Friday, January 15, 2010

စစ်အာဏာရှင်တို့၏ ဘာသာတရားနှင့် သံဃာများအပေါ် လုပ်ကြံ စွပ်စွဲမှုများ

By abma | January 15, 2010

မေဓာဝီ (ABMA) ။ ။ တိုင်းပြည်တခုကို အုပ်ချုပ်ကြသည့်မင်း (ဝါ) အစိုးရတို့မည်သည် အုပ်ချုပ်ခံ တိုင်းသူပြည်သားတို့ အပေါ်၌ ရင်ဝယ် သားကဲ့သို့ သဘောထားကြရပေလိမ့်မည်။ မည်သည့် ကိစ္စကြီးငယ် မျိုးတို့၌ မဆို စေတနာ မေတ္တာနှင့် သည်းခံနိုင်ခြင်း ခန္တီတရားများ လက်ကိုင်ထား၍ မိမိယုံကြည်သော ဘာသာ တ ရား အမှန်တရားများ၏ အဆုံးအမနှင့် မဆန့်ကျင်ပဲ ပြည်သူအများ လက်ခံ သဘောတူညီမှု ရှိနိုင်မည့် ဥပဒေများနှင့် အညီ ရွေးကောက်တင်မြှောက်ထားတဲ့ ပုဂ္ဂိုလ်မျိုးများက စီမံ အုပ်ချုပ်နိုင်မှသာ တရားသ ဖြင့် အုပ်ချုပ်သော (တရားနှင့် အညီ အုပ်ချုပ်သော)မင်း အစိုးရ (ဓမ္မရာဇာ)ဆိုတာ ဖြစ်နိုင်ပေလိမ့်မည်။


ထိုကဲ့သို့ တရားနှင့် ညီညွတ်စွာ အုပ်ချုပ်တဲ့ အစိုးရမျိုး ဖြစ်ပါမှသာလျှင် တိုင်းပြည်၌ သဘာဝ ဘေးအန္တရာယ်များ ကင်းရှင်းပြီး ငြိမ်းချမ်းသာယာခါ တိုင်းပြည်မှ ထွက်ရှိသည့် သယံဇာတများကို ပြည် သူ ပြည်သားတို့ လွတ်လွတ်လပ်လပ် မျှတစွာ သုံးစွဲခွင့်များ ရကြပြီး တိုင်းပြည်တခုလုံး တိုးတက် စည် ပင် သာယာ ဝပြောနိုင်ပေလိမ့်မည်။

တိုင်းပြည် အုပ်ချုပ်သူများက တရားဥပဒေမရှိ ပြည်သူများအပေါ် ငဲ့ညှာမှု ကင်းမဲ့စွာနဲ့ ထင်ရာစိုင်းတဲ့ ဥပဒေများနှင့် ညှင်းဆဲမှု မျိုးစုံကို စွဲကိုင်၍ လုပ်ချင်တိုင်း လုပ်ဆောင်နေကြသည့်အခါ တိုင်းပြည်မှာလဲ သဘာဝဘေး အန္တရာယ် ကပ်ဆိုး အမျိုးမျိုးတွေနဲ့ အနာရောဂါဆိုး အမျိုးမျိုးတွေ ကပ်ရောက်လာပြီး ပြည်သူများမှာလည်း ဆင်းရဲ ကြပ်တည်း မွဲတေမှု ဒုက္ခမျိုးစုံနဲ့ ကြုံတွေ့ကြရကာ ဘယ်သောအခါမှ တိုး တက် စည်ပင် ဝပြောသည့် နိုင်ငံတခု ဖြစ်လာနိုင်ဖွယ်ရာ မရှိပေ။

တိုင်းပြည်ကို အုပ်ချုပ်သူများ တရားဥပဒေနဲ့ အညီ အုပ်ချုပ်မှု ရှိလာအောင်၊ ဘာသာတရားနှင့် အမှန်တရားများကို သိမြင် လက်ကိုင်ထားနိုင်အောင်၊ နည်းပေး လမ်းညွှန် ဆိုဆုံးမပေးဘို့ရန် အတွက် ဘာသာရေးခေါင်းဆောင်များ ဖြစ်ကြသည့် နိုင်ငံတော် သံဃမဟာနာယက ဆရာတော်များမှာ တာဝန် အပြည့်အဝ ရြှိကပေသည်။ ခက်နေသည်က အာဏာရှင်များသည် ဘာသာရေးခေါင်းများကိုပါ သူတို့၏ ခါးပိုက်ဆောင် လက်ကိုင်တုတ် အဖြစ် သဘောထားနေသည်ကို ဘာသာရေးခေါင်းဆောင်များဖြစ်ကြ သည့် သံဃမဟာနာယက ဆရာတော်များကိုယ်တိုင်က ကြည်ဖြူစွာ လက်ခံ လိုက်နာ နေကြခြင်းပင် ဖြစ်သည်။ တိုင်းပြည်တွင်းမှာလဲ အဂတိတရားများက နေရာတိုင်းတွင် ပြည့်နှက်နေကြပါပြီ။

