http://www.irrawaddy.org/bur/Articles2008/September/01.html
ကျော်စွာမိုး | စက်တင်ဘာ ၃၊ ၂၀၀၈
ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့်အပတ်က ကုလသမဂ္ဂအထူးသံကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂမ်ဘာရီကို မည်သည့်အကြောင်း မည်သည့်ရည်ရွယ်ချက်ဖြင့် လက်ခံတွေ့ဆုံရန် ငြင်းဆန်လိုက်သနည်း ဟူသည့် မေးခွန်း၏အဖြေကို လူတိုင်းက အပူတပြင်း သိလိုနေကြသည်။
ဤလှုပ်ရှားမှုသည် စစ်အစိုးရမှ ကျင်းပရန် တစိုက်မတ်မတ် ပြင်ဆင်နေသော ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲကို သဘောမတူ ကြောင်း ပြသရန်အတွက် ပြင်ဆင်သော နိုင်ငံရေးဗျူဟာသစ်၏ ပထမခြေလှမ်းပေလော... စဉ်းစားဖွယ် ရှိနေပါသည်။
ဒေါ်အောင်ဆန်းစုကြည်အနေနှင့် အတိုက်ခံများအတွက် အချိန်သိပ်မကျန်တော့ကြောင်း စဉ်းစားကောင်း စဉ်းစားနေပါ လိမ့်မည်။ ယခု လတ်တလောကာလသည် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ ဆိုသည့်မူကို အခြေခံသော ဟန်ပြအရပ်သား အစိုးရတရပ် ပေါ်ပေါက်ရေးအတွက် စစ်အစိုးရမှ အားသွန်ခွန်စိုက် ကြိုးပန်းနေသောကာလလည်း ဖြစ်သည်။
သံသယဖြစ်စရာမလိုသော အချက်တခုမှာ မစ္စတာဂမ်ဘာရီကို လက်ခံတွေ့ဆုံရန် ငြင်းဆန်လိုက်ခြင်းဖြင့် ဒေါ်စုသည် နိုင်ငံ တကာသို့ သူမ၏ သဘောထားကို ပြတ်ပြတ်သားသား ထုတ်ဖေါ်ပြသလိုက်ခြင်းလည်း ဖြစ်သည်။ အချို့သော လေ့လာ စောင့်ကြည်သူများက ဒေါ်စု၏ ဤကဲ့သို့လှုပ်ရှားမှုသည် တဖက်တွင် ကောင်းသည်ဟု ဆိုနိုင်သော်လည်း အခြားတဖက်တွင် စွန့်စားလွန်းရာ ရောက်သည်ဟုလည်း ကောက်ချက်ချကြသည်။
မှန်ပါသည်။ တဖက်တွင်ကောင်းသော်လည်း အခြားတဖက်တွင် စွန့်စားလွန်းရာကြသည်။ သို့သော် သူမတွင် အခြား ရွေးချယ်စရာလမ်းလည်း မရှိတော့။ ရဲရဲရင့်ရင့်လှမ်းရမည့် အချိန်တွင် သူမအနေဖြင့် ရဲရဲရင့်ရင့် လှုပ်ရှားလိုက်ခြင်းသာ ဖြစ်သည်။
အရင်းစစ်လိုက်ပါက သူမ၏လှုပ်ရှားမှုသည် ရှင်းရှင်းလင်းလင်းရှိလှသည်။ မရှုတ်ထွေးပါ။ သူမနှင့် ထိပ်တန်းဗိုလ်ချုပ်များ အကြား တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးနိုင်ရေးသာ ဖြစ်ပေသည်။ ဘက်နှစ်ဖက်လုံးမှ တွေ့ဆုံဆွေးနွေးညှိနှိုင်းခြင်းဖြင့်သာ မြန်မာပြည်တွင် စစ်မှန်သော ဒီမိုကရေစီကို တည်ဆောက်နိုင်မည်ဟု သူမက ရှင်းရှင်းလင်းလင်း ယုံကြည်ထားပါသည်။ ထိုသို့ ယုံကြည်သည့်အတိုင်း ၁၉၈၈ ခုနှစ် နိုင်ငံရေးနယ်ထဲသို့ သူမ စတင်ဝင်ရောက်လာသည့် အချိန်မှစ၍ တွေ့ဆုံဆွေး နွေးရန်အတွက် သူမဘက်က တစိုက်မတ်မတ် တောင်းဆို တင်ပြလာခဲ့သည်။
