Thursday, June 19, 2008

Cbox မှ..မှတ်သားစရာ..လယ်ယာမြေကဏ္ဍ

ANaw:

အနော် ပြောပါရစေ လယ်ထွန်ဖို့ ရက်သိပ်မကျန်တော့ပါ ။ ထွန်စရာလယ်တွေက အပုံကြီးကျန်သေးတယ်။ အခု အချိန်မှာ လှမ်းကြည့်လိုက်လို့ လယ်ကွင်းတွေ စိမ်း နေရင် အဲဒါစပါးတွေမဟုတ်ပါ။ မြက်တွေပဲ ဖြစ်ပါတယ် ။

ထွန်စက်တွေရော ဒီဇယ်ဆီတွေပါ အရေးတကြီး လိုအပ်နေပါတယ်။ တစ်ရွာကို ထွန်စက် ဘယ်နှစ်စီး ဆိုပြီး လှူတာထက် ထွန်စက်အုပ်ကြီးနဲ့ သွားပြီး လယ်ထွန်ပေးတာ ပိုကောင်းပါတယ် ။ ထွန်စက်တွေကို ဒီအတိုင်းပေးလိုက်တာဟာ ဒီအချိန်မှာ ရွာကို သွေးခွဲလိုက်သလို ဖြစ်သွားနိုင်ပါတယ်။ မလောက်ငှတော့ နီးစပ်ရာဦးစားပေရင်း စည်းလုံးမှု ပျက်စီးနိုင်ပါတယ် ။ တမင်တကာ ကြပ်တည်းအောင်လုပ် မလောက်မငှပေး မမျှမတပေး အဲဒီစနစ်နဲ့ လူထုကို သွေးခွဲံလာတာ ကြာပါပြီ ။ သတိရှိကြပါ။
သွေးခွဲလာတာကြာပါပြီ ။

ကိုယ်တိုင်သွားရောက် ထွန်ပေးဖို့ဆိုတာ မဖြစ်နိုင် ဘူးထင်တယ် ။ ဖြစ်နိုင်တဲ့အရာကိုတော့ အားလုံးအကူအညီပေးနေတာပါတယ်။ အနော် ပြောသလို သွားထွန်ပေးနိုင်ရင်တော့ အကောင်းဆုံးပေါ့ ။ အနော့် စိတ်ကူးကတော့ ရွာက ကျောင်းထိုင်ဆရာတော်နဲ့ ဆက်သွယ်မယ် ။ အိမ်ပျက် အိုးပျက် ကျွဲနွားသေ မိသားစုဝင်သေ စတဲ့ လူတွေကို ဦးစားပေးစာရင်းကောက်မယ် ။ တစ်ဘီးထွန် ၁၀ စီးနဲ့ ရေပေါ်ဝဲထွန် ၄စီး လောက်စုဝယ်ပြီး ထွန်စက်မောင်းဘို့ ရွာကပဲ လူငှားပြီးလုပ်မယ် ။ ရွာကျောင်းဘုန်းကြီး နဲ့ ရွာသားတွေကို စုပြီးတိုင်ပင်မယ်။

ဒီအတိုင်း အနော်တို့ လုပ်နေတာရှိပါတယ် အခု ဧက တစ်ရာလေးဆယ်လောက်ထွန်ပြီးပါပြီ မျိုးစပါးလည်း တစ်ဧက ၂ တင်းခွဲနှုန်းနဲ့ ၀ယ်ထားပါတယ် အခြေအနေအရ လောလောဆယ်နေရာကို မပြောသေးပါ ကုန်းပေါ်နေတဲ့လယ်ကို တစ်ဘီးထွန် ၅ စီးနဲ့ အုပ်စုဖွဲ့ပြီးထွန်ပါတယ် ၁ ဧကကို ၁နာရီခွဲလောက်ပဲကြာပါတယ် ရေစပ်စပ်ရှိတဲ့လယ်ကိုတော့ ရေပေါ်ဝဲလို့ ခေါ်တဲ့ လှေပုံစံ ထွန်စက်ကလေးနဲ့ထွန်ပါတယ် သူက ဂီယာလေးချက်ပါတော့ ပိုပြီးမြန်ပါတယ် ။ နွားအဖွဲ့ဝင် တချို့စိတ်ကောင်းရှိတဲ့ သူနဲ့တွေပါတယ် ကိုယ်ကလဲ ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုပြီး ပရွက်ဆိတ်နဲ့ ခလုပ်မတိုက်အောင်ရှောင်ရပါတယ် ။ ဟုတ်ပါတယ် သူတို့ဘက်မှာ လဲ လူစိတ်ရှိတဲ့လူတွေလည်းရှိပါတယ် ဒါပေမဲ့အများစုက အကျင့်မကောင်းတော့ သူတို့အားလုံးကို ဘယ်သူမှ အကောင်းမမြင်တော့ဘူး။

