သန်းရွှေနှင့်အဖွဲ့ဆိုင်ကလုံးဒဏ်ခံ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသသို့ သွားရောက်ကြည့်ရှုမည်
မဇ္ဈိမသတင်းဌာန
အင်္ဂါနေ့၊ ဒီဇင်ဘာလ 23 2008
နယူးဒေလီ (မဇ္ဈိမ)။ ။ ဒီဇင်ဘာလကုန်အားလပ်ရက် ခရီးထွက်သည့်အနေနှင့် ရန်ကုန်ဧရာဝတီတိုင်းအတွင်း လာရောက်လည်ပတ်မည့် မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့်အဖွဲ့ကို ကြိုဆိုရေးအတွက် ပြင်ဆင်မှုလုပ်ငန်းများလုပ်ကိုင်ရန် ဝန်ကြီးများနှင့်စီးပွါးရေးသမားအများအပြား ဆိုင်ကလုံးမုန်တိုင်းဒဏ်ခံ
ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသသို့ အပြေး အလွှားသွားရောက်နေကြသည်ဟု ကြားသိရသည်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည်သူရရွှေမန်း၊ ဝန်ကြီးချုပ်သိန်းစိန်၊ အတွင်းရေးမှူး၁ သီဟသူရတင်အောင်မြင့်ဦးတို့နှင့်အတူ ရန်ကုန်မြို့သို့တနင်္လာနေ့ကရောက်ရှိနေကြပြီး၊ ရန်ကုန်တိုင်းအတွင်းရှိ ဆိုင်ကလုံးမုန်တိုင်းဒဏ်ခံမြို့နယ်များသို့ ဗုဒ္ဓဟူး နေ့တွင်သွားရောက်ကြည့်ရှုမည်ဖြစ်သည်ဟု မြန်မာပြည်၏တောတွင်းမြို့တော်သစ် နေပြည်တော်သတင်းရပ်ကွက် ကပြောကြားပါသည်။
ဦးသန်းရွှေနှင့်အဖွဲ့သည် ဗုဒ္ဓဟူးနေ့တွင် ရန်ကုန်တိုင်း ဒေးဒရဲ၊ ကွမ်းခြံကုန်း၊ နှင့် ကျိုက်လတ်မြို့နယ်များသို့သွား ရောက်၍ ကယ်ဆယ်ရေးလုပ်ငန်းများနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုသွားရောက် စစ်ဆေးကြည့်ရှုမည်ဖြစ်သည်။
ဦးသန်းရွှေသည်သူ့မိသားစုနှင့်အတူ ဧရာဝတီတိုင်းငွေဆောင်ကမ်းခြေသို့ အားလပ်ရက်ခရီးထွက်ရန်စီစဉ်ထား သည်ဟု အဆိုပါသတင်းရပ်ကွက်ကပြောပါသည်။
သို့သော် သန်းရွှေသည် ဒီဇင်ဘာ ၂၇၊ ၂၈ ရက်နေ့များတွင် ဒုတိယအကြိမ်ခရီးစဉ်အဖြစ် ဧရာဝတီတိုင်းအတွင်းရှိ ဖျာ ပုံ၊ ဘိုကလေး၊ မော်လမြိင်ကျွန်း၊ ငပုတောနှင့် လပွတ္တာမြို့များသို့သွားရောက်မည်ဖြစ်သည်။
ဤအတောအတွင်း သန်းရွှေ၏ယခုစီစဉ်ထားသောခရီးစဉ်ကြောင့်၊ ဤရန်ကုန်တိုင်းနှင့်ဧရာဝတီတိုင်းအတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများလုပ်ကိုင်ရန်တာဝန်ပေးထားခြင်းခံရသော ဝန်ကြီးအများအပြားနှင့် စစ်အစိုးရ၏ အမြီးစားဖက်ခေါင်းစားဖက်ကုမ္ပဏီများအကြား စိုးရိမ်ထိတ်လန့်မှုများဖြစ်ပေါ်နေသည်ဟုသိရသည်။
