Sunday, December 21, 2008

စက်မှု့စွမ်းအားခေတ်ကျော်လွှား ဖယောင်းတိုင်မီးနဲ့ နှစ်ပါးသွား


၂၀၀၉ ခုနှစ် မိုးတွင်းအထိ လျှပ်စစ်ဓာတ်အား အလှည့်ကျစနစ်ဖြင့်သာ ရရှိမည်

ဘယ်နိုင်ငံမှာ အယ်ဒီဆင်ကို မြန်မာနိုင်ငံလောက်ဂုဏ်မပြုပါဘူး


Dec 22 08

ရန်ကုန်မြို့တွင် ယခုနှစ် နိုဝင်ဘာလကုန်ခန့်မှ စတင်ခဲ့သည့် အလှည့်ကျမီးပေးစနစ်ကို လာမည့် ၂၀၀၉ခုနှစ် မိုးတွင်းကာလအထိ ဆက်လက်ကျင့်သုံးသွားမည်ဟု သိရသည်။ တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား သုံးစွဲမှု၏ (၆၀)ရာခိုင်နှုန်းခန့်ရှိသော ရန်ကုန်မြို့တွင် အများပြည်သူများအတွက် အေ၊ ဘီ၊ စီဟူ၍ အုပ်စုသုံးစုခွဲပြီး လျှပ်စစ်ဓာတ်အား အလှည့်ကျပေးလျက်ရှိသည်။ အုပ်စုတစ်စုချင်းစီတွင် သုံးရက်လျှင် တစ်ရက်မှာ (၁၈)နာရီ လျှပ်စစ်ဓာတ်အား ရရှိမည်ဖြစ်ပြီး ကျန်နှစ်ရက်မှာ (၆)နာရီစီ လျှပ်စစ်ဓာတ်အား ရရှိမည်ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့က တရားဝင်ထုတ်ပြန်ထားကြောင်း သိရသည်။ စက်မှုဇုန်များကို လျှပ်စစ်ဓာတ်အား ပိုမိုပေးထားပြီး နေ့စဉ်နံနက် (၈)နာရီမှ ညနေ(၅)နာရီအထိ ရရှိမည်ဖြစ်သည်။ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများတွင် နေ့စဉ် ညနေ(၅)နာရီမှ ည(၁၁)နာရီအထိ လျှပ်စစ်ဓာတ်အား ဖြတ်တောက်ထားမည်ဖြစ်သည်။ လက်ရှိအချိန်တွင် လျှပ်စစ်ဓာတ်အား အခက်အခဲကြောင့် မီးစက်များ အရောင်းသွက်နေပြီး ရန်ကုန်မြို့ရှိ မြို့နယ်အသီးသီးတွင်လည်း မီးစက်သံများကို တစ်လမ်းမဟုတ်၊ တစ်လမ်းတွင် ကြားနေရသည်။ မြန်မာနိုင်ငံတွင် တည်ဆောက်ဆဲ ရေအားလျှပ်စစ်စီမံကိန်း (၂၂)ခုရှိပြီး ဆက်လက်အကောင်အထည်ဖော်မည့် စီမံကိန်း (၁၅)ခုရှိကြောင်း အမှတ်(၁)လျှပ်စစ်ဝန်ကြီးက ပြောကြားသည်။ အကြီးမားဆုံး ရေအားလျှပ်စစ်စီမံကိန်း တစ်ခုဖြစ်သည့် ရဲရွာစီမံကိန်း ပြီးစီးသွားပါက လျှပ်စစ်ဓာတ်အားများ ပိုမိုရရှိနိုင်မည်ဟု မျှော်လင့်ရသည်။ ရန်ကုန်မြို့တွင် ယခင်နှစ်များကလည်း မိုးရေမရရှိသည့် ဆောင်းနှင့်နွေကာလများတွင် အလှည့်ကျစနစ်ဖြင့်သာ လျှပ်စစ်ဓာတ်အားရရှိပြီး မိုးတွင်းကာလရောက်မှသာ အချိန်ပြည့်လျှပ်စစ်ဓာတ်အား ရလေ့ရှိသည်။
http://www.planet.com.mm/news/index.cfm/linkpage/desc/id/11443

Rest of your post

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်