ယနေ့ ခေတ်စားနေကြသော အွန်လိုင်း အချစ်ဇတ်လမ်းများနှင့် စိတ်မကောင်းစရာ ရင်နင့်ဖွယ် အဖြစ်အပျက်များ ဆက်တိုက်ဆိုသလို မြင်တွေ့ရ ကြားသိရသမျှ နားမဆံ့တဲ့ အတွက် ဒီပိုစ့်လေးကို ရေးဖို့ ဆုံးဖြတ်လိုက်ရတာပါ။ ကျမ ပြောချင်တဲ့ အဓိက ဇတ်ဆောင်များကတော့ တိုင်းပြည်ဘဏ္ဍာနှင့် ပညာ သင်ကြားနေကြသော ရုရှားနိုင်ငံမှ ပြည်ချစ်သားများနှင့် နိုင်ငံတကာမှ ညီမများ မမများပါပဲ။ အခုလို ရေးရတဲ့ အတွက် မည်သူတစ်ဦး တစ်ယောက်ကိုမှ ထိခိုက်နစ်နာ လိုစိတ်မရှိပါ။ မိန်းမသားများ အတွက် အသိပညာပေးလိုသော စေတနာသာ ပါဝင်ပါတယ်။
ဖြစ်ပုံများကတော့ .... ၂၀၀၉ နှစ်ရဲ့ ဧပြီလလောက် ကပေါ့..... စကာင်္ပူက ပီအာ ရပြီးသား ညီမလေး တစ်ယောက် ကျမကို ဖုန်းဆက်လာတယ်။ မမရယ် ကူညီပါအုံးတဲ့ ... သူ့ချစ်သူက သူ့ကို အတွေ့မခံပဲ ရှောင်နေလို့ပါတဲ့လေ။ ကျမသိသလောက် သူတို့ နှစ်ဦးဟာ လွန်ခဲ့တဲ့ ၂ နှစ်ကျော်လောက် ကတည်းက အွန်လိုင်းကနေတွေ့ပြီး ချစ်သူတွေ ဖြစ်ခဲ့ကြတာပါ။ ကောင်လေးကတော့ မော်စကိုမှာ စာသင်နေတဲ့ စစ်ဗိုလ် ဆရာဝန်တစ်ယောက်ပေါ့...။ ဒီလောက်ဆို စာဖတ်သူများ နားလည် သဘောပေါက်လောက်ပါပြီ။ သူတို့နှစ်ဦး အကြောင်းကို နှစ်ဖက် မိသားစုများကအစ သိထားကြပါတယ်။ ကောင်လေးကတော့ နယ်မြို့တစ်မြို့ကပါ။ ကောင်မလေးက ရန်ကုန်ကပေါ့။ ကောင်လေး မော်စကိုမှာ နေစဉ်တလျှောက် လိုအပ်သမျှ အစားအသောက်ကအစ အဲဒီညီမလေးဆီကို မှာနေကြပါ။ အဲဒီညီမလေးကလည်း ဘာပဲ မှာမှာ ရောက်အောင် ၀ယ်ပြီး ပို့ခဲ့ပါတယ်။ ဇတ်လမ်းအကြမ်းလေးကတော့ ကောင်လေးဟာ မြန်မာ ပြန်ရောက်သွားကတည်းက သူ့ကို ရှောင်နေပါတယ်။ ဖုန်းဆက်လည် မကိုင်ဘူး။ နောက်ဆုံး သူ ကျမကို ရင်ဖွင့်ပြီး မြန်မာကို လိုက်သွားပြီး တွေ့မယ်၊ ပွင့်ပွင့်လင်းလင်း မေးမယ်ပေါ့။ ကျမလည်း အင်း.... တစ်လုံးကလွဲလို့ အကြံမပေးတတ်ဘူးလေ။ ဒီလိုနဲ့ သူပြန်သွားပြီး တစ်ပတ်အကြာမှာ မေလ်းရောက်လာတယ်။ သူတို့ ပြန်အဆင်ပြေသွားကြလို့ အခု ခရီးတွေတောင် အတူတူ သွားကြတယ်တဲ့။ ကျမလည်း ၀မ်းသာမိပါတယ်။ ဒါဟာ သတင်းကောင်းလို့ပဲ ထင်ခဲ့တယ်။
