မြန်မာ ပြည်တွင်း ဖြစ်ပေါ်ခဲ့သော စက်တင်ဘာလ လှုပ်ရှားမှုတွင် ကိုယ်တိုင် ကိုယ်ကျ ပါဝင် ဆောင်ရွက်ခဲ့သော ပြည်တွင်း မြန်မာ့အရေး လှုပ်ရှားသူများ အဖွဲ့ (လူငယ်) လူထု တရပ်လုံး အတွက် စတေးခံ အကောင်းဆုံး မြေသြဇာ အဖွဲ့မှ တာဝန်ခံ ကိုကျော်ကျော်၏ စက်တင်ဘာ လှုပ်ရှားမှု နှင့် ရင်တွင်း ခံစားချက် ……
ကျနော်တို့မြန်မာနှိင်ငံမှာ မွေးဖွား ကြီးပြင်း ခဲ့တဲ့ တစ်လျောက်မှာ ဒီ နအဖရဲ့ ဖိနှိပ်မှုအောက်မှာ တစ်သက်လုံး ဒီအတိုင်းကြီး အကြောက်တရား လွမ်းမိုးပြီး နေသွားလို့ မရတော့ဘူးလို့ သိလိုက်ရတဲ့ အချိန်မှာ အရင်ဆုံး လုပ်ဖြစ်တာက ဒီအကျင့်ပျက် အစိုးရကို ပယ်ချဖို့ အတွက် လူထု အပေါ် ထာဝရ နွေးထွေးမှု ပေးနိုင်မယ်လို့ ယုံကြည်တဲ့ လူထု ခေါင်းဆောင် ဆိုတာကို အရင် လေ့လာ ဖြစ်ခဲ့တယ်။ တဆက်တည်းမှာပဲ တွေ့သင့် သူကိုတွေ့။ လိုအပ်တဲ့ ပညာ ယူသင့်တာ ယူဆွေးနွေးသင့်တာ တွေဆွေးနွေးပြီးတော့ ဆုံးဖြတ်ချက်တခုကို အခိုင်အမာချလိုက်တယ်။ လူထု တရပ်လုံးနှင့် နောင်မျိုးဆက် အားလုံးအတွက်ရှေ့မှ မားမားမတ်မတ်ရပ်တည်ပေးမဲ့-အစတေးခံလူငယ်များနဲ့ သမိုင်းဝင် သာဓုကန် စေတီ (ရွှေပြည်သာမြို့သစ်)မှာ အကောင်းဆုံး မြေသြဇာ ဆိုတဲ့ အဖွဲ့ ဖွဲ့စည်းပြီး အောက်ပါ အလုပ်တွေ ဆက်လုပ် ခဲ့ပါတယ်။။
(၉-၁-၂၀၀၅) ရန်ကုန်တိုင်း အတွင်းရှိ ကျောင်းများမှ လူငယ်များအား စည်းရုံးခြင်း။ ကျောဘက်တွင် (?) တံဆိပ်နှင့် ရှေ့တွင် စည်းရုံး လှုံ့ဆော် စာများ ရေးသားထားသော (T-shirt)များ အခမဲ့ ဖြန့်ဖြူး ဝတ်စေခြင်း။ ဘောပင်-သော့ချိတ်)များ ပြုလုပ်ဝေခြင်း။ နအဖ ဆန့်ကျင် စာများအား ကျောင်းဝင်း အတွင်း ကပ်ခြင်း။ မြို့နယ်များရှိ ရပ်ကွက်များ အတွင်း ဖြန့်ဝေ ကျဲချခြင်း။ အဖွဲ့လူငယ် များနှင့် တွေ့ဆုံ ဆွေးနွေး ဖလှယ်ခြင်းများ စဉ်ဆက် မပျက် ပြုလုပ် ခဲ့ပါတယ်။။ ဒီလို ဖြတ်သန်း လာရင်းနဲ့ စက်တင်ဘာ သံဃာတော်များ ဦးဆောင်တဲ့ လှုပ်ရှားမှုကြီးမှာ ဆရာတော်များရဲ့ လုံခြုံရေးနှင့် ပြည်သူ လူထု တရပ်လုံးနှင့် ကျောင်းသား လူငယ်ထု တရပ်လုံး ပါဝင် လှုပ်ရှား ဆောင်ရွက် နိုင်စေဖို့ အတွက် ပြည်တွင်း မြန်မာ့အရေး လှုပ်ရှားမှု အဖွဲ့များနည်းတူ တဖက် တလမ်းက ပါဝင် ဆောင်ရွက် ခဲ့ပါတယ်။ ဒီလို ဆောင်ရွက် ခဲ့တဲ့ အတွက် (နအဖ) မှ လိုက်လံ စုံစမ်း ဖမ်းဆီးဖို့ ကြိုးစားခဲ့ပါတယ်။ ဒီအချိန်မှာ သူတို့ ဖမ်းဆီးတာကို မခံပဲ လွတ်မြောက် နယ်မြေကို ထွက်လာခဲ့ခြင်း အားဖြင့် ဆက်လက် တော်လှန် သွားမှာ ဖြစ်ပြီး ပြည်တွင်း ကျန်ရှိတဲ့ ဗကသ၊ (၈၈) နှင့် ကျန်အဖွဲ့အစည်းများ။ ပြည်တွင်းရှိ လူထုတရပ်လုံး အတွက် တက်နိုင်တဲ့ ဘက်က ဆက်လက် လှုပ်ရှား ဆောင်ရွက် သွားမယ် ဆိုတာ အသိပေး လိုက်ပါတယ်။။