ရှေးတုန်းအခါတုန်းက မင်းများ ကိုးကွယ်တဲ့ ဆရာတော်ကြီးများဆိုရင် အုပ်ချုပ်သူများ လုပ်ရပ်တွေ

မှား နေပြီဆိုပါက လမ်းမှန်ကို ညွှန်ပြ ပြောဆိုဆုံးမပြီး တည့်မတ်ပေးလေ့ ရှိခဲ့ကြပါသည်။ အုပ်ချုပ် သော မင်းများကလဲ ဘာသာရေးအသိ ရှိကြလို့ လိုက်နာ ကျင့်သုံးလေ့ရှိခဲ့ကြသည်။ မင်းတုန်းမင်းကြီး ဆိုရင် စာနယ်ဇင်းသမားများကို“ ငါ မကောင်းရင် ငါ့အကြောင်းရေး၊ ငါ့ မိဖုရား မကောင်းတာလုပ်ရင်လဲ ငါ့ မိဖုရားအကြောင်းရေး” လို့တောင်မှ အတိအလင်း ခွင့်ပြုပြီး ဝေဖန်ခံရဲတဲ့ သတ္တိနှင့် အမှန်တရားကို မြတ်နိုးသည့် စိတ်ဓာတ် အပြည့်အဝ ရှိခဲ့ပါသည်။

ရှေ့ဆောင် နွားလား၊ ဖြောင့်ဖြောင့်သွားသော်၊ နောက်နွားတသိုက်၊ ဖြောင့်ဖြောင့်လိုက်၏.. လို့ အဆို ရှိသကဲ့သို့ .. ခေါင်းဆောင်ဖြစ်တဲ့ သူများက မှန်မှန်ကန်ကန် တရားနှင့်အညီ လုပ်ကိုင် ဆောင်ရွက်မှ သာ နောက်လိုက်ဖြစ်တဲ့ ငယ်သား ဝန်ထမ်းများကလည်း မှန်မှန်ကန်ကန် လုပ်ကိုင်ကြမည် မဟုတ်ပါ လော?

ယနေ့ မြန်မာနိုင်ငံတွင် စေတနာ မေတ္တာနှင့် ခန္တီတရားများမရှိ၊ တရားဥပဒေနှင့် အမှန်တရားများ ကင်းမဲ့ပြီး ထင်ရာစိုင်းတဲ့ ဥပဒေများနှင့် အုပ်ချုပ်နေကြသည့်အခါ တိုင်းပြည်အတွင်း သဘာဝဘေး ဒဏ် များနှင့် ရောဂါကပ်ဆိုးကြီးများ ကျရောက်လာသည်။ ဒီမျှလောက် သယံဇာတ ပေါ်ကြွယ်ဝသည့် တိုင်း ပြည်က ဆင်းရဲမွဲတေ ကြပ်တည်းပြီး အခြားနိုင်ငံများတွင် ကျွန်အဖြစ် အခိုင်းအစေအဖြစ်နဲ့ ရရာ အလုပ် များကို ညှိုးငယ်စွာ လုပ်ကိုင်စားသောက်နေကြရသည့် အဖြစ်သို့ ဆိုက်ရောက်ခါ ကမ္ဘာမှာ မျက်နှာ အ ငယ်ရဆုံး နိုင်ငံသားတွေ အဖြစ်နဲ့ နိုင်ငံသူ နိုင်ငံသားတွေမှာ ကြုံတွေ့နေရပြီး ရင်းစီးခံစား နေကြရရှာ သည်။

ထိုကဲ့သို့ အသိဉာဏ်မဲ့ တရားလက်လွတ် အုပ်ချုပ်လာခဲ့ကြသည့် စစ်အာဏာရှင် လက်ထက် အ ဆက်ဆက်မှာ ပြည်သူများနှင့်အတူ ဘာသာရေးခေါင်းဆောင်များ ဖြစ်ကြသည့် ရဟန်းသံဃာများမှာ လည်း ဖိနှိပ်မှု ချုပ်ချယ်မှု စွပ်စွဲမှု ညှင်းပန်း နှိပ်စက် သတ်ဖြတ်မှု မျိုးစုံကို လက်ရှိ အချိန်ထိအောင်ပင် လည်စင်း ခံစားခဲ့ကြရ ခံစားနေရဆဲ ဖြစ်ပါသည်။

မကြာသေးမီ ကာလကလည်း ပြည်ပမှ ပြန်လည် ကြွရောက်လာခဲ့ကြသော သံဃာတော်များကို အကြမ်းဖက် လုပ်ငန်းများ လုပ်ဆောင်ကြသည် ဆိုပြီး အခြေအမြစ် အထောက်အထား ကင်းမဲ့စွာ စွပ်စွဲ ခဲ့ကြပြန်ပါသည်။ သံဃာတော်များဆိုသည်မှာ တရားလက်နက် မေတ္တာလက်နက်မှ လွဲ၍ မည်သည့် လက်နက်ကိုမျှ ကိုင်ဆောင်ခဲ့ရိုး ထုံးစံ မရှိကြပေ။

