Friday, June 20, 2008

သူ့ ဖာသာသူ ဗမာပြည်လွမ်းတာပါတဲ့ဗျာ...

ဒါမျိုးတွေ ရိုးနေပါပေါ့ နအဖရယ်။
မြန်မာ သံအမတ်ကြီး ဦးကျော်တင့်ဆွေကို စစ်အစိုးရက ပြန်ခေါ်ချင်တောင်..ပြန်ခေါ်မိတောင် ဗိုလ်မှူးအောင်လင်းထွဋ် ရဲ့စာတွေ မှားကြောင်းပြချင်တာမို့  လောလောဆည် မခေါ်ဘူးညင်းတာပါ။ ဒါမှ ပြောတာတွေ အဖြီးတွေ လက်ညှိုးထိုးချင်တာပေါ့။ လောလောဆည် ကံကောင်းသူက မြန်မာ သံအမတ်ကြီး ဦးကျော်တင့်ဆွေ ပေါ့ဗျာ။

ခေါ်ချင်သော်ညား.ဗျင်းချင်သော်ငြား.. ဝေးဝေးကဘဲ နအဖ လွမ်းနေရတယ်ဗျ။ ကဲ မြန်မာ သံအမတ်ကြီး ဦးကျော်တင့်ဆွေရေ.. ခင်ဗျား
နေပြည်တော်ပြန်ရင်လည်း.သောက်ညင်ကပ်ပုဒ်မ နဲ့တပ်စွဲ..ကမ်းနားက သစ်ပင်ကြီးလဲမှာ မြင်ယောင်ပါသေးရဲ့
ဦးခင်ညွန့် တောင်ပြုတ်. ဦးနေ၀င်းတောင် အိမ်ထဲချုပ်ထားမှဗျာ.. မြန်မာ သံအမတ်ကြီး ဦးကျော်တင့်ဆွေ တော့ အသာလေးပေါ့..ဟဲဟဲ

ကဲ ဘိုးတော်ရေ..မပြောမရှိနဲ့ ဗျို့ ..ထွက်သာ ပြေးပေတော့..လွတ်ရာကျွတ်ရာ..
အောင်လင်းထွဋ္ဋ် အမှန်တွေဖေါ်နေတဲ့အခါ..အမှန် သိတဲ့ သက်သေတွေ..နှုတ်ပိတ်ဖို့ စနေပြီ။ ကဲ..ပြေးပေတော့ဗျာ..အသက်ကို ဥာဏ်စောင့်တယ်။ ဒီဘက် မှာ ပူးပေါင်းချင်ရင်လာ..တရားပြည့်တဲ့လူတွေ ဟာ..သုံ့ ပန်းကို ဘယ်တော့မှမသတ်ပါ.. နဖူးပေါ်လက်တင် စဉ်းစားပါဗျို့ ..တော်ကြာ ခင်ဗျားမယားလေး မုဆိုးမဖြစ်သွားပါ့မယ်..

နယူးယော့ခ် မြန်မာသံအမတ်အား စစ်အစိုးရ ပြန်ခေါ်ခြင်းမဟုတ်ဟု သံတမန်သတင်းရပ်ကွက်ပြောhttp://www.khitpyaing.org/news/june_08/20-6-08g.php
NEJ/ ၂၀ ဇွန် ၂၀၀၈

အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့မှ မြန်မာ သံအမတ်ကြီး ဦးကျော်တင့်ဆွေကို စစ်အစိုးရက ပြန်ခေါ် သည်ဆိုသည့်သတင်း မမှန်ကန် ကြောင်း သံတမန်သတင်းရပ်ကွက်က ပြောသည်။ နာဂစ်မုန်တိုင်းကိစ္စတွင် နိုင်ငံတကာဘက်မှ ထောက်ခံပြောဆိုသဖြင့် မြန်မာနိုင်ငံ ဆိုင်ရာ ကုလ သမဂ္ဂ အမြဲတမ်းကိုယ်စားလှယ် သံအ မတ်ကြီး ဦးကျော်တင့်ဆွေအား စစ်အစိုးရက ပြန်ခေါ်သည် ဆိုသည့် စာများကို ဗိုလ်မှူးအောင်လင်းထွဋ်က ပြည်ပ မီဒီယာများသို့ မကြာခင်က ပေးပို့ခဲ့သည်။ သို့သော် မြန်မာ သံအမတ်ကြီး ဦးကျော်တင့်ဆွေ (ဤသတင်း ရေးချိန်ထိ) နယူးယော့ခ် မြန်မာသံရုံးတွင် ဆက်လက်တာဝန်ထမ်းဆောင်နေသည် ဟု သံတမန် သတင်း ရပ်ကွက် က ပြောသည်။