စက်တင်ဘာ လှုပ်ရှားမှု တစိတ် တဒေသ … … …
(၂၄-၉-၂၀၀၇) - ရွှေတိဂုံ အရှေ့ဘက် မုဒ်မှ စတင် ထွက်ပြီး ဗားကရာလမ်း အတိုင်း။ တဆင့် လှည်းတန်း လမ်းဆုံ မှတဆင့် ရှစ်မိုင် လမ်းဆုံ။ တဆင့် ကျိုက်ဝိုင်း-ဘုရားလမ်း။ တဆင့် ကမ္ဘာအေး ဘုရား ရင်ပြင်တွင် သံဃာ တပ်ပေါင်းစု ဆရာတော်များမှ အထွေထွေ တရားများ ဟောကြားပြီး လမ်းခွဲ …..။
(၂၅-၉-၂၀၀၇) - ကြေးသွန်း ဘုရားရှေ့တွင် သပိတ် စခန်းဖွင့်ပြီး ယောက်လမ်း အတိုင်း ချီတက်။ ဆူးလေ ဘုရား ရှေ့တွင် သံဃာတော်များ၊ ကျောင်းသားများ ၊ အနုပညာရှင်များ မှ တရားဟောပြီး သိမ်ဖြူလမ်းအတိုင်း။ တဆင့် ပုဇွန်တောင်။ ကျောက်မြောင်း တို့မှ ဖြတ်ပြီး ဗိုလ်ချုပ် ပန်းခြံလမ်း။ တဆင့် ကြေးသွန်း ဘုရားရှေ့တွင် သံဃာ တပ်ပေါင်းစု ဆရာတော်များမှ အထွေထွေ တရားများ ဟောကြားပြီး လမ်းခွဲ………။
(၂၆-၉-၂၀၀၇) - နေ့လည် (၁၁း၃၀) နာရီ ခန့်တွင် ကြေးသွန်း ဘုရားရှေ့တွင် စုဝေး ရောက်ရှိ နေသော သံဃာတော်များ၊ ကျောင်းသားများ နှင့် ပြည်သူ လူထု အတွင်းသို့ စစ်ကားများ။ လုံထိန်းကားများ။ နအဖလက်ကိုင်ဒုတ်(ရပ်ကွက် အတွင်းရှိ ခိုး၊ ဆိုး၊ နှိုက်) များ ဦးဆောင်ပြီး အကြမ်းဖက် ရိုက်နှက်၊ ဖမ်းဆီး၊ နှိပ်စက်၊ ပစ်ခတ်မှုများ လူမဆန်စွာ ပြုလုပ်လာ သဖြင့် ကြေးသွန်း ဘုရား အနောက်ဖက်ရှိ ညောင်တုန်း ကျောင်းတိုက် အတွင်းတွင် ဆရာတော်များ စုစည်းပြီး အင်အား(၇၀၀၀) ခန့်ဖြင့် ရွှေဂုံတိုင်လမ်း အတိုင်း ထွက်ခွါ လာရာ (NLD) ရုံးတွင်းမှ သံဃာတော်များနှင့် အတူ အဖွဲ့ဝင်များ ပူးပေါင်း ပါဝင်ချီတက် ဆန္ဒပြကြရာ လမ်းတလျှောက်တွင် နအဖ အာဏာ မပိုင်များက မိမိတို့ ကဲ့သို့ အကြမ်းဖက် ခံရပြီး ကွဲထွက်သွားသော တပ်ပေါင်းစု များနှင့် မစု မိစေရန် လိုက်လံပြီး ချီတက်ရာ လမ်းကြောင်း ပိတ်ခြင်းများဖြင့် လိုက်လံနှောက်ယှက်ခြင်း များပြုလုပ်နေသော်လည်းဘုရင့်နောင်လမ်း(ကန္နားလမ်း)ရှိ သခင်မြ ပန်းခြံ ရှေ့ထိ ချီတက် ဆန္ဒပြခဲ့ကြရာ ဆူးလေဘက် တက်မည့် ဘက်မှ ပိတ်ဆို့ ထားခြင်း ခံရပါတယ်။ ဒါကြောင့် ချီတက်ရာ လမ်းကြောင်း ပြောင်းကာ ဘုရင့်နောင် ဘက်သို့ ထပ်မံ ချီတက် ခဲ့ပါတယ်။ အလုံမြို့နယ် ဆင်မင်း ဈေးနား အရောက်တွင် ရှေ့နောက် နှစ်ဘက် ညှပ်ပြီး ထပ်မံ ပိတ်ဆို့ ခံရပါတယ်။ (၂) မိနစ် အတွင်း လူစုခွဲခိုင်းပြီး ပစ်ခတ်။ ရိုက်နှက် ခံရပါတယ်။ နာရီဝက်ခန့် အကြာတွင် ဆင်မင်း ဈေးဘက်မှာ နအဖ အရာရှိမှ သံဃာတော်များ ငြိမ်သက် တိတ်ဆိတ်စွာဖြင့် နှစ်ပါးစီ သွားခွင့် ပြုပြီး သံဃာတော်များနှင့် လူထုကို ဖြိုခွဲခဲ့ပါတယ်။