စစ်အာဏာရှင် ခေတ်အဆက်ဆက် ဤကဲ့သို့ စွပ်စွဲမှုများစွာကို မကြာခဏ ပြုလုပ်ခဲ့ကြပါသည်။ အာဏာရှင်တို့ သည် အခက်အခဲ အကြပ်အတည်းနှင့် ရင်ဆိုင် ကြုံကြရလေတိုင်း ဘာသာတရားများ ကိုလဲ အကြိမ်များစွာ အသုံးချပြီး ဓားစာခံ လုပ်လေ့ရှိကြပါသည်။ ကြားသိရသူ ပြည်သူများအနေဖြင့် အာဏာရှင်များ၏ လှည့်ကွက် လိမ်ကွက် အသုံးချကွက်များကို သဘောပေါက် သိရှိ နားလည်ကြပြီး ဖြစ်လိမ့်မည်ဟု ယုံ ကြည် မိပါသည်။

စစ်အာဏာရှင်များ လုပ်ကြံ စွပ်စွဲခဲ့ပုံများ

စာရေးသူတို့ လက်လှမ်းမီသလောက်တော့ ဒီလို စွပ်စွဲမှုများကို ဂိုဏ်းပေါင်းစုံ သံဃာ့အဖွဲ့ အစည်း များ မဖွဲ့စည်းခင် 1979 -ခုနှစ်အတွင်း ကာလများမှ စ၍ ပြုလုပ်ခဲ့ကြသည်ကို တွေ့ရပါသည်။ ဘာသာ

ရေး အဓိကရိုဏ်းများဖြစ်အောင်လဲ ဖန်တီးခဲ့ကြသည်။ 1990-ခုနှစ် ပတ္တနိက္ကုဇ္ဖန သံဃာ့ကံဆောင်အပြီး ကာလများတွင်လည်း စွပ်စွဲမှုများကို မှတ်မိသရွေ့ အကျဉ်းမျှ တင်ပြရလျှင်……

အလုံ အောင်မင်္ဂလာတိုက်သစ်၊ ရွာမ စာသင်တိုက်၊စမ်းချောင်း- ဗားကရာ ကျောင်းတိုက်၊ နေနတ် သားစာသင်တိုက်၊ လှိုင် ဇေယျဝတီစာသင်တိုက်၊ ကျားကျောင်း ပရဟိတစာသင်တိုက်၊ သရက်တော ကျောင်းတိုက်ထဲမှ ကျောင်းတချို့၊မ/ဥက္ကလာ ဇွဲဇုံကျောင်းတိုက်၊ တပ်တွင်းကျောင်းတိုက်၊ စတဲ့ ရန်ကုန် မြို့မှ ကျောင်းတိုက်များနှင့် သံဃာများကို၎င်း။ မန္တလေးမြို့တွင် မစိုးရိမ်တိုက်ဟောင်း/ တိုက်သစ်၊ ဘုရားကြီးတိုက်၊ မြတောင်တိုက်၊ ထီးလင်းတိုက်၊ စသော စာသင်တိုက်များကို၎င်း — လက်နက်များ ကျည်ဆံ ဗုံးဆံများပစ်ချ၍၎င်း၊ ကျောင်းတိုက်များမှ တွေ့ရှိရ သယောင်ဖြင့် သတင်းဌာနများမှ မဟုတ်

မဟတ် လုပ်ဇာတ် ခင်းကာ စွပ်စွဲခဲ့ကြသည်။

အဲဒီအချိန် (90)ခုနှစ် သပိတ်မှောက် ကံဆောင်စဉ်က မစိုးရိမ်တိုက်ဟောင်းတွင် ကိုယ်တိုင် ကြုံခဲ့ ရ သည်မှာ… နံနက် (၅)နာရီခွဲခန့် အချိန် ……. စစ်ကားများ တင့်ကားများအပါအဝင် တပ်သား (၃၀၀၀)ခန့်မျှ ရှိသည့် အင်အားဖြင့် ရှေ့တန်း စစ်မြေပြင်ကို ဝင်ရောက် သိမ်းပိုက်သကဲ့သို့ ကျောင်း တိုက် ပတ်ပတ်လည်မှ ဝစီများမှုတ် – ညာသံပေး ပြီး တိုက်တွင်းရှိ ကျောင်းဆောင် အသီးသီး၏ တံခါး ပေါက်များကို ခြေဖြင့် ဆောင့်ကန်၍ သေနတ်များဖြင့် ရိုက်ချိုး ဖွင့်ခိုင်းကာ အတင်း ဝင်ရောက် စီးနင်း သိမ်းပိုက်ခဲ့ပါသည်။