မီးရထား၊ သစ်တော၊ ဟိုတယ်နှင့်ခရီးသွားလာရေး၊ အားကစားဝန်ကြီးဌာနများကိုတာဝန်ယူထားသောဝန်ကြီးများ အပါအဝင်ဝန်ကြီးအများအပြားနှင့် စစ်အစိုးရ၏စီးပွါးဖက်ကုမ္ပဏီများဖြစ်ကြသော ထူးထရေဒင်း၊ မက်စ်မြန်မာ (Max Myanmar) ၊ အေရှားဝေါလ်ဒ် (Asia World) ၊ အီဒင်မြန်မာ (Eden Myanmar) ၊ ယုဇန နှင့်ဒဂုံတို့သည် သန်းရွှေလာရောက်ကြည့်ရှုမည့်နေရာများတွင် "ကြိုတင်ပြင်ဆင်မှုများ" လုပ်ရန်အပြေးအလွှားသွားရောက်နေကြ သည်ဟု အဆိုပါသတင်းရပ်ကွက်ကပြောပါသည်။
"အဲဒီနေရာတွေမှာ နောက်ဆုံးမိနစ်အချောသတ်လုပ်ငန်းတွေလုပ်ဘို့ခိုင်းထားတယ်၊ ခြံစည်းရိုးဆေးသုတ်တာတို့၊ မြေ ကြီးပေါ်လှဲကျင်းထားတာတို့၊ အိမ်တွေငှါးထားတာတို့လုပ်နေကြတယ်။ အစိုးရချပေးတဲ့ပြန်လည်ထူထောင်ရေးလုပ် ငန်းတွေကြောင့်ဆိုင်ကလုံးဒုက္ခသည်တွေ အကျိုးခံစားနေကြရပါပြီဆိုတာပြဘို့ပေါ့" ဟု ထိုသတင်းရပ်ကွက်ကပြော ပါသည်။
ဆိုင်ကလုံးဒဏ်ခံဒေသများတွင် အလုပ်များဆက်လက်လုပ်ဆောင်နေကြဆဲရှိကြောင်း ပြသရန်အတွက် အဆိုပါ ကုမ္ပဏီများသည်ယင်းတို့၏ ထွန်စက်များ၊ ဘူဒိုဇာများ၊ လမ်းကြိတ်စက်များနှင့် ထရပ်ကားအများအပြားကို လုပ်ငန်း လုပ်ဆောင်ရာနေရာများသို့ပြန်လည်ယူဆောင်လာနေကြသည်။ သို့သော်အဆိုပါသတင်းရပ်ကွက်၏အဆိုအရ ကုမ္ပဏီများသည် ဤဒေသများမှသူတို့ဖာသာပြန်လည်ထွက်ခွါသွားခဲ့ကြခြင်းဖြစ်ပြီး၊ ဆိုင်ကလုံးဒုက္ခသည်များ အတွက်ဆောက်လုပ်ထားသော အိမ်များကိုပြန်လည်ရောင်းစားသွားကြသည်ဟုဆိုသည်။
"ဝန်ကြီးတွေကတော့သူတို့လုပ်ထားတာတွေ ဘယ်လောက်အောင်မြင်ထိရောက်နေတယ်ဆိုတာပြဘို့ အကောင်းဆုံး လုပ်နေကြတာဘဲ။ တချို့ကမုန်တိုင်းဒုက္ခသည်တွေအတွက်ဆောက်ထားတဲ့ အိမ်တွေကိုပြန်ရောင်းစားကြတယ်။ တချို့ ကငှါးစားကြတယ်၊ ပြန်ဆောက်ထားတဲ့ရွာတွေကလဲ ရွာပျက်တွေလိုပါဘဲ၊ ဒါကြောင့်ခုဆေးပြန်သုတ်နေရတာ" ဟု ထို သတင်းရပ်ကွက်ပြောသည်။
"အခုတော့ သန်းရွှေမနက်ဖန် (ဒီဇင်ဘာ ၂၄ ရက်) သွားမဲ့ဒေသဖြစ်တဲ့ ကွမ်းခြံကုန်းလမ်းကို သူတို့ (ဝန်ကြီးတွေ နဲ့ကုမ္ပဏီတွေ) ပြန်ပြင်နေကြတယ်" ဟု ထိုသတင်းရပ်ကွက်ကဆက်လက်ပြောပါသည်။