(၂၇-၉-၂၀၀၇)- ကျိုက်က္ကဆံကွင်း အနီး အထက(၃)ကျောင်း အရှေ့တွင် ဆန္ဒပြ ကျောင်းသား၊ သံဃာ၊ လူထုအား ဖမ်းဆီး ပိတ်ဆို့ ထားသော စစ်တပ် လုံထိန်းနှင့် စွမ်းအားရှင် များအား ပြန်လည် ပိတ်ဆို့ပြီး ပြန်လွတ် ပေးရန် တောင်းဆိုခြင်း။ တိုင်ကီ များ ချပြီး တောချောက် မောင်းထုတ်သလို ထုခြင်း ကမ္ဘာမကြေ သီဆိုခြင်းများ ပြုလုပ်နေချိန်တွင် ခွတ်ဒေါင်း အလံ လွှင့်ထူပြီး အင်အားဖြည့် လာရောက် ပူးပေါင်းသော ကျောင်းသား လူငယ်များ။ ကျောင်းကြိုရန် ရောက်ရှိနေသော ကျောင်းသား မိဘများနှင့် လူထုအား တာမွေ အဝိုင်းထိပ် မီးပွိုင့်ဘက်မှ တရကြမ်း မောင်း ဝင်တိုက်သတ်။ ပစ်ခတ် ၊ ရိုက်နှက်၊ ဖမ်းဆီး ခေါ်ဆောင်ကာ လူစုခွဲ ဖြိုခွင်း ခဲ့သော်လည်း ကန္နားလမ်း တလျှောက် ဆန္ဒပြနေသော ကျောင်းသား တပ်ပေါင်းစုနှင့် ထပ်မံ အင်အား ဖြည့် ပါဝင် ဆောင်ရွက်ရာ ဆင်မလိုက် အဝေးပြေးဝင်း အနီးတွင် ထပ်မံ ပစ်ခတ် ဖြိုခွဲ လူစုခွဲခြင်း ခံရပြန် ပါသည်။
၂၅ ရက်နေ့ ထိ ချီတက်ရာ လမ်းကြောင်းတွင် တစုံတရာ နှောက်ယှက်မှု မရှိသော်လည်း (၂၆) ရက်နေ့ (၁၁း၃၀) ခန့်တွင် ကြေးသွန်း ဘုရား ရှေ့တွင် သပိတ် စခန်းဖွင့် စောင့်နေကြသော သံဃာတော်များ။ ကျောင်းသားများ။ လူထုများ ကြားထဲသို့ တရုတ် နိုင်ငံမှ လာဘ်ထိုး ထားသော (Faw) ကားကြီး (၆) စီးနှင့် စစ်သားများ၊ လုံထိန်းများ၊ဒိုင်နာလိုင်းကား(၃)စီးနှင့်နအဖ၏ လက်ကိုင်ဒုတ်(ကြံ့ဖွတ်-စွမ်းအားရှင်များ) မီးသတ်ကား အသေး(၂) စီး တို့ဟာ ယာယီ သပိတ် စခန်းထဲသို့ တရကြမ်း မောင်းဝင် ရိုက်နှက် လူစုခွဲခိုင်းခြင်း၊ သံဃာတော်နှင့် လူထု တချို့အား ပိတ်ထား ခြင်းများ ပြုလုပ်နေမှု၊ အပေါ် စည်းအပြင်ရှိ လူထုများမှ ၄င်းတို့အား ဖွင့်ခိုင်းခြင်း ကြိမ်းမောင်းခြင်း မျိုးစုံဖြင့် ဖိအားပေးနေခြင်း အပေါ် စစ်အာဏာရှင် ငရဲ မကြောက်သူများမှ တဆင့် တိုးပစ်ခတ်ခြင်း။ မျက်ရည်ယိုဗုံး ခွဲခြင်းဖြင့် ထပ်မံ ပြုလုပ်လာ သဖြင့် သံဃာ တပ်ပေါင်းစု၊ ကျောင်းသား၊လူထုသည် ဗဟန်း (၃)လမ်း၊ ကြားတောရလမ်း၊ ရွှေဂုံတိုင်လမ်း၊ အသီးသီး အဖွဲ့ ကွဲထွက်ပြီး (၁) နာရီတွင် စတင် လမ်းလျှောက် ဆန္ဒပြမည် ဆိုသော်လည်း နအဖ မိစ္တာတွေ၏ အကြမ်းဖက်မှုကြောင့် အသီးသီး ကွဲထွက် လာသည့် အင်အားဖြင့် ငြိမ်းချမ်းစွာ လမ်းလျှောက် ဆန္ဒပြ မေတ္တာပို့ ထွက်ခဲ့ပါတယ်။ ဒီလို ထွက်ခဲ့တဲ့ ချီတက်ရာ လမ်းတလျှောက်မှာလည်း ငယ်ငယ်က စိမ်ပြေးတမ်း ကစားသလိုပဲ လိုက်လံ နှောက်ယှက် ပိတ်ဆို့မှုများ တောက်လျှောက် လုပ်လာ ပါတယ်။ ငြိမ်းချမ်းစွာ မေတ္တာပို့ ဆန္ဒပြနေတဲ့ တပ်ပေါင်းစုမှာ လက်နက်ဆိုလို့ အပ်တို တချောင်းတောင် မရှိသော်လဲ လိုက်လံ နှောက်ယှက် နေတဲ့ ဘုရား တည်၊ ကျောင်းဆောက် နေတဲ့ ဘုရား တကာတွေရဲ့ လက်ကိုင်ဒုတ် တပည့်ကျော် တွေရဲ့ လက်တွေ ထဲမှာတော့ အသေးဆုံး နံပါတ်ဒုတ်နဲ့ အကြီးဆုံး(40 နဲ.M-16) တွဲထားတဲ့ လက်နက်တွေနဲ့ လစ်ရင် လစ်သလို ချောင်းတဲ့ နေရာမှာ အပျောက် ရိုက်ဖြိုခွင်းဖို့ လိုက်လံ နှောက်ယှက် ပိတ်ဆို့မှုတွေ လုပ်သော်လဲ သံဃာ တပ်ပေါင်းစု ချီတက်ရာ လမ်းတလျှောက်မှာ လူထု ပါဝင်လာခြင်း။ ဆရာတော်များ ကံဆောင်ခြင်း အပေါ် ဝမ်းသာ မျက်ရည်ဆို့ခြင်း၊ နအဖ အကြမ်းဖက်ခြင်း အပေါ် မေတ္တာပျက် ဝမ်းနည်း မျက်ရည် ဆို့ခြင်း များဖြင့် အားပေး ဆုတောင်းမှုများ ရှိခဲ့ခြင်း များဖြင့် ကံဆောင် သံဃာတော်များ။ ကျောင်းသားများ။ NLD လူငယ်များနှင့် လူထု အတွက် အားဖြစ်ပေါ်လျက် ဆက်လက် ချီတက် ဆန္ဒပြ မေတ္တာပို့ ခဲ့ကြပါတယ်။။
((( စာကြွင်း - ချီတက်ရာ လမ်းတလျှောက်တွင် သံဃာတော်များမှ မေတ္တာပို့ခြင်း။ NLDလူငယ်များနှင့် ကျောင်းသား လူငယ်များမှ သံဃာတော်များ၏ လုံခြုံရေး အတွက် လက်ခြင်းချိတ်ပြီး ဘေးဘယ်ညာ ကာရံ ပေးထားခြင်း။ ဘာသာ ပေါင်းစုံ ပါဝင်သော လူထုမှ သံဃာတော်များ လူထု အတွက် နအဖ ကို မေတ္တာပို့ အမျှဝေခြင်း အပေါ်နအဖ မှ အကြမ်းဖက်သည့် အတွက် သံဃာတော်များနှင့် ဆန္ဒပြ ပြည်သူ လူထုကြီးတို့ ဘုရား ခြေတော်ရင်း တွေမှာ သွေးမြေကျ ကုန်ပါပြီ။ သံဃာတော် များကို လက်အုပ်ချီ ပူဇော်ပေးပါ။ အားပေးပါ။ ပူးပေါင်း ပါဝင်ကြပါဟု လမ်းတလျှောက် ကြွေးကြော် ကြပါတယ် )))
ကျော်ကျော် (တာဝန်ခံ)
လူထု တရပ်လုံး အတွက် စတေးခံ
အကောင်းဆုံး မြေသြဇာ အဖွဲ့
www.thebestmanure.org
tbmstk1@gmail.com

2 comments:
BEYOND 1988 — REFLECTIONS - The ABSDF Split
By AUNG NAING OO
Tuesday, April 20, 2010
The All Burma Students Democratic Front (ABSDF) was about three years old when, during its third ABSDF Congress, it split into two groups in 1991, precipitated by infighting and alleged extrajudicial killings.
One group was led by Dr. Naing Aung, a medical doctor, and the other by Moe Thee Zun, a student leader who came to prominence along with Min Ko Naing during the 1988 uprising.
