ပင်လုံဗုံးကွဲ လေးဦးဒဏ်ရာရ
ကျော်ခ | ကြာသပတေးနေ့၊ ဖေဖေါ်ဝါရီလ ၁၈ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၁၀ မိနစ် .
ချင်းမိုင် (မဇ္ဈိမ) ။ ။ ရှမ်းပြည်တောင်ပိုင်း ပင်လုံမြို့တွင် ဖေဖော်ဝါရီ ၁၆ ရက်နေ့က ဗုံးပေါက်ကွဲမှုတခု ဖြစ်ပွားရာ လူ ၄ ဦး ဒဏ်ရာရ ရှိသွားသည်။
ပြည်ထောင်စုနေ့ အထိမ်းအမှတ်ပွဲ ကျင်းပနေစဉ် မြို့နယ်ဘောလုံးကွင်းအတွင်း အောင်မာဃဇာတ်ရုံအနီး ပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူများမှာ မြို့နယ်ဆေးရုံတွင် ကုသမှု ခံယူနေရသည်။
ဗိုလ်မှူးကြီး ယွက်ဆစ်ဦးဆောင်သည့် ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) SSA-S အဖွဲ့၏ လက်ချက်ဟု စစ်အစိုးရ၏ စွပ်စွဲချက်ကို ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။
ပင်လုံမြို့သည် ဗမာနှင့် တိုင်းရင်းသားများအကြား ပထမဆုံး နိုင်ငံရေးယုံကြည်မှု တည်ဆောက်နိုင်သော နေရာဖြစ်ပြီး ဗြိတိသျှ ကိုလိုနီလက်အောက်မှ အတူတကွ လွတ်လပ်ရေးရယူမည်ဟု ၁၉၄၇ ခု ဖေဖော်ဝါရီ ၁၂ ရက်နေ့က သဘောတူ လက်မှတ်ရေးထိုးခဲ့သည့် နေရာလည်း ဖြစ်သည်။ ယင်းနေ့ကို ပြည်ထောင်စုနေ့အဖြစ် သတ်မှတ်ခဲ့သည်။
SSA-S ကမူ ၎င်းတို့၏ လက်ချက်မဟုတ်ကြောင်း ငြင်းဆိုလိုက်ပြီး၊ တိုင်းရင်းသားအချင်းချင်း ယုံကြည်မှု ကွဲပြားစေရန် ရည်ရွယ်၍ လီဆယ်ခြင်းသာဖြစ်သည်ဟု တုန့်ပြန် ပြောကြားလိုက်သည်။
“နအဖ စစ်အာဏာရှင်တွေကို လက်နက်ကိုင် ဆန့်ကျင်နေတာမှန်ပေမယ့် မပြေလည်သေးတဲ့ နိုင်ငံရေး ပြဿနာတွေကို နိုင်ငံရေး နည်းလမ်းနဲ့ ငြိမ်းချမ်းစွာပဲ လုပ်ချင်ပါတယ်။ ဒီလိုမျိုးလုပ်ရပ်နဲ့ ဘယ်တော့မှ မလုပ်ပါဘူး” ဟု ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်လောဝ်ဆိုင်းက မဇ္ဈိမကို ပြောသည်။
စစ်အစိုးရ၏ ၂၀၀၈ ဖွဲ့စည်းပုံနှင့် ၂၀၁၀ ရွေးကောက်ပွဲတို့ဖြင့် နိုင်ငံရေး ပြဿနာများကို ဖြေရှင်းပေးနိုင်မည် မဟုတ်ဟုဆိုကာ SSA-S က ကန့်ကွက်ထားသည်။
အလားတူပင် ရှမ်းပြည်နယ် မြောက်ပိုင်း လောက်ကိုင်မြို့၌ ယခုလ ၁၅ ရက်နေ့နှင့် ၁၇ ရက်နေ့များက ဖြစ်ပွားသော ဗုံးပေါက်ကွဲမှုများနှင့်ပတ်သက်၍လည်း သတင်းစာက “တရားခံပြေးများဖြစ်သော ဖုန်ကျားရှင်၊ ဖုန်ကျားဖူး၊ ဖုန်တာ့ရွှင်၊ ဖုန်တာ့လီ တို့၏ ယခင်မြန်မာပြည်အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (ကိုးကန့်အဖွဲ့)” လက်ချက် ဖြစ်သည်ဟု စွပ်စွဲထားသည်။
