Thursday, May 1, 2008

ရဲတွေကိုယ်တိုင် တိုက်တဲ့ မဲ ဓား ပြ ဗျို့ 

၂၀၀၈ ခုနှစ်၊ မေလ ၂ ရက်နေ့မှ စတင်၍ ရန်ကုန်မြို့၊ လှိုင်မြို့နယ်အတွင်းရှိ Fresher, A-21, Spider, Madonna , Rose City, အစရှိသော အလှပြင်ဆိုင်နှင့် အနှိပ်ခန်းများ အားလုံးရှိ ပိုင်ရှင်နှင့် ၀န်ထမ်းများ အားလုံးကို ကြိုတင်ထောက်ခံမဲများ မထည့်မနေရ ထည့်ရမည်ဟု သက်ဆိုင်ရာ ရဲတပ်ဖွဲ့အကြီးအကဲမှ ဦး ဆောင်၍ အဓမ္မ အမိန့်ပေး ညွှန်ကြားထားကြောင်း သိရှိရပါသည်။
၎င်း ရဲတပ်ဖွဲ့အကြီးအကဲမှ ဤမြို့နယ် အတွင်းရှိ အနှိပ်ခန်းများမှ ထောက်ခံမဲများ အပြည့်အ၀ရလျှင် ၎င်းလည်း ရာထူးတက်မည်။ ၎င်းရာထူးတက်လျှင် ဤဆိုင်များကိုလည်း စောင့်ရှောက်နိုင်မည်ဟု ပြောကြောင်း၊ ဆိုင်ပိုင်ရှင်များမှလည်း နင်တို့ ဒီအလုပ်မှာ မြဲချင်ရင် ထောက်ခံမဲပေးကြဖို့ အကျပ်ကိုင် အမိန့်ပေးနေကြောင်း သိရှိရပါသည်။
ကျန်မြို့နယ်အသီးသီးတွင်လည်း ဤပုံစံအတိုင်း ပြည်သူ့ရဲတပ်ဖွဲ့မှ ဦးစီး၍ မဲဓားပြတိုက်နေကြောင်း၊ ဤ ပြည်သူတစ်ဦးချင်းစီ၏ ကိုယ်ပိုင်အခွင့်အရေးကို ၀င်ရောက်စွက်ဖက် အကျပ်ကိုင်နေသော မဲဓားပြမှုကြီးကို ကမ္ဘာသိအောင် သတင်းပေးပို့အပ်ပါသည်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်