Thursday, October 2, 2008

အရှက်နည်းတာလား..ပါးစပ်ရဲတာလား..အောင်သောင်းရယ်..စားနိုင်ပါပေ့...

နေပြည်တော်ဝန်ကြီးတဦး၏ ပိုင်ဆိုင်မှုစာရင်း (နိုင်ငံခြားရေဒီယိုအချို့မှလည်း မကြာခင်က အသံလွှင့်သွားသည်)

NEJ/ ၂ အောက်တိုဘာ ၂၀၀၈။ ။
-Star Flower Tissue Factory။ ။ မှော်ဘီမြို့ စိန်ရတနာဝတ်မှုံ သစ်ကုမ္ပဏီဘေးကပ်လျက်မှာ တည်ရှိသည်။ သာ ပေါင်းပျော့ဖတ်စက်ရုံတည်ဆောက်ခွင့်ရသည့် CMCE တရုတ်ကုမ္ပဏီက လက်ဆောင် ဆောက်ပေးခဲ့သည့် စက်ရုံဖြစ်သည်။

-အလားတူ Tissue စက်ရုံတခု စစ်တောင်းစက်ရုံနားတွင်ရှိသည်။ ၀န်ကြီးသား နာမည်နှင့်ထားသည့် စက်ရုံဖြစ်သည်။

-ရန်ကုန်မြို့ ၀ါးတန်းလမ်းမှာရှိသည့် Great Myanmar အချိုရည်စက်ရုံ၏ ရှယ်ယာအတော်များများကို ပိုင်ဆိုင်သည်။ Great Myanmar အချိုရည်စက်ရုံသည် လွယ်ဟိန်းကုမ္ပဏီမှ ခွဲထွက်လာသည့် ကုမ္ပဏီဖြစ်ပြီး ၂၀၀၅ ခုနှစ်မှစပြီး လည်ပတ်နေသည်။

-ဆောက်လက်စ နေပြည်တော် Shopping Complex အဆောက်အဦထဲတွင် ၀န်ကြီးကတော်အတွက် အထည်ဆိုင် ခန်းကြီးတခုကို စက်မှု (၁) ပြုပြင်ထိန်းသိမ်းရေးဌာနမှ ဆောက်လုပ်လျက်ရှိသည်။ ၂၀၀၈ ခု စက်တင်ဘာလကုန် အပြီးအပ်ရမည်။

-ပဒေါင်းဘက်တွင် ဧက (၁၀၀) ခန့်ရှိသည့် ဇီးတော်သီးခြံကို အထည်အလိပ် စက်ရုံမှူးတဦးက ၀ယ်ပေးထားရသည်။

-ပလိပ်မှာလည်း စက်ရုံမှူးတဦး ၀ယ်ပေးထားသည့် စိန်တလုံးသရက်ခြံကိုပိုင်သည်။ ထိုခြံမှထွက်သည့် စိန်တလုံး သရက်များကို တရုတ်သို့ တင်ပို့ရောင်းချသည်။

-နေပြည်တော် မင်းကုန်းမှာလည်း လက်အောက်ခံ ဦးဆောင်ညွှန်ကြားရေးမှူးများ ညွှန်ကြားရေးမှူးချုပ်များ စုပေါင်းပြီး ၀ယ်ပေးထားသည့် ဧက (၁၀၀) ကျော် သရက်ပိန္နဲခြံကြီးတခြံပိုင်သည်။http://www.khitpyaing.org/archives/4096

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်