It took five years for us to reunify. Unlike some other resistance groups, however, we did not spill blood to achieve reconciliation. But we were not without problems.
Looking back, the signs of a split were already evident during the previous congresses. In the Congress held in late 1989—the last one before the split, Moe Thee Zun was lucky to get elected to the top leadership position by a clear margin.
His election to the chairmanship of the group happened partly thanks to the then incumbent Chairman Htun Aung Gyaw, who now lives in the US, who himself was not elected to the leadership.
In that congress, Htun Aung Gyaw proposed a fundamental change in leadership election, which was supported by two or three delegates. Previously, the chairman and his deputy were elected by the Central Committee (CC), which was made up of some 30 to 40 leaders.
But Htun Aung Gyaw suggested to the Congress that both leaders—the chairman and his deputy —be elected directly by the some 100 delegates representing various camps located along the Thai, India, Bangladesh and Chinese borders with Burma.
Perhaps, he knew what was at stake. I had a feeling he had lost faith in the CC that he had led. He might even have felt betrayed by some of the CC leaders for pushing him out of the leadership contest. Now they were poised to be elected again to the CC.
After some deliberations, the majority of the delegates supported the idea. As a result, the change in the election system gave Moe Thee Zun the grassroots votes, and he won the election. He could not have won the leadership otherwise because it was evident when the election for the CC members took place, that the majority was made up of allies or people close to Naing Aung.
Naing Aung placed second so they became the chairman and vice chairman respectively.
However, the crux of the problem—the factionalism—remained with the organization and set the stage for the eventual split in the Third Congress in 1991. It was a mix of personal rivalry, management style and perhaps ideological differences.