ဒါပေမယ့် ကျမထင်ထားသလို မဟုတ်ခဲ့ပါဘူး။ ကောင်မလေးက သူမပြန်ခင် လက်ထပ်ခွင့် ရအောင်လုပ်ပြီး သူ့ကို လက်ထပ်ခိုင်းတော့ ကောင်လေးက သူမယူနိုင်ဘူးတဲ့လေ...။ သူ့မှာ လက်ထပ်ရမယ့်သူက ရှိပြီးသားတဲ့။ မိန်းမသားဘ၀ တောင်းပန်ရုံကလွဲလို့ ဘာမှ မတတ်နိုင်တော့ဘူး။ နောက်ဆုံးသိရတာကတော့ အဲဒီညီမလေးကလည်း ဘယ်လို ဆုံးဖြတ်လိုက်တယ် မသိဘူး။ အဲဒီညီမလေးက သူကိုယ်တိုင် အရှက်ခွဲ ခံပြီး စစ်ခုံရုံးကို တင်ပြီး တရားစွဲပါတော့တယ်။ ကောင်လေးကလည်း အစစ်ဆေး ခံရပြီး ရာထူးလည်းပြုတ်၊ ထောင်ကျသွားခဲ့တယ်။ ကောင်မလေးက သူတို့ ခရီးသွားခဲ့တုန်းက ဓါတ်ပုံတွေနဲ့ တည်းခဲ့တဲ့ ဟိုတယ်တွေ နေ့ရက် အချိန်တွေကိုပါ အတိအကျ ရုံးတော်ကို သက်သေတင်နိုင်ခဲ့လို့ပေါ့။ ဒါပေမယ့် မိန်းကလေး ဘ၀ ဘာဖြစ်သွားလဲ။ ဒီလို အဖြစ်အပျက်တွေ ကျမတို့ပတ်ဝန်း ကျင်မှာ ဘယ်လောက်များ များပြားနေလဲဆိုတာ မသိနိုင်ဘူးနော်။
အခုဆိုရင် နိုင်ငံတကာက မိန်းကလေးတွေ တော်တော်များများဟာ ရုရှားက စစ်ဗိုလ်တွေနဲ့ အွန်လိုင်းမှာတွေ့ပြီး ချစ်သူတွေ ဖြစ်ခဲ့ရာက တဆင့်တက်လို့ ရုရှားအထိ သွားရောက်လည်ပတ် အတူနေထိုင်နေကြတယ်လို့ အတိအကျကို သိနေရပါတယ်။ အထူးသဖြင့် ဒူဘိုင်းနဲ့ စကာင်္ပူနိုင်ငံက မိန်းကလေးတွေ တော်တော်များများပါပဲ.....။ ၂၀၀၉ အောက်တိုဘာကလည်း ဒူဘိုင်းက ညီမလေးတစ်ယောက် မော်စကို (MEPHI) က သူ့ကောင်လေး စစ်ဗိုလ်ဆီ သွားလည်တယ်တဲ့။ အခုလည်း စင်္ကာပူက ညီမလေး တစ်ယောက် ထပ်သွားပြန်ပြီ။ နောက်ထပ် ရုရှားကို သွားဖို့ စီစဉ်နေကြတဲ့ ညီမလေးတွေ အများအပြား ရှိနေပါသေးတယ်။ ဒါက အခုလက်ရှိ ကျမ ပတ်ဝန်းကျန်မှာ မြင်နေရတာပါ။ ကျမ မသိတဲ့ ပတ်ဝန်းကျင်မှာ ဘယ်လောက်များ ဒါမျိုးတွေ များပြားနေမလဲဆိုတာတော့ ကျမ မသိပါဘူး။ ကျမ ဒီသတင်းတွေ ကြားရရင် နှစ်ဦး စလုံးအတွက် ရင်လေးမိ စိတ်မကောင်းဖြစ်မိပါတယ်။ ဒီတော့ ကျမ အပေါ်ကတင်ပြသွားခဲ့တဲ့ အဖြစ်အပျက်မျိုးတွေ မဖြစ်လာရ အောင် သတိပေးတဲ့ အနေနဲ့ ဒီပိုစ့်လေးကို ရေးသားလိုက်ရတာပါ။ မိန်းကလေးတွေကိုလည်း သတိပေးချင်သလို၊ ရုရှားရောက် ပြည်ချစ်သားများကိုလည်း သတိပေးချင်ပါတယ်။ ပြည်သူ့ဘဏ်ဏ္ဍာနဲ့ စာသင်ဖို့ လွှတ်ထားတယ်ဆိုတာကိုလည်း သတိထားစေချင် ပါတယ်။ နိုင်ငံ့ဝန်ထမ်း တစ်ယောက်အနေနဲ့ ဘယ်လို နေရမယ် ထိုင်ရမယ်ဆိုတာကိုလည်း နားလည်စေချင်ပါတယ်။ ကိုယ်လက်မထပ်နိုင်ပဲ သူများသားသမီးတွေကို အခုလို ခေါ်ပြီး အပျော်မရှာပါနဲ့။ ကိုယ့်ဘ၀နဲ့ တန်တဲ့ မိန်းမမျိုးကိုပဲ ရှာယူကြပါလို့။
တာဝန် ရှိ သူများကလည်း အခုလို အဖြစ်မျိုးတွေ မဖြစ်ရလေအောင် ထိန်းသိမ်း သင့်ထယ်လို့ ထင်မိပါတယ်။ ရုရှားပို့ထားပြီး ဘာမှ မသိသလို မနေကြပါနဲ့။ ပြည်ချစ်သားများ နိုင်ငံသားကောင်းများ နိုင်ငံတကာမှာ နာမည်ပျက် နေတာကိုလည်း သတိထားနိုင်ကြာပါစေ။ မိန်းကလေးများကလည်း မိမိရဲ့ တန်ဘိုးရှိလှတဲ့ ဂုဏ်သိက္ခာကို တန်ဘိုးထားကြစေချင်ပါတယ်။ှ
ရုရှားမှ ကိုကိုတွေ မောင်မောင်တွေ အနေနဲ့ကလည်း စာသင်တဲ့ ကာလက နဲနဲရယ်၊ အချိန်ပြည့် အွန်လိုင်းမှာ အချိန်ဖြုန်းနေကြသလိုပါပဲ။ အတူနေတဲ့ ညီမလေးတွေ ပြောသမျှ အွန်လိုင်းမှာ (၁၀) ယောက်မှာ (၉) ယောက်က ရုရှားက စစ်ဗိုလ်တွေပါတဲ့လေ။ အော် ...... တော်တော်ဆိုးတာပဲနော်။ တနေ့မှာ တိုင်းပြည်ကို ဘယ်လိုများ ထိန်းသိမ်း စောင့်ရှောက်ကြပါ့မလဲ...။ အပေါ်က တင်ပြသွားတဲ့ တကယ့်အဖြစ်အပျက်လေးကို ကျမ လူနာမည် အတိအကျ၊ ဗိုလ်သင်တန်း အပတ်စဉ်တွေကိုပါ ပြောပြနိုင်ပါတယ်။
ဒီနေ့ဟာ ဒီဇင်ဘာ (၃၀) ရက်နေ့ အမေများနေ့ပါရှင်....... ဒါကြောင့် သားသမီးတွေ အားလုံးရဲ့ မိခင်ကိုယ်စား ကျမက ဒီပိုစ့်လေးနဲ့ မိန်းကလေး၊ ယောကျာင်္းလေး ခွဲခြားခြင်းမရှိပဲ ဖြစ်လာမယ့် နောက်ဆက်တွဲ ဆိုးကျိုးလေးတွေကို တင်ပြရင်း ဆုံးမလိုက်တာပါ။ နားလည်နိုင်မယ်လို့ မျှော်လင့်မိပါတယ်။ လူတိုင်းအချစ်နဲ့ မကင်းနိုင်သလို တန်ဘိုးရှိတဲ့ မြင့်မြတ်တဲ့ ချစ်ခြင်းတွေနဲ့ တဘ၀လုံး လုံခြုံအေးမြ နိုင်ကြပါစေ....
