Thursday, May 22, 2008

ကိုယ်တွေ့  အကောင်းဆုံး မြေသြဇာအဖွဲ့  ရဲ့ လှုပ်ရှားမှုများ

ဒီနေ့ ၂၃ ရက် မနက် ကျနော်တို့ အလုပ်သွားဖို့ ထွက်လာခဲ့ပါတယ် ထွက်လာခဲ့တဲ့အချိန်မှာ အကောင်းဆုံးမြေသြဇာ လို့ အမည်ပေး ထားတဲ့ လူငယ်(၅)ယောက်ခန့် ဟာ လှိုင်သာယာ မြို့နယ် ကျန်စစ်သားအိမ်ယာ (အလုပ်သမားအများစုနေထိုင်) အနီး ပတ်ဝန်းကျင်တွင် ၂၃ ရက် ၁၁ နာရီ တိတိတွင် ပြည်သူလူထုကို အမျိုးမျိုး လိမ်ညာလှည့်စားနေသော လက်ရှိ သေနပ်ကိုင် အုပ်ချုပ်နေသော သန်းရွှေအပါအ၀င် စစ်အုပ်စုအား လမ်းပေါ်ထွက်ဆန္ဒဖေါ်ထုတ်ကြဖို့အတွက် လူထုကို အားပေး စည်းရုံးသိမ်းသွင်းတဲ့ ကဗျာနှင့် လက်ကမ်းစာစောင်များ လိုက်လံဖြန့်ဝေနေတာကို တွေ့ရှိခဲ့ရပါတယ်။

ဖတ်ကြည့်တဲ့အခါ..ရေးထားတာ ဒီလိုပါ။

နအဖ အခက်ဟာ
ကျုပ်တို့အချက်ပဲ

ကျုပ်တို့ဘက်မှာ
ဘမ်ကီမွန်းရှိတယ်
ဆူရိန်ပက်ဆူဝမ်ရှိတယ်
ဂျော့ဒဘလျူဘွတ်ရှိတယ်
ဂေါ်ဒွင်ဘရောင်းရှိတယ်
တရားမျှတမူရှိတယ်
ကမ္ဘာကြီးသိတယ်
ပြည်သူပြည်သားအားလုံးသိတယ်
ကဲ ရုန်းလိုက်ကြဦးစို့
ရဲဘော်တို့ မိတ်ဆွေတို့ သံဃာသူတော်စင်မြတ်တို့။

တိုက်ပွဲခေါ်သံ
ကျောချင်းကပ်ထား
လက်ချင်းမြဲမြဲဆုပ်
ရှိသမျှအားအင်ကိုထုတ်
နောက်တစ်ခေါက် ရုန်းကန်လိုက်ကြဦးစို့
ရဲဘော်တို့ မိတ်ဆွေတို့ သံဃာသူတော်စင်မြတ်တို့။

ဒီတစ်ပွဲဟာ
နောက်ဆုံးတိုက်ပွဲ
ဒီတိုက်ပွဲခေါ်သံ
တောင်ပေါ်မြေပြန့်
မြစ်ဝကျွန်းပေါ်ကုန်းတွင်းပိုင်းတွေအထိ
ကြားကြပါစ..
ကြားကြပါစ..

အာဏာရှင်ကို ဆန့်ကျင်ကြ
အာဏာရှင်ကို တိုက်ထုတ်ကြ
အာဏာရှင်ကို မျိုးဖြုတ်ကြ။

အကောင်းဆုံး မြေသြဇာအဖွဲ့ 

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်