သံဃာများမှာ အမူအယာ မပျက် ပုံမှန် လုပ်နေကြအတိုင်း မျက်နှာသစ်ရေခွက်များ ကိုယ်စီ ကိုင်ခါ မျက်နှာများ သစ်ကြပြီး အေးဆေးစွာပင် ကိုယ့်ကျောင်းဆောင်အတွင်း ကိုယ်ပြန်ဝင်နေထိုင်ကြသည်။ နံက် (၈) နာရီ ခန့် ရောက်သောအခါမှ ကျောင်းတိုက်ထဲသို့ ရောက်ရှိနေကြပြီး ကြောင်စီစီနဲ့ လိုက်ကြည့် နေကြသည့် များစွာသော စစ်သားတွေကို “ခင်များတို့ ဘာဖြစ်လို့ ဒီလို ဝင်စီးကြတာလဲ”လို့ မေးကြတဲ့ အခါမှာ..“ ဒီကျောင်းတိုက်ထဲမှာ သူပုန်တွေ စုရုံးရောက်နေတယ်၊ ကျောင်းသား သူပုန်တွေလဲ လက် နက်တွေနဲ့ အတူ ရောက်ရှိ ခိုလှုံနေတယ် ဝင်သိမ်းရမယ်- လို့ လူကြီးတွေက ပြောဆိုပြီး ခေါ်လာကြတာ ” လို့ ပြောတယ်။ “ အထဲကို ဝင်လိုက်တာနဲ့ ပြန်လည် ခုခံ တိုက်ခိုက်ကြလိမ့်မယ်လို့ ထင်နေကြတာ အခု ဘာမှ မတုန့်ပြန်တော့ တပည့်တော်တို့လဲ အံ့သြပြီး ကြောင်သွားကြတယ်”လို့ တပ်စိပ်မှူးများ ကိုယ်တိုင်ပြောပြကြပါသည်။

နောက် သူတို့ကို “အထဲကို ရောက်လို့ ရင်ဆိုင် တိုက်ခိုက် ကြရပြီဆိုရင် ဒုတ်နဲ့ တိုက်ခိုက်လာရင် ဒုတ်နဲ့ ပြန်တိုက်၊ ဒါးနဲ့ တိုက်ခိုက်လာရင် ဒါးနဲ့ပဲ ပြန်တိုက်၊ လောက်လေးခွနဲ့ တိုက်ခိုက်လာရင် လောက်လေးခွနဲ့ပဲ ပြန်တိုက် ရမယ်”လို့ မှာကြားထားကြောင်းလဲ ရဲဘော်များက ပြောကြားကြပါသည်။ ရဲဘော်များရဲ့ သေနတ်တွေထဲမှာ ကျည်ဆံ လုံးဝ မပါကြဘူး။ တပ်စိပ်မှူးတွေတောင်မှ ကျည် နှစ် တောင့်ပဲ ပေးပြီး အရေးကြီးမှ သုံးဘို့ မှာထားတယ်တဲ့လေ။ အဲဒီနှစ်က မစိုးရိမ်ကျောင်းတိုက်၊ မဟာဝိ သုဒ္ဓါရုံကျောင်းတိုက်နှင့် (35)လမ်းရှိ အစောင့်ချထားသည့် စစ်သားများနှင့် နေ့စဉ်လိုလို လောက်လေး ခွ စစ်ပွဲ ဆင်နွှဲခဲ့ကြရပါသေးသည်။

နောက်ပိုင်း သံဃာများနှင့် စကားပြောကြရင်း အကြောင်စုံကို သိသွားတော့မှ ရဲဘော်များလဲ သူတို့ အလိမ်ခံရမှန်း သိသွားကြပြီး တပည့်တော်တို့ ရှေ့တန်းက ပြန်လာလာချင်း ခေါ်လာတာ ည (၁၂) နာရီ လောက်ထဲက ရောက်နေကြတာ တရေးမှ မအိပ်ကြရသေးဘူးဆိုပြီး အတုံးအရုံး အိပ်ကုန်

ကြပါသည်။ နေ့လည် ထမင်းစားချိန်ရောက်လို့ သူတို့ စားတဲ့ ထမင်း ဟင်းများကို ကြည့်လိုက်တော့ ထမင်းတွေက ကြမ်းထော် နီရဲနေပြီး ဆီမပါ အခပ်မပါတဲ့ ရေလုံပြုတ် ပဲသီးကြော်လေးနဲ့သာ စားနေကြ ရတာကို တွေ့ လိုက်ရတော့ သံဃာများမှာ စိတ်မကောင်းဖြစ်ခဲ့ကြရပါသေးသည်။ ဆွမ်းဟင်းများ ပေး ကြွေးချင်သော်လည်း အဲဒီရက်များမှာ ဆွမ်းခံ မထွက်နိုင်ကြတာက တကြောင်း၊ သူတို့က လူကြီးတွေကို ကြောက်နေကြလို့ မယူရဲကြတာက တကြောင်းကြောင့် မပေးဖြစ်ခဲ့ကြဘူး။

အဲဒီအချိန် ကျောင်းတိုက်အတွင်း ရှာဖွေရင်း အစောင့်ချထားသော တချို့သော စစ်သားများက ကုဋီ အနား ရေစင်အနီးနား တို့တွင် လက်ပစ်ဗုံးများကို ခိုးကြောင်ခိုးဝှက် ပစ်ချနေသည်ကို တွေ့ရှိရ၍ “ဟေ့ ကောင် မင်း ဒါ ဘာလုပ်တာလဲ မယုတ်မာနဲ့ ပြန်ကောက်” လို့ သံဃာများက ပြောမှ ပြန်လည် ကောက် သိမ်းသွားခဲ့သည်။ ဒါတောင်မှ တချို့နေရာတွင် လက်နက်များချထားခဲ့သည်ကို အသိနောက်ကျခဲ့၍ ဓာတ်ပုံများ ရိုက်ယူရာတွင် ကျောင်းတိုက်များမှ တွေ့ရှိရသယောင် လုပ်ကြံသွားခဲ့ကြသည်။