ရန်ကုန်က နွားကြီးကြီးနဲ့ ဖွတ်ပဒပ် ကြီးကြီးကို အရင်စည်းရုံးပြီးမှသွားတာပါ ။ ရွာမှာလိုအပ်ရင်အဲဒီနည်းနဲ့ ဖြေရှင်းပါတယ် ။ ငါးကြင်းဆီနဲ့ ငါးကြင်းကြော်တာမျိုးပေါ့၊ ရွာမှာ ထွန်စက်ကျွမ်းကျင်သူတွေရှိပြီသားပါ။ လိုအပ်ရင်လည်း ရွာသား ၃ ယောက်လောက်ရန်ကုန် ထွန်စက်ရောင်ဆိုင်မှာ ၁ ရက်လောက် သင်လိုက်ရင်ရပါတယ်: ရွာအတွက် စိတ်ကောင်းနဲ့ တကယ်လုပ်ရင် ၃ ရက်လောက်ကြာရင် ရွာက ၀ိုင်းအုံပြီးကူပါတယ် တကယ်ပျော်ဘို့ကောင်းပါတယ်။ ကျန်တာတွေ ခဏထားပြီး ရွာတွေ လယ်ထွန်ဖြစ်ဖို့ အရင်ကြိုးစားကြစေလိုပါတယ် လူငယ်တွေ ရွာမှာ တကယ်ကိုနေဖြစ်သွားမယ်။ ရွာအတွက် တကယ်ကိုအလုပ်လုပ်ဖြစ်မယ် ရွာမှာစပါးစိုက်ဖူးသွားမယ် ။ ရွာမှာနေဖူးသွားမယ် အုပ်စုဖွဲ့ပြီး လုပ်ကြစေလိုပါတယ် ။ ထွန်စက်တွေကို အပိုင်လှူခဲ့ဘို့ မလိုပါဘူး: ဒီကွင်းထွန် ပြီးရင် နောက်ကွင်းပြောင်းထွန်ကြပါတယ်။ မျိုးစပါးက ညောင်တုန်းဘက်က ၀ယ်ဖြစ်ပါတယ် ။ ၁၀၀ ကို ၆ သိန်းလောက် ပေးရပါတယ် မနောသုခ ခွန်နီ နဲ့ ဘေးကြား မျိုးတွေပါ။

ရွာက စာသင်ကျောင်းကိုလည်း စာအုပ် ခဲတံ ဘောပင် ပေတံ စတာတွေလှုဖြစ်ပါတယ်။ သူငယ်ချင်း ဆရာဝန်တွေအားရင် ခေါ်ပြီးဆေးပါကုဖြစ်ပါတယ်။ ကလေးတွေနဲ့ ဘော်လုံး စု ကန်ကြပါတယ်။ တကယ်ပျော်ဘို့ ကောင်းပါတယ် အခုဆို ၂ ခေါက် ၃ ခေါက် ရောက်ဖြစ်တဲ့ နေရာတွေ ရှိနေကြပါပြီ အဲဒီနေရာတွေမှာ ကြိုးစားကြည့်စေလိုပါတယ် ။ ရွာက ရေတွင်းအတော်များများ ရေငန်ဝင်ကုန်ပါတယ် ရေတွေကို စက်ငှားပြီးဆွဲထုတ်ပစ်ပါတယ် တချို့ပြန်သုံးလို့ရနေပါပြီ ။ ကယ်မီကယ်အင်ဂျင်နီယာ နဲ့ ရေရှည်ရွာမှာ သောက်ရေရဘို့ တိုင်ပင်ကြည့်တာ ရေကန်တူးဘို့ပဲ ပြောပါတယ်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်