လောက်ကိုင် ဗုံးပေါက်ကွဲမှုကြောင့် လူသေဆုံးမှုမရှိဘဲ တရုတ်လူမျိုး (၃) ဦး အပါအဝင် ၉ ဦး ဒဏ်ရာရရှိကြောင်း မြန်မာ့အလင်းက ဖော်ပြထားသည်။
သို့သော်လည်း တရုတ်-မြန်မာနယ်စပ်မှ စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက တရုတ်နိုင်ငံသားတဦး သေဆုံးကာ ၁၀ ဦးကျော် ဒဏ်ရာရသွားသည်ဟု ပြောသည်။
“တရုတ် အမျိုးသားတွေရဲ့ အထွဋ်အမြတ်ပွဲ ကာလမှာ (ဖုန်) ဦးဖုန်ကျားရှင်ကလုပ်လို့ တရုတ် တယောက် သေတယ်ဖြစ်အောင် လုပ်တာပေါ့ဗျာ။ တချို့အဖမ်းခံရပြီး နှိပ်စက်လို့ ဝန်ခံရတဲ့သူတွေဆိုရင် ဗုံးခွဲဖို့မပြောနဲ့ သေနက်သံတောင် ကြားဖူးတာ မဟုတ်ဘူး။ သူတို့ထည့်ချင်ရင် ဆွဲထည့်တာ” ဟု ဦးအောင်ကျော်ဇောက ပြောသည်။
ယမန်နေ့ မနက် အစောပိုင်းက ယင်းရပ်ကွက်ရှိ ဈေးဟောင်းနေရာ၌ မိုင်း ၂ လုံး ပေါက်ကွဲခဲ့ သော်လည်း ထိခိုက်ဒဏ်ရာ မရှိကြောင်း မြန်မာ့အလင်းက ဖော်ပြထားသည်။
တရုတ်နယ်စပ်အနီးရှိ ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ (၁) (ကိုးကန့်အဖွဲ့) ဥက္ကဋ္ဌ ဦးဖုန်ကျားရှင် ခေါင်းဆောင်သော အဖွဲ့အား မူးယစ်ဆေး ထုတ်လုပ်မှု၊ လက်နက်စက်ရုံတည်ရှိမှုကို အကြောင်းပြ၍ ၂ဝဝ၉ ခုနှစ် သြဂုတ်လကုန်ပိုင်းတွင် မြန်မာစစ်တပ်က တိုက်ခိုက်ခဲ့သည်။
ဦးဖုန်ကျားရှင်အဖွဲ့ စစ်ရှုံး၍ တရုတ်နိုင်ငံဘက် ခိုလှုံသွားပြီးနောက် စစ်အစိုးရတပ်က ၎င်းတို့ထံ သစ္စာခံပြီး ကိုးကန့်ခွဲထွက် ဦးပိုင်စုံချိန်အား ခေါင်းဆောင်အဖြစ် ခန့်အပ်ခဲ့ပြီး ၂ဝဝ၉ ခုနှစ် နှစ်ကုန်ပိုင်း၌ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းစေခဲ့သည်။
http://www.mizzimaburmese.com/news/inside-burma/4856-2010-02-18-13-02-26.html
(ကိုဝိုင်း တည်းဖြတ်သည်)
Thursday, February 18, 2010
သွေးစွန်းသွားတဲ့ ပင်လုံကျောက်တိုင်..
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
February
(335)
- ရခိုင်ကျောင်းသားများကို ဖမ်းဆီးခြင်းမှာ သက်သေ မခို...
- 28th Feb 2010 - MoeMaKa Daily
- တို့  ဗမာပြည်
- မိမိကိုယ်သာ ကိုးကွယ်ရာ
- မြန်မာနိုင်ငံ နဲ့  AIDS အန္တရာယ်..
- အိမ်ဖော် အဖြစ်လိင်ကျွန်နစ်နေရသော မြန်မာ အမျိုးသမီး...
- Voice of Burma စာစဉ်အမှတ် 751 ဖတ်ရှုနိုင်ပါပြီ
- Statement on the 2nd Anniversary of Founding Day o...
- ငါတို့လက်များ၊ ငါတို့သွေးများနှင့် ခွပ်ဒေါင်းအားမာန်
- ဒေါ်အောင်ဆန်းစုကြည် အမှုအပေါ်သူတို့၏ အမြင် (သို့မဟုတ်...
- အသက်ကြီး..ဂုဏ်သိက္ခာကြီး လေးစားဂါရ၀ထိုက်သူများအတွက်...
