Monday, December 22, 2008

Mumbai မမ်ဘိုင်းသေနတ်သမား ပါကစ္စတန် သံအမတ်ကို တွေ့ခွင့်တောင်း

23 December 2008

ွမမ်ဘိုင်းမြို့ အကြမ်းဖက်တိုက်ခိုက်မှုမှာ အသက်မသေဘဲ အရှင်ဖမ်းမိခဲ့တဲ့ အကြမ်းဖက်သမားက
ပါကစ္စတန် သံအမတ်နဲ့ တွေ့ခွင့်ရဖို့ တောင်းဆိုခဲ့တဲ့အတွက် အိန္ဒိယနဲ့ ပါကစ္စတန်အကြား တင်းမာမှုတွေ
ပိုတိုးလာနေပါတယ်။

သူဟာ ပါကစ္စတန်နိုင်ငံသားဖြစ်တဲ့အတွက် သံအမတ်နဲ့ တွေ့ဆုံလိုတဲ့အကြောင်း အဲဒီအကြမ်းဖက်


သမား မိုဟာမက် အတ်ဂ်ျမားလ် ကာဆက်ဘ် (Mohammed Ajmal Kasab) က စာရေးတောင်းဆိုခဲ့
တယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက တနင်္လာနေ့မှာ ပြောခဲ့ပါတယ်။ အဲဒီတောင်းဆိုထားတဲ့ စာမိတ္တူ
ကို နယူးဒေလီမြို့မှာရှိတဲ့ ပါကစ္စတန်သံရုံးကို ပို့ထားတယ်လို့ ဆိုပါတယ်။ မမ်ဘိုင်း အကြမ်းဖက်
တိုက်ခိုက်မှုကို ပါကစ္စတန်နိုင်ငံမှာ အခြေစိုက်တဲ့ လက်ရှ်ကာ အီး-တိုင်ဘာ (Lashkar-e-Taiba) အဖွဲ့
က ပြုလုပ်ခဲ့တာဖြစ်ပြီး ပါဝင်ခဲ့သူတွေ အားလုံးဟာလည်း ပါကစ္စတန်နိုင်ငံသားတွေဖြစ်တယ်လို့ အိန္ဒိယ
က စွပ်စွဲထားပါတယ်။ ဒါပေမယ့် ဒီကိစ္စနဲ့ပတ်သက်လို့ အိန္ဒိယက သက်သေအထောက်အထား သူတို့ကို
မပြသေးဘူးလို့ ပါကစ္စတန်က ပြောပါတယ်။

ဒီအတောအတွင်း အမေရိကန်ဒုံးကျည်လို့ ယူဆရတဲ့ ပစ်ခတ်မှုကြောင့် ပါကစ္စတန် အနောက်မြောက်ပိုင်း
မှာ လူ ၈ ယောက် သေဆုံးသွားတယ်လို့ ပါကစ္စတန် ထောက်လှမ်းရေးက ပြောပါတယ်။ လူမပါတဲ့
အမေရိကန်ဒုံးကျည်နဲ့ မော်တော်ကား ၂ စင်းကို ပစ်ခတ်ခဲ့တာကြောင့် ကားပေါ်ပါလာတဲ့ လူ ၈ ယောက်
သေဆုံးသွားတယ်လို့ ဆိုပါတယ်။
http://www.voanews.com/burmese/2008-12-23-voa3.cfm

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်