(Nargis ) နာဂျီစ် ဆိုင်ကလုန်းမုန်တိုင်း ဦးတည်ရာ လမ်းကြောင်း
သတင်း - (ms)
နာဂျီစ်လို့ အမည်ပေးထားတဲ့ အမတန်မှ ပြင်းထန်တဲ့ ဆိုင်ကလုန်း မုန်တိုင်းဟာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်ကို ကျော်ဖြတ် သွားပြီး သောကြာနေ့ နှောင်းပိုင်းမှာ မြို့တော်ရန်ကုန်ကို ဦးတည်နေပါတယ်။
ဒီ ပြင်းထန်တဲ့ (Nargis) နာဂျီစ် ဆိုင်ကလုန်းမုန်တိုင်းဟာတနာရီ မိုင်၁၂၀ မှ ၁၅၀ နုန်းထိ မြန်မာနိုင်ငံရှိ ကမ်း ရိုးတန်းပင်လယ်ပြင် များကို ဖြတ်ကျော်သွား နေပါတယ်။
ဒီမုန်တိုင်းဟာဧရာဝတီမြစ်ဝကျွန်းပေါ်ရှိ ဟိုင်းကြီးကျွန်းအနောက်ဘက် ကီလိုမီတာ ၂၁၀ နှင့် ရန်ကုန်မြို့ အနောက်တောင် ကီလိုမီတာ ၄၃၀ ကိုဗဟိုပြု၍ ဦးတည်ခဲ့ပါသည်။
မုန်တိုင်းဟာ ဧရာဝတီတိုင်းကို ဒီနေ့မနက် စောစောဝင်ရောက်ခဲ့ပြီး၊ ဒီနေ့ နောက်ပိုင်း မှာ တော့ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း နှင့် ရန်ကုန်တိုင်း စတဲ့ ကုန်းတွင်းပိုင်းတွေကို ပြင်းပြင်းထန်ထန်တိုက် ခိုက် ဖို့ရှိပါတယ်။ ဒီရေဟာ ၁၀ ပေ ကနေ ၁၂ ပေ ( ၃မီတာ ကနေ၃.၅မီတာ) တက်လာနိုင်ပါတယ်။
မုန်တိုင်းဖြတ်ကျော်ရာ ဟိုင်းကြီး ကျွန်းနှင့်နီးစပ်ရာဒေသတွင်းမှာ ရှိတဲ့ ပျက်ဆီးဆုံးရှုံး မူ့ သတင်းကို အခုထိအတိ အကျမသိရသေးပါဘူး။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ပိုင်းကမ်းလွန်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလကတိုက်ခိုက်ခဲတဲ့ Sidr ဆိုင်ကလုန်း မုန်တိုင်း ဒဏ်ကြောင့် လူပေါင်း ၃၀၀၀ ကျော်သေဆုံးခဲ့ရ ပြီး၊ အခုထိအပျက်အဆီးတွေကိုကူညီရှင်းလင်း နေရဆဲဖြစ် ကြောင်းကြားသိရပါတယ်။ ဒီလိုဘဲ ၁၉၇၀ ခုနှစ် မှာ တိုက်ခိုက်ခဲတဲ့ ဆိုင်ကလုန်းမုန်တိုင်း ဒဏ်ကြောင့် လူပေါင်းသန်းတစ်ဝက်ခန့် အိုးမဲ့အိမ်မဲ့ ပျက်ဆီးဆုံးရှုံးခဲ့ရပြီး၊ ၁၉၉၁ ခုနှစ်မှာလည်း ဆိုင်ကလုန်း မုန်တိုင်း ဒဏ်ကြောင့်ဘဲ ကြီးမားတဲ့ ဒီရေ ရုတ်တရက်တက်လာမူ့ကြောင့် လူပေါင်း ၁၃၈,၀၀၀ သေဆုံးခဲ့ ရဘူးပါတယ်။
ဒါကြောင့် သဘာဝဘေးဆိုးဒဏ် အမြဲခံရလေ့ရှိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွက် ဒီတခေါက် ကံကောင်းစွာ လွတ် မြောက် ဖြတ်ကျော်သွား ပေမဲ့၊ အခု Nargis ဆိုင်ကလုန်းမုန်တိုင်းဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်း ရိုက်ခိုက်နိုင်သေးတာကြောင့် ဘင်္ဂလားပင်လယ်အော်မှာ ငါးဖမ်းနေသူတွေ ကိုတော့ ကမ်းခြေ နှင့် မနီးမကပ်မှာ ဘဲနေကြဘို့၊ အထူးသတိထားနေကြဘို့ သတိပေးနိုးဆော်ထားကြောင်းကြားသိရပါတယ်။
သတင်း မိုးသီးဇွန် ဘလောက်မှရယူုပါသည်။ ကျေးဇူးပါ။

No comments:
Post a Comment