ဂျပန်ခေတ်က မစိုးရိမ်ကျောင်းတိုက်အတွင်း ဂျပန်စစ်သားများ စခန်းချသွားသည်ကို သမိုင်းဖတ်ဖူး ကြသူတိုင်း လေ့လာသူတိုင်း သိပေလိမ့်မည်။ ၎င်းဂျပန်ခေတ်က မြေကြီးထဲတွင် နစ်မြုတ် ကျန်ခဲ့သော ကျည်ဆံအခွံ ကျည်အ များကို မြေကြီးကို တူးဆွရင်း တွေ့ကြပြီး သံဃာများမှ ဝှက်ထားသယောင် လုပ် ကြံကာ သတင်းစာများတွင် ထည့်ကြေညာ၍ စွပ်စွဲကာ ယုတ်မာခဲ့ကြပါသည်။

1997 -ခုနှစ် မတ် လဆန်း ( တပေါင်းလဆန်း-၈-)ရက်တုန်းကလည်း နိုင်ငံ၏ ငွေကြေး အကြပ် အတည်းကြောင့် ပတ္တမြားငမောက် ရတနာကို ရှာပုံတော်ဖွင့်ကြရာမှာ– မန္တလေး နန်းတွင်းနှင့် ပုဂံ အာနန္ဒာစတဲ့ ဘုရားစုံ၏ စိန်ဖူးတော်များ၊ ပခုက္ကူမြို့-သီဟိုဠ်ရှင်ဘုရားဝင်းအတွင်းရှိ သစ်ကနက်သား ဖြင့် ထုလုပ်ထားသော ရှေးဟောင်း အဖိုးတန် သရက္ခန်ဘုရားကိုလဲ… ဘုရားလူကြီးများနှင့် မြို့သူမြို့ သား များကို သေနတ်ဖြင့် ချိန် ရွယ်ကာ သတင်း ပေါက်ကြားရင် အားလုံး သတ်ပစ်မယ်ဟု ချိမ်းခြောက် ပြီး ခိုးယူသွားခဲ့ကြပါသည်။

နောက်ဆုံး မဟာမြတ်မုနိဘုရားကြီးရဲ့ အလှည့်ရောက်လာတယ်။ စစ်အတွင်းက ဗုံးဒဏ်ကြောင့်

ဘုရား မကိုဋ်တော် အက်နေတယ် ပြင်ရမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဘုရားကြီးရဲ့ ဝမ်းဗိုက်တော်ကို ဖောက်ပြီး ဝမ်းထဲနှင့် လက်တော်တွေထဲမှာ အပြည့်ရှိနေတဲ့ ရွှေငွေနဲ့ ကျောက်မြတ်ရတနာမျိုးစုံ ဌပနာ တော်တွေကို ခိုးတော့တာပါပဲ။ မကိုဋ်တော် အက်နေတယ်ဆိုရင်လဲ မကိုဋ်တော်ကိုသာ ပြင်ရမည်။ ဘာ ကြောင့် ဝမ်းဗိုက်တော်ကို ဖောက်ရတာလဲ။ (၆)လက္မခန့်ရှိတဲ့ အပေါက်ကနေ အပြည့်ရှိတဲ့ ဌပနာတော် များကို အကုန်ခိုးယူပြီး သင်္ကန်းစုတ်နဲ့ ဆို့ပိတ်ထားတာကို တွေ့မြင်ကြရသည့်အခါ မန္တလေး- လေးပြင် လေးရပ်ရှိ သံဃာတော်များနှင့် မြို့နေ ပြည်သူများ၊ နယ်အသီးသီးမှ ရောက်လာကြတဲ့ ဘုရားဖူးပြည်သူ များမှ မကြေမနပ် ဖြစ်ကြခါ ဘုရားရင်ပြင်တော် အပြည့် တပေါင်းလဆန်း(၁၂)ရက်နေ့တွင် အစည်းအ ဝေးကြီး ပြုလုပ်၍ ၎င်း ကိစ္စကို ဖြေရှင်းပေးဘို့် တောင်းဆိုနေကြချိန်တွင် တိုက်တိုက်ဆိုင်ဆိုင် အဲဒီရက် က ဘာသာရေးကိစ္စ တခုကလည်း ပေါ်ပေါက်နေခိုက်မို့ အာဏာရှင်များက ဘာသာရေး အဓိကရိုဏ်း

ဘက်သို့ ဦးတည်အောင် သွေးဆောင် ဖန်တီး လွှဲပြောင်းခဲ့ပြီး ဖမ်းဆီးမှု နှိပ်ကွပ်မှုများ ပြုလုပ်ခါ မဟာမု နိ ဘုရားကြီး အရေးကိစ္စကို ဖုံးကွယ်အောင် အတင်းအကြပ် လုပ်ဆောင်ခဲ့ကြသည်။