ပြီးခဲ့သည် နိုဝင်ဘာလက ဒေါ်စုသည် (နအဖ) စစ်အစိုးရမှ ခန့်ထားသော ဦးအောင်ကြည်နှင့် စကားပြောခြင်းထက် စစ်ဗိုလ် ချုပ်များနှင့် တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးလိုကြောင်း မစ္စတာဂမ်ဘာရီမှတဆင့် ထပ်မံအကြောင်းကြားခဲ့သည်။ ၂ဝဝ၇ ခုနှစ် စက်တင်ဘာလ အတွင်း သံဃာတော်များ ဦးဆောင်သော လှုပ်ရှားမှုကြောင့် မြင့်တက်လာသော နိုင်ငံတကာဖိအားများကို လျော့ချရန် ရည်စူး၍ စစ်အစိုးရက ဦးအောင်ကြည်ကို ကြားထား၍ ပြီးခဲ့သည့်နှစ်က ဒေါ်အောင်ဆန်းစုကြည်နှင့် စကားပြော ရန်အတွက် ဆက်ဆံရေးဝန်ကြီးအဖြစ် ခန့်ထားခဲ့သည်။
ပြီးခဲ့သည်လများအတွင်း ဒေါ်စုအနေဖြင့် ကုလသမဂ္ဂအဖွဲ့ကြီးသို့ သူမ၏သဘောထားအား အသေးစိတ် တင်ပြပေးပို့ခဲ့သည်။ စစ်အစိုးရအနေနှင့် ကုလသမဂ္ဂအား တဖက်တွင် ရုပ်ပြသာအသုံးချ၍ ၎င်းတို့အတွက် တရားဝင်မှုရှိအောင် ဆောင်ရွက်နေ သည်ကို ထောက်ပြထားသည်။ ထို့အပြင် အချိန်ကာလ အတိုင်းအတာတခု သတ်မှတ်ပြီး ကိစ္စရပ်များကို တွေ့ဆုံ ဆွေးနွေး ရန် စစ်အစိုးရကို တောင်းဆိုသည့် အစီအစဉ်များ ကုလသမဂ္ဂ၌ မရှိသည်ကိုလည်း ထောက်ပြခဲ့သည်။
၂ဝဝ၇ ခုနှစ် ဇန်နဝါရီလက ဒေါ်အောင်ဆန်းစုကြည်သည် သူ၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ၇ ဦးနှင့် တွေ့ဆုံခဲ့သည်။ ၎င်းတို့အနက်မှ ဒီ/ချုပ်၏ ပြောရေးဆိုခွင့်ရှိသူ တဦးဖြစ်သော ဦးဉာဏ်ဝင်းကလည်း ဤသို့ ထုတ်ဖော်ပြောကြားလာခဲ့သေးသည်။ “ဒေါ်စုအနေနဲ့ ကုလသမဂ္ဂရဲ့ လက်ရှိအနေအထားကို စိတ်ပျက်မယ်ဆိုလည်း စိတ်ပျက်လောက်တယ်။ ဘာကြောင့်လဲဆိုတော့ ကုလသမဂ္ဂကအနေနဲ့ အချိန်ကာလတိုင်းတာ သတ်မှတ်ပြီး မဆောင်ရွက်တဲ့ အတွက် ဖြစ်ပါတယ်” ဟု သူက ဆိုခဲ့သည်။
လတ်တလောတွင်လည်း ဦးဉာဏ်ဝင်းက ဧရာဝတီသို့ ဤသို့ ပြောကြားခဲ့သည်။ “ကုလသမဂ္ဂရဲ့ အဲသလိုဖြစ်နေတဲ့ အခြေ အနေတွေကြောင့် ကုလအထူးကိုယ်စားလှယ်ကို ဒေါ်စုကတွေ့ဖို့ ငြင်းဆန်တာလည်း ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်” ဟု ဒေါ်စုက မစ္စတာဂမ်ဘာရီနှင့် တွေ့ရန် ငြင်းဆန်ခဲ့ခြင်း အကြောင်းကို ခန့်မှန်းပြောကြားခဲ့သည်။