သန်းရွှေနှင့်သူ၏အဖွဲ့သည် ပြန်လည်ထူထောင်ရေးနှင့်အရေးပေါ်စီမံကိန်းများဖြစ်သည့် မုန်တိုင်းခိုအဆောက်အအုံများ ဆောက်လုပ်ထားခြင်းကိုကြည့်ရှုလိုသော်လည်း၊ အဆိုပါမုန်တိုင်းခိုအဆောက်အအုံများမှာမဆောက်လုပ်ရသေးသည့် အတွက် ကွန်ပျူတာပါဝါပွိုင့်ဖြင့်ရှင်းလင်းတင်ပြခြင်းသာလုပ်နိုင်မည်ဟုလည်း ထိုသတင်းရပ်ကွက်ကပြောပါသည်။
မည်သို့ပင်ဖြစ်စေ သန်းရွှေနှင့်အဖွဲ့သည် ရဟတ်ယဉ်များဖြင့်သာပျံသန်းစစ်ဆေးကြည့်ရှုကြမည်ဖြစ်သည့် အတွက် ဝန် ကြီးများနှင့်စီးပွါးရေးသမားများအတွက်စိတ်သက်သာရာရစေသည်ဟုဆိုပါသည်။ သူတို့အနေနှင့် အမှန်တကယ်လုပ် ဆောင်ရန်မလိုဘဲ အပြသက်သက်သာလိုသည်ဟု ထိုသတင်းရပ်ကွက်ကပြောသည်။
"နောက်တခါမုန်တိုင်းဒီရေတက်လာခဲ့ရင် ခိုလှုံဘို့ ဆိုင်ကလုံးမုန်တိုင်းခိုအဆောက်အုံတွေနဲ့ လမ်းတွေတည်ဆောက် ဘို့ဆိုတာမဖြစ်နိုင်ဘူးဆိုတာ သန်းရွှေကောင်းကောင်းသိပါတယ်။ ဝန်ကြီးတွေကလဲကမ်းရိုးတန်းတလျှောက် ဘေးက ရွှံ့တွေပုံထားလိုက်ရုံဘဲ။ လေယဉ်ပေါ်ကကြည့်ရင် တာအမြင့်ကြီးဖို့ထားတဲ့လမ်းလိုဖြစ်နေမှာပေါ့၊ အဲဒါကမိုးရွာတာနဲ့ ပြိုမှာဘဲ" ဟု ထိုသတင်းရပ်ကွက်ကပြောသည်။
ဤသို့အပြလုပ်ငန်းများရှိနေသော်လည်း သန်းရွှေနှင့်အဖွဲ့သည် သေသေချာချာစစ်ဆေးကြည့်ရှုမည်သာဆိုပါက ပြန် လည်ထူထောင်ရေးလုပ်ငန်းများပြီးစီးမှုအတိုင်းအတာကို သိရှိနိုင်သည်ဟု အဆိုပါသတင်းရပ်ကွက်ကပြောသည်။
"ဒါပေမဲ့ပြဿဿနာက သူတို့ (သန်းရွှေနဲ့အဖွဲ့) ကလဲဒီနေရာတွေလာကြည့်တယ်ဆိုတာ နာမည်ခံသက်သက်ဘဲ။ အားလပ်ရက်တေဇရဲ့ငွေဆောင်အပန်းဖြေစခန်းကို အပန်းဖြေခရီးထွက်ရင်း လမ်းကြုံဝင်ကြည့်တဲ့သဘောလောက်ဘဲ" ဟု အဆိုပါသတင်းရပ်ကွက်က စစ်အစိုးရ၏အကြီးဆုံးလက်ရင်းတပည့်စီးပွါးရေးသမားနဲ့ ထူးထရေဒင်းကုမ္ပဏီပိုင်ရှင် တေဇကိုရည်ညွန်းပြောကြားသွားခဲ့ပါသည်။
Tuesday, December 23, 2008
ဘာဒုက္ခသွား ထပ်ပေးအုံးမလဲမသိဘူး
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2008
(3221)
-
▼
December
(421)
- မြန်မာ့နိုင်ငံရေး ညီညွတ်ကြရန် ရွှေကျင်ဂိုဏ်းချုပ် ဆ...