ခင်မင်လေးစားလျှက်
XXX
email မှ ရတာပါ။ အားလုံးဖတ်သင်တယ်ထင်လို့ တင်ပြပါတယ်..လူလိမ်ရန်က ကင်းဝေးကြပါစေ၊
Sunday, January 17, 2010
ရုရှားရောက်ပြည်ချစ်သားများ၏ ကလိမ်ကကျစ် အချစ်ဇတ်လမ်းများ.....
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
January
(208)
- လူက..ခိုးရန်ကြံစည်နေသော ပညာရွှေအိုး..
- Weekly Political Events Regarding the SPDC's Election
- ကလိမ်စေ့ ငြမ်းဆင်..နအဖ၏ လိမ်ဆင်ပွဲ..
- မွေးနေ့၊မွေးရက်ထပ်သော (၉၅နှစ်မြောက်ဗိုလ်ချုပ်အောင်...
- အကြံကုန်..ဆားချက်နေတဲ့ ဂဠုန်
- အမြင်မှန်ရသူများသာ..ဒို့ ပြည့်သူ့ တပ်မတော်သား..
- အင်မိမယ် သတိထား..
- အနော်က ချက်တတ်လို့ ဂျ..(လိမ်နေရတာ ရှက်လွန်းလို့ )
- နိုင်ငံရေး အကျဉ်းသား ပိုများလာနိုင်ကြောင်း AAPP သံ...
- ရွှေဂုံတိုင် စာတမ်းကို CRPP ဝန်းရံမည်
- ဆရာဝန်များအတွက်ကျ.ချလိုက်မဲ့.၀င်ငွေခွန်..ရိုက်စားေ...
- လျှို့ဝှက်သတင်းထောက်နှင့် မီဒီယာဌာနများရဲ့တာဝန် ပြ...
- ဘုရားပျားစွဲ ကြုံ၇မဲ့ မင်းပြောင်းမင်းလွဲ
- The Voice Weekly Joural Monday, February 1 - 7 , 2010
- တရားခံ ဘယ်သူလည်းဟေ့ ( ဘူလေးလည်း.? ဗုံးခွဲတာ)
- ဟီးရိုးမှ ဇီးရိုးသို့
- NLD ဗဟိုဦးစီးအဖွဲ့ဖွဲ့စည်းရေးအတွက် ကြေငြာချက်ထုတ်...
- ခွေးသူခိုး ဓါးလက်ကိုင်ထိုးပေးတော့မည့် ကချင်
- ကြာတော့လည်း မမေးရဘဲနဲ့  ထွက်ချင်တဲ့ ဟာတွေထွက်လာရော...
- ကြားကောင်းသေးလား ရွာသားတို့ 
- ကျန်းမာရေး မကောင်းသူ နိုင်ငံရေး အကျဉ်းသား ၁၂၉ ဦးရှိ
- AAPP Political Prisoner Review (Annual Report 2009)
- နောင်ဆို..အရိပ်ခွန်ပါကောက်တော့မယ်..
- အရက်လုံခြုံရေးနဲ့ မြန်မာပြည်
- အကြောင်းရင်းတစ်ခု … အကျိုးဆက်အများ
- မြန်မာ နျူကလီးယားကိစ္စ ပြည်တွင်းအထောက်အထား မခိုင်လု...
- ဘုရားရိုက်မည့် နွားငမိုက်များသို့ …
- နေအိမ်ပြင်ဆင်မှု တားမြစ်ခံထားရမှုအပေါ် လူထုခေါင်းဆောင...
- မွှေးလွန်းသည့်ပန်း (သို့) MAI
- လုပ်အားပေးမှုများ ပေါက်ကြားပါက ရွာမီးလောင်မည်ဟု ခြိ...
- ကင်ဂျိ နာဂါအိ အမှတ်တရဆု အကျဉ်းကျ သတင်းထောက် (၂) ဦ...
- ရွေးကောက်ပွဲမတိုင်မီ ဒေါ်စုကို လွှတ်ရန် အတိုက်အခံမျာ...