ဦးဉာဏ်ဝင်းမှဆက်လက်၍ “အချိန်ကာလ သတ်မှတ်ထားခြင်းမရှိတဲ့ ဒီလိုအခြေအနေမျိုးတွေ အောက်မှာဆိုရင်တော့ ကျနော်တို့အနေနဲ့ မစ္စတာဂန်ဘာရီနဲ့ ဆက်အလုပ်လုပ်ဖို့ မဖြစ်နိုင်ပါဖူး” ဟု ပြောကြားခဲ့သည်။ မစ္စတာဂမ်ဘာရီ၏ ပြီးခဲ့သည့် မြန်မာပြည်ခရီးစဉ်တွင် ဒီ/ချုပ် ဗဟိုအလုပ်အမှုဆောင်များနှင့် တွေဆုံ၍ လာမည့်ရွေးကောက်ပွဲအတွက် စဉ်းစားရန် တိုက်တွန်းဆွေးနွေးသွားခဲ့ပြီး စစ်အစိုးရမှ ကျောထောက်နောက်ခံပြုထားသော နိုင်ငံရေး/ လူမှုရေး အဖွဲ့အစည်းများနှင့် လည်း တွေ့ဆုံသွားခဲ့သည်ဟု ဦးဉာဏ်ဝင်းက ပြောကြားခဲ့သည်။ “သူ့အနေနဲ့ အဲသလိုအဖွဲ့မျိုးတွေနဲ့ တွေ့ဆုံဖို့ မသင့်တော် ပါဘူး။ မစ္စတာဂမ်ဘာရီဟာ သူ့ရဲ့လုပ်ပိုင်ခွင့်ကို ကျော်လွန်ပြီးလုပ်တာလို့ ဆိုရမှာဖြစ်ပါတယ်” ဟု ဦးဉာဏ်ဝင်းက ဆက်လက် ပြောကြားသွားခဲ့သည်။
အစောပိုင်း ကာလတခုတွင် မစ္စတာဂမ်ဘာရီက လာမည့်ရွေးကောက်ပွဲ တရားမျှတမှုရှိ၍ နိုင်ငံတကာမှ အသိအမှတ် ပြုစေ ရေးအတွက် အကူအညီများပေးမည်ဟု ကမ်းလှမ်းလာခဲ့ဖူးသည်။ “မစ္စတာဂမ်ဘာရီအနေနဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲ အကြောင်း မပြောသင့်ဘူးလို့ ကျနော်တို့က သူ့ကိုအကြံပေးခဲ့ရသေးတယ်။ သူကတော့ အဲဒါနဲ့ပတ်သက်လို့ ဘာမှ ပြန်ပြောမသွားပါဘူး” ဟု ဦးဉာဏ်ဝင်းက ပြောခဲ့သည်။
မစ္စတာဂမ်ဘာရီ၏ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုသွားသော အချက်အလက်များတွင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ရေး၊ ဒေါ်စုနှင့် စစ်ဗိုလ်ချုပ်များအကြား တိုက်ရိုက်ပြောဆို ဆွေးနွေးရေး ပြန်လည် စတင်ရန် စသည့် အချက်အလက်များ ပါဝင်ခဲ့သည်။
မစ္စတာဂမ်ဘာရီ၏ နောက်ဆုံးမြန်မာပြည်ခရီးစဉ်နှင့်ပတ်သက်၍ ဦးဉာဏ်ဝင်းက အချိန်ကုန်တာ သက်သက်ဖြစ်၍ မည်သည့် အကျိုးမှ မဖြစ်ထွန်းခဲ့ကြောင့် ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့သည်။ ဦးဉာဏ်ဝင်း၏ တင်ပြချက်သည် မမှန်ကန်ကြောင်း၊ ကုလ အထူးသံတမန်၏ ခရီးစဉ်သည် သာမန်အဖြစ်အပျက်တခု မဟုတ်ဘဲ ဆက်တိုက်ရှိလာခဲ့သော လုပ်ငန်းဖြစ်စဉ်တခုကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ လက်ထောက် ပြောရေးဆိုခွင့်ရှိသူ မေရီ အိုကာဘေးက ပြန်လည်ချေပ ပြောကြားသွားခဲ့သည်။