- အချိန်မရှိတော့ဘူး လုပ်လိုက်ပါတော့တဲ့ ကျော်ဟိန်းကေ...
- နာဂိုယာမြို့ (ဂျပန်နိုင်ငံ) ဒီမိုကရေစီအရေး တောင်းဆ...
- လွတ်ရက်စေ့ မြန်မာ အကျဉ်းသား ၁၀၅ ဦး ကော့ဘဇားထောင်တွ...
- ဒုတိယမြောက်လွတ်လပ်ရေးတိုက်ပွဲ နှင့် အနီးကပ်ဆုံးရန်သူ
- ပြည်သူတွေကို အမျိုးမျိုး ဒုက္ခပေးတဲ့ ခွေးသူတောင်းစာ...
- ဒီဇင်ဘာလ ၃၀ ရက် ၂၀၀၈ သတင်းများ
- ဒါ ရာဇ၀တ်မှုတဲ့လားဗျာ
- FREE DAW AUNG SAN SU KYI RANGOON NEWS
- New Virus.. Becareful
- ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်များရဲ့ အ...
- နေပြည်တော်ပျဉ်းမနားမြို့မဈေးဖျက်ပြီး ရှော့ပင်းမော...
- အန်အယ်လ်ဒီလူငယ်အချို့ မြေနီကုန်းမှာ ဆန္ဒပြလမ်းလျှော...
- thee lay thee @ new york city.
- ခွေးတွေ ထပ်ဆွဲနေပြန်ပြီ.
- တကယ်တုံးတာက သူတို့ 
- stilwell road (သို့ )Burma Road (သို့ )လီဒိုလမ်းမ ...
- မြန်မာစစ်အစိုးရအား ဖွံ့ဖြိုးရေးအကူအညီပေးရေး ဂမ်ဘာရ...
- ပါလက်စတိုင်း အပစ်အခတ်ရပ်စဲရေး ပြန်ထိန်းကြဖို့ ဘန်က...
- သူထက်ချော.သူ့ ထက်တော် သူထက် လူတွေချစ် လို့  ခွေးအြ...
- ဒီဇင်ဘာလ ၂၉ ရက် ၂၀၀၈ သတင်းများ
- ဒုတိယလွတ်လပ်ရေးတိုက်ပွဲကင်ပိန်း
- နားဂစ်မုန်တိုင်းရံပုံငွေနာမည်ဖြင့် ကညနတို့ ဆိုင်က...
- ရွှေ့ပြောင်းကျောင်းသားများ မိတ်သဟာရပွဲတော် ကျင်းပ
- ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ ၃၀၀ကျော် ဘင်္ဂလား ပင်လယ်အော်မ...
- မန္တလေးထောင်မှ နိုင်ငံရေးအကျဉ်းသားတဦး သေဆုံး
- သုံးရက် ဆက်တိုက် အစ္စရေးလေကြောင်းတိုက်ခိုက်မှု၊ ပါလက...
- ရွှေဘတွေချည်းဘဲ ခံနေရတော့မလားဗျ
- Global Action for Burma : Second Struggle for Nati...
- လှို့ ဝှက်အစီရင်ခံစာ
- ဒုံးယိမ်းက တူတူ ပျော်ကြရအောင်..
- ဘီဘီစီ ဘန်ကောက် နိုင်ငံခြားသတင်းထောက် ထိုင်းဘုရင်အ...