- ပါးစပ်ထဲရှိရာ ဖြီးကာချ..လူယုတ်နအဖ
- နိုဝင်ဘာလွှတ်မည် ပြောကြားမှု တရားဥပဒေနှင့်မညီဟု ဒေါ်ေ...
- “ ၀ ” တခုတည်း ကိုယ်လွတ်ရုန်းမရဟု ပလောင်ခေါင်းဆောင်...
- သိမ်းဆည်းခံရသည့် မြေဧက ၄၀၀၀ ကျော်အား နစ်နာကြေးတိုး...
- သခင်တင်မြ “စာမေးပွဲ” ဖြေနေရဆဲလား
- ဗိုလ်ချုပ်ကြီးတင်ဦးနှင့် ရွှေဂုံတိုင် ရပ်တည်ချက်အေ...
- Jan 25 နေ့ကလားရှိုးတွင်ဖြန့်ဝေခဲ့သောစာ
- ပြည်တွင်းထွက်ပစ္စည်းလည်းယူ ပြည့်သူ့ ဆန်လည်း မျက်နှ...
- ကျောက်ကြီးမြို့ နယ် ဗုံးပေါက်မှုနှင့်ပါတ်သက်၍ KNU ...
- တိုက်ပွဲသတင်း နှင့် တပ်မတော်သဘောထားမှန်သိရှိသွားသူ...
- ရောင်းတယ် ၀ယ်တယ်..ပဲလှော်နဲ့လဲတယ်..(အကျင့်ပျက်စစ်တပ်)
- ကျောက်ကြီးမြို့နယ် ဗုံးဖေါက်မှု KNU လက်ချက်ဟု နအဖ သ...
- ညာပြန်ပြီ...
- ဒီလို လှည့်လို့ ရမယ်ထင်သလား..
- ကိုညီညီအောင် မိသားစုနှင့် တွေ့ခွင့်ပိတ်ပင်ခံရကြော...
- အာဏာရှင်ကို အဆုံးသတ်စေဖို့  တာဝန် ဘယ်သူ့ပခုံးပေါ် က...
- နာရေးကူညီမှုအသင်းတွင် လုပ်အားပေးရန် စိတ်ပါဝင်စားသူမ...
- ဖတ်ကော ဖတ်တတ်ပါစ
- သန်းရွှေ ကချင်ဒေသအား ပထွေးလက်အပ်ပြီးနောက်
- ရေတပ် အမြာက်တပ် ဆက်ကြေးအကောက်ကြမ်း၍ လူထု အခက်တွေ့ 
- ၀ က အင်အားကြီးတယ်ပြောပေမယ့်
- “အဆိပ်သင့် တောင်တန်းများ”
- လက်မရွံ့ တပ်၏ Master Plan (အထူး လှို ၀ှက်သတင်း ပေ...
- သင်တို့  ၂၀၁၀
- Haiti's Earthquake vs. Burma's Cyclone Nargis
- သန်းရွှေပြောတဲ့ရွှေနိုင်ငံကြီး..ကမ္ဘာပေါ်ကျ ဘိတ်ချေး..
- ဖွဲ့စည်းပုံအသစ်အတိုင်း ဆက်လုပ်မည်ဟု ဝန်ကြီးက ပြောခဲ့
- ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေသို့ အရေးယူပေးပါရန် တု...
-ဲJan 24 2010 သတင်းစုံ
- The Voice Weekly Journal (23-1-2010)
- သံပုန်းတီးလိုက်ရမလား....ပြောမရရင် စည်းဝိုင်းထဲက မ...
- 3rd Anniversary of Poet U Tin Moe - ကဗျာဆရာ တင်မို...
- ကျနော်တို့ရဲ့ အိမ်ပြန်ချိန်
- ဖာပွန်ဒေသ ကမ်းလမ်းမကြီး လုံးဝပိတ်ဆို့ ထားသည် ဆိုသည...
- တနိုင်ငံလုံး စစ်တပ်ကိုလိုနီဖြစ်နေပြီ..