မြန်မာပြည်တွင် အမှန်တကယ် ဒီမိုကရေစီ တည်ဆောက်နိုင်ရန်အတွက် ဒေါ်စုနှင့်စစ်အစိုးရအကြား အပြုသဘောဆောင် သော သဘောတူညီချက်မျိုး ရရှိရန်မှာ အချိန် သိပ်မကျန်တော့ကြောင်း ဒေါ်စုကိုယ်တိုင်လည်း ယုံကြည်နားလည်ရမည်သာ ဖြစ်သည်။ စစ်အစိုးရသည် အချိန်ဆွဲ၍ ဝေ့လည်ကြောင်ပတ် လုပ်ရာတွင် ထူးချွန်ကြောင်း သူမကိုယ်တိုင်လည်း သိနေသည်။ ၂ဝ၁ဝ ရွေးကောက်ပွဲသည် တရက်ထက်တရက် ပိုမိုနီးကပ်လာနေပြီ ဖြစ်သည်။
ဒေါ်စုသည် စွန့်စားရသည့် လှုပ်ရှားမှုတခုကို စတင်ဆောင်ရွက်လိုက်သည်ဟု ဆိုလျှင်လည်းမမှား။ သို့သော် ဤလှုပ်ရှားမှု သည် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီကို တည်ဆောက်မည်ဟု ကြွေးကြော်နေသော စစ်အစိုးရနှင့် ထိတွေ့ဆက်ဆံ ရသော နောက်ဆုံးကျန်တော့သည့် အခွင့်အရေးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ ။
ကျော်စွာမိုးရေးသားသည့် Dialogue Suu Kyi’s Real Motive ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။
Rest of your post
Thursday, September 4, 2008
ဒေါ်အောင်ဆန်းစုကြည်၏ ရည်ရွယ်ရင်းသည် တွေ့ဆုံဆွေးနွေးရေး
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2008
(3221)
-
▼
September
(305)
- ထိုင်းနိုင်ငံရောက် မြန်မာ့ ဘဝများ
- ရွှေဝါရောင် တော်လှန်ရေး နှစ်ပတ်လည် . နာဂိုယာ။ ဂျပန်
- သားချင်းတွေရဲ့ ယဉ်ကျေးမှူတွေ နအဖကြောင့် တိမ်ကောရတေ...
- ဒီပဲယင်း လုပ်ကြံမှု ကြီး (၆၄)လ ပြည့်ပြီ
- ( ကု သိုလ် သ စ္စာ ) မည်သည်
- ကြောက်ချိန်..
- မျှော်လင့်ချက်မဲ့နေဆဲ မြန်မာပြည်။
- ဝါးကူထိုးနေကြသူများ။
- Undercover in Burma: investigating the Saffron Rev...
- ဂုဏ်ယူပါသည် ရခိုင် အာဇာနည်အများ။
- ပုံပြင်ဖတ်ကြည့်ပါ။
- သတိထားပါ သူခိုး site များ
- ( အ ကု သိုလ် သ စ္စာ ) ဆိုသည်မှာ
- 20th Anniversary of NLD ( ဖို့ ဝိန်း)
- AllDhamma friendsYou, Your family and friends are ...
- First Anniversary of Burma's saffron revolution- N...
- Burma Dissidents Mark one Year Anniversary (၂၇။၉။၂...