- ပြည်ပဆန်တင်ပို့မှု အရှုံးပေါ် နိုင်ငံခြားဆန်ရောင်းသူမ...
- နေပြည်တော်ပျဉ်းမနားမှာ ဘူတာသစ် ထပ်တည်မည် အိမ်ခြေ (...
- ထိုင်းလွှတ်တော်ကို ဆန္ဒပြသူများဝိုင်း ထိုင်းအစိုးရသစ...
- မြှောက်ပေးသော် ခွေးပျော်ဧ။်
- အစ္စရေးလ်က ဒုတိယမြောက်နေ့ လေကြောင်းက ဆက်တိုက်ခိုက်၊...
- ပါကစ္စတန် အသေခံဗုံးခွဲမှု ၃၀ ကျော် သေဆုံး
- ဒီဇင်ဘာလ ၂၈ ရက် ၂၀၀၈ သတင်းများ
- Horror in the East: Burma - The Forgotten War
- ဒုတိယ ကမ္ဘာစစ်အတွင်းမှ မြန်မာစစ်တလင်း.
- ဂါဇာကမ်းမြှောင်မှာ အပစ်အခတ်ရပ်စဲကြဖို့ ကုလ လုံခြုံ...
- အခြေအနေအဆိုးရွားဆုံး ပြည်သူများတွင် မြန်မာပြည်သူမျ...
- မြန်မာ့ဓာတ်ငွေ့ကို ဒေ၀ူးက တရုတ်နိုင်ငံသို့ ရောင်းခ...
- ပြည့်သူသတ်မတော်
- စစ်တပ်မှဖယ်ရှားအနားယူသွားပြီဟု သတင်းထွက်ခဲ့သော ထိပ...
- ရန်ကုန် DPA သတင်းထောက် မမှန်သတင်းရေးဟု အန်အယ်ဒီ ဦ...
- ပလီပေါက် ကင်းနေဗီ (ရေတပ်) လူထုထံမှ ဓါးပြတိုက်
- မောင်တောတွင် ရခိုင် အမျိုးသား တဦး အသတ်ခံရပြန်ပြီ
- ခွေး ရွေးကောက်ပွဲ
- ငွေမျက်နာကြောင့် တရားလိုက တရားခံဖြစ်
- ရန်ကုန် DPA သတင်းထောက် မမှန်သတင်းရေးဟု အန်အယ်ဒီ ဦ...
- Ashin Ottama's Birthday Anniversary 129 years on 2...
- European Commission sends aid to Myanmar
- သူတောင်းစားကြီး သွားတဖြီးဖြီး.
- အမှန်တရားဟာဘယ်တော့မှကျည်မတိုးဘူး
- ကြည့်လှည့်သင့်တဲ့ ခြင်္သေ့ လည်ပြန်
- နာဂိုယာမြို့ (ဂျပန်နိုင်ငံ) ဒီမိုကရေစီအရေး တောင်းဆ...
- ဂျပန်လူမျိုးဦးရွှေဘ Interview of U SHWE BA(Mr.TaNaBe)
- အိန္ဒိယနယ်စပ် ပါကစ္စတန် စစ်အင်အားဖြည့်
- HIV/ AIDS ဝေဒနာသည်များကို စောင့်ရှောက်သူတို့ ကြပ်တ...
- အလုပ်သမ လေးဦး နစ်နာကြေး ရရှိ
- ယာယီသက်တမ်းလွန်ကားများ သိမ်းရန် ရန်ကုန်တိုင်းမှူး ည...
- တရုတ်-မြန်မာနယ်စပ်ကို ဗဟိုပြု၍ ငလျင်လှုပ်၊ (၉) ဦးထ...
- ဘင်္ဂလားဒေ့ရှ်နဲ့အိန္ဒိယ နှစ်နိုင်ငံ ရေပိုက်နက် အငြင်...
- ဆူနာမီ လေးနှစ် မြန်မာ အလုပ်သမားတွေရဲ့ စိတ်ဒဏ်ရာတွေ...