- ဆရာတော်များ သို့ 
- လက်ရှိပြည်တွင်း အခွင့်အရေး အခြေအနေ
- တရုတ်မယားငယ်..အဖြစ်..ဘ၀ပျက်ခံရတော့မှာလား..
- အမူအကျင့် မပြောင်းလဲကြသူများ
- NLD ရဲ့ CECအစည်းအဝေး မှ နောက်ဆုံးရွေးချယ်သော CC ဥ...
- သူခိုးရဲ့ ခိုးရာပါ ပစ္စည်း..
- MIDEA ဖြင့် အဆိပ်လူးမြှားအဖြစ် ပစ်သောနည်းလမ်း..
- စင်္ကာပူမှ ရွှေမြန်မာများ အတွက် အသိပေး ကြေညာချက်
- Mia Farrow on the Women of Burma
- Burma's Political Prisoners (မြန်မာ့ နိုင်ငံရေးအကျ...
- ၂၀၁၀ ရွေးကောက်ပွဲအတွက်..ဆွေးနွေးချက်
- မြန်မာ့ ဓါးပြသတ်မတော်...
- မီး မီး..ဘာကြောင့်လောင်
- ထင်တဲ့အတိုင်းပါလား..အောင်တိုးရယ်..နင့်ကြောက်ချက်က ...
- ခြင်ကိုက်ရင် သတိထား..
- ဝက်တွေ တုတ်ကွေးနာကျနေပြီ
- Myanmar Supreme Court rejects Suu Kyi appeal
- မြန်မာစစ်တပ်ရဲ့ နှိပ်စက်မှု ကရင်တိုင်းရင်းသူများ ခံရ
- အော်..တပ်ဆုတ်တာတဲ့လား..တိုင်းပြည်ကတော့ ပြုတ်သွားပြီ
- 25rd Feb 2010 - MoeMaKa Daily
- လူလိမ်တွေ ရဲ့ အချင်းချင်း ဖြုတ်ထုတ်သတ်..
- လာပြန်ပြီ..မကျူးလွန်တဲ့အပြစ်ကို မတရားသူကြီးက..မတတ်...
- သာဓု ခေါ်စေနိုင်ဖို့ 
- ရည်မှန်းချက် မပြောင်းလည်းကြပါနဲ့ 
- ရဟန်းသံဃာများလည်း လွတ်လပ်ခွင့် မရှိတော့
- အာဇာနည်အကြံပြုတဲ့ ဗမာပြည်မြေပုံ အစစ် ရန်ကုန်တိုင်...
- နအဖ တပ် စကခ (၇) မှ စာသင်ကျောင်းကိုတိုက်ခိုက်
- ဘုန်းကြီးအလောင်းတွေ ရေထဲမျောပြီး ကလေးစစ်သားဘဲပေါတဲ...
- ဒေါ်အောင်ဆန်းစုကြည်က မစ္စတာ ကင်တားနား၏ မြန်မာနိုင်ငံ...
- စိုင်းစိုင်းခမ်းလှိုင်ရေ မင်းသတိထား
- ဗမာပြည်မြေပုံအစစ် True Burma Map
- ပထွေးမှာသမျှ ဗြောင်လိမ်ပြနေရသော ပြောင်ကြီး..ဟုတ်မှ...
- အခုကျမှ လာလွမ်းပြနေ..( မဲလေးများ တဖတ်လာ ထည့်ကြမလား...
- စားပါရစေခမျ..ငတ်ကြီးကျ လွန်းလို့ ပါ
- ရွှေလက်နဲ့  ချီးမြှင့်ထိုက်သူနဲ့  ဖနောင့်ပေါက်၍ ချီ...
- ရေမြုပ် သင်္ဘောစီးရဲကြသလား..
- Myanmar's forgotten people.mov
- Migrant workers worried over Thai nationality chec...
- အမျိုးချစ်စိတ်ကို သတ်မရ..
- အသက်သေသည့်တိုင်..သွေးသက်သေက ကမ္ဘာတိုင်ပြီ..သာဓုခေါ်ပ...
- ရခိုင်သားမို့  ရဲသလေဗျ
- သူခိုးချတဲ့ ရေစက်..ဘယ်သူသာဓု ခေါ်ရဲသလည်း
- ၂၀၁၀ ကို ဒို့ မလို..
- သံဃာတော်များမှ အိတ်ဖွင့် ပေးစာ
- သဘာဝကျကျ တွန်းလှန်ခြင်း
- အသစ်ထွက်မည့် Microsoft systems တွေမှာ မြန်မာဘာသာ ထ...