- သွေးစွန်းနေသောပတ္တမြားနှင့်..သွေးစွန်းလက်နဲ့ နအဖ
- ငတ်မွတိခြင်း ဆင်းရဲခြင်း..ခလေးစစ်သားများကြီးပြင်းေ...
- ရင်လေးစရာဘဲ..စစ်မျိုးကလွဲ..အားလုံးမျိုးတုန်းတော့မဲ...
- ရဲ သေအောင်လုပ်တာ..စွမ်းအားမြှင့်ပါတဲ့
- အင်တာနက်သုံးသူများသို့ သိမှတ်ဖွယ်
- NLD အဖွဲ့ ချုပ် အနှစ် ၂၀ ပြည့် ကြေညာစာတမ်း
- စိတ်တော့ ပျက်ပါနဲ့ဗျာ..UN လည်း လိပ်လိုတော့ လှုပ်စ...
- အခုထိ ဖမ်းဆဲ..ဖမ်းမြဲ ဖမ်းလတ္တံ ပါဘဲ..
- ဘုန်းဘုန်းတွေ ပြန်ထွက်လာကုန်ကြပြီ။
- ရဲမျိုးတွေ ကန်းကုန်တော့မယ်။
- စစ်အစိုးရကို တရားဝင်မှု ရုတ်သိမ်းရေး တောင်းဆိုချက် ...
- Felicitation letter to 20th Anniversary of NLD by FDB
- အမေ ဘာများဖြစ်ပါလိမ့် 
- လွမ်းလို့ တဲ့ဗျာ
- မှန်တာပြော..မှန်တာတောင်းဆိုလို့ကတော့ နအဖ က ဟင့်အင်...
- အံမာ..ဒီလို လက်ပိုက်ကြည့်နေရရိုးလား
- ဗုဒ္ဓသားတော်ဆိုတာ..ဘယ်ခါ ဒူးမထောက်၊ ရှန်းရှန်းတောက်...
- ကနေဒါ ဗမာများရဲံအလှူ..သာဓု ခေါ်ကြပါခင်ဗျာ..
- တရားဓမ္မ ပြမယ်။
- တားမြစ်ပိတ်ပင်နေသော နိုင်ငံများကို UN ၌ ဘုရှ်က ပြစ...
- U.S. Senate professional staff met with MRC re...
- ABFSU-FAC statement for NLD (20) years Anniversary
- Saffron Revolution ဆိုတာ ဘာလည်း..???
- တနှစ်ပြည့်တဲ့ ရွှေဝါရောင်တော်လှန်ရေး..
- 1st Anniversary to commemorate the Saffron Revolution
- ဆူးလေရဲ့ မနေ့ ညရှူခင်း..
- တိုင်းပြည်ကြီးဂျောက်ထဲ ကျနေသယောင်ယောင်.ဟန်ဆောင်ဖော...
- ဟန်ဆောင် ပန်ဆောင်..ထောင်ခါပြနေတဲ့နအဖ..နိုင်ငံရေး အ...
- ရန်ကုန်မြို့ တာမွေရဲစခန်းတွင် ပေါက်ကွဲမှုဖြစ်
- လက်စသတ်တော့ ဒါကြောင့်ကိုး..
- ပင်လယ်ပြင်၌ သင်္ဘောမှောက်ခြင်း
- လူယုတ်မာ တို့ သွားရာလမ်း
- အော်.အပြင်ရောက်မှဘဲ..သူအသံလည်း ကြားရတော့တယ်..
- ကြည့်လုပ်ဥိးလေဗျာ အရပ်ကတို့ ..လူကောင်းတွေ မျိုးပြူ...
- တကတည်း အကျိုးနည်းတော်..ကျုပ်အသံဘဲ လူကြားတယ်..ရှက်က...
- ဗျို့  ဦးဝင်းထိန်...ဘယ်မလဲ..နတ်ဖွက်တာ မဟုတ်ပါဘူးထ...