- မြန်မာစစ်အစိုးရအပေါ် ထိုင်းအစိုးရသစ် ဘယ်လိုဆက်ဆံမလဲ
- ဘိုကလေးမြို့နယ် ကျေးရွာစုစည်း စီမံကိန်းကြောင့် ရွ...
- နအဖကို ကုလညီလာခံပြစ်တင်
- ဂီနီဝန်ကြီးချုပ် အာဏာသိမ်းစစ်ဗိုလ်ထံ အညံ့ခံလိုက်ပြီ
- ကျွဲ ပါးစောင်းတီး
- အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး ခရစ္စမတ် မိန့်ခွန်းမ...
- ၂၇. ၁၂ .၂၀၀၈ ကရင်နှစ်သစ်ကူး အတွက် ကရင်အမျိုးသားအစည...
- RCSS/SSA ဌာနချုပ်၌ သျှမ်းပြည်ကွန်ဂရက် ဖွဲ့စည်းတည်ေ...
- နယ်စပ်၌ နအဖစစ်အင်အားတိုးချဲ့ ၀တပ်ဖွဲ့နှင့် အပြိုင်...
- အနော်တော့ ကြောက်တယ်ဗျ။ လိမ်ရတာလည်း မျက်နှာပူလှပေါ့
- ပဲခူးထောင်တွင် နိုင်ငံရေးအကျဉ်းသားတဦး သတ်သေမှုဖြစ်
- နှုတ်ဆက်ခဲ့ပြီ ၂၀၀၈
- 2009 ပြက္ခဒိန်ပါ။
- ဒီဇင်ဘာ ၂၅ ၂၀၀၈ သတင်းများ။
- မေ့မရသော ဆရာ့ အမှာစကား
- မြန်မာစစ်အာဏာရှင်တို့ နျူကလီးယား လက်နက် သုံးနိုင် ...
- မူဆယ်တွင် လုယက်မှုများ ဆက်တိုက်ဖြစ်နေ
- ဗမာပြည်ကိုမတရားအနိုင်ကျင့်နေသော မကောင်းဆိုးဝါးများ
- မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည်အမှတ်တရ နှစ် ၂၀
- လောက်ကောင်တွေ ဆားထိနေကြပြီ
- နအဖ ပြည်ထဲရေးဝန်ကြီးရဲ့ ထိုးဖောက်မှုအစီအစဉ်
- မြန်မာဆင်တွေ..နောင်ဆို ပြတိုက်မှာဘဲပြရတော့မယ်။
- စေတနာရှင်များ ၀ိုင်းကူမှ ပညာတတ်မဲ့ မြန်မာကလေးငယ်များ။
- ဒီဇင်ဘာ ၂၃ ၂၀၀၈ သတင်းများ။
- ဗိုလ်မှူးချုပ်-ဖုန်းဇော်ဟန်၏ လာဘ်ငွေစာရင်း
- ၆၁ နှစ်မြောက်လွတ်လပ်ရေးနေ့ ဖိတ်ကြားခြင်း
- နအဖ၂၀၁၀ မှ ဘယ်လိုကလိမ်ကကျစ်လုပ်ရမလဲစဉ်းစားနေတယ် ကျ...
- မြေး ရှုဖို့အတွက် အဖိုးကဘိန်း စိုက်ခိုင်းတာ ဖြစ်မယ်
- ဒါမျိုးမှ ဆိုးပေ သန်းရွှေ က အားရကျေနပ်တာ
- မဲဆောက်နေ တော်လှန်ရေးသမားများ သတိ
- ၃၇၆ ဆို တာ ကြား ကတည်း ကျက်သရေ တော်တော် ယုတ်နေပြီ
- လှေစီး၍ မလေးရှားသို့ အလုပ်ရှာဖွေရန် သွားသူ ၁၀၇ ဦး...
- ဘာဒုက္ခသွား ထပ်ပေးအုံးမလဲမသိဘူး
- တရုတ်ဘက်သို့ လူကုန်ကူးသူတဦး ဖမ်းဆီးခံရ
-
▼
December
(421)
No comments:
Post a Comment