နယူးယော့ခ်မြန်မာသံရုံးမှ ကောင်စစ်ဝန် ဗိုလ်မှူးကြီးကျော်စွာမင်းနှင့် ဗိုလ်မှူး အောင်လင်းထွဋ် တို့ကြား ပုဂ္ဂိုလ်ရေး မပြေလည်မှုများ ဖြစ်ပြီး မကြာခင် သံအမတ်ကြီး ဦးကျော်တင့်ဆွေအား စစ်အစိုးရက ပြန်ခေါ်သည် ဆိုသည့် စာများကို ဗိုလ်မှူးအောင်လင်းထွဋ်က ဖြန့်ဝေခဲ့ခြင်းဖြစ် သည်ဟု နယူးယော့ခ် မြန်မာသံရုံးနှင့် နီးစပ်သည့် သတင်းရပ်ကွက် က ပြောသည်။ ဗိုလ်မှူး အောင်လင်းထွဋ်အား သတင်းမှား များထုတ်ပေးရန် ကောင် စစ်ဝန် ဗိုလ်မှူးကြီးကျော်စွာမင်းကို စစ်အစိုးရက သီးခြားတာဝန်ပေးခဲ့ပုံရသည် ဟု နေပြည်တော် အရာရှိ အသိုင်းအ၀န်းက ယူဆသည်။ နယူးယော့ခ်မြို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အမြဲတန်းကိုယ်စားလှယ် သံအ မတ်ကြီး ဦးကျော်တင့်ဆွေ သည် နယူးယော့ခ်မြန်မာသံရုံးတွင် (၁၀) နှစ်ကျော် တာဝန်ထမ်းဆောင်နေပြီး ကုလ သမဂ္ဂတွင် စစ်အစိုးရအလိုကျ ကူညီ ပြောဆိုနေ သည့် သံတမန်တဦးဖြစ်သည်ဟု နေပြည်တော် အရာရှိတဦးက ပြောသည်။

လတ်တလော ပြည်ပမီဒီယာများသို့ ဖြန့်ဝေသည့် ဗိုလ်မှူးအောင်လင်းထွဋ်၏ စာများတွင် မြန်မာ စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကျူးလွန်သည်ဆိုသည့် အချက်များကိုသာ အသား ပေး ဖော်ထုတ်ထားပြီး အကျယ်ချုပ်ကျနေသည့် ထောက်လှမ်းရေးခေါင်းဆောင် ဗိုလ်ချုပ်ခင်ညွန့် ကျူးလွန်ခဲ့သည့် ရာဇ၀တ်မှုများ၊ တချိန်က စစ်ထောက်လှမ်းရေး၏ အတိုက်အခံအပေါ် ရက်စက် ကြမ်းကြုတ်မှုများကိုမူ ယခုချိန်ထိ ဖော်ပြထားခြင်းမရှိဟု အတိုက်အခံအချို့က သုံးသပ်သည်။

ဦးအောင်လင်းထွဋ်သည် ထောက်လှမ်းရေးဗိုလ်မှူးဟောင်းဖြစ်ပြီး တချိန်က ၀ါရှင်တန်ဒီစီ မြန်မာ သံရုံးတွင် သံရုံး ဒုတိယတာဝန်ခံအဖြစ် တာဝန်ယူခဲ့သည်။ ဗိုလ်ချုပ်ခင်ညွန့်ပြုတ်ပြီး မကြာခင် အမေရိကန်နိုင်ငံ၌ နိုင်ငံရေး ခိုလှုံခွင့် လျှောက်ခဲ့သည်။ ။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်