ထိုကိစ္စရပ်များနှင့် ပတ်သတ်ပြီး မစိုးရိမ်ကျောင်းတိုက် (၂)တိုက်ကို ဖြတ်လေး ဖြတ်ဖြင့် ဖြတ် တောက်မည်ဟုဆိုကာ ဆွမ်းခံ ဆွမ်းစားမှ အစ ကျောင်းတိုက် အပြင်ဖက်သို့ လုံးဝ ထွက် ခွင့် မပေးခဲ့ပဲ အကျယ်ချုပ်ဖြင့် (၇)ရက်ခန့် နေထိုင်ကြရပြီးနောက် (၃)လခန့်ကြာသည်အထိ ဆွမ်းခံ ဆွမ်းစား သွား ချိန်များတွင် ခဏတာ ပြင်ပသို့ ထွက်တာတောင် လက်မှတ်များထိုးပြီးမှ ထွက်ခွင့်ရကြသည်။ ကျောင်း တိုက်ရှိ သံဃာများ အားလုံးကို ခြေချုပ်ဖြင့် ထားခဲ့ကြသည်။ ၎င်း နှစ်တွင် အစိုးရ ပါဠိပထမပြန်စာမေးပွဲ ကိုလဲ ပိတ်ပစ်လိုက်ရသည်အထိ ဖြစ်ခဲ့ပါသည်။ အာဏာရှင်တို့ရဲ့ ထုံးစံအတိုင်း စွပ်စွဲ ပုတ်ခတ်မှုများစွာ ကိုပါ ပြုလုပ်ခဲ့ကြပြန်ပါသည်။

ဤကဲ့သို့ လုပ်ကြံပြီး အကြံပက်စက်ခါ ယုတ်မာခဲ့ကြဘူးပါသည်။

2007-ခုနှစ် စက်တင်ဘာလတွင် ပြည်တွင်း ကုန်ဈေးနှုန်းများ အဆမတန် တိုးမြှင့်လိုက်မှုကြောင့်

တိုင်းသူပြည်သားများ စားဝတ်နေရေး ခရီးသွားလာရေးများ၌ အကြပ်အတည်း ဒုက္ခမျိုးစုံနှင့် ရင်ဆိုင် ကြုံတွေ့နေကြသည်ကို မကြည့်ရက်နိုင်သည့်အတွက် ပြည်သူအများ အကြပ်အတည်း မျိုးစုံမှ လွတ် မြောက်ပြီး ပြေလည်နိုင်ကြစေရန် ရည်ရွယ်၍ တတိုင်းပြည်လုံး နီးပါးရှိ သံဃာတော်များမှ မိုးထဲ ရေထဲ လမ်းလျှောက် မေတ္တာပို့သရင်း မေတ္တာရပ်ခံ တောင်းဆိုကြသည်ကိုလည်း အကြမ်းဖက်၍ သတ်ဖြတ် နှိမ်နှင်းခဲ့ကြခါ ဗဟန်း၊ သင်္ဃန်းကျွန်း၊ မင်္ဂလာတောင်ညွန့် တောင်ဥက္ကလာ စတဲ့ မြို့နယ်များမှ ဘာ သာရေး အဆောက် အဦများကိုပါ ဖျက်ဆီးတာ ချိတ်ပိတ်ပစ်တာတွေလုပ်ခဲ့ကြပြီး သံဃာ တော်များနှင့် ကျောင်းတိုက်များကိုလည်း စွပ်စွဲ ပုတ်ခတ်မှုမျိုးစုံဖြင့် စွပ်စွဲခဲ့ကြတာကို ပြည်သူများ အားလုံး အသိပင် ဖြစ်သည်။

သံဃာတော်များသည် သပိတ်ကံဆောင်ခြင်း မေတ္တာပို့သခြင်း စတဲ့ အလုပ်ကိစ္စများကို ဗုဒ္ဓ၏ အဆုံးအမတော်အတိုင်း ဆောင်ရွက်ခဲ့ကြခြင်းသာ ဖြစ်ပေသည်။ ထို စက်တင်ဘာအရေးအခင်း ဖြစ်၍ တောင်ဥက္ကလာရှိ ငွေကြာရံစာသင်တိုက် အတွင်း ဝင်ရောက် စီးနင်းတုန်းကလဲ ကျောင်းတိုက်အတွင်း ရှိ ဗုဒ္ဓရုပ်ပွားတော်များ၏ ဦးခေါင်းများကို၎င်း၊ အခြား ဝင်အစီးခံရသည့် ကျောင်းတိုက်များမှ ဘုရား ဌာပ နာများ အလှူငွေများနှင့် သံဃာ့ ပစ္စည်းများကို၎င်း အာဏာရှင်များက ဖြတ်ယူ ခိုးသွားခဲ့ကြသေးသည်။

အထက်က ဖော်ပြခဲ့သော ဖြစ်ရပ်မျိုးစုံသည် စာရေးသူတို့ လက်လှမ်းမီသမျှ ကိုယ်တိုင် ကြုံတွေ့ခဲ့ရ သော စစ်အာဏာရှင်ခေတ်အတွင်း ဘာသာတရားနှင့် သံဃာတော်များအပေါ် ရိုင်းစိုင်း ယုတ်မာစွာ ပုတ်ခတ် စွပ်စွဲမှုများပင်ဖြစ်သည်။