- 23rd Feb 2010 - MoeMaKa Daily
- ပြိုင်ပွဲ (ကျော်သူ)
- အခုတော့မစိမ်းလန်းနိုင်တော့ပြီ....
- ပြည်သူကို အလုပ်အကျွေးပြုတဲ့ တပ်မတော်ဖြစ်ဖို့ သူရ ဥ...
- အလင်းအိမ်မဂ္ဂဇင်း
- voice of Burma
- ရှုံးရှုံးနိုင်နိုင် သတ္တိနဲ့ သာပြိုင်..ဘယ်သူ တသက်လ...
- သေပြည်တော် က သဘောက်မသားတို့ ၏ ငတ်ကြီးကျမှုများ
- အဟာရစာစောင် ၁၀၈
- ဖေဖော်ဝါရီ ၂၂ ၂၀၁၀ သတင်းများ
- အလံတော်သစ် ဂျာနယ် (ဖေဖေါ်ဝါရီလ ၂၀၁၀)
- အရေမပါရင်..အထဲမ၀င်ရဘူးတဲ့..
- တဖြေးဖြေးပွါးလာတာ ၀က်တုတ်ကွေး..
- ဝေါ်ကီတော်ကီ ကိုင်ဖူးချင်တာနဲ့ ဘုန်းကြီးခေါင်းရိုက်...
- စီးတဲ့လူတွေ အသက်ကို ဖက်နဲ့သာထုတ်ထား
- ရွှေ ဆိုတာ ဘယ်တော့ မှ အရောင်မမှိန်ဘူး..ဂိန်တော့မှာက...
- ပေါလွန်းလှတာ..ဗိုလ်ရှုပ်..တွေ
- TIME TO TIME JOURNAL, VOLUME-3, NO-4
- ဟင်းအိုးကို အားမနာသော..အမဲရိုးပုပ်..သို့ မဟုတ် ..ေ...
- စစ်တွေ ၏ ကျောင်းသားသပိတ်ကြီး
- 'Burma VJ 'Academy Award Nominations
- BURMA VJ အား မဲပေးကြပါရန်
- သတင်း မီဒီယာ သမားများအား ဖိနှိပ်တိုက်ခိုက်ခံရမှု (...
- Fullbright ပညာဝင်ဆု လျှောက်ချင်သူများအတွက်
- Mr Tomas Ojea Quintana's ၏ ၂၀၁၀ မြန်မာနိုင်ငံခရီးစဉ်
- သံဃာ့တပ်ပေါင်းစု အဖွဲကြီး၏ ABMA ဂျာနယ် (အတွဲ ၁။ အ...
- ချုပ်ကိုင်တာ မဟုတ်ပါဘူး၊ သိပ်ခံရတဲ့အတွက် ချိန်ချိန...
- NLD နဲ့ ကင်တားနား ဆွေးနွေးချက် အပြည့်အစုံ
- ကြာကူလီ၏ ရှက်ရမ်း
- ABMA Journal ဒုတိယအတွဲ
- အမိုက်အမှားကြီးမို့ တသက်မြတ်နိုးကိုယ်းကွယ်ပါ၏ ဖြား...
- ချင်းအမျိုးသားနေ့ အခမ်းအနား 2010
- ဖွတ်ချက်များ နယ်နှင်ဒဏ်ပေးတော့မည်။
- မီဒီယာကိုလန့် သော ကြီးဒေါ် သိန်းစိန်
- ကျေးရွာမီးရှို့ပစ်မည်ဟု ခြိမ်းခြောက်သောကြောင့် ရွာသ...
- ရွေးကောက်ပွဲကို လက်ခံနိုင်ဖွယ်အခြေအနေမရှိကြောင်း က...
- မလေးရှားကြောင်နဲ့ မြန်မာကြွက်
- စစ်အာဏာရှင်လက်အောက်မှ ကလေးငယ်များဘ၀ ဤသို့ ( ၁၄-၁၅ ...
- ကင်တားနား ၅ရက် ခရီးနှင့် ကုလသမဂ္ဂ၏ အခန်းကဏ္ဍ(သတင်း သံ...
- သန်းရွှေနဲ့  သေဘေး နီးလာပြီ..
- မက်သဒစ်ကျောင်းကို ခွေးစားသွားခြင်း
- သက်သေခံပစ္စည်းရောင်းစား..အချိန်ရှိခိုက်လုံ့ လစိုက်ေ...
- သပိတ်..သပိတ် မှောက်မှောက်..မီးဒုတ် မီးဒုတ်..ရှို့ ...
-
▼
February
(335)
No comments:
Post a Comment