Tuesday, November 4, 2008

မိုက်တယ်ဗျာ ဘာဖြစ်တုန်း ဒို့ ဆီမှာ နျုကလီိယားလောက်လေးရှိတယ် ကြောက်ဖူး.

ဘင်္ဂလား-မြန်မာနှစ်နိုင်ငံအငြင်းပွားနေသည့် နေရာအတွင်း ဂတ်(စ်)ရှာဖွေမှုကို မြန်မာဘက်မှ ဆက်လက်လုပ်ဆောင်သွားမည်ဟု ပြောကြား 11/4/2008

သျှင်ထွီးခိုင် (နိရဉ္စရာ)
ဘင်္ဂလား-မြန်မာနှစ်နိုင်ငံ အငြင်းပွားနေသည့် ပင်လယ်ပြင်တွင် မြန်မာ ဘက်မှ ဆက်လက် ဂတ်(စ်)ရှာဖွေတူးဖော်မှုကို ပြုလုပ်သွားမည်ဟု မြန်မာဘက်မှ ပြောကြားလိုက် ကြောင်း သိရသည်။
ယခု မြန်မာဘက်မှာ ဂတ်(စ်)တူးဖော်နေသည့်နေရာကို ဘင်္ဂလား ဒေ့နိုင်ငံပိုင်ဖြစ်ကြောင်း ဘင်္ဂလားအစိုးရ ပြောကြားချက်ကို မြန်မာဘက်မှ အသိအမှတ်မပြုဟု ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ် ဦးဖေ သန်းဦးမှ ယနေ့တွင် အတည်ပြုပြောဆိုသည်။

အဆိုပါနေရာမှာ မြန်မာနိုင်ငံ၏ စီးပွားရေးဇုန်ဖြစ်သဖြင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေမှုကို ရပ်တန့်စရာမလိုဘဲ ဆက်လက်ရှာဖွေသွားမည်ဟု မြန်မာ ထိပ်တန်းအရာရှိတဦးမှ ပြောကြား သည်။

လွန်ခဲ့သည့် တနင်္ဂနွေနေ့က ဘင်္ဂလားဒေ့ခ်ျနိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကို ဘင်္ဂလားဒေ့ခ်ျ နိုင်ငံခြားရေးရာအတွင်းဝန် တိုးဟေးဟူစိန်ကဆင့်ခေါ်ပြီး ဘင်္ဂလာရေပိုင် နက်ကို ကျူးကျော်ဝင်ရောက်ပြီး ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေမှုကို ကန့်ကွက်ကြောင်းနှင့် ချက် ချင်းထွက်ခွာ သွားရန် တောင်းဆို ထားသည့်စာတစောင်ကို မြန်မာ သံအမတ်သို့ ပေးအပ်ခဲ့သည်။

ဘင်္ဂလာဒေ့ခ်ျဘက်မှလည်း ရေတပ်သင်္ဘောများကို အငြင်းဖြစ်ပွား နေသည့် နေရာသို့ စေလွတ်ထားပြီး အဆိုပါ ပြဿနာကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရန် ဘင်္ဂလား ဒေ့ခ်ျဘက်မှ ရေတပ်အရာရှိများအပါအ၀င် သံတမန်တဖွဲ့ကို မြန်မာနိုင်ငံသို့ စေလွှတ်ထားသည်။

နယ်နိမိတ်အငြင်းပွားမှု ကိစ္စနှင့်ပတ်သက်၍ ဘင်္ဂလာ- မြန်မာ နှစ်နိုင်ငံအနေဖြင့် အလျော့ပေးမည့် ပုံမရှိကြောင်းနှင့် ဆက်လက်တင်းမာလာမည့် အခြေအနေ ရှိကြောင်း လေ့လာစောင့်ကြည့်နေသူများက သုံးသပ်နေကြသည်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်