စစ်အာဏာရှင်များ ခေတ်အဆက်ဆက်တွင် ဘာသာတရားနှင့် သံဃာတော်များ အပေါ် ဖိနှိပ် ချုပ်

ချယ် နှိပ်ကွပ် ဖမ်းဆီး သတ်ဖြတ်လိုလျှင် ထိုကဲ့သို့ အကြောင်းအမျိုးမျိုးပြကာ စွပ်စွဲမှုမျိုးစုံဖြင့် အခြေအ

မြစ်ကင်းမဲ့စွာ စွပ်စွဲ ပုတ်ခတ်လေ့ရှိကြသည်မှာ ယနေ့အချိန်ထိ တိုင်အောင်ပင်ဖြစ်သည်။ စစ်အာဏာ ရှင်စနစ်ဆိုးများ တည်ရှိနေသရွေ့ ထိုကဲ့သို့ စွပ်စွဲ ပုတ်ခတ် စော်ကားမှုများဟာလည်း ရပ်တန့်သွားလိမ့်

မည် မဟုတ်ပေ။ မတရားမှုများစွာကို ကျူးလွန်ထားသူတို့မှာ အခြား ဘယ်လို ပုဂ္ဂိုလ်မျိုးကို မဆို စွပ်စွဲ နှိပ်စက် ဖျက်ဆီးရန်မှာ ခဲယဉ်းမည် မဟုတ်တော့ပေ။

ဗုဒ္ဓကိုယ်စား ဘုရားစေတီ ရုပ်ပွားတော်များရဲ့ ရွှေတွေ ဌပနာတွေ စိန်ဖူးတော်တွေခိုးပြီး ဘုရားဝမ်း ဗိုက်ကိုဖောက် ဘုရားလည်ကိုတောင် ဖြတ်ရဲသည်အထိ ကျူးလွန်ထားကြတဲ့ လူယုတ်မာ စစ်အာဏာ

ရှင်တွေနဲ့ နောက် လိုက်တွေအတွက်ကတော့ သံဃာတွေနဲ့ ပြည်သူတွေကို သတ်ဖြတ်တာဟာ ထမင်း စား ရေသောက်တာလောက်တောင် ခဲယဉ်းမှာ မဟုတ်တော့ပါဘူး။

ယင်းကဲ့သို့ လုပ်ရပ်များသည် စစ်အာဏာရှင်များဘက်မှ ဖမ်းဆီး နှိပ်ကွပ် သတ်ဖြတ် စော်ကားနိုင် ရန် အတွက် သက်သက်သာ ဖြစ်သော်လည်း အမှန်တကယ် လေးလေးနက်နက် စဉ်းစားကြည့်မည် ဆို ပါက ဘာသာ တရားကို စော်ကားနေခြင်းသာ ဖြစ်ပြီး ဘာသာတရား အားနည်း ချိနဲ့ ကွယ်ပျောက် အောင် ဖျက်ဆီး နေရာ ရောက်ပါသည်။

အထက်က တင်ပြခဲ့သလို တိုင်းပြည်ကို စေတနာမှန် မေတ္တာမှန်ဖြင့် ခန္တီတရား အရင်းခံ၍ အုပ် ချုပ်သူများ မှန်လျှင် ဘာသာတရား အဆုံးအမဖြင့် လုပ်ရပ်မှားများကို ထောက်ပြပြီး ဆိုဆုံးမလာခဲ့သော်

နာခံ ဆောင်ရွက်ရမည်သာဖြစ်သော်လည်း … ယနေ့ စစ်အာဏာရှင်များသည် တိုင်းပြည်၏ သယံဇာ တများကို အပိုင်စီးလိုစိတ်၊ ပြည်သူများကို ညှင်းဆဲလိုစိတ်၊ ပြည်သူများ၏ စည်းစိမ်များကို ဂုတ်သွေး စုတ်လိုစိတ်၊ ကိုယ်တိုင်က တိုးတက် ဖွံ့ဖြိုးအောင် မစွမ်းဆောင်နိုင်ပါပဲနှင့် အာဏာကို လက်မလွှတ်

ချင်တဲ့စိတ်.များဖြင့် လက်နက်အားကိုးကာ တိုင်းပြည်၏ အာဏာကို သိမ်းပိုက်ထားကြသူများ ဖြစ်သည့်

အားလျော်စွာ ဘာသာတရားရဲ့ အဆုံးအမကို မလိုက်နာကြသည့်အပြင် ပိုမို၍ပင် နှိပ်စက် သတ်ဖြတ် ရိုင်းစိုင်းပြခဲ့ကြလေသည်။

ဗုဒ္ဓရှင်တော်မြတ်က ဓမ္မပဒမှာ လုပ်ရပ်မှားများကို ထောက်ပြ ဝေဘန် ပြောဆိုလာတဲ့သူကို ရွှေအိုး

