Thursday, June 26, 2008

တစ်နေ့ မှာတော့ 

June 26 2008

xxx ဒုက္ခနဲ့ ...ဇွန်မိုးရေစက်တွေထဲက
သုညအိပ်မက်...နင်..မမျှော်လင့် တဲ့ 
ဒီဘ၀ကမ်းပါးမှာ....လှေငယ်ရယ်ရှင်
တက်ကျိုးခဲ့ ပါပြီ...။

xxx အမှန်တရား...ညတိုင်းအိပ်မက်ထဲမှာမိုးရွာ
ဆံဖျားရေစက်တွေတွဲခို...ငါ..ယုံကြည်တဲ့ 
မျှော်လင့် ချက်များ...လွတ်မြောက်ချင်းအလံတော်
ကျဆုံးနေပါပြီ...။

xxx ယ္ခုတော့ ...မင်းပြန်လာပါငှက်ကလေးရယ်
စပါးခင်းတွေဝေနေအောင်...ငါတို့ လက်တွေနှင့် 
စိုက်ပျိုးပါ့ မယ်...သံတိုင်တွေဖျက်ဆီး..
သော့ ခတ်ခြင်းတွေရိုက်ချိုး...တစ်နေ့ မှာတော့ 
အဲ့ ဒီ..တစ်နေ့ မှာ..ငါတို့ 
ကျဆုံးနေတဲ့ ..အလံကို..ငါတို့ ပြန်ထူထောင်စိုက်မယ်...။

(မင်းမော်စိုး)
ပေးပို့ လာခြင်းကိုကျေးဇုးတင်ပါသည်

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်