Saturday, January 16, 2010

ကြောက်ချိန်..

ကက (ကွန်) ကာကွယ်ဝန်ကြီးဌာန တပ်မတော်ကွန်ပျူတာကွန်ယက်များ လုံခြုံမှုရှိစေရန် မန္တလေးတိုင်း ပြင်ဦးလွင်မြို့မှာ ညွန်ကြားရေးမှူး
အခြေစိုက်ရုံးတစ်ခု ဖွင့်လှစ်လုပ်ဆောင် သွားမယ်လို့သိရပါတယ်။

အဆိုပါရုံးမှနေပြီး တပ်မတော်နည်းပညာတက္ကသိုလ် (တနတ) ကဆင်းလာတဲ့အိုင်တီကျောင်းဆင်း အရာရှိတွေနှင့် မြောက်ကိုရီးယား၊ ရုရှ ပညာရှင်တွေပူးပေါင်းပါဝင်လုပ်ဆောင်ကြမယ်လို့လည်း သိရပါတယ်။အဓိကရည်ရွယ်ချက်အနေနဲ့ကတော့ မြန်မာတစ်နိုင်ငံလုံး မှာသုံးစွဲနေကြတဲ့ကွန်ပျူတာကွန်ယက်များကို ချုပ်ကိုင်ထားပြီး မွေနှောက်ရှာဖွေကြည့်ရှုနိုင်ရန်နဲ့ တပ်မတော်ရဲ့ ကွန်ပျူတာကွန်ယက်များ ကိုလည်း လုံခြုံမှုပိုရှိလာစေရေးအတွက်တို့ပဲဖြစ်ပါတယ်။

၎င်းတို့အပြင် အိုင်တီနဲ့ပတ်သက်တဲ့ ပြစ်မှုဆိုရာတွေကိုဖြေရှင်းနိုင်ရေးအတွက် အိုင်တီနဲ့ပတ်သက်တဲ့ ပြစ်မှုဆိုရာဌာနတွေကိုလည်း ဖွင့်လှစ် မယ် လို့သိရပါတယ်။ အဆိုပါဌာနတွေကိုတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် ၊ မှုခင်းတပ်ဖွဲ့နဲ့ တပ်မတော် နည်းပညာတက္ကသိုလ်( တနတ) မှ ပညာရှင်များပူးပေါင်းကြမယ်လို့ဆိုပါတယ်။

နောင်လာမယ့် အနာဂတ် အိုင်စီတီနဲ့ပတ်သက်တဲ့ နည်းပညာပြပွဲလိုမျိုးတွေကိုလည်း ၄င်းအသစ်ဆောက်လုပ်မယ့် မြန်မာဆိုက်ဘာဟောမှာပဲ
ကျင်းပပြုလုပ်သွားမယ်လို့သိရပါတယ်။ယခင်ကတော့ မြန်မာနိုင်ငံရဲ့ ကွန်ပျူတာအင်တာနက် ဆက်သွယ်ရေးစနစ်အားလုံးကို
ကာကွယ်ရေး ၀န်ကြီးဌာန ဆက်သွယ်ရေးနှင့် ညွန်ကြားရေးဌာနကချုပ်ကိုင်ထားပြီး၎င်းရဲ့လက်အောက်ဌာနခွဲဖြစ်တဲ့ ဆက်သွယ်ရေးနဲ့ လုံခြုံရေးတပ်တို့ကအနီးကပ်စောင့်ကြည့်ပြီး လုပ်ဆောင်နေကြတာလဲဖြစ်ပါတယ်။
http://wanna23.blogspot.com/ မှ

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်