- စု- လွှတ်- တွေ့ ဆုံ
- မြို့ လည်ခေါင်ကြီးမှာ..ဗျာ
- လှပသော ကရင်မြေ..ယမ်းနံ့ ဖုံးလွှမ်းရာ ဌာနေ။
- မိစ္ဆာကောင်တွေ မျိုးဖြုတ်ကြစို့ 
- Burma Launches Angry 'Cyber-War'
- နောက်တခါ လုပ်ဖို့  အဆင်သင့်ဘဲ
- ဆရာကြီးဦးဝင်းတင် လွတ်မြောက်လာခြင်း
- Life for a daughter of a political prisoner
- ထောင်ထဲမနေသော..ထောင်ကျနေသူများသို့ ခွန်းဆက်ခြင်း
- အနိုင်မခံ
- အသတ်ခံရတဲ့ ဂျပန်သတင်းထောက်ရဲ့ video လက်သိပ်ထိုး ရေ...
- လွတ်လာပေမဲ့..အလံမလှဲဘူးဟေ့..
- ရွှေဝါရောင်တော်လှန်ရေး၏ နှစ်ပတ်လည်
- တွေ့ ဆုံဆွေးနွေးမလား...မဆွေးနွေးဘူုးလား
- သတင်းစာဆရာကြီး ဦးဝင်းတင် လွတ်မြောက်ပြီ
- NLD ၏ ကျေညာချက် ၉။၂၂။၂၀၀၈
- မွန်ပြည်နယ်အတွင်း လုံခြုံရေးတင်းကြပ်
- သံဃာ့ အခွင့်အရေး တွေဆုံးရှုံးနေ
- ဆင်ဗုံးတွေ နဲ့ ခြောက်လှန့် နေပါတယ် ဗျို့ 
- လူတိုင်းသိစေမဲ့ ငွေစက္ကူ campaign.
- တိုးတက် တောင့်တင်း လာသော ၂၁ ရာစုက..နာဇီ ဗမာပြည်.
- အမှတ်တရ..မေ့ မရတဲ့ သွေးစွန်းပေနေ့ များ (သံဃာ ၏ ဂုဏ...
- သတိထား..ခွေးကိုက်မခံချင်ရင်
- one year anniversary of the Saffron Revolution
- Security tightened in Mon State
- နို့ မှုန့် အဆိပ်သင့်မှု
- ခလေး အမေ ကိုဖမ်းရသလား..
- Big Virus Coming Soon!
- ဘောလုံးသမား သူငယ်ချင်းများ
- မသေပါဘူး..တုန်းကျော်..မောင်မောင်..ပြည်သူ့ အချစ်တော...
- သီတင်းကျွတ်ပြီ..
- Generation wave မှ အာဇာနည်များ..
- ရည်းစားစာတွေ ခိုးဖတ်ချင် လို့ တဲ့ ဗျို့ 
- မင်းဘယ်ပြေးမလည်း..မရွှေဖဲ
- တူမယ် ဆိုလည်း..လုံအောင်ပုန်းဟေ့
- စပ်စုတာက လွန်တယ်..
- အိမ်သာထဲမှ.ရေနဲ့ .စက္ကူမရှိရင်..ကျွန်တော် သန့် စင်ေ...
- ခွပ်ဒေါင်းနီနီ..
- No title
- မန် နေ ဂျာ နဲ့  သူ တောင်း စား ။
- မျက်မြင်သက်သေများ ပြောပြတဲ့ ခရေစေ့ တွင်းကျ မြန်မာ
- ဆရာကြီးမင်းသုဝဏ် နှစ် ၁၀၀ ပြည့်
- မှန်လိုက်လေဗျာ..
- ရောင်းယင်းတို့ ရေ..ဘုန်းကြီးတောင်..ရေ မပေးရင်...ဆိ...
- မစုစုနွေး မိသားစုနှင့် တွေ့ဆုံခွင့်ရရန် ထောင်တွင်း...
- စစ်အစိုးရ..ဘာလုပ်နေသလဲ..
- သီတင်းကျွတ်ပွဲတော်..၂၀၀၈
-
▼
September
(305)
No comments:
Post a Comment