The Congress where we split was held in Marnerplaw, the KNU’s headquarters, in the middle of the rainy season.
The best thing about the split Congress was the spy case of Win Naing Nyein (See: “Justice has a place in the law of the jungle,” The Irrawaddy, August 1, 2008), who was accused of espionage and had been sentenced to death. After an appeal as per ABSDF laws, the case was extensively discussed, and he was finally acquitted and set free from his detention in KNU’s 6th Brigade area.
It was the first item on the agenda. After that debate and decision, the cracks emerged.
Moe Thee Zun’s group accused Naing Aung’s group of condoning the extrajudicial killings of ABSDF members who committed crimes that were not punishable by death and protecting some of the perpetrators. Moe Thee Zun’s faction also accused the other group of not believing in the ABSDF’s policy of armed struggle and support for federalism.
In turn, Naing Aung group accused Moe Thee Zun of not adhering to the principle of democracy, by refusing to enter into elections and for not cooperating with the group’s leadership.
There were other problems. Before the congress, Naing Aung, then the vice chairman, and several CC members who were close to him were dismissed from the central body of the organization. I do not remember the reasons for their dismissals, but that became one of the unspoken sore points in the split.
Moe Thee Zun was not fully innocent. Despite being the chairman, he thought he could not carry out ABSDF policies due to the lack of support within the organization. So he teamed up with others outside the official group to form a group called the “Taw Hlan Committee” or the Revolutionary Committee. That procedure and tactical blunder became a rallying point for Naing Aung’s group to work against Moe Thee Zun.
As the tensions in the Congress became abundantly apparent, KNU and other alliance leaders intervened to try to broker reconciliation. KNU Chairman Gen Bo Mya particularly played a critical and grandfatherly role to prevent the breakup. He organized meetings of ABSDF leaders outside the Congress and urged all leaders to stay together.
As I was not a key leader in either faction, I was never asked to participate in the meetings.
In order to help seal the cracks, Gen Bo Mya even ordered that a cow and a pig be slaughtered in a special feast for us at the Congress. He also brought in a preacher to give us a sermon on the virtue of unity. His intention was to get the message of unity to the grassroots delegates beyond the feuding leaders.
After eating rice, fish paste and watery soup for more a month during the Congress, we were thrilled by the delicious and abundant food provided by the KNU. The sermon was also inspiring. But the division was deep within the organization, and the two sides did not listen to the elder revolutionary leaders.
Gen Bo Mya was upset and then angry. So after more than a month of the open-ended Congress, he kicked us out of Marnerplaw. He did not want the split to take place in his headquarters.
So we moved the Congress to Salween camp on the Salween River. Once we got there things got worse, with the heat of the exchanges intensifying with the two main issues at loggerhead with each other. At one point, Nay Win Aung, a leader from Naing Aung’s group, surrounded the hall where the Congress was held with the ABSDF soldiers from that camp.
We did not have time to find out the intention—whether it was intended to force Moe Thee Zun to enter the election or all the delegates to unify. But as we learned that we were being surrounded, we were outraged. After that there was no turning back to cordial discussions.
Moe Three Zun’s group was in the minority supported by his former colleagues from the Democratic Party for a New Society and leaders from the cities. Naing Aung’s group was the majority, supported by the leadership from provincial areas. Moe Thee Zun continued to press the issue of extrajudicial killings, and Naing Aung geared up for the election, which he believed would restore his leadership in the ABSDF.
Soon, Moe Thee Zun moved to another camp call Law Kwa Lu, which was within walking distance from Salween camp. I stayed behind at the Congress site.
It was a sad day, and I realized that what I had come to stand for had come to nothing. I felt like three precious years had been wasted. I was upset that Moe Thee Zun had left the Congress venue. At the same time, I did not want Naing Aung’s group to call for unilateral elections.
In the end, the split had gone too deep. But I did not intend to give up. So I often spent time at another student camp, called Saw Hta, located between Salween and Law Kwa Lu camps, so that I could shuttle back and forth between the two rival groups.
During this time, I did all I could to stop the break-up the organization. I shuttled back and forth between the two camps to try to convince leaders from both sides on the importance of unity. One night, I went around Salween camp to see leaders and friends who had now sided with Naing Aung. Close to tears, I pleaded with them not to go ahead with the election and to try to talk to the Moe Thee Zun faction.
Post a Comment