ကို တူးဖော်ပေးတဲ့သူ.. အလင်းရောင်ကို ညွှန်ပြပေးတဲ့သူ..ဟု သဘောထားရမည်ဟု ဆိုဆုံးမ ခဲ့သည် မဟုတ်ပါလား?.. စစ်အာဏာရှင်များကတော့ အမှန်တရား ဆိုတဲ့ အသံကို လုံးဝ မကြားချင်ကြပါ။ အမှန်တရား အကြောင်း ပြောလာသူမှန်သမျှ ရန်သူဟု သတ်မှတ်ခါ သတ်ဖြတ်ပစ်နေကြပါသည်။ အမှန်တရား လက်ကိုင်ထားသည့် ဗုဒ္ဓဝါဒနှင့် စစ်အာဏာရှင်စနစ် အုပ်ချုပ်ရေး ဆိုသည်မှာ .. အရှေ့နဲ့

အနောက်… ဆီနဲ့ ရေ.. တမာနှင့် သကာပမာ.. လုံးဝ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ဘက် ဖြစ်ပါသည်။

ထို့ကြောင့် အမှန်တရားကို လက်ကိုင်ထားပြီး အမှန်တရားကို မြတ်နိုးကြသည့် သံဃာတော်များ အနေဖြင့်.. ဗုဒ္ဓရှင်တော်မြတ်က ဗြဟ္မဇာလသုတ်တော်မှာ… ရတနာသုံးပါးနှင့် ပတ်သတ်၍ အတု အ ယောင်တွေ အစစ်အမှန် မဟုတ်ဘူး စသည်ဖြင့် မဟုတ်မမှန် စွပ်စွဲ ပြောဆိုလာခဲ့လျှင် ..ဘယ်လို လူမျိုး

ပဲ ဖြစ်နေပါစေ မဟုတ်လျှင် မဟုတ်တဲ့ အကြောင်း၊ မမှန်လျှင် မမှန်တဲ့ အကြောင်း ပြန်လည် ချေပ ပြော ဆိုကြရမယ်..လို့ မှာကြားတော်မူခဲ့တဲ့ ဩဝါဒ စကားကို လိုက်နာပြီး… စွပ်စွဲမှုများကို ချေဖျက်တွန်းလှန်

ပစ်ရမည်သာဖြစ်သည်။

ထို့ပြင် သဘာဝလည်းမကျ၊ ဓမ္မနည်းနည်းလမ်းလည်း မမျှတ၊ ပြည်သူများ ဘဝ ချွတ်ခြုံကျပြီး ဘာ

တခုမှ လွတ်လပ်ခွင့် မပေးပဲ ဖိနှိပ်ချုပ်ချယ်မှု မှန်သမျှကို တွန်းလှန် ကာကွယ်ရမည်သာ ဖြစ်သည်။

စစ်အာဏာရှင်များ ပြုလုပ်ကြမယ့် 2010- ရွေးကောက်ပွဲဆိုသည်မှာလည်း အခြေခံဖြစ်တဲ့ ဥပဒေကမှ

မျှတမှု မရှိသည့်အတွက် .. ရေခံ မြေခံ မျိုးစေ့ မမှန်ပဲနဲ့တော့ သီးပွင့်လာမယ့် ဒီမိုကရေစီ နိုင်ငံဆိုသည်

မှာလည်း ညံ့ဖျင်း စုတ်ပြတ် မွန်းကြပ် သိပ်သည်းပြီး အကြပ်အတည်းမျိုးစုံတွေ ပြည့်နှက်နေတဲ့ နိုင်ငံ တခုသာ ဖြစ်လာမှာ ဖြစ်တဲ့အတွက်… တိုင်းရင်းသား ပြည်သူများနှင့် အတိုက်အခံ ဖြစ်တဲ့ ဒီမိုကရေစီ အင်အားစုများအနေဖြင့် မိမိတို့ကိုယ်တိုင်နှင့် အနာဂတ် မျိုးဆက်သစ်များ စစ်အာဏာရှင် စနစ်ဆိုး အောက်မှာ ငြိုးငယ်စွာနဲ့ ဆက်လက် ရှင်သန် ဖြတ်သန်းရမယ့် အရေး၊ အကြပ်အတည်း မျိုးစုံ ဒုက္ခ နွံ ထဲမှာ နစ်ကြရမယ့် အရေးကို မျှော်တွေးပြီး.. စစ်အာဏာရှင်များ၏ လှည့်ကွက် ညာကွက် ညစ်ပတ် စုတ်ပဲ့ကွက်များကို သတိရှိရှိ အမြော်အမြင်ကြီးကြီးဖြင့် ရှုမြင် ဆုံးဖြတ်ခါ ပုဂ္ဂလိက အခွင့်အရေးများကို

သာ မကြည့်ကြပဲ အားလုံး လွတ်မြောက်နိုင်အောင် တရားမည်ထင်သော နည်းလမ်းမျိုးစုံဖြင့ှ် ရင်ဆိုင် တိုက်ပွဲ ဝင်သွားကြစေလိုကြောင်း တိုက်တွန်း လိုက်ပါသည်။

မေဓာဝီ (ABMA) (ပြည်တွင်း သံဃာ့တပ်ပေါင်းစု တာဝန်ခံ)
http://allburmamonksalliance.com/?p=4202#more-4202 မှ

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်