧပြီ ၂၉၊၂၀၀၈
- တရားဝင် ငွေပို့ ပေး နေရသော တရားမ၀င်ရွေ့ ပြောင်းအလု...
- ဗိုလ်မှုးအောင်လင်းထွဋ္ဋ် မှတပ်မတော်သားများ.အစိုးရ၀န်...
- ပြည်သူ့  အစိုးရ..ဆိုသည်..
- စင်္ကာပူရှိ မြန်မာသံရုံးတွင် မဲပေးခွင့် သက်တမ်းတိုး
- " ကမ်းကြည့်ဌက် " မီးရှုးသန်ု့ စင်ခြင်း
- ABFSU (All Burma Federation of students Unions)၏ကေ...
- ရန်ကုန်သားတွေက NO တဲ့ဗျို
- မိုက်တယ်ဆိုတာ လွယ်ပါတယ်..ဟဲဟဲ
- Just Say NO
- ထောက်ခံပါတဲ့ ခွိ ခွိ..ပြောမှပြောတတ်ပလေ...
- ဒို့ တွေဗမာ...မဲပေးခွင့်ရှိတယ်..
- သတင်း ဧပြီ ၂၇-၂၈၊၂၀၀၈
- နယူးယောက်မှ VOTE NO ဆန္ဒပြပွဲ
- သတင်းများ ဧပြီလ.၂၇ ရက်.
- ကျနော်တို့ လက်ဆင့်ကမ်းစို့
- ဂျပန် နိုင်ငံမြန်မာသံရုံး နှင့် မဲပေးနေသူများ၏ ရပ်...
- ခြိမ်းခြောက်တိုင်း သာ ကြောက်ရရိုးလား။
- ဘယ်လို ကြက်ခြေခတ် မလည်း
- တောင်ကိုရီးယားမှ အာဇာနည်များ
- NY မှ vote No shirt Design.
- ရဲရဲတောက်ပြီ.... မဲကြမည်..
- ဂျပန်အဖွဲ့အစည်းများရှေ့မှောက်တွင် ဂျပန်ရောက် မြန်မ...
- စင်္ကာပူမှ မဲပေးပွဲ ဆက်လက် ကျင်းပခြင်း
- ဗမာပြည်ကွန်မြူနစ်ပါတီ၏ ထူတ်ပြန်ချက်
- သတင်းများ ဧပြီလ.၂၆ ရက်.
- No title
- No title
- ဂျပန်ရဲ များ နှင် ဆန္ဒပြသူများ၏ ပဋ္ဋိပက္ခ
- သတင်းများ (April 25)
- လုံခြုံရေးတင်းကျပ်၍ ကျောင်းသားအချို့ မဲ မထည့်ရဘဲြ...
- သီရိလင်္ကာ မှဘုန်းကြီးများ၏ ဆန္ဒပြပွဲ (၄။၂၆.၂၀၀၈)
- ဂျပန်ဆန္ဒပြပွဲ ၁၂ ယောက် ဒဏ်ရာရ
- သင်္ကန်းကျွန်း အန်အယ်လ်ဒီ ပါတီဝင်များဖောက်ခွဲရေးပစ္စည...
- စက်ရပ် သတင်း ( မြန်မာပြည်)
-ုသြစတေးသျှမှ ငြိမ်းချမ်းရေး ဆန္ဒပြပွဲ
- ဂုဏ်ယူပါတယ် စင်ကာပူမှ အမှန်တရားအတွက် အမှားခြစ်တဲ့ ...
- ကြက်ခြေခတ်တို့ အိမ်အပြန် လမ်းမှပေါ်မှအသံ - St. Mart...
- နအဖအခြေခံဥပဒေကို ကန့်ကွက်ဆန္ဒပြသည့် ဂျပန်ရောက် မြန်...
- သတင်းကောင်း
- Japan က အာဇာနည်များရဲ့ လှုပ်ရှားမှုများ
- မျက်နှာလှလှလေး ဒီလို မဖြစ်ချင်ရင်...NO ပါဗျို့ 
- ကိုရီးယားမှ အာဇာနည်များ၏ လှုံဆော်မှု NO NO ပါတဲ့
- NLD ၏ ထုတ်ပြန်ကျေညာချက်
- သီရိလင်္ကာရောက်မြန်မာကျောင်းသားရဟန်းတော်များ ၏ဆန္ဒပြပွဲ
- ဖိတ်စာမပါ..မဲရုံကိုမလာရ
- စင်္ကာပူရဲ့ voting အစီအစဉ်
- >>ကြားဖြတ်သတင်း<<ကျွန်ုပ်တို့၏ သတင်းထောက်များ ပေးပ...
- သတင်းများ
- ဖိတ်စာမပါ..မဲရုံထဲ မ၀င်ရဘူးတဲ့..
- လူငယ်နှင့်နိုင်ငံရေး (youth III)
- အပစ်ပယ်ခံ ကျောင်းသားသပိတ်ကျောက်တိုင်
- သတင်းများ
- No title
- သြစတြေးသျမှ ဆန္ဒပြပွဲသို့
- သာသနာ့ဥသျောင်အဖွဲ့ ဆိုသည်
- ကျောင်းသားခေါင်းဆောင်၏မျက်စိကျန်းမာရေးအား အမေရိကန်...
- ဦးဂမ္ဘီရနှင့် မြန်မာသံဃာတော်များ လွတ်လပ်စွာ ထုတ်ဖော...
- စိမ်ခေါ်ရင် တိမ်ပေါ်အထိ သွားစို့ 
- ချောင်ပိတ်မိနေရာမှ ရုန်းထွက်ကြမည့် အာဇာနည်များ
- မဲပေးကြမယ် ကိုရီးယားမှာ
- ခြင်္သေ့ကျွန်းမှ သံရုံးနှင့် သိကောင်းစရာ
- စင်္ကာပူက ကန့်ကွက်မဲ စည်းရုံးရေး၊ မူကြမ်းစာအုပ် (၈) ...
-ဲပြည်လုံးကျွတ်ဆန္ဒခံယူပွဲအကြောင်း
- နအဖ စစ်အုပ်စုအား ရှုံ့ချဆန္ဒပြပွဲသို့ ဖိတ်ကြားခြင်း ...
- သဘောတူလျင် ထောက်ခံမဲ ပေးလိုက်ကြပါ
- ခု ရီးစားစာဖတ် ခုအဖြေပေးတဲ့ ဗျာ..ကြည့်ပါဦး။
-ြုသစတြေးသျ နိုင်ငံ မြန်မာသံရုံးက လာ မဲပေးတဲ့ဗျ..
- ဒီလိုဘဲ စွပ်စွဲနေကျလေ..ကျောင်းသားဘဲ ဗုံးခွဲတတ်တယ်တဲ့
- ကျော်ဇင်နိုင် ဆုံးသွားပြီတဲ့ဗျာ
- ရန်ကုန် ဗုံးပေါက်ကွဲမှုသတင်း
- Yangon Blast
- NLD ၏ အထူးကြေညာချက် ၆ /၀၄/ ၀၈
- ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှာစကား
- ဘယ်လဂျီယန်နိုင်ငံ။ ဘရပ်ဆဲမြို့ မှ မြန်မာသံရုံးမှ မ...
- ကျွန်တော်တို့ လည်းမဲပေးကြရအောင်
- ဗုံးပေါက်ကွဲမှု ဓါတ်ပုံ မှတ်တမ်း
-
▼
April
(229)
No comments:
Post a Comment