- တိုင်ကြားသူ အခက်အခဲ ILO ကိုယ်စားလှယ်အဖွဲ့ထံ တိုက်ရ...
- လက်စသတ်တော့ သူတို့ လက်ချက်....
- ဒီဇင်ဘာ နှင်းဆီနီ တပွင့် ရဲရင့်ကြယ်နှင့် ညီမလေး မလ...
- ဂျပန်လာမည့် ကိုမေတ္တာတို့အဖွဲ့ ရန်ကုန်လေဆိပ်တွင်တား...
- ငွေဆောင်ကမ်းခြေ သဘာဝ ပတ်ဝန်းကျင် အခြေအနေပျက်ယွင်းမှူ
- တရုတ်နိုင်ငံလုပ် အဲဒီ F-7 II K အမျိုးအစား တိုက်လေယ...
- မိမိ အမျိုးသားလွတ်မြောက်ရေးကို..ကားနဲ့ လဲစားနေသူမ...
- ဗိုလ်ချုပ်ကိုတဲ့ မြင်ချင်ရင်
- စေတမန်အတွက် ဆုံးမစာ
- နအဖ...အနုကြမ်း..စီးနေတယ်
- လူအားသုံး..စက်မှုနိုင်ငံတော်ကြီးဆီသို့ 
- လောဘသား ဆရာဝန်တချို.၏ ရိုက်စားအမှု..(ကိုယ်တွေ့ ဖြ...
- မြန်မာ အတိုက်အခံ အဖွဲ့အစည်းများကို ထိုင်းသတိပေး
- တိုင်းပြည်က သယံဇာတတွေ ပတ်ပက်စက်စက် ထွက်နေပေမယ့်- – -
- သူဘဲ ဆရာကြီး..
- ၀ိုင်းဝန်း ဆုံးမပေးကြပါ..ခင်ဗျား..
- အဖွဲ့ ဖွဲ့ ရုံနဲ့  စပါးကျီဖြစ်တော့မတဲ့..အာဖျံရွှီး....
- ငါတော့ စိတ်မရှည်နိုင်..ဆက်ထိုင်မလား..ဆင်းမလား အဖြေ...
- မြန်မာပြည်ရဲ့ ပထမဆုံး အမျိုးသမီး လေယာဉ်မှူး..တေဇ ရဲ...
- အခုကျွန်လိုခိုင်းခံနေ ရာက နောင်ဆို နွါးလို အခိုင်း...
- ဒေသခံ အာဏာပိုင်အချို့ရဲ့ လယ်သမားများအပေါ် မတရားအနို...
- NLD ဗဟိုကော်မတီ တိုးချဲ့ အလုပ်အမှုဆောင်ဝင်များ ၏ က...
- လူ့ အခွင့်အရေးလေးရပ်
- ကိုယ်ဆီကျ ကျောက်တုံး သူဆီကျ ဘုရား..
- ခွေးအိုကြီး မှ လက်ပေးသင်...တတ်မယ် သင် ထင်ပါသလား..
- ဘုန်းတော်ကြီးကျောင်းဖြစ်မြောက်ရေး-နှိုးဆော်ပေးခြင်း
- ရွှေဂုံတိုင်ကြေညာချက်အပေါ်မှာ အားလုံး အခိုင်အမာ ရပ်တ...
- မတရား ပြစ်ဒဏ်ချမှတ်ခံရသော ၈၈မျိုးဆက်ကျောင်းသားခေါင...
- ဟင့်အင်းကို ကျော်ဖြတ်ခြင်းနှင့် ခက်ခဲသောသူများကို ...
- အန္တရာယ်ကြားက ပြည်တွင်းသတင်းထောက်များကို ကာကွယ်ကူညီ...
- ကရင်အမျိုးသားအစည်းအရုံးမှ ပြည်သူလူထုတံသို့ သတိပေးထ...
- ပြည်သူကို မတရားစော်ကားနေသော စစ်သား..ဘယ်သူဆုံးမမလည်း..
- ဇာကနာ့ ဟာသထက် ရီရတယ်ဗျ..ငါပြောသလိုလုပ်...ငါလုပ်သလိ...
-
▼
January
(208)
